Art is My Life

Tuesday, July 17, 2007

အာဇာနည်နေ့ ဒို့မမေ့


အာဇာနီ ခေါင်းဆောင်ကြီးများ
အာဇာနည် ဂူဗိမာန်

ယမန်နစ် အာဇာနည်နေ့ ကတွေ့ရသော ဗိုလ်ချုပ်၏ သား ဦးအောင်ဆန်းဦးနှင့် ဇနီး

ဦးအောင်ဆန်းဦးနှင့်ဇနီး ဗိုလ်ချုပ်ကို ဂါရ၀ပြုစဉ်
အလံတော်ကို တိုင်တစ်ဝက် တိတိချထားသည်

Photo Yangon Media Group
The Yangon Times & The Flower News



Read More...

ဒွေး၏ အရိုးများ ချောင်းဝဘုန်းကြီးကျောင်းတွင် လွမ်းစေတီတည်

ဒွေးတို့ လမ်းထိပ်က လူအုပ်



ရုပ်ရှင်သရုပ်ဆောင် ဒွေးရဲ့ အရိုးတွေကို အထဲမှာ ထည့်ထားပြီး ကိုးတောင် အမြင့်ရှိတဲ့ လွမ်းစေတီင်္ တစ်ဆူကို ချောင်းဝ ဘုန်းတော်ကြီး ကျောင်းအတွင်းမှာ ယနေ့တည်ခဲ့ပါတယ်။ အခုတည်တဲ့ စေတီဟာ အရင်ကဒွေး လှုဒန်းခဲ့တဲ့ အကယ်ဒမီ ကျောင်းဆောင် နားလေးမှာ ဖြစ်ပါတယ်။

ဒီနေ့ ဒွေးရဲ့ ရက်လည်ဆွမ်း သွပ်တဲ့နေ့ ဖြစ်တာကြောင့် မနက်မိုးမလင်းခင် ကတည်းက ဒွေးရဲ့ ပရိတ်သတ်တွေ ဘောက်ထော်က ဒွေးအိမ်လမ်းထိပ်မှာ ရောက်ရှိလို့နေကြပါတယ်။ နံနက် ခုနှစ်နာရီ လောက်လဲ ရောက်ရော ဒွေးနေတဲ့ လမ်းထိပ်မှာ လူအုပ်ကြီးက တိုးလို့ မပေါက်နိုင်အောင် ရှိနေပါတယ်။

ဒွေးရဲ့ ကျန်ရစ်သူ မိသားစုက လာသမျှ ပရိတ်သတ်တွေ အားလုံးကို လမ်းထိပ်မှာ ရှိတဲ့ ဘုန်းကြီး ကျောင်းအတွင်းမှာ မုန့်ဟင်းခါး ကျွေးပါတယ်။ မုန့်ဟင်းခါးကတော့ လူသုံးထောင်စာ လုပ်ထားတယ်လို့ ဆိုပါတယ်။

နံနံ ရှစ်နာရီလောက်မှာ ဒွေးရဲ့ အိမ်ကနေ အရိုးအိုးကို ချောင်းဝ ဘုန်းကြီးကျောင်းကို သယ်ခဲ့ကြပါတယ်။ ချောင်းဝ ဘုန်းကြီးကျောင်း ရောက်တော့လည်း အရိုးအိုးအလာကို စောင့်နေတဲ့ ပရိတ်သတ်ကြီးက မနည်းပါဘူး။ ဒါကြောင့် အရိုးအိုး သယ်မဲ့ လမ်းတွေတောင် ပိတ်နေပါတယ်။

ဒွေးရဲ့ အရိုးနဲ့ လွမ်းစေတီတည်မဲ့နေရာ





ချောင်းဝ ဘုန်းကြီးကျောင်းထဲမှာ စောင့်နေတ့ ပရိတ်သတ်


အရိုးအိုး မြုတ်နှံဖို့ အတွက် သတ်မှတ်ထားတဲ့ နေရာလေးမှာ ဒွေးရဲ့ဇနီးက ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒွေးရဲ့ သားက အရိုးကို ရှစ်ခိုးခဲ့ပြီး ကျန်တဲ့ ဆွေးမျိုးတွေ အနုပညာရှင်တွေက အရိုးအိုးဘေးနားလေးမှာ ထိုင်ပြီးဆုတောင်းကြပါတယ်။

