Art is My Life

Sunday, June 24, 2007

နိဂုံး

မောင်ရန်အောင် အကြောင်းကို ဒီတွင် အဆုံး သတ်လိုက်ပြီ။ ကျွန်တော်သည် မာမီကို ဂုဏ်ပြုခြင်း ဖြစ်သော်လည်း သူသည် ဂုဏ်ပြုခြင်းကို ဖွသည်ဟု ပြောသောကြောင့် သူကို ဂုဏ်ပြုသည့် ယခုပို့ကို အပြီးသတ် မရေးပဲ ရပ်ဆိုင်း လိုက်သည်။
မိုးရေထဲက အမှတ်တရ ဆက်ရေး နေပါသည်။ အေဖိုး ၇ မျက်နှာ ကျော်သွားပြီ အဆုံး မသတ်သေးခင် တင်ပါက တန်းလန်းကြီး ဖြစ်နေမည် စိုးသောကြောင့် အဆုံးသတ်ရေး ပြီးမှ တင်ပါမည်။
ကြားထဲမှာ ဘလော့ဂ် စာအုပ် ကိစ္စ အပြင် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ များနေသည့်အတွက် ဘလော့ဂ်ပို့များကို နေ့စဉ်တင်ဖြစ် မည်မဟုတ်ပါ ကြောင်း။

လေးစားစွာ

Read More...

Tuesday, June 19, 2007

အစ်အောက်မေးခြင်း အတတ်ပညာ

အခုတစ်လော ရန်အောင် (ခ) မာမီရန် နဲ့ပတ်သက်တဲ့ သတင်းတချို့ ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ နှလုံးသားရေးရာပါ။ ထွက်ပေါ်က ဆန်းတယ်ဗျ။ ဟိုကောင်မလေးနဲ့ လိုလို ဒီကောင်မလေးနဲ့ လိုလို ။ လိုလို နဲ့ပေါ့ဗျာ . . . .
ဒီတော့ မာမီရန်ကို တွေ့ရာ ရိုက်ချင်နေကြတဲ့ ဆောရီးမှားသွားလို့ ခင်ကြတဲ့ လူတွေက ဘယ်သူနဲ့ ကြိုက်လဲ ဆိုတာမေးမေး နေကြတယ်။ ကျွန်တော်လဲ မသိပေါ့ဗျာ။ မသိလို့ မသိဘူး ပြောတာကို တချို့က ပြောသေးတယ် မင်းနဲ့ရန်အောင်နဲ့ ဒီလောက်ခင်တာ သိမှာပေါ့တဲ့။
ဟသိစရာလားဗျ။ ဒီကိစ္စက ဒိုင်လျှို ခွက်ပုံးလေး သောက်ကြ တာများတာကို။ ခက်တာက မာမီရန်နဲ့ ကျွန်တော်နဲ့ကလည်း အွန်လိုင်းမှာ မတွေ့ဖြစ်ဘူး။ ဒါကြောင့် မမေးဖြစ်ဘူးဗျာ။
ဒီနေ့တော့ မာမီရန် အွန်လိုင်းလာတုန်း အဲဒီ မရှင်းမရှင်းနဲ့ ဝေ့လည်ကြောင်ပတ် ကိစ္စကြီးကို ရှင်းသွားအောင် ဒဲတိုးပဲ မေးလိုက်တယ်ဗျာ။ ဟေ့လူ ဘယ်သူလဲပြော မပြောရင်တော့ ကျုပ်ကိုသူများတွေ လာလာမေးကြရင် ထင်ရာပြောမှာနော် ဆိုတော့။ အဲဒီလူက ပြုံးပြုံးကြီး လုပ်နေတယ်။ ခက်တာက သူ့အပြုံးက ဥပမာပြောရရင် မြောက်အိုကြီး ငှက်ပျောသီးရသွားသလို စပ်ဖြီးဖြီးကြီးဗျ။ ( မာမီရန် နဲနဲ ရိုင်သွားရင် ခွင့်လွတ်ပေါ့လေ :P )
ဒါနဲ့ သူက မပြောဘူးဗျ အိုက်တင်ခံနေတယ်။ ကျွန်တောလဲ မထူးပါဘူး ဆိုပြီး
မီးပျက်ပြီ ဆက်ရေးမယ်

Read More...

ဖိတ်ကြားခြင်း

ဖိတ်ကြားခြင်း ဆိုလို့ စိုးဇေယျ တစ်ယောက် မိန်းမ ယူတော့ မယ်လို့တော့ မထင်လိုက်ကြ ပါနဲ့ နော်။ တော်ကြာနေ ကျိန်းကြေ သွားမှာ စိုးလို့ . . . .

