Art is My Life

Saturday, June 09, 2007

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲမှ
မြင့်မိုးအောင် ရေးဖွဲ့သည့် ကဗျာ


ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါးလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ......

Read More...

Friday, June 08, 2007

Read More...

Thursday, June 07, 2007

နာကာတာ ဘော့လုံးသတင်း


ရေးနေပြီ နောက်နာရီဝက်ဆိုရပြီ

Read More...

အဖြူရောင် သက်တံ


အဖြူရောင် သက်တံ ကဗျာရွတ်ဆိုပွဲ ( White Rainbow Poetry Performace ) ကို ဇွန်လ ၆ ရက်နေ့ နေ့လယ် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင်ကျင်းပခဲ့ပါတယ်။
ဒီကဗျာရွတ်ပွဲ ရဲ့ ရည်ရွယ်ချက်ကတော့ HIV ကူးစက်ခဲ မိဘမဲ့ ကလေးသူငယ်များ နှင့် တိုင်းရင်းသား ကလေးငယ်များ ပရဟိတ ဂေဟာသို့ ရန်ပုံငွေ ပွဲတော်အဖြစ် ကျင်းပခဲ့ ခြင်းဖြစ်ပါတယ်။

ဒီကဗျာရွတ်ပွဲမှာ

Celebrities

လွင်မိုး၊ မင်းမောင်ကွန်း၊ ရီဝေယံ၊ မိုးမိုး၊ Lလွန်းဝါ၊ ရဲလေး၊ မောင်မောင်အေး၊ ဇေဇေ၊ ဟန်ထူးလွင်၊ မောင်မောင်ဇောတ်လတ် နှင့် ရောင်းရင်းများ၊ ရသ၊ ငယ်ငယ်၊ ပုလဲဝင်း၊ သင်ဇာဝင့်ကျော်၊ အိရူပါဝင်း၊ ငွေစင်သွန်း၊ ၀ိုင်းစုခိုင်သိန်း၊ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း၊ ချစ်ဆုဝေ၊ ချစ်သုဝေ၊ ရတနာမိုင်၊ ဇင်းဇင်၊ ဇင်မင်းခိုင်၊ မေကြည်နှုး ကလည်းကောင်း

P0ets & Others

မအိ၊ မိုဃ်းဇော်၊ စန်းဦး၊ မင်းထက်မောင်၊ ဇော်ခိုင်ဦး၊ ဒေါက်တာဖြူဖြူဝင်း၊ စိုးသော်တာ၊ အိန္ဒြာ၊ လွပ်လပ်အိမ် တို့က ကဗျာများကို ရွတ်ဆိုခဲ့ ကြပါတယ်။ သူတို့က ကိုယ်ပိုင်ကဗျာ တွေကို ရွတ်ဆိုသလို၊ ထူးအိမ်သင် အပါဝင် ကွယ်လွန်သူ ကဗျာဆရာများရဲ့ ကဗျာများ မဂ္ဂဇင်းများမှာ ဖော်ပြထားတဲ့ ကဗျာများ ကိုရွတ်ဆိုခဲ့ကြပါတယ်။

နောက်ခံတီးလုံးကို လီယိုနာ့ဒ်မောင်မောင်လွင် နိုင်ဇော်(Lazy Club) ချမ်းဟိန်းကြွယ်(တယော) အောင်မြတ်သာ(B.P.M) တို့က တီးခတ်ပေးခဲ့ကြပါတယ် ။

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲက ကဗျာတွေကို အချိန်ရရင်ရလို အဖြုရောင်သက်တံ ဘလော့ဂ်မှာ တင်ပေးသွားပါမယ်

ဒီဘလော့ဂ်လေး ဖြစ်မြောက်အောင် စိုးဇေယျ ကဖန်တည်းခဲ့ ပြီး တင်းပလိတ် ကုဒ်တင်များကို ကိုဝေယံလင်း ထည့်သွင်းပေးခြင်း ဖြစ်သည်

Read More...