ဇနီးဖြစ်သူက အရိုးအိုးကို နေအိမ်မှ ဘုန်းကြီးကျောင်းသို့ သယ်လာစဉ်


အရိုးအိုး မထည့်မှီ တွေ့ရစဉ်


အရိုးအိုး ထည့်နေစဉ်


အရိုးအိုးဘေးတွင် ဆုတောင်းနေစဉ်

သားဖြစ်သူမှ ရှိခိုးနေစဉ်


ကျော်ဟိန်းလာမယ်လို့ တစ်စွန်းတစ အသံတွေ ကြောင့် လူတွေမပြန်ကြသေးပဲ ကျော်ဟိန်းအလာကို တိုးဝှေ့စောင့်နေကြပါတယ်။ ခဏလောက်နေတော့ ချောင်းဝ ဆရာတော် ထွက်လာပါတယ်။ ချောင်းဝ ဆရာတော်ရဲ့ လက်ထဲကို လူတစ်ယောက်က ဒွေးရဲ့ အရိုးအိုး ထည့်ပေးလိုက်ပါတယ်။ ချောင်းဝ ဆရာတော်က ဒွေးရဲ့ အရိုးအိုးကို ကိုင်ပြီး ငိုပါတယ်။

ငိုရင်းနဲ့ ဒွေးဟာ သူ့ကျောင်းမှာ နှစ်ညလာအိပ် ဖူးတယ်လို့လဲ ပြောပါတယ်။ ချောင်းဝ ဆရာတော် ငိုတော့ ဘေးနားမှာရှိတဲ့ ဒကာတွေ ဒကာမတွေလဲ လိုက်ငိုကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်လဲ ပြန်လာခဲ့ပါတော့တယ်။

တချို့သော လူတွေကတော့ ပရိတ်သတ်တွေရှင်းမှ ဘယ်သူတွေ တိတ်တိတ်လေး လာငိုကြမလဲ ဆိုတာကို စောင့်ကြည့်နေရစ်ခဲ့ကြပါတယ်။

Read More...

Saturday, July 14, 2007

မွေးနေ့ဆုတောင်း

ဇူလှိုင်လအတွင်းမှာ မွေးဖွားတဲ့ သူငယ်ချင်း နှစ်ယောက် ကိုမွေးနေ့
ဆုတောင်းပေးလိုက်ပါတယ်။ သူတို့ နှစ်ယောက်ကတော့ စင်္ကာပူမှ ဖြစ်ပြီး ဒီမို
နဲ့ ဂျစ်တူးတို့ ဖြစ်ကြပါတယ်။
ဒီမို နဲ့ မဂျစ်တူး ဒီနှစ် ဇူလှိုင်လမှာ ကျရောက်တဲ့ မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ် နှစ်ပါး ချမ်းသာခြင်းတို့ နှင့်
ဘ၀ကို အောင်မြင်အောင် လျှောက်လှမ်းနိုင်ပါစေ။

ဒီမိုဟာ ဒီနှစ် ဇူလှိုင်လမှာ ၁၆ နှစ် ပြည့်တာ ဖြစ်ပြီး မဂျစ်ကတော့ ၁၈
ပြည့်တာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ အိမ်ထောင် သက်များ ဖြစ်သည် :P

Read More...

နာမည်ဝှက်နဲ့ စီဘောက်မှာ လာဆဲရင် အိုင်ပီကို ဘယ်လိုရှာမလဲ

တချို့က ကိုယ်ရေးချင်တာ ရေးလို့ရတယ် ဘယ်သူသိတာမှတ်လို့ ဆိုပြီ စီဘောက်တွေ မှာ နာမည်ဝှက်တွေနဲ့ ဆဲဆဲ သွားတတ်ကြပါတယ်။ တကယ်တော့ စီဘောက်က လာအော်သူအားလုံးရဲ့ အိုင်ပီတွေကို သိမ်းထားပေးပါတယ်။ ဒါကြောင့် နာဝှက်တွေ ဘယ်လိုသုံးသုံး အင်တာနက် အိုင်ပီကတော့ ကျန်ထားခဲ့မှာ ဖြစ်ပါတယ်။