ကျွန်တော်မင်္ဂလာ ဆောင်မှာ မဟုတ်ဘူး။ ကိုယ်စား ဖိတ်ပေးတာ။ ဘယ်သူ့ အတွက်လည်း ဆိုတော့ ကိုနေဘုန်းလတ် အတွက်။ သူလဲ မင်္ဂလာ ဆောင်မှာတော့ မဟုတ်ဘူး။ မွေးနေ့ပွဲ လုပ်မလို့တဲ့လေ။

ရှုင်းအောင်ကြိုပြောတာ ။ မဟုတ်ရင် သူ့လေဒီက ဘယ်အနှောင်းနဲ့ ဆောင်မှာလဲလို့ မေးပြီး ဖြေရှုင်းချက် မထုတ်နိုင်ရင် နဖူး ပြောင်ပြောင်ကြီးကို ဒေါက်ဒေါက်နဲ့ မြည်အောင် ခေါက်ခံ နေရမှာ စိုးလို့။

အင်း... နေရာတော့ ဗိုလ်အောင်ကျော်လမ်းက Coff King ပဲ။ တစ်ဆက်တည်းမှာ မွေးနေ့ပွဲနဲ့ အစည်းအဝေးကိုလည်း တပြိုင်နက် လုပ်သွားမှာ ဖြစ်လို့ မြန်မာ ဘလော့ဂ်ကာများ အားလုံးကို တက်ရောက် စေလိုပါတယ်။ ( မှတ်ချက်။ ။ ကိုရန်အောင်မပါ )

ဘာဖြစ်လို့လဲ ဆိုတော့ သူက အမေရိကား ပိုက်ဆံတွေ သောက်သောက်လဲ ရနေပြီးမှ ကပ်စီးအိုး ဆိုတော့ အခွန်မဆောင်ဘူး။ ဒါကြောင့် မြန်မာပြည် ပြန်ရောက်ရင် လေဆိပ်တင် ဂိသွားနိုင်တာကြောင့် သနားလို့ မဖိတ်တော့တာ။

အစည်းအဝေးကို ပထမပိုင်း ဒုတိယပိုင်း ခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပထမပိုင်းကို ကော်ဖီကင်းမှာပဲ ကျင်းပပြီး၊ ဒုတိယပိုင်းကို ၁၉ လမ်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ကိုနေဘုန်းလတ်သည် ပထမပိုင်းအတွက် ကုန်ကျစရိတ်ကိုသာ ကျခံမည် ဖြစ်သောကြောင့် အစည်းအဝေး ဒုတိယပိုင်းကိုမူ မိမိ စရိတ်ဖြင့် မိမိ ကျခံရမည့် သဘောရှိပါတယ်။ ဒါပေမယ့် မွေးနေ့ရှင်ကို အစ်အောက်ရင်တော့ 30% to 50% မှသည် အားကောင်းလျှင် 100 % လောက်ထိ ထွက်လာ နိုင်ဖွယ် ရှိတာကြောင့် အားမလျှော့ကြပါနဲ့။
တစ်ခု မှာချင်တာက ကိုနေဘုန်းလတ် အတွက် မွေးနေ့လက်ဆောင် ဘိုမရုပ်လေးတို့ သံပါတ်ပေးတဲ့ လေယာဉ်ပျံလေးတို့လို သူနဲ့ သင့်တော်မယ့် လက်ဆောင် လေးတွေလည်း ယူလာနိုင်ပါတယ်။
ကျွန်တော်ကတော့ သူ့အတွက် သရေပင် ဒါဇင် ၂၀ လောက် နဲ့ ဂေါ်လီလုံး တစ်ဒါဇင်လောက် ၀ယ်ပေးဖို့ စိတ်ကူးထားပါတယ်။

ဒါကတော့ အပျော်သဘောပြောတာပါ။ ကျွန်တော်တို့ တကယ်လုပ် စရာကျန်သေးတာက

၁ စာမူတွေ ကက်တက်ဂိုရီ အလိုက် ဘယ်နှစ်ပုတ်စီ ထည့်မလဲ
၂ ဒီဇိုင်းကို ဘယ်လို အပြီးသတ်မလဲ
၃ စာစီစာရိုက်ကိစ္စ
၎ ပရုရီဒါကို ပရော်ဖက်ရှင်နယ် ငှားမငှား
၅ ကာတွန်း သရုပ်ဖော် ထည့်မထည့် (ထည့်လျှင်တောင် ဘယ်လို ကန့်သတ်ချက်နဲ့ ထည့်မှာလဲ)
၆ ကျွန်တော်တို့ ထပ်မံလို အပ်လာပါက ရံပုံငွေကို ဘယ်လို ထပ်ရှာမလဲ
ရ အကယ်၍ ကွာလတီ စာမူများ လိုအပ်ခဲ့သော် လက်တမ်း ထပ်ရွေးသင့် မရွေးသင့်

ဒါလေးတွေကို အဓိကထား ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နောက်ထပ် ဆွေးနွေးစေလိုသော အကြောင်းအရာများရှိပါက ယင်းနေ့ နံနက် ၁၀ နာရီ နောက်ဆုံး ထားပြီး ကျွန်တော့် ဆီကို ဖြစ်ဖြစ် ကိုနေဘုန်းလတ် ဆီကို ဖြစ်ဖြစ် အီးမေးပို့ ပေးထားကြပါလို့ ပြောကြားလိုက်ပါတယ်။

အချိန် ၂၄ ရက် ၆လ ၂၀၀၇ ( တနင်္ဂနွေနေ့ ) နေ့လည်တစ်နာရီ တိတိ
နေရာ Coff King
ဗိုလ်အောင်ကျော်လမ်း
အာလာဒင် နှင့် မျက်စောင်းထိုး
ဘလော့ဂ်ကာ အားလုံး မပျက်မကွက် တက်ရောက် ပေးပါရန် ဖိတ်ကြားအပ်ပါသည်။

Read More...