Tuesday, June 05, 2007

လက်ဆောင်ဆိုး 2

အပိုင်းတစ်ကို မဖတ်ရသေးရင် ဒီနေရာလေးကို နှိပ်

တစ်ပတ်ခန့်အကြာ

ကျွန်တော် ကောင်မလေး အဖိုးဖုန်းနံပါတ်ကို ပြန်ဆက်ကြည့်တော့ ဖုန်းကိုင်တယ်။ ကျွန်တော်က ကျွန်တော်ဘယ်သူ ဖြစ်ကြောင်း မိတ်ဆက်ပြီး အကျိုးအကြောင်း ပြောပြတော့ ကလေးမလေးရဲ့ အဖိုးက ညနေလေးနာ ရီမှာ သူ့ရုံးခန်းကိုလာတွေ့ ဖို့ပြောတယ်။
ကျွန်တော် ညနေလေးနာရီ ရောက်တော့ ကလေးမလေးရဲ့ အဖိုးရုံးခန်းကို ရောက်သွားတယ်။ ရုံးခန်းရောက်သွား တယ်ဆိုရင်ပဲ စာရေးမလေး ပြောတယ်။ သူ့ရဲ့ မြည်းဆေးရုံ တင်ရလို့ ပြန်သွားပြီ ကျွန်တော်လာ ရင်သူ့ဆီကို ဖုန်းဆက်ဖို့ မှာသွားတယ်လို့ ပြောပေးပါတဲ့။ ကျွန်တော် သူ့ရုံးကနေပဲ ဖုန်းဆက်လိုက်တော့ ကလေးမလေးကို ဆေးရုံတင်ထားရတယ်တဲ့။ ဒီနေ့ ညနေ ၇ နာရီ လောက်သူ့အိမ်ကို လာနိုင်မလားတဲ့။ ကျွန်တော်လဲ လာနိုင်ပါတယ်လို့ ပြောလိုက်တယ်။
ညခုနာရီ ထိုးခါနီးရောက်တော့ ကျွန်တော် သူ့ခြံကိုရောက်သွားတယ်။ သူတို့ခြံက တာမွေ အ၀ိုင်းထိပ်ဘက် ဗဟန်မြို့ထဲက ဆိပ်ငြိမ်ရပ် ကွက်ထဲကမှာပါ။ ခြံရှေ့က ဘဲလ်ကို နှိပ်လိုက်တော့ ခြံစောင့်က တခါးလာဖွင့်ပေးတယ်။ ကျွန်တော် ဧည့်ခန်းထဲမှာ ခဏစောင့်ပါတဲ့။ ကျွန်တော် ဧည့်ခန်းထဲမှာ ထိုင်နေတုန်း ခြံထဲကို ကားတစ်စီး ၀င်လာတယ်။ ပြီးတော့ လူတစ်ယောက် ဆင်းလာပြီး အိပ်ထဲကို ခြေလှမ်းသွက်သွက်နဲ့ ၀င်လာတယ်။ အဲဒီလူက ဘယ်မှာလဲ ငါ့ဧည့်သည် ရောက်ပြီလားတဲ့။ ကျွန်တော်က ရောက်ပြီလို့ ပြောတော့ အဲဒီလူက တစ်ခါတည်း ထမင်းစားဖို့ ကျွန်တော့်ကို ခေါ်တယ် ကျွန်တော်က စားပြီးပြီလို့ပြောတော့ အေးဒါဆို ထမင်းမစားလဲ အအေးလေး ဘာလေးသောက် ပေါ့ကွာ ငါကတော့ အချိန် သိပ်မရဘူး ထမင်းစားရင်း စကားပြောကြတာပေါ့တဲ့။
သူနာမည်သည် ဦးလူကျော် ဖြစ်၍ ယခုအခါ အသက် ခြောက်ဆယ် ကျော်ခန့်ရှိနေပြီ။ သူ့တွင် သားတစ်ဦး ရှိပြီး ယင်သားမှာ အိမ်ထောင်ကျပြီး ယခုကလေးမလေး ကိုမွေးသည်။ ယခု ကလေးမသည် ငယ်စဉ်ကတည်း မျက်နှာချင်း ဆိုင်အိမ်မှ ကောင်မလေးနှင့် အတူနေ အတူစား ဖြင့် အလွန်ရင်းနှီးခင်မင်သည်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က အန်ကယ့်သား ရော ချွေးမရော ကူးစက်ရောဂါနဲ့ ဆုံးသွားကြတယ်။ အဲဒီကတည်းက မျက်နှာချင်းဆိုင်အိမ်က ကလေးမလေး မိဘတွေက အန့်ကယ့် မြည်းကို ပေးမကစားတော့ဘူး။ ဦးသားနဲ့ ချွေးမနဲ့က နှစ်လလောက်ခြားတယ်။ ချွေးမ အရင်ဆုံးသွားတယ်။ အဲဒီတော့ မြည်းလေးကို သွေးစစ်ကြည့်တယ် အဲဒီ အချိန်တုန်းကတော့ မြေးလေးမှာ HIV က နဂေးတစ်ပဲ ။ နောက်တော့ သူ့အဖေ ဆုံးသွားတယ်။
မြေးလေးကို နောက်ခြောက်လ နေတော့ သွေးထပ်စစ်တော့ ပေါ့စတစ် တွေ့ရတယ်။ HIV ပိုးက တစ်ခါတစ်လေမှာ ရှိနေပေမယ့် နဂေးတစ် အနေနဲ့ လဲ ပြတတ်တယ် ဒါကြောင့် သေချာအောင် ၆ လနေရင် သွေးတစ်ခါ ပြန်စစ်ရတယ် ။ အဲဒီကတည်းက အန်ကယ်လဲ သူ့ကို ကျောင်းမလွတ်တော့ဘူး။ မျက်နှာချင်း ဆိုင်အိမ်က ကလေးမလေးနဲ့ တော့ သူတို့ တယ်လီဖုန်းချင်း ပြောကြတယ်။ အဲဒီ အထိ အန်ကယ် မြေးက အကောင်းပဲ။ ပြီးခဲ့တဲ့ သုံးလေး လလောက်က ကောင်မလေး အဖျားဝင်ပြီး ရုတ်ရရက်သေသွားတယ်။ အဲဒီ အချိန်က စပြီး အန်ကယ့်မြေးက အန်ကယ်က လွဲရင် ဘယ်သူနဲ့ မှ စကားလဲ မပြောတော့ဘူး။ သူ့ဖာသူပဲ နေတော့တာ။ တစ်နေကုန် ခွေကြည့်တယ် အရုပ်တွေနဲ့ ကစားတယ်။ သူအခန်းထဲကနေလဲ အပြင်မထွက်တော့ဘူး။ တယ်လီ ဖုန်းတစ်လုံးကို သူ့အခန်းထဲမှာ ယူထားတယ် သူဆက်ချင်ရင် ဆက်တယ် အဆက်ချင်ရင် ဖုန်းခွက် ကြီးကို ပက်လက် လန်ထားတယ်။ အဲလို လန်ထားလို့ အသံကြယ်လာရင် စပီကာကို တိုးထားတယ်။ သူဆက်ချင်တာ ရှိမှာ အသံပြန်ဖွင့်ပြီး ဆက်တယ်။
ဒါဆို သူ့ကို ကျောင်းဘာလို့ ဆက်မထားတော့တာလဲ။
သူမှ မနေချင်တော့ အန်ကယ်လဲ သူစိတ်ချမ်းသာရင် ပြီးရောဆိုပြီး မထားတော့ဘူး။ မနေ့ကတော့ ရောဂါ ဖောက်လာလို့ ကူးစက်ရောဂါကု ဆေးရုံးကြီးမှာ တင်ထားတယ်။ သလိပ် စစ်ကြည့်တော့ TV ဖြစ်တာတဲ့။
TV ကဘယ်ကကူး လို့လဲ။
အဲဒါတော့ အန်ကယ်လဲ မပြောတတ်ဘူးကွာ။
ကဲ မောင်ရင် အန့်ကယ်ကို ခွင့်ပြုပါဦး ဆေးရုံသွားရဦးမယ်။ ဟိုမှာ သူ့အဖွားနဲ့ ထားခဲ့တာ။ သူက အဖွားကို အဲလောက်မဟုတ်ဘူး အဖိုးမှ အဖိုးဖြစ်နေလို့။