စီဘောက်မှာ လာအော်သူတွေရဲ့ အိုင်ပီကို ကြည့်ချင်ရင်

ပထမ ဆုံးမိမိ စီဘောက်ကို ဆိုင်းအင်လုပ်ပါ။

ထို့နောက် Messages ဆိုတဲ့ နေရာမှာ ကလစ် တချက်ခေါက်လိုက်ပါ



ထိုကဲ့သို့ ခေါက်လိုက်ရုံဖြင့် ယာဘက်အခြမ်းမှာ လာအော်သွားသူများရဲ့ Message များကိုတွေ့ရမှာ ဖြစ်ပါတယ်။ Message များအဆုံးမှာတော့ လာအော်သူရဲ့ IP နဲ့ လာအော်ချိန်ကို မှတ်သားပေးထားပါတယ်။

တကယ်လို့ လာအော်ထားတဲ့ ထဲက Message ကိုဖျက်ချင်တယ် ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Message ကို ဆလက်လုပ်ပါ ပြီးရင် အပေါ်နားမှာ Delete ကို နှိပ်ပါ။ အဲဒီ IP ကို ကိုယ့်စီဘောက်မှာ လာမအော်စေချင်တော့ဘူး ဆိုရင်တော့ တစ်ခါတည်း Ban ကိုနှိပ်လိုက်ပါ။



ကယ်ဒီလောက်ဆိုရင် နာမည်ဝှက်နဲ့ ဆဲချင်တဲ့ ပုဂ္ဂိုလ်လေးများ သဘောပေါက်ပါတော့ဗျာ။ တကယ်လို့ အဖေ အမေရဲ့ မျိုးရိုးဂုဏ် အလိုက် မဆဲရ မနေနိုင်အောင် ဖြစ်နေလို့ ဆိုင်ဘာ ဆိုင်တွေက ပြောင်းပြောင်း ဆဲနေရင်တော့လဲ ဆဲပေါ့ဗျာ။

တကယ်တော့ ဘလော့ဂ် ဆိုတာ လွတ်လွတ် လပ်လပ် ရေးလို့ရတဲ့ နေရာဖြစ်တာကြောင့် ရေးသူမှာ သူ့စိတ်ကြိုက် လွပ်လပ်စွာ ရေးခွင့်ရှိသလို ဝေဖန်သူကလဲ လွတ်လပ်စွာ ဝေဖန်ခွင့် ဆဲခွင့်ရှိပါတယ်။

ဒါပေမယ့် အဲလို သတ္တိနည်းပါးစွာနဲ့ နာမည်ဝှက်လေး သုံးပြီး ပုဆိုးချုံထဲက လက်သီးပြနေကြတဲ့ သူတွေကိုတော့ သနားမိပါတယ်။

Read More...

Friday, July 13, 2007

လွင့်မျှောခြင်း




မည်မျှပင် ချမ်းသာပါစေ မည်မျှပင် အောင်မြင်သူဖြစ်ပါစေ မည်မျှပင် ချစ်ခင်သူပေါများပါစေ . . .
အောင်မြင်မှုတွေ ကျော်ကြားမှုတွေက အချိန်တန်တော့ မီးခိုးငွေ့များအဖြစ် တိမ်တိုက်များဆီသို့ လွင့်မျောလို့ သွားပါတော့သည်



ဒွေး၏ ရုပ်အလောင်းကို မီးသဂြိလ်နေစဉ်




* * * *

Read More...