Sunday, June 17, 2007

မိုးရေထဲက အမှတ်တရ ၂

ကိုဖြိုးရေ ခင်ဗျားတက်ခိုင်းတာ တစ်ခုတည်း ကျွန်တော်က နှစ်ခု တက်လိုက်တယ်။

ဇာတ်လမ်း နံပါတ် ၂

အချိန်ကား မှောင်ရီပြိုးစ။ မိုးသည် အငြိုးဖြင့် သည်းထန်စွာ ရွာသွန်းလျှက်ရှိသည်။ ထီးအကြီးကြီးကို ဆောင်းပြီး မိုးရေထဲတွင် လမ်းလျှောက်နေသည်။
တပ်ရင်းသုံးမှတ်တိုင်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းရပ်ကွက်သို့ သွားရန် လယ်ကွင်းရှည်ကြီးနှင့် အိမ်ယာစီမံကိန်း ကွင်းပြင်ကြီးကို ၁၅ မိနစ်စာလောက် လျှောက်ရသည်။ အခုကျွန်တော် တပ်ရင်းသုံးမှတ်တိုင်မှ ဒဂုံမြို့သစ် အရှေ့ပိုင်း ရပ်ကွက်သို့ ဦးတည်သွားနေသည်။
မိုးကြောင့် ကွင်းပြင်ကြီးတွင် ရေများသည် ခြေမျက်စိလောက် တက်နေပါသည်။ ထိုခြေမျက်စိခန့် ရှိသောရေထဲသို့ ကျွန်တော်ခြေလှမ်းများ ချလိုက်သည့် အခါတိုင်းတွင် လှိုင်းလေးများ ဖြစ်ပေါ်ပြီး ပတ်ဝန်းကျင်သို့ ဖြာထွက်သွားကြသည်။ ကျွန်တော်သည် ခြေချလိုက်တိုင်း ထွက်ပေါ်လာသည့် လှိုင်းလေးများကို အရသာခံကြည့်ကာ တစ်လမ်းချင်း လျှောက်လာခဲ့သည်။
တစ်နေရာ အရောက်တွင် ကျွန်တော်ခြေချလိုက်ရာမှ ထွက်ပေါ်သွားသော လှိုင်းလေးများကို ငေးကြည့်နေခိုက် ဆန့်ကျင်ဘက်အရပ်က လှိုင်းလေးများ ပေါ်ထွက်လာသည်။ လှိုင်းနှစ်ခု ရေလယ်မှာ ဆုံမိပြီး ပျက်ပြယ်သွားသည်။ ကျွန်တော် မော့ကြည့်လိုက်တော့ တစ်ဘက်မှ လှိုင်းလေးများ၏ ပိုင်ရှင်သည် မိန်းကလေးတစ်ယောက် ဖြစ်နေသည်။
ကောင်မလေးသည် ဘောင်းဘီရှည်ကို ဒူးခေါင်းလောက်ထိ ပင့်ထားပြီး မိုးရေထဲတွင် ထီးမပါပဲ လမ်းလျှောက်နေသည်။ ကျွန်တော် သူ့ကိုကျော်သွားတော့ ခေါ်သံတစ်ချက် ကြားလိုက်သည်။ အစ်ကိုတဲ့ . . . .
ဒီကွင်းပြင်ကြီး တစ်ခုလုံးမှာ သူရယ် ကျွန်တော်ရယ် နှစ်ယောက်တည်းရှိတာ။ ကျွန်တော့်ကို မခေါ်ရင် တခြားလူကို ခေါ်စရာမရှိပါ။ ထို့ကြောင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။ ကျွန်တော် လှည့်ကြည့်လိုက်သော ကောင်မလေးက ပြုံးပြသည်။
ထီးကြုံလိုက်လို့ ရမလားတဲ့ . . .

ကိုဖြိုးရေ အိပ်ချင်ပြီကွာ ညရောက်မှ ဆက်ရေးမယ် မီးမပျက်ဘူး ဆိုရင်ပေါ့လေ။

Read More...

မိုးရေထဲက အမှတ်တရ

ကိုဖြိုးဆိုတဲ့လူက တက်ခိုင်းလို့ တက်လိုက်တာ သစ်ပင်ပေါ်ပဲ ရောက်သွားလား ဘတ်စကားပေါ်ပဲ ရောက်သွားလား တစ်ခုခုတော့ တစ်ခုခုပဲ အရေးကြီးတာက ၀က်ရူးမတက်ဖို့ပဲလေ။
ကဲ... ပြောနေကြာရော့မယ် မိုးရေထဲက ဇာတ်လမ်းလေး စစေ။