ကျွန်တော် ရောလိုက်ခဲ့ လို့ရမလားဆိုတော့ သူ့မြည်းကို မေးကြည့်ပါဦးမယ်တဲ့ နောက်ဖုန်းဆက်ပါတဲ့။ နောက်နေ့ ကျတော့ ဦးလူကျော်ဆီကို ဖုန်းဆက်ပါတယ် ဆေးရုံကို ကျွန်တော်လိုက်လို့ ရမရပေါ့။
အဖိုးဖြစ်သူက ပြောပြတော့ ကလေးမလေးက ကျွန်တော့ကို တွေ့ချင်ပါတယ်တဲ့ ညနေ ၅ နာရီလောက် ဦးလူကျော် ရေးချိုးပြန်တဲ့အချိန်မှာ အိမ်မှာ လာစောင့်ပါတဲ့။ ပြီးရင်သူ့ကားနဲ့ပဲ ဝေဘာဂီကို ကူးစက်ဆေးရုံကြီးကို လိုက်ခဲ့လိုက်တဲ့။ ဒါနဲ့ နေ့ခင်းဘက် ရောက်တော့ အရုပ်ဆိုင်မှာ ၆ လက်မ ခန့်ရှိသော ပါဝါရိန်းကြား အနီရောင် အရုပ်လေး တစ်ရုပ်ကို ၀ယ်လာခဲ့တယ် ပြီးတော့ ညနေငါးနာရီ ထိုးမဲ့ အချိန်ကို စောင့်နေတယ်။
ကျွန်တော့သူ ငယ်ချင်းကို ဖုန်းဆက်ပြီး ပြောပြတော့ သူလဲ လိုက်ချင်ပါတယ်တဲ့။ ဒါကြေင့် ညနေငါးနာရီ အရောက် သူငယ်ချင်းနဲ့ အတူ ဦးလူကျော်တို့ အိမ်ကိုထွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သူ့အိမ်ကို ရောက်တော့ ငါးနာရီ မတ်တင်းပဲရှိပါသေးတယ် ဒါကြောင့် ကျွန်တော်တို့ ဧည့်ခန်းမှာ ထိုင်ပြီး စောင့်နေပါတယ်။
ငါးနာရီထိုးပြီး ဦးလူကျော်ရောက်မလာ သေးပါဘူး။ ငါးနာရီ ၁၅ ရောက်တော့ ကျွန်တော်မနေနိုင်လို့ ဦးလူကျော်ကို ဖုန်းခေါ်တယ်။ သူဖုန်းမကိုင်ဘူး။ ကောင်မလေးရဲ့ ရောဂါ အခြေအနေ မကောင်းလို့များ ဖုန်းမကိုင်တာလို့ ကျွန်တော်စိုးရိမ် စိတ်တွေဝင်လာပါတယ်။ ဒါကြောင့် ဦးလူကျော် ပြန်အလာကို မစောင့်တော့ပဲ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့ မြောက်ဥက္ကလာမှာ ရှိတဲ့ ဝေဘာဂီ ကူးစက်ဆေးရုံကြီးကို ကားငှားပြီး သွားကြပါတယ်။
ဆေးရုံးရောက်တော့ ဘယ်ကို သွားလို့ သွားရမှန်း မသိဖြစ်နေပါတယ်။ ဒါနဲ့ပဲ ဟိုမေးဒီမေး မေးရင်းနဲ့ နောက်ဆုံးမှာ ကလေးမလေး ဆေးကုနေတဲ့ အခန်းကို ရောက်သွားပါတယ်။
ကျွန်တော်တို့ အခန်းထဲကို ၀င်သွားတော့ မြေးအဖိုးနှစ်ယောက် စကားပြော နေတာကိုတွေ့ရပါတယ်။ ကျွန်တော်စိတ်ထဲမှာ ဖုန်းတောင် မကိုင်တော့ဘူး ဆိုမှ တော့ရောဂါ အခြေအနေ ဆိုးနေလောက်ပြီ လို့ထင်ထားတာ ပကတိ အကောင်းတိုင်း တွေ့တော့မှ သက်ပြင်းချနိုင်ပါတော့တယ်။
ကလေးမလေးက ကုတင်ပေါ်မှာ ထိုင်နေတယ် သူက အသားဖြူဖြူ ၀၀ လေးပါပဲ။ သူဟာ ရောဂါသည် ဆိုတာကို မသိသာပါဘူး။ ဒါပေမယ့် သာမန် လူလောက်တော့ မရွှင်ပြနိုင်ရှာပါဘူး။ သူလဲသူ့ ဝေဒနဲ့သူကိုး။ အဲလို မရွှင်မပြ ဖြစ်တဲ့ ကြားထဲက ကျွန်တော်တို့ကို ပြုံးပြပါသေးတယ်။
ကျွန်တော်က ဖုန်းမကိုင်လို့ စိုးရိမ်မိသေးတဲ့ အကြောင်းပြောတော့။ တယ်လီဖုန်းက ရုံးမှာ ကျန်ထားခဲ့လို့တဲ့။
ပြီးတော့ ကလေးမလေးကို ကျွန်တော်ဝယ်လာတဲ့ ပါဝါရိန်းဂျား အရုပ်လေး လက်ဆောင် ပေးမလို့ ကြည့်လိုက်တော့ တက္ကစီပေါ်မှာ ကျန်ထားခဲ့ပြီ။ မတတ်နိုင်တော့ဘူးလေ နောက်တစ်နေ့ လာမှ ပေးရုံပဲ ရှိတော့တာပေါ့။
အရင် ဖုန်းထဲမှာ ပြောတုန်းက စကားများ ပြီး စွာမယ်လို့ ထင်ထားတာ သူပုံက အဲလောက်လဲ စွာမယ် လို့ထင်ထားခဲ့တာ။ အပြင်မှာတော့ စကားနဲပြီး သဘော ကောင်းတဲ့ပုံပဲ။ သူက ကျွန်တော်တို့ စိတ်ဝင်တစားနဲ့ နားထောင်နေပါတယ်။
သူပေးတဲ့ ဖုန်းနံပါတ်ကို ဆက်စဉ်က သရဲ အခြောက်ခံရတယ် ထင်ပြီး ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် ပြာယာ ခတ်သွားခဲ့ရပုံကို ပြောပြတော့ ရယ်နေတယ်။ ကျွန်တော်လဲ ကြားသိဖူးတဲ့ ဟာသ ပုံပြင်လေး တွေပြောပြပြီး ခုနာရီ ထိုးခါနီးလောက် ရောက်တော့ ပြန်ခဲ့ကြတယ်။
ဆေးရုံက အပြန်မှာ တော့ကျွန်တော့်မှာ စဉ်းစားစရာ တွေခေါင်းထဲ ရောက်လာတယ်။ ကံကြမမာ ဆိုတာမျိုးက ဆန်းကျယ်တာကို တွေ့ရတယ်။ ကလေးမလေး မိဘတွေ ကူးစက် ရောဂါနဲ့ ဆုံးတဲ့ အချိန်မှာ သူ့သမီးကို ကူးမှာ စိုးလို့ ပေးမတွေ့တော့ မိဘတွေ။ တကယ်လဲ သေတော့ ရောဂါရှိတဲ့သူ ထက် သူ့သမီးကအရင် သေသွားတယ်။
နန်းတော်ကြီးလို့ ခန်းနားတဲ့ တိုက်ကြီးနေတဲ့ သူဌေးကြီးတွေလဲ သာမန်လူတွေနဲ့ မခြား အပူ မီးဆိုတာ ရှိတတ်ကြတာ ချဉ်းပါပဲ။
နောက်တစ်ရက် ရောက်တော့ ကျွန်တော် အရုပ်ဆိုင်ကနေ ပါဝါရိန်းဂျား အနီ ကောင်လေး တစ်ကောင် ထပ်ဝယ်ခဲ့ပါတယ်။ နောက်တ ခေါက်ထပ်သွားရင် ပေးဖို့အတွက်ပါ။ ရုံးကို ရောက်တော့ အဲဒီ အရုပ်ကလေးကို ကျွန်တော့စားပွဲ ပေါ်မှာ တင်ထားလိုက်တယ်။
ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ခရီးသွားရမယ်တဲ့။ ဒါကြောင့် နောက်တစ်ရက်မှာ သွားပေမဲ့ အစဉ်ပျက် သွားပြန်ပါတယ်။ ဒါကြောင့် အဲဒီ အရုပ်ကလေးကို ပြန်လာမာပဲ ပေးတော့မယ် ဆိုပြီး ကျွန်တော့အံဆွဲထဲမှာ ထည့်ထားခဲ့တယ်။