သင်သိရဲ့လား မြန်မာ ဘလော့ဂ်ကာတွေ ပေါ်တယ်တစ်ခု ထောင်ဖို့ လုပ်နေပြီ

မြန်မာဘလော့ဂ်ကာတွေရဲ့ အင်ဖော်မေးရှင်းကို အချိန်နဲ့ တပြေးညီ သိရှိနိုင်မဲ့ ပေါ်တယ်တစ် ခုထောင်ဖို့ရာ အတွက် ဘလော့ဂ်ကာတွေ ကြိုးပမ်းနေကြပါပြီ။ အဲဒီအတွက် လိုအပ်တာများကို ပြီးခဲ့တဲ့ ၉ ရက်နေ့က အစည်းဝေးလုပ် တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။
အသေးစိတ်ကို အောက်မှာ ဖတ်ပါ


မနေ့က Service + မှာ လုပ်ခဲ့တဲ့ အစည်းအဝေးလေးက အဓိကအားဖြင့်တော့ MBA လို့ခေါ်တဲ့ မြန်မာ ဘလော့ဂ်ဂါများ အစည်းအရုံးဖွဲ့စည်းဖို့နဲ့ လိုအပ်ချက်လေးတွေကို ညှိနှိုင်းဖို့ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်အတွက် စာမူကြမ်းများကို Rating ပေးပြီးခဲ့ပြီဖြစ်လို့ ပါဝင်မယ့် Category အလိုက် ထည့်သွင်းမယ့် စာမူတွေကိုလည်း အပြီးသတ်ရွေးချယ်ခဲ့ကြပါတယ်။ လောလောဆယ် စာမူပေါင်း ၈၀ ကျော် ရွေးချယ်ထားပြီး လိုအပ်နေဆဲ စာမူများကိုလည်း ထပ်မံဖြည့်တင်းဦးမယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ကိုနေဘုန်းလတ်ဆီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျွန်တော်ကတော့ MBA ဖွဲ့စည်းဖို့အကြောင်းလေးကို တတ်နိုင်သလောက် ပြန်လည်တင်ပြပေးပါမယ်။ မနေ့က အစည်းအဝေးလာတဲ့ Blogger တွေက လက်ရှိအချိန်မှာတော့ MBA ကို Online မှာပဲ ဖွဲ့စည်းဖို့ ဆုံးဖြတ်ကြပါတယ်။ ပထမအဆင့်အနေနဲ့ Dynamic Feature တွေ အစုံအလင်ပါတဲ့ Web Portal တစ်ခုကို ကိုယ်ပိုင် Domain + Hosting နဲ့ တင်ချင်ပါတယ်။

ဒီ Portal မှာ Member တွေကို Fee တစ်ခုကောက်ခံပြီး အသင်းဝင်အဖြစ် လက်ခံပါမယ်။ ကိုယ်ပိုင် Blog ရှိတဲ့ ဘယ် Blogger မဆို ပါဝင်နိုင်ပြီး Forum, Chat နဲ့ Comment တွေလို Member တွေသာ သုံးခွင့်ရတဲ့ Function တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Member တွေရဲ့ Blog Logo တွေကိုလည်း တနေရာမှာ ဖေါ်ပြပေးထားပါမယ်။ အဓိကအနေနဲ့ကတော့ Member Blog တွေက RSS Feed တွေကိုယူပြီး Portal မှာ နေ့စဉ် Update လုပ်တဲ့ Blog တွေရဲ့ နောက်ဆုံးတင်တဲ့ Post တွေကို ခေါင်းစဉ်၊ စာမြည်း၊ Label နဲ့တကွ တင်ပြပေးမှာဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူအနေနဲ့ ဗမာ Blog အားလုံးကို လိုက်လံကြည့်ရှုစရာမလိုတော့ဘဲ ဒီ Portal ကနေတဆင့် စိတ်ဝင်စားရာ Blog ကို သွားနိုင်ပါတယ်။ ကိုယ့် Post သာ တကယ်ကောင်းမယ်ဆိုရင် အရင်ရနေကျ Hit ထက် များစွာပိုရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ Portal အနေနဲ့ကတော့ နေ့စဉ် Hit ၁၀၀၀ လောက်ရမယ်လို့ မျှော်မှန်းထားပါတယ်။

နောက်တစ်ခုကတော့ ကြော်ငြာပဲဖြစ်ပါတယ်။ MBA Portal မှာ Blogger တွေဟာ ကိုယ့် Blog ကို အခကြေးငွေ အနည်းငယ်နဲ့ ပြန်ကြော်ငြာနိုင်ပါတယ်။ ထို့အတူ အခြားသော Portal များနဲ့လည်း Banner Exchange သဘောမျိုး အပြန်အလှန် ကူညီကြော်ငြာနိုင်လာမယ်လို့ မျှော်လင့်ပါတယ်။ အခြားသော စီးပွါးရေးကြော်ငြာများကိုလည်း အသင်းရံပုံငွေအတွက် လက်ခံသွားချင်ပါတယ်။