ဇာတ်လမ်: ၁

အဲဒီတုန်းကပေါ့ဗျာ ကျွန်တော် တစ်တန်းလား နှစ်တန်းလား ကောင်းကောင်း မမှတ်မိတော့ဘူး။ မှတ်မိလည်း မထူးပါဘူး အဓိကပြောချင်တာက အတန်းမှ မဟုတ်တာ။ မိုးရေထဲက ဇာတ်လမ်းလေ . . . .
မှတ်မိသေးတယ်ဗျ ကျွန်တော်တို့ အတန်းပိုင်ဆရာမက အရိုက်ကြမ်းတဲ့နေရာမှာ နာမည်ကြီး။ ကျောင်းကို တစ်မိနစ်လောက်နောက်ကျရင် တစ်ချက်ရိုက်ခံရတယ်။ နှစ်မိနစ်ဆိုနှစ်ချက်။
ကျွန်တော်တို့ အိမ်က ကျောင်းနဲ့ သိပ်မဝေးဘူး ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပြီ။ ဒါကြောင့် မုန့်စားကျောင်း ဆင်းချိန်မှာ အိမ်ကို ကျွန်တော်က ပြန်ပြန်သွားတယ်။ တစ်ရက်မှာ မုန့်စားကျောင်းဆင်းချိန် အိမ်ကို ပြန်တယ်။ အဲဒီနေ့က အတန်း တက်တက်ခြင်း သင်ရမှာက အရိုက်ကြမ်းတဲ့ ဆရာမ။ ဖြစ်ချင်တော့ ကျွန်တော်က နောက်ကျနေပြီ။
ကျွန်တော်လည်း ကျောင်းရှိရာကို အပြေးလေး တစ်ပိုင်းနဲ့ လွယ်အိတ်လေး ကျောပိုးလို့ ပြေးတာပေါ့။ ပြဿနာက အဲဒီမှာ စတာပဲ။ ရူးက အရမ်းကို ပေါက်ချင်နေပြီ။ လမ်းဘေးမှာ ပေါက်လို့လဲ မဖြစ်ဘူးလေ။ အိမ်ပြန်ရင်လည်း နောက်ကျမှာ စိုးရသေး။ ကျောင်းရောက်အောင်လည်း မအောင့်ချင်တော့ဘူး။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ မိုးသားတွေ ရုတ်တရက်တက်လာပြီး မိုးသီးမိုးပေါက်ကြီးတွေ ကျလာပါတော့တယ်။ အိုကေ အိမ်သာသွား စရာမလိုတော့ ကျွန်တော်ရူးကို ဘောင်းဘီထဲမှာ ပေါက်ချလိုက်တယ်။ တစ်ကိုယ်လုံး မိုးစိုသွားရင် ဘောင်းဘီထဲ သေးပေါက်တာ မသိသာတော့ဘူးလေ။
ကံများဆိုးချင်တော့ မိုးက မိုးပေါက်ကြီး တစ်ပေါက်နှစ်ပေါက် လောက်ကျပြီး ဆက်မရွာတော့ဘူး။ သေပြီလေ။ ဘောင်းဘီထဲကို ရူးကပေါက်ပြီးနေပြီ။ မိုးက မရွာတော့ ဘောင်းဘီတင် ကွက်စိုနေတာ။ ဘောင်းဘီက စိုနေတဲ့ ရူးတွေက ခြေသလုံးဆီကိုတောင် အိနြေ္ဒရရနဲ့ ဆက်ပြီးတောင် စီးကျနေလိုက်သေးတယ်။
သွားပြီ ဆိုတာ ကျွန်တော်သိလိုက်ပြီ။ ဘယ်လို လုပ်ရမလဲ အိမ်ပြန်ရင် ကျောင်းပြေးတယ် ဆိုပြီး အမေကရိုက်မယ်။ ကျောင်းသွားရင် အရှက်ကွဲမယ်။ ကျွန်တော်ဘာ လုပ်လို့လုပ်ရမှန်း မသိတော့ဘူး။
မထူးပါဘူးလေ ဆိုပြီး ကျွန်တော်လည်း ကျောင်းကိုပဲ ဆက်သွားလိုက်တယ် ။ ကျောင်းရောက်တော့ အတန်းထဲမှာ ခပ်တည်တည်နဲ့ ၀င်ထိုင်နေတယ်။ ခဏလောက်နေတော့ ဆရာမရောက်လာတယ်။ ကျွန်တော်က ကျောင်းမှာ ၀မ်းတူ ဖိုက် အတွင်းဝင်တဲ့သူ ဖြစ်နေပြန်တော့လည်း အရှေ့ဆုံးခုံမှာထိုင်ရတယ်။
ဆရာမလည်း လာရော . . . ဟယ်ဒီနားလေးက သေးစော်နံလိုက်တာတဲ့။ အားလုံးက တိတ်နေကြတယ်။ ဆရာမက ဆက်မေးတယ် ဘယ်သူ အတန်းထဲမှာ သေးပေါက်တာလဲတဲ့။ ဘယ်သူမှ ဘာမှ မပြောကြဘူး။ ဒါဆိုရင် အတန်းထဲမှာ သေးပေါက်တဲ့လူကို ကျောင်းဆင်းပေးမယ်တဲ့။ အဲဒီတော့ ကျွန်တော်လည်း ဘာရမှာလဲ သားသား ပေါက်တာဗျ။ ဆင်းပေးတော့ ဆိုပြီး လွယ်အိတ်လေးယူပြီး အတန်းထဲကနေ တစ်ချိုးထဲ ထွက်လာခဲ့တယ်။
ကျောင်းအပြင်တောင် မရောက်သေးဘူး ကောင်လေး ပြန်လာပြန်လာ ဆိုလို့ ပြန်သွားရပါတယ်။ သေချာတယ် ကံမကောင်းတော့ဘူး ဆိုတာ။
အတန်းထဲလည်း ရောက်ရော မကြီးမငယ်နဲ့ ဘောင်းဘီထဲ သေးပေါက်ချင်တဲ့ကောင် ဆိုပြီး ခုံပေါ်တက် မတ်တပ်ရပ်ပြီး အရိုက်ခံ ရပါလေရောဗျာ။ ပြီးတော့ သွား..နောက်ဆုံးမှာ သွားထိုင်တဲ့။
အရိုက်လည်း ခံရသေးတယ် နောက်ဆုံးမှာလည်း တစ်ယောက်တည်း ထိုင်ရသေးတယ်။ အင်း မိုးသာ တကယ်ရွာခဲ့ရင် ငါအဲလို ရိုက်ခံရမှာ မဟုတ်ဘူး။
တော်တော် ဆိုးတဲ့ မိုးရယ်