အဲဒီအရုပ်ကလေးဟာ ဒီနေ့ အချိန်ထိ ကျွန်တော့အံဆွဲထဲမှာပဲ။ ကလေးမလေးကို မပေးဖြစ်လိုက်တော့ပါဘူး။ ကျွန်တော်ပေးမဲ့ လက်ဆောင်ထက် သဘာဝက ပေးတဲ့ လက်ဆောင်ဆိုးက ဦးသွားခဲ့တယ်လေ။ ကျွန်တော်ခရီး သွားနေတုန်း ကလေးမလေး ဆုံးသွားတယ်။
တကယ်တော့ လက်ဆောင်ဆိုတာ ရယူလိုသူရဲ့ တောင်းဆို ခြင်းကြောင့် ရရှိလာတတ် သလို့  တောင်းဆိုခြင်း မရှိပဲ ပေးသူရဲ့ ဆန္ဒအလျှောက် ရောက်ရှိလာတတ်တဲ့ အရာမျိုးပါ။
ဒါပေမယ့် ကမ္ဘာ မြေကိုတော့ တောင်းဆိုမှုမရှိပဲ သဘာဝ တရားကြီးကနေ လက်ဆောင်တွေ မကြာခဏပေးလေ့ရှိတယ်။ အဲဒီထဲမှာ မဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်း တွေပါသလို ကမ္ဘာသားတွေကို ဒုကခ လှလှပေးတဲ့ လက်ဆောင် ဆိုးတွေလဲ ပါတတ်တယ်။
တကယ်တော့ HIV ဆိုတာလဲ သဘာဝတရား ပေးခဲ့တဲ့ လက်ဆောင်ဆိုး တစ်ခုပါပဲ။

Read More...