အရေးအကြီးဆုံး နောက်တစ်ချက်က လာလည်တဲ့ Visitor တစ်ယောက်ကို ကျွန်တော်တို့ Portal ပေါ်မှာ အချိန်ဘယ်လောက်ကြာကြာ ဆွဲထားနိုင်မလဲ ဆိုတာပါပဲ။ RSS Feed တွေလာဖတ်ပြီး ကြိုက်ရာ Blog ကိုချက်ချင်းသွားမယ်ဆိုရင် ကျွန်တော်တို့ Portal ဟာ Directory ပုံစံမျိုးပေါက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Portal မှာလည်း Blogger တွေရဲ့ ကိုယ်ပိုင် BLOG တွေမှာ ဖေါ်ပြထားခြင်း မရှိသေးတဲ့ သီးသန့် POST တွေကို အလျဉ်းသင့်သလို ဖေါ်ပြပေးသွားမှာဖြစ်ပြီး အစည်းအဝေးသတင်းလို၊ စာအုပ်ကိစ္စသတင်းလို၊ အကူအညီလိုနေရင်လည်း လိုတဲ့အကြောင်းလို သတင်းတွေကိုလည်း အချိန်နဲ့အမျှ တင်ပြပေးနိုင်အောင် လုပ်ယူရမှာဖြစ်ပါတယ်။ ဒါမှသာ လာလည်တဲ့လူတစ်ယောက်ကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ ပျော်စရာ GAME များ၊ TEMPLATE အလှပြိုင်ပွဲများ စတဲ့ FUN ISSUE လေးတွေကိုလည်း စီစဉ်တင်ဆက်သွားမှာပါ။

ဒီ PORTAL ကို တတ်ကျွမ်းနားလည်ပြီး စိတ်ချရတဲ့ PROFESSIONAL SERVICE တစ်ခုကို ငွေကြေးတစုံတရာအသုံးပြုပြီး ရေးဆွဲစေမယ်လို့လည်း သဘောတူခဲ့ကြပါတယ်။ အသင့်တော်ဆုံး CMS တစ်ခုကို အခြားသော MODULE လေးတွေ ( FREE ရတာမဟုတ်ဘဲ တကယ်အသုံးတဲ့မယ့် MODULE )ကို ချိတ်ဆက်ပြီး ဖေါ်ပြမှာပါ။ ရေးဆွဲပြီးရင်တော့ ကျွန်တော်တို့ MBA က လက်လွှဲရယူထားမှာပါ။ စံတော်ချိန်မတူတဲ့ နိုင်ငံတွေက BLOGGER တချို့ကို ADMIN RIGHT ပေးထားမှာဖြစ်ပြီး နောက်ထပ် BLOGGER အချို့က SITE ORGANIZER များအဖြစ် ပါဝင်ကြမှာဖြစ်ပါတယ်။ စံတော်ချိန်မတူတဲ့ ဒေသက BLOGGER တွေကို ခွဲဝေတာဝန်ပေးခြင်းကတော့ နေ့ညမပျက် စောင့်ကြည့်နိုင်အောင်ဖြစ်ပါတယ်။ ဥပမာ - ရန်ကုန်က ADMIN အိပ်ချိန်မှာ အမေရိကန်က ADMIN က ဆက်လက်စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကုန်ကျစရိတ်က US$ 400~450 လောက်ခန့်မှန်းပါတယ်။