Read More...

Saturday, June 16, 2007

စိတ်မဆိုးကြေး

အယ်ဒီတာ အဖွဲ့ဝင်များ ပို့များကို မှန်မှန်လေး ဖတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။ ငါးရက်ကြာသည် အထိ ကော့မင့် တစ်ခုမှ မပေးသေးသော အယ်ဒီတာ၏ စီဘောက်တွင် ၀င်ရောက်အော် မည်ဖြစ်ပါသောကြောင့် ။ စိတ်ဆိုးခြင်းမရှိ စေရန် ကြိုတင် အသိပေးအပ်ပါသည်

Read More...

လက်တွဲဖော်

နှလုံးသားလေးသို့

မင်းကြင်ယာရှာရတာ များလွန်းလို့ အုန်း(ဦး) စားနေပြီလား။ အေးလေ များဆို ဒီခေတ်ကြီးက ယောကျာင်္းတွေ လက်မထောင်နိုင်တဲ့ ခေတ်ပဲကိုးကွ။ သူများနိုင်ငံတော့ မသိဘူး ငါတို့ နိုင်ငံမှာတော့ လူလေးယောက်မှာ ယောက်ကျာင်္းလေး တစ်ယောက်ပဲ ရှိတယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေ အရသိရတယ်။ အဲဒီတော့ကွာ မင်းလဲ ရွေးရတာ မောလို့နေတော့မှာပေါ့။
အေးလေ မင်းကို ရွေးရလွယ်အောင် ငါ ဂိုက်လိုင်းလေး တစ်ချို့ပေးလိုက်ချင်ပါတယ်။



လက်တွဲဖော်ဆိုတာ

လူလှဖို့မလိုဘူး နှလုံးသားလှဖို့ပဲလိုတယ်

အသားဖြူဖို့ မလိုဘူး စိတ်ထားဖြူဖို့ပဲလိုတယ်

အရပ်ရှည်ဖို့ မလိုဘူး စိတ်ရှည်ဖို့ပဲ လိုတယ်

အတန်းပညာ တတ်ဖို့မလိုဘူး အသိပညာရှိဖို့ပဲလိုတယ်

ပြောကောင်းဖို့ မလိုဘူး သဘောကောင်းဖို့ပဲလိုတယ်

အသက်အရွယ် တူညီဖို့မလိုဘူး ခံယူချက်ခြင်းတူညီဖို့ပဲလိုတယ်

ဥစ္စာရှိဖို့ မလိုဘူး သစ္စာရှိဖို့ပဲလိုတယ်

အပျိုစစ်ဖို့ မလိုဘူး အချစ်စစ်ဖြစ်ဖို့ပဲလိုတယ်



အေးဒါက ဘ၀တစ်ခုလုံးစာ လက်တွဲရမဲ့ လူကို ရွေးဖို့ ငါ့ရဲ့စံနှုန်းကို ပြောတာနော် ။ အပျိုစစ်ဖို့ မလိုဘူး ဆိုရင် တစ်ခု လတ်တို့ မုဆိုးမတို့ကို ရှာရွေးရမလားဆိုတဲ့ ကတ်သီးကတ်သတ် မေးခွန်းတွေကို မမေးနဲ့ပေါ့ကွာ

Read More...

Tuesday, June 12, 2007

ချိန်းပွဲ

ရန်ကုန်မြို့ကို ခေတ္တ ရောက်ရှိနေတဲ့ လူတစ်ယောက်နဲ့ ရန်ကုန် ဘလော့ဂ်တွေနဲ့ ညှိနေကြပါတယ်။ ဘယ်နေ့ ဘာဖြစ်မ လဲတော့ မသိဘူး/
အမှန်အကန် ဆော်မှာ ဖြစ်တာမို့ ကြောက်တတ်ရင်တော့ မလာနဲ့။ လာချင်ရင် တဲ့ရန်ကုန် ဘလော့ဂ်ကာတွေ ဆက်သွယ်ရမဲ့ လိပ်စာအပြည့်စုံကို ဒီနေရာမှာ ပေးသွား။ ပွဲဖြစ်ရင် ဆက်သွယ်လိုက်မယ်။ နေရာကတော့ ၁၉ လမ်းပဲ ထင်တယ်။
ကိုတက်စလာ ကတော့ ရပ်တောင်နှစ်ဘက်ကို နားထင်မှာ ကပ်ပြီး ရှေ့ဆုံးက ထိုင်စောင့်နေမှာ သေချာပါတယ်

Read More...