Monday, June 04, 2007

လမ်းဖြတ်ကူးမဲ့ နှလုံးသားလေးသို့

နှလုံးသားလေးရေ ဘ၀ရဲ့ အစမှာတော့ တစ်ကိုယ်တည်း ဆိုတဲ့ ပလက်ဖောင်းလေးမှာ လျှောက်နေတာပေါ့။
အရွယ် ရောက်လာ ပြီဆိုတော့လဲ စုံတွဲ ပလက်ဖောင်းလေးကို မင်းကူးချင်မှာပဲလေ ငါမတားပါဘူး သဘာဝပဲကိုး

ဒါပေမယ့် မင်းကိုမှာ ပြောချင်တာလေးတွေ မှာကြားပါရစေကွာ

တစ်ကိုယ်တည်းလျှေက်ရတဲ့ ပလက်ဖောင်းနဲ့ စုံတွဲလျှေက်တဲ့ ပလက်ဖောင်း နှစ်ခုကြားမှာ အဝေးပြေး ကားလမ်း ကြီးတစ်ခု ခြားထားတယ်

အဲဒီလမ်းမကြီးကို ကူးမယ်ဆိုရင် မော်တော်ပီကယ် မရှိဘူး၊ ဒါပေမယ့် မီးပွိုင့်တစ်ခု ကိုတော့ သတိထားမိရင် မင်းတွေ့ရပါလိမ့်မယ်
လမ်းကူးတော့မယ် ဆိုရင် မီးပွိုင့်ကို မြင်အောင်ကြည့် မီးစိမ်းနေလား.... မီးဝါနေလား.... မီးနီနေလား.....
မီးဝါနေရင် သွားမကူးနဲ့ ဒါဏ်ရိုက်ခံရ လိမ့်မယ်
နီနေရင်လည်း သွားမကူးနဲ့ အခန့်မသင့်ရင် ပွဲခြင်းပြီး သေသွားနိုင်တယ်
စိမ်းနေရင်တော့ အမြန်ဆုံးတာ ကူးပေတော့ မင်းစဉ်းစားနေလို့ ကြံ့ကြာရင် မီးပွိုင့်ဆိုတာ ပြန်နီချင် နီသွားတတ်မျိုးကွ
တစ်ခါတစ်လေ တော့လဲ လူတွေက ၀ါနေတဲ့ မီးကို လတ်ထိုးပြီး ကူးကြတယ်
မီးနီပြနေရင်လဲ စွန့်စွန့်စားစား ကူးတတ်ကြတယ် အဲဒါကလဲ ရင်ခုန်စရာ တစ်မျိုးကောင်းတာပဲ ကွ
ဒါပေမယ့် မင်းကတော့ အခုမှ စပြီးကူးမှာ ဆိုတော့ မီးနီနေရင် မကူးပါနဲ့ ကံမကောင်းလို့ မဆင်မခြင် မောင်းတဲ့ လူတွေနဲ့ တွေ့ရင် မီးစိမ်းမှာ ကူးတာတောင် တိုက်ခံရတတ်တယ်

သြော်တစ်ခုတော့ မှာလိုက်ဦးမယ်
လမ်းကူးခါနီးမှာ မျက်စိကို အိုင်းတက် စစ်သွားဦးနော် တချို့က ကာလာ ဘလိုင်းဖြစ်တော့ မီးနီကို မီးစိမ်းထင်ပြီး ကူးတတ်ကြလို့
ဒါပဲနော် ကံကောင်းပါစေ . . . .

Read More...

Sunday, June 03, 2007

ကျန်ုပ်၏ပုံ


ဤပုံသည်ကား ကျွန်တော့ပုံတည်း

လင်ဆေးလိုဟန်လို ကျွန်တော့်ကို ကြိတ်ကြွေနေသူများက လော့ကက်သီးထဲမှာ ထည့်ပြီး အမြတ်တနိုးဆွဲထားလိမ့်မည်
အမှန်တရားကို သိမြင်သူတို့က ခန့်ငြားသော ဥပတိရုပ်ရှိသည် ဟုပြောကြမည်
အဆိုးမြင်ဝါဒီ သမားများက အရုပ်ဆိုးသည်ဟု ပြောကောင်းပြောကြပါလိမ့်မည်
ဂျော့ဘုဘ်လို ကျွန်တော့်ကို ကြည်ညိုသူတို့က အမြင့်တနေရာတွင် ချိတ်ဆွဲကာ အိမ်ရာဝင်တိုင်း ရှိခိုးကြမည်
ဘင်လာဒင်လို အကြမ်းဖက် သမားများက ဆုတ်ဖြဲကောင်း ဆုတ်ဖြဲပါလိမ့်မည်
အိန်ဂျက်လီနာဂျိုလီ တွေ့ပါက အမွေစား အမွေ ခံအဖြစ် မွေးစားကောင်း မွေးစားပါလိမ့်မည်
အကောင်းမြင် ၀ါဒီရိုသူများက ဒီပို့ကို တင်တာ အိုင်ဒီယာ ကောင်းတယ်လို့ ကော့မင့်ပေးလိမ့်မည်
မနာလိုသူများက ပေါကြောင်ကြောင်နိုင်သည်ဟု မှတ်ချက်ချပါလိမ့်မည်
ကွန်ဒိုလီဇာရိုက်လို ကော့မင့်ပေးရန် ဥာဏ်မမှီသူများက အရူးနဲ့တုပြီး မပြောချင်ဘူးဟု အကြောင်းပြချက် ပေးကြလိမ့်မည်

မည်သို့ပင်ဆိုစေ ကျွန်တော်သည်ကား ကျွန်တော်သာဖြစ်ပါသည်

Read More...