လက်ရှိအခြေအနေမှာ PORTAL SITE တစ်ခုကို စတင်ဖန်တီးထားပြီး အားလုံးရဲ့စုရပ်အဖြစ် စတင်ပုံဖေါ်ထားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ONLINE COMMUNITY ကနေ တဆင့်တက်ပြီး အားလုံးပါဝင်လို့ရပြီး အကျိုးရှိမယ့်စုပေါင်းလုပ်ဆောင်တာလေးတွေ လုပ်နိုင်အောင် စီစဉ်သွားမှာပါ။ နောက်တစ်ခုက လောလောဆယ် ကျွန်တော်တို့သုံးနေတဲ့ BLOGGER FORUM ကိုလည်း ဒီ PORTAL နဲ့ပူးပေါင်းဖို့၊ ဒါမှမဟုတ်ရင် တနည်းနည်းနဲ့ ချိတ်ဆက်ဖို့ ညှိနှိုင်းချင်ပါတယ်။ ဒီလိုဆိုရင် BLOGGER အချင်းချင်း တနေရာတည်းမှာ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ နောက်ထပ် FORUM အသစ်တစ်ခုကို စင်ပြိုင်သဘောမျိုး လုံးဝဖန်တီးမှာ မဟုတ်ပါဘူး။ နောက်ပြီး သံလွင်အိပ်မက်လို BLOGGER တွေ ဦးစီးနေတဲ့ E-ZINE လေးတွေကိုလည်း ဒီ PORTAL ပေါ်မှာပဲ ဖတ်ရှုနိုင်အောင် တိုင်ပင်သွားမှာဖြစ်ပါတယ်။

ဒါတွေကတော့ မနေ့ကအစည်းအဝေးရဲ့ ရလဒ်တချို့ပါပဲ။ PORTAL ကို ဘယ် SERVICE ကို အပ်မလဲ၊ MEMBER တွေရဲ့ ခံစားခွင့်၊ ADMIN နဲ့ ORGANIZER တွေရဲ့တာဝန်ကဘာလဲ၊ ရံပုံငွေ ရရှိရေးစတဲ့ အရေးပါတဲ့ ဆွေးနွေးစရာတွေကို ထပ်မံဆွေးနွေးသွားကြဦးမှာပါ။ ပြည်ပက သူငယ်ချင်းများနဲ့ အစည်းအဝေးမလာဖြစ်သူများရဲ့ အမြင်လေးတွေကိုလည်း သိချင်ပါသေးတယ်။ အခုရလဒ်တွေကို ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုတက်စလာ၊ ကိုစိုးဇေယျ၊ ကိုဘလာဂေါက်၊ မဘာညာ၊ မမယ်လိုဒီမောင်နဲ့ ကျွန်တော်တို့ အဓိကဆွေးနွေးသွားတာဖြစ်ပါတယ်ခင်ဗျာ။

မောင်ပွတ် ဘလော့ဂ်မှ ကူးယူ ဖော်ပြပါသည်

Read More...

အယောင်ဆောင်လိပ်ပြာ

ကိုသားကြီးဟာ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးတဲ့ အယောင်ဆောင်လိပ်ပြာ ဆိုတဲ့ဇတ်ကားကို ရိုက်နေတုန်း တန်းလန်းမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
အဲဒီဇတ်ကားဟာ ဒီဗီဒီဇတ်ကားဖြစ်ပြီး ဒွေးက ရှေ့နေတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အဲဒီကားမှာ ဒွေးနဲ့အတူ မင်းဟိဏ်း နေဆန်း မင်းအုပ်စိုး မိုးဟေကို မေကဗျာ တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။
အဲဒီကားမှာ ဒွေးက ရှေ့နေဘ၀မှ အနားယူ ထားသူဖြစ်ပြီး မင်းအုပ်စိုး အမှုကို လိုက်ပေးဖို့အတွက် ရှေ့နေလောက ကိုပြန်ဝင်လာသူအဖြစ် သရုပ်ဆောင်ထားတာပါ။ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပြောပြချက်အရ ဇတ်ကားကပြီးဖို့ နီးပါပြီ။ သို့ပေမယ့် အဆုံးသတ် မရိုက်ကူးရသေးပါဘူး။ ကွယ်လွန်သူ ဒွေးနေရာမှ ဘယ်သူကို အစားထိုးသွားမယ် ဆိုတာကိုလည်း လတ်တလော ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
ဒွေးရဲ့ အသုဘ အခမ်းနား မှတ်တမ်းကိုတော့ ပရိတ်သတ်လက်ထဲ ရောက်အောင် တနည်းနည်းနဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပြီး ဘယ်လို ပုံမျိုး ဖြန့်ဝေသွားမယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။

Read More...