စူနာမီ သေဘေးက လွတ်ခဲ့တဲ့ ရွာ

အခု စစ်တွေမှာ ကောလဟာလ သတင်းတစ်ခု ထွက်နေပါတယ်။ အဲဒီသတင်းကတော့ စစ်တွေမြို့ကို ဒီလ ၁၅ ရက်နေ့မှာ စူနာမီ ၀င်မယ်ဆိုတဲ့ သတင်းပါပဲ။
အဲဒီသတင်းကြောင့် စစ်တွေ မြို့ကလူတွေ တုန်လုပ်နေကြသလို ရန်ကုန်က ရခိုင်တွေကလည်း စစ်တွေမှာ ရှိတဲ့ သူတို့အမျိုးတွေ အတွက် စိုးရိမ်ပူပန်နေကြပါတယ်။
ဘယ်လောက်ထိလဲ ဆိုရင် စစ်တွေက လူတချို့ မနေရဲတော့လို့ မင်းပြားနဲ့ မြောက်ဦးကို စူနာမီ ရှောင်တိမ်းဖို့ ရာထွက် ခွာသွားတဲ့ လူတွေလဲရှိနေပါသတဲ့။ စစ်တွေမှာ ကျန်ထားခဲ့တဲ့ လူတွေကလဲ တခြားလူတွေလိုပဲ ပြောင်းပြေးရမလိုလို စစ်တွေမှာပဲ ဆက်နေရမလိုလို သို့လော သို့လော ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအကြောင်းကိုတော့ ရန်ကုန်မှာ ရှိနေတဲ့ ရခိုင်မလေး တစ်ယောက်က စစ်တွေမှာ ကျန်ထားခဲ့တဲ့ သူအမျိုးတွေ ကိုစိုးရိမ်လို့ စူနာဝင်မှာ ဆိုတာ တကယ်ဟုတ်မဟုတ် ဂျာနယ်တိုက်ကို ဖုန်းလှမ်းဆက်မေးလို့ သိရတာပါ။

ကောလဟာလရဲ့ အစ

ကောင်မလေး ပြောပြပုံကလဲ ခိုင်မာပါတယ်။ စစ်တွေမှာ တပ်ထားတဲ့ စူနာမီ အချက်ပေးစနစ်က အင်္ဂလန်မှာ သွားမည်ပြီး ၁၅ ရက်နေ့ ဒါမှ မဟုတ် ၁၆ ရက်နေ့မှာ စစ်တွေကို ၀င်မယ်လို့ မိုးဇလ က ဦးထွန်းလွင် ပုံပါတဲ့ စာရွက်မိတ္တူတွေ ဝေနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်တွေကလူ တွေ ကြောက်လန့် နေကြတာပါတဲ့။
အဲဒီသတင်းထွက်နေတာ ဘယ်လောက်ကြာပြီလဲ လို့ ကျွန်တော်က မေးလိုက်တော့ နှစ်ရက်လောက်တော့ ရှိပြီလို့ အဲဒီကောင်မလေးက ပြောပါတယ်။
ဒါကြောင့် ကျွန်တော်လဲ သူကို စူနာမီနဲ့ ပတ်သက်ပြီး သိလောက် ရှင်းပြပြီး ကောလဟာလ သာလျှင်ဖြစ်တယ်လို့ အတည်ပြု ရှင်းပြပေးလိုက်ပါတယ်။

စူနာမီ

ဘာဖြစ်လို့ လဲဆိုတော့ စူနာမီဆိုတာ ဂျပန်ဘာသာ စကား ( Thunami ) ဖြစ်ပါတယ်။ အများစုကတော့ မဟာရေလှိုင်းကြီးလို့ မြန်မာ လိုပြန်ကြပါတယ်။ အဲဒီလှိုင်းကြီးတွေက အများအားဖြင့် ပင်လယ်ပြင်မှာ ဖြစ်ပွားတဲ့ ငလျှင်ကြောင့် ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ပင်လယ်နဲ့ နီးတဲ့ကုန်းပေါ်မှာ ငလျှင်လုပ်ရင်လဲ စူနာမီ ပေါ်ပေါက်တတ်လို့ မှတ်သားခဲ့ဖူးပါတယ်။

စူနာမီက ပင်လယ်ပြင်မှာ ငလျှင်လုပ်တိုင်း ဖြစ်သလား

စူနာမီ ရေလှိုင်းကြီးဖြစ်ဖို့ အနည်းဆုံး ပင်လယ်ပြင်မှာ ရစ်ချက်တာ စကေး ၅ ကျော်မှာ သာလျှင်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပင်လယ်ပြင်မှာ ငလျှင်လုပ်တိုင်းလဲ စူနာမီ မဖြစ်ပါဘူး။ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှား စူနာမီကြီး ပြီးခါစက နောက်ဆက်တွဲ အနေနဲ့ အဲဒီနေရာနဲ့ မဝေတဲ့ နေရာမှာ အင်အား ၇ အဆင့်ရှိတဲ့ ငလျှင်တစ်ခု လုပ်သွားပါတယ်။ ကမ်းခြေမှာရှိတဲ့ အိုးအိမ်တွေ မြေငလျှင် တုန်ခါမှုကြောင့် ပျက်စီးပြီး လူနှစ်ထောင် ကျော်သေခဲ့ပေမယ့် စူနာမီ ရေလှိုင်းဖြစ်ပေါ်ခဲ့ ခြင်းမရှိပါဘူး။