လက်ဆောင်ဆိုး

တစ်ခုရက်တွင် ပြင်းပြင်းရှိနေခိုက် တယ်လီဖုန်းဝင်လာသည်။ ကောက်ကိုင် လိုက်တော့ ဂျာနယ်တိုက်ကပါလားတဲ့။ ဟုတ်ပါတယ်လို့ ပြောတော့ ပါဝါရိန်းဂျားနဲ့ ဖုန်းပြောချင်လို့ ဖုန်းနံပါတ်လေး ပေးပါတဲ့။
အသံက ကောင်မလေး အသံလေး။ ကျွန်တော်လဲ ရုတ်တရက် ဆိုတော့ ကြောင်သွားတယ်။ ဘာပြောလို့ ပြောရမှန်မသိဘူး။ ကျွန်တော်က တစ်ယောက်ယောက်များ နောက်နေတာလား ပေါ့။ နောက်တော့ သူက ထပ်ပြောတယ်။ ပါဝါရိန်းဂျား အနီရဲ့ ဖုန်းနံပါတ်တဲ့ တခြား အကောင်တွေ ဆိုရင် မလိုချင်ဘူးတဲ့ အနီနဲ့ပဲ ပြောချင်တာတဲ့။
ဖုန်းနံပါ တောင်းနေတဲ့ ကလေးမလေး အသံက တည်တည် ငြိမ်ငြိမ်ပဲ။ ကျွန်တော်လဲ ကောင်မလေးကို ပြန်ပြောလိုက်တယ် ညီမလေး ပါဝါရိန်းဂျားက မြန်မာလို မတတ်ဘူး အိင်္ဂလိပ်လို ပဲပြောတတ်တာလို့ ပြောတော့ သူလဲ အင်္ဂလိပ်ပြော တတ်တယ်ဆိုပြီး ကျွန်တော့်နားမလည် တဲ့အင်္ဂလိပ် စကားတွေနဲ့ မုတ်ပါတယ်။ အမှန်တိုင်း ၀န်ခံရရင် ကျွန်တော်က အိင်္ဂလိပ်စာ ဆိုရင် ဆယ်တန်းကို ၄၀ တိနဲ့ အောင်လာတဲ့ လူဆိုတော့ ကလေး ပြောတဲ့ စကားတွေကို နားမလည်ပါဘူး။
ဘာတွေပြောနေတာလဲ လို့မေးလိုက်တော့ ပါဝါရိန်းဂျား အနီးက လူဆိုးစက်ရုပ်ကြီးတွေကို နိုင်သွားရင် ပြောတဲ့ အတိုင်းပြောတာတဲ့။ အင်းကြည့်ရတဲ့ ပုံအရဆိုရင်တော့ ဒီကလေးက ခေတဲ့ ကလေးတော့မဟုတ် ဘူး။ ဒါကြောင့် ကျွန်တော်လဲ မနက်ဖြန် မှရှာပေးမယ် ဖုန်းနံပါတ်ပေးထားခဲ့ လို့ပြောတော့ ရတယ် သူပြန်ဆက်မယ်တဲ့။ ကျွန်တော့နာမည်ရယ် ပြန်ဆက်ရမဲ့ အချိန်ရယ်ကို အတိအကျ မေးပြီးဖုန်းချသွားပါတယ်။
ကလေးမလေး ဖုန်းချသွားတော့ အင်တာနက်ကို ဖွင့်ကာ ပါဝါရိန်းဂျား ဆိုက်တွေကို လိုက်ရှာကြည့်ပါတယ်။ ပါဝါရိန်ဂျား ဆိုက်တွေကို တော့တွေ့ပါတယ် ဒါပေမယ့် သူတို့ရဲ့ ဖုန်းနံပါတ် တွေကိုတော့ မတွေ့ပါဘူး။ ကျွန်တော်လဲ ၀က်ဆိုဒ်လိပ် စာလေးကို နုတ်ပက် မှာ မှတ်ထားလိုက်ပါတယ်။
နောက်တနေ့ ကျွန်တော်ပြော ထားတဲ့ အချိန်ရောက်တော့ ကလေးမလေး ဖုန်းထပ်ဆက်ပါတယ် ဖုန်းနံပါတ်ရပြီလားတဲ့ ဖြစ်ချင်တော့ အဲဒီ အချိန်မှာ မီးက ပျက်နေတယ်။ ကျွန်တော့ ရည်ရွယ်ချက်ကတော့ ကလေးမလေး ကျေနပ်အောင် ၀က်ဆိုဒ် လိပ်စာလေး ပေးလိုက်မယ် ကိုယ့်ဘာသာကို ဖွင့်ကြည့်ပေါ့။
သူ့ကို ပွင့်ပွင့်လင်းလင်း ပဲပြောပြလိုက်တယ် ၀က်ဆိုဒ် လိပ်စာကို ရှာတွေ့တယ် ဖုန်းနံပါတ်ကို ဆက်ရှာလို့ မရဘူး၊ လောလော ဆယ်မီးပျက်နေလို့ အဲဒီလိပ်စာလဲ ကြည့်မရဘူးလို့ ပြောတော့ သူက ကျွန်တော့ကို ဘိုလို မုတ်ပါတယ်။ ဘာပြောတာလဲ လို့မေးတော့ ကျွန်တော့ကို ပိန်းတယ်လို့  အင်္ဂလိပ်ဘန်း စကားနဲ့ ပြောလိုက်တာတဲ့။ ဘုရားရေ တကယ်မလွယ်တဲ့ ကလေးပါလား။ သူကပဲ စိတ်ဆိုး မာန်ဆိုးနဲ့ ဆက်ပြေတယ် ဘယ်နေ့ ထပ်ဆက်ရမှာလဲ တဲ့ ကျွန်တော်ကလဲ မနက်ဖြန် ပြန်ဆက်လို့ ပြန်ပြောလိုက်တယ်။ သေချာတယ်နော် တဲ့။ သေချာတယ် လို့ပြောတော့ ဖုန်းချသွားပါတယ်။