ကြွေလွင့်သူ၏ နောက်ဆုံး ပုံရိပ်များ


သက်ပျောက်ဆွမ်းတရားနာ


ဒွေးမကွယ်လွန်မှီ ရက်ပိုင်းက ဟိုတယ်နီကိုးအနီး ကန်တော်ကြီးဘေးတွင် ရိုက်ထားသောပုံ


ဒွေးအတွက် လွမ်းသူ့ပန်းခွေများ


အစ်ကိုအတွက် ကြေကွဲနေတဲ့ သားညီ







မီးသဂြိုလ်ရန်သယ်လာစဉ်

Read More...

ကြွေလွင့်သူ၏ နောက်ဆုံးခရီး

ကြွေလွင့်သူ အကယ်ဒမီ ဒွေး

အကယ်ဒမီဒွေးရဲ့ ဈာပနကို ယနေ့နံနက် လေးနာရီ လေးဆယ့်ငါးမိနစ်မှာ မီးသင်္ဂြိလ်ခဲ့ပါတယ်။ မူလက နံနက်ကိုးနာရီမှာ သင်္ဂြိလ်ဖို့ စီစဉ်ခဲ့မေမယ့် ဂျာနယ်တစ်စောင်တွင် ယင်းသတင်း ပါရှိသွားသောကြောင့် နံနက် ခြောက်နာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့မနက် ဒွေးကို လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေ အလွန်ပင် များလွန်း တာကြောင့် မနက်လေးနာရီ လေးဆယ့်ငါးမိနစ်ခန့်မှာ မီးသဂြိ င်္လ်ခဲ့ရပါတယ်။ အခုလို မူလသတ်မှတ် ချိန်ထက်စောစီးစွာ သင်္ဂြိလ်ခဲ့တဲ့ အတွက် အချို့သော သရုပ်ဆောင်တွေနဲ့ ဆွေးမျိုးတွေဟာ ဒွေးရဲ့ နောက်ဆုံးခရီးကို မမှီလိုက်ကြပါဘူး။

ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပြောပြချက်အရ ဒွေးကို ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေထဲက ဆယ်ရာခိုင်နှုန်းလောက်တာ နောက်ဆုံး ခရီးကို မှီလိုက်တယ်လို့ ဆိုပါတယ်။

အချိန်ကို ဂျာနယ်မှာ မထည့်ဖို့ အတန်တန် မေတ္တာရပ်ခံထားတဲ့ကြားက ထည့်ဖြစ်အောင် ထည့်ခဲ့တဲ့ဂျာနယ်ကိုတော့ မြန်မာနိုင်ငံ ပုံနှိပ်ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။

Read More...

Wednesday, July 11, 2007

ရုပ်ရှင်သရုပ်ဆောင်ဒွေး ကွယ်လွန်


ဝမ်းနည်းစွာ ငိုကြွေးနေကြသူများ



ဒွေး၏ ရုပ်ကလပ်ကို ကားပေါ်တင်ရန် သယ်ဆောင်လာစဉ်


ဒွေးရုပ်ကလပ်ကို အအေးတိုက်သို့ ပို့စဉ်



ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဒွေး( ၄၂ နှစ် ) သည် ယနေ့ ညနေ သုံးနာရီတွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်းသိရသည်။

နောက်ဆက်တွဲ ရရှိသော သတင်းမှာ ဒွေးကို မနက်ဖြန် ရေးဝေးသုသန်မှာပဲ သင်းကြိုမယ်လို့ ကြားပါတယ်။ ဒါပေမယ့် နယ်ရောက်နေတဲ့ သူ့အဖေကို စောင့်နေတာမို့ ဘယ်အချိန်လဲ ဆိုတာတော့မသိရသေးပါဘူး။ ဒီနေ့ ဒွေးသတင်းပါတဲ့ ဂျာနယ်ကို မိတ္တူဆွဲပြီးရောင်းနေကြတယ်။ တစောင်ကို နှစ်ရာနဲ့။

Read More...