ဘယ်အခြေတွေမှာ စူနာမီ ဖြစ်နိုင်သလဲ
နာရီပိုင်းအတွင်းမှာ အလွန်အင်အားကြီးမားတဲ့ ငလျှင်တစ်ခု လုပ်သွားရင်၊ ပင်လယ်ရေတွေဟာ ပုံမှန်ထက် တစ်မိုင်သို့ မဟုတ် မိုင်ဝက်လောက် လျှော့ကြသွားခဲ့ရင် ပင်လယ်ကနေ ရေလှိုင်းအော်သံကြီးကြားရလျှင် စူနာမီ ဖြစ်ပေါ်နိုင်ပါတယ်။
သူရဲ့ ဖြစ်စဉ်က ငလျှင်လုပ်ပြီးလို့ မြေလွာကြိုးပြတ်မှုကြောင့် စူနာမီ ဖြစ်တော့မယ်ဆိုရင် ကမ်းခြေက ရေတွေဟာ ပင်လယ်ပြင်ကို မိုင်ဝက်ကနေ တစ်မိုင်လောက်ထိ ဆင်းသွားပါတယ်။ ပြီးရင် အော်သံတွေသံတွေနဲ့ အတူ ရေလှိုင်းလုံးကြီးတွေ တက်လာပါတော့တယ်။
ဒါကြောင့် မိုးဇလ ညွန်ချုပ်ဟောင်း ဦးစံလှသော်က လုပ်ကြအော်ပြေး စူနာမီကင်းဝေ လို့ ပြောခဲ့ပါတယ်။

ဒါပြင်ငလျှင်ကို ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ တပ်အပ် မပြောနိုင်သလို စူနာမီကိုလဲ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ကြိုပြောနိုင်ခြင်းမရှိပါဘူး။
စူနာမီ အချက်ပေး စနစ်ဆိုတာ ငလျှင်လုပ်သွားပြီးတဲ့ အခါမှသာ အဲဒီငလျှင်ကြောင့် စူနာမီ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိဆိုတာကို စက်က အလိုလျှေက်တိုင်းတာပြီး စူနာမီ ဖြစ်နိုင်ခြေရှိရင် ဂျိုလ်တုကို သတင်းလှမ်း ပို့တာပါ။ ဒါကြောင့် စူနာမီ အချက်ပေး စနစ်က သတင်းပို့ပြီး နာရီပိုင်းအတွင်းမှာ စူနာမီ ၀င်လာပါတယ်။ တကယ်လို့သာ စစ်တွေက သတင်းမှန်ရင် အဲဒီကောင်မလေး တောင်ကျွန်တော့်ကို ဖုန်းဆက်ချိန်ရလိုက်မှာ မဟုတ်ပါဘူး။ စူနာမီ ၀င်ပြီးသွားလောက်ပါပြီ။

ဒါနဲ့ကျွန်တော်လဲ စစ်တွေမှာ နေတဲ့ သတင်းထောက်ဆီကို ဖုန်းလမ်းဆက်ပြီး ဘယ်လိုဖြစ်တာလဲ လို့စုံစမ်းကြည့်ပါတယ်။

ရွာထိပ်က နားကာ ရွာနောက်မှာ နဂါး

အဖြေကတော့ရှင်းပါတယ် ဂျာနယ်တစ်စောင်(နာမည်မကြီးသောဂျာနယ်တစ်ခု) မှာ မိုးဇညွှန်ချုပ်ဦးထွန်းလွင်နဲ့ အင်တာဗျူးတဲ့ ဆောင်ပါးတစ်ခုပါပါတယ်။ အဲဒီမှာ ဦးထွန်းလွင်က စူနာမီအချက်ပေးစနစ်က အချက်ပြရင် စစ်တွေကို စူနာမီဝင်တာကြိုသိနိုင်မဲ့ အလားအလာတွေကို ရှင်းပြထားပါတယ်။ အဲဒါကို စစ်တွေကလူတွေ မိတ္တူတွေကူးပြီး စူနာမီ ဖြစ်ပါတော့မယ်လို့ တယောက်စကား တစ်ယောက်ကြားမှာချဲ့ကားသွားခဲ့တာပါ။