နောက်ရက်ရောက်တော့ ကျွန်တော် ၀က်ဆိုဒ်လိပ်စာ ပေးလိုက်ပါတယ်။ ဖုန်းနံပါတ်ရရင် ပြန်ဆက်ပေး လို့ရအောင် ဖုန်းနံပါတ် ပေးထားခဲ့လို့ တောင်းတော့ သူဖုန်းနံပါတ်နဲ့ နာမည်နဲ့ ကိုပြောထားခဲ့ပါတယ်။
အဲနေ့ကစပြီး ကျွန်တော့် ဆီကို သူဖုန်းမဆက်တော့ပါဘူး။ ပါဝါရိန်ဂျား ဖုန်းနံပါတ်ပဲ ရသွားလို့လား စိတ်ပျက်သွားလို့လား ဒါမှမဟုတ် တခြားဂျာနယ် တိုက်တွေကိုပဲ လိုက်စားနေသလား ကျွန်တောလဲ မပြောတတ်ဘူး။
ကျွန်တော်လဲ ဘာရယ်တော့ မဟုတ်ဘူး အဲဒီနောက်ပိုင်းမှာ ပါဝါရိန်းဂျား အကြောင်းပါတဲ့ ၀က်ဆိုဒ်တွေကို နေ့တိုင်းကြည့်ဖြစပါတယ်။ ချက်တင် ပြောနေရင်တောင် ပါဝါရိန်းကြား ဆိုဒ်ကိုတော့ ဖွင့်ထားဖြစ်ပါတယ်။ အဲလိုနဲ့ တစ်နေ့မှာ ပါဝါရိန်းဂျား ရုပ်ရုင်ထုတ်လုပ်သူ ရဲ့အီးမေးလိပ်စာ ရတာကြောင့် သူ့ဆီကို ဖုန်းဆက်လိုက်ပါတယ်။
သူပေးထားတဲ့ နံပါတ် ဆက်ကြည့်တော့ မိန်းမကြီး တစ်ယောက်လာ ကိုင်ပါတယ်။ သူပြောတဲ့ နာမည်ကို မေးကြည့်တော့ ဘာကိစစ ရှိလို့လဲတဲ့။ ကျွန်တော်လဲ အကျိုးအကြောင်း ပြောပြတော့ အဲဒါသူ့သမီးတဲ့ နိုင်ငံခြား ဘာသာစကားနဲ့ သင်တဲ့ ကျောင်းတစ်ခုမှာ တက်နေတာ Grate 5 ရောက်နေပြီ ပြီးခဲ့တဲ့ သုံးလလောက်ကမှ ဆုံးသွားတာတဲ့။ ကျွန်တော်ကတော့ လိမ်နေတယ်လို့ပဲ ထင်တယ်။ ဒါကြောင့် အဲဒီမိန်းမကြီးကို မယုံကြည်တဲ့ လေသံမျိုးနဲ့ ပြန်မေးတော့။ မိန်မကြီးငိုပါတယ်။ သားရယ် တကယ်ပြောတာပါတဲ့။ မယုံရင် လွန်ခဲ့တဲ့ သုံးလက ကြေးမုံနာရေး ကြော်ငြာနဲ့ သူတို့ကျောင်းက ထည့်ပေးတဲ့ ၀မ်းနည်းကြောင်း ကြော်ငြာကို ရှာကြည့်လို့ ရပါတယ်တဲ့။
ဒါကြောင့် ကျွန်တော်လဲ တယ်လီဖုန်းကိုချပြီး လွန်ခဲ့သုံးလက သတင်းစာဖိုင်ထဲမှာ ပြန်ရှာကြည့်တယ်။ ခက်တာက လွန်ခဲ့တဲ့ သုံးလကိုပဲသိပြီး နေ့စွဲကို မမေးမိလိုက်ဘူး ဖြစ်သွားတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလက သတင်စာ ဖိုင်ကြီးထဲမှာ တစ်ရက်ပြီး တစ်ရက်ရှာတယ်။ ကြေးမုံ ကတော့ ကုန်သွားပြီး။ မတွေ့ဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလက မြန်မာ့ အလင်းသတင်း စာဖိုင်ထဲမှာ ပြန်ကြည့်တယ်။ တလုံးစာ ဖိုင်ကြီးသာ ကုန်သွားတယ် စောစောက ကောင်မလေးနာ မည်ကိုမတွေ့ဘူး။ အဲဒီ အချိန်မှာ ကျွန်တော်ချွေးတွေကလဲ စက်စက်ကျနေပြီ။
စိတ်မရှည်တဲ့ အဆုံး စောစောက မိန်းမကြီးဆီကို ဖုန်းပြန်ဆက်လိုက်တယ်။ ကျွန်တော်စိတ်လဲ တိုနေပြီ။ သူ့သမီးနဲ့ ဖုန်းပေးမပြောချင်ရင် ပေးမပြောချင်ဘူး ပွင့်ပွင့်လင်းလင်း ပြောပေါ့လို့ အခုလိုမျိုးတော့ လူကို စတ်ခြောက်ခြား အောင်မလိမ်သင့် ဘူးလို့ ကျွန်တော်က ပြောတော့ မိန်းမကြီးက ငိုသံနဲ့ တကယ်ပါသားရယ် အဲးဒီလက ၂၈ ရက် နေ့မှာ ဆုံးတာပါ ကြောငြာက ၂၉ ရက်နေ့မှာ ပါတာပါတဲ့။ တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့က ၂၈ ရက်နေ့။
ကျွန်တော် ချွေးတွေပြန်နေပြီ ဖြစ်ခဲ့တာတွေက အိမ်မက်တွေလား တကယ်ပဲလား။ ကျွန်တော် သတင်းစာ ဖိုင်ဟောင်းတွေဆီကို နောက်တစ်ခေါက် ထွက်ခဲ့တယ်။ လွန်ခဲ့တဲ့ သုံးလ ၂၉ ရက်နေ့ သတင်းစာကို လိုက်ရှာတယ် ဖြစ်ချင်တော့ အဲဒီ ဖိုင်တွဲမှာ ၂၉ ရက်နေ့ သတင်းစာ မရှိဘူး။ အဲဒီလက အားလုံးစုံတယ် ၂၉ ရက်နေ့ သတင်းစာ တစ်စောင်ပဲ လိုနေတာ။ ဒါကြောင့် စောစောက ရှာလို့ မတွေ့တာကို။
ကျွန်တော် အကြံတစ်ခု ရသွားတယ်။ ချက်ခြင်း ဖုန်းလှမ်းဆက်လိုက်တယ် အခြားတိုက်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းဆီကို။ ည ၁၂ နာရီ ထိုးခါနီး ပြီဆိုတော့ သူငယ်ချင်းကလဲ အိမ်နေလို့လားမသိဘူး တော်တော်နဲ့ ဖုန်းမကိုင်ဘူး။ နောက် ဖုန်းကိုင်တော့ ကျွန်တော်က သူ့ကို အကြောင်းစုံရှင်းပြီ ပြီး လွန်ခဲ့တဲ့ သုံးလက ၂၉ ရက်နေ့ ကြေးမှုံသတင်းစာမှာ စောစော ကကောင်မလေး နာမည်နဲ့ နာရေး ကြော်ငြာ ပါမပါ ရှာခိုင်းလိုက်တယ်။ သူဖုန်း ပြန်ဆက်မယ်တဲ့။
ကျွန်တော် ချွေးစေးတွေ ပြန်နေတယ် စိတ်ထဲမှာ တစ်ခုခု ကြောက် လန့်နေမိသလိုပဲ။ ကျွန်တော် နယ်မှာ နေတုန်းက သုသန်ထဲမှာ နွားကျောင်းခဲ့ တုန်းကတောင် အဲလောက် ကြောက်သလို စိတ်မျိုးမပေါ်ခဲ့ဖူးဘူး။ အဲဒီအချိန်မှာ ကျွန်တော့်လက်က နာရီလေးက တီတီ လို့နှစ်ချက်မည်တယ် ၁၂ နာရီ ထိုးပြီ ဆိုတာ ကျွန်တော် သိလိုက်တယ်။ နာရီ မည်သံနဲ့ တပြိုင် နက်မှာပဲ တယ်လီဖုန်း မည်သံထွက်လာတယ်။ ကျွန်တော် ဖုန်းကို ကောက်ကိုင် ပြီး အေားပြော တွေ့လားလို့ မေးလိုက်တော့ ။ တစ်ဘက်က အသံက သူငယ်ချင်း မဟုတ်ဘူး။
ဦးစိုးဇေယျ ဖုန်းနံပါတ်ရပြီလားတဲ့။ ဘုရား ဘုရား ကျွန်တော် ဘာပြန်ပြောရမလဲ မသိတော့ဘူ။ ကျွန်တော့အိမ် မက်မက်နေတာလား တကယ်လား ဆိုတာလဲ မစဉ်းစား တတ်တော့ဘူး။
အဲဒီ အချိန်မှာ ဟိုဘက်က ဖုန်းတစ်လုံး မည်လာတယ်။ ကိုင်လိုက်တော့ သူငယ်ချင်းဖြစ် နေတယ်။ ဒါကြောင့် ကောင်မလေးကို ဖုန်းနံ ပါတ်ရှာလိုက်ဦးမယ် ခဏကိုင်ထား လို့ပြောလိုက်တယ်။
၂၉ ရက်နေ့ သတင်းစာမှာ အဲဒီ ကောင်မလေး နာမည်ကို တွေ့တယ်တဲ့ နိုင်ငံခြား ဘာသာသင် ကျောင်းတစ် ကျောင်းက Grate 5 ကျောင်းသူတဲ့။ ကျွန်တော်လဲ ဒီဘက်မှာ သူ့ဖုန်းဝင် နေတယ်လို့ သူငယ်ချင်းကို ပြောပြလိုက်တယ်။
သူငယ်ချင်းကပြောတယ် ဒါဆိုရင် သူ့ဖုန်းကို ပါဝါရိန်းဂျားရဲ့ ဖုန်းပါလို့ ပြောပြီး ဆက်ခိုင်းလိုက်တဲ့ သူတို့က Caller ID တပ်ထားတော့ ဘယ်ကဆက်သလဲ ဆိုတာ အဖြေကို သိနိုင်တယ်တဲ