ဒါကတော့ ဒီနေ့ စစ်တွေမှာ ဖြစ်တဲ့ကောလဟာလပါ။ အဲဒီမှာ ဘာကိုသွား သတိရလဲဆိုတော့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှာ ဖြစ်ခဲ့တဲ့ အင်ဒို ငလျှင်ကြောင့် စူနာမီ ဖြစ်ပြီး လူပေါင်း နှစ်သိန်းကျော်လောက် သေခဲ့ရပါတယ်။
အဲဒီတုန်းက မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ လူ ၅၃ ယောက်သေတယ်လို့ ဆိုပါတယ်။ ကျွန်တော်ပို သေချာအောင် မြန်မာနိုင်ငံ မှာ NGO တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ မြေငလျှင်ပညာပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြေငလျှင်ကော်မတီမှာ သွားမေးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ကွင်းဆင်းလေ့ လာထားတာကိုး။ သူတို့ ပြောပြချက်အရလဲ မြန်မာနိုင်ငံမှာ တကယ်ပဲ ၅၃ ယောက်သာ သေခဲ့တာပါတဲ့။ အကယ်တမ်းပြောရရင် ၅၂ ယောက်ပါပဲတဲ့ တစ်ယောက်က ကြိုးဆွဲချသေတာ စူနာမီနဲ့ တိုက်ဆိုင်သွားလို့ စာရင်းဝင်သွားတာပါတဲ့။

ဘာကြောင့် မြန်မာ နိုင်ငံဟာ စူနာမီထိတဲ့ နိုင်ငံတွေထဲမှာ သေနှုန်းအနည်းဆုံး ဖြစ်နေရတာလဲ ဆိုတာကို မြေငလျှင် ကော်မတီ အတွင်းရေးမှုး ဦးတင့်လွင်ဆွေကို ဆက်ပြီး စပ်စုကြည့်တော့။ မြန်မာနိုင်ငံရဲ့ ပထ၀ီ အနေအထား တွေအပြင် ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းဆရာ တစ်ယောက်ကြောင့် ကျေးရွာနှစ်ရွာ စူနာမီ ဘေားက လွတ်ခဲ့တယ်ဆိုတ ကိုသိလိုက်ပါတယ်။

တစ်ရွာကတော့ ဧရာဝတီတိုင် ပြင်စလူမြို့နယ်က ကိုင်းတောင် ဆိုတဲ့ ကျေးရွာပါ။ အဲဒီရွာက ဘုန်းကြီးက ဆွမ်းစားခါနီးမှာ ပင်လယ်ကို ကြည့်လိုက်တော့ ရေတွေကျသွာတာကို တွေ့လိုက်ရပါတယ်တဲ့။ ဘုန်းကြီးဟာ အဲလိုရေတွေ ဆုတ်သွားပြီးရင် စူနာမီ လာတယ်ဆိုတာကို စာအုပ်တစ်အုပ်မှာ ဖတ်ဖူးထားတာကြောင့် ရွာထဲက လူတွေကို အသိပေးပြီး ကုန်မြင့်မှာရှိတဲ့ သူ့ကျောင်းပေါ်ကို ခေါ်ထားလိုက်ပါတယ်။
အဲဒီရွာဟာ ရွာလုံးကျွတ်စူနာမီ ထိခံခဲ့ရပေမယ့် ဘုန်းကြီးစကားကို မယုံတဲ့ ရွာသားသုံး ယောက်ကလွဲရင် တရွာလုံး အသက်ရှင်လိုက်တယ်လို့ သိရပါတယ်။

နောက်တစ်ရွာကတော့ နာမည်မမှတ်မိတော့ဘူး ပြင်စလူ မြို့နယ်ထဲကပါပဲ ။ အဲဒီနေ့က ကျောင်းဆရာက မှုလတန်းကျောင်လေးမှာ ဆုပေးပွဲလုပ်နေပါတယ်။ ဆုပေးပွဲ လုပ်နေတုန်းမှာ စောစောက ဘုန်းကြီးလိုပဲ ရေဆုပ်သွားတာကို မြင်လိုက်လို့ တရွာလုံးကို အသိပေးခဲ့ရာကနေ ရွာလုံးကျွတ်နီးနီး အသက်ချမ်းသာ ရခဲ့ကြရတယ်လို့ သိရပါတယ်။

မြေငလျှင်ကော်မတီရဲ့ လေ့လာချက်အရ ပြောရရင် မြန်မာနိုင်ငံဝင်ခဲ့တဲ့ စူနာမီက အားတော်တော်ပျော့ပါတယ်။ ဒါကြောင့် လူသေနဲခဲ့တာဖြစ်ပါတယ်။ သေတဲ့လူ အများစုကတော့ စူနာမီ ဖြစ်ဖို့ ရေကျသွားချိန်မှာ ကမ်းစပ်မှာ တင်နေခဲ့တဲ့ ငါးတွေ ပစ္စည်းတွေကို လိုက်ကောက်နေတုန်း ရေလှိုင်းတက်လာလို့ သေကြတာပါ။

Read More...

Monday, June 11, 2007

တောင်သွား မြောက်သွား

အင်းဒီနေ့ ပို့အသစ်တင်မယ်ဆိုပြီး အွန်လိုင်းပေါ်တက်ခဲ့ပါတယ်။ ဒါပေမယ့် တောင်သွား မြောက်သွားနဲ့ ရထားစီး ပြီးခရီးလွန်သွားလို့ မိုးချုပ်သွားတယ်။
မီထရို ရဲ့ဘလော့ဂ်မှာ မြေအောက်ရထားတွေ အကြောင်း နည်းပညာတင်မကပဲ စိတ်ဝင်စားစရာ ကောင်းအောင် ရေးထားတာမို့ ဖတ်ရင်းနဲ့ ပဲမိုးချုပ်လို့ သွားပါတော့တယ်။

Read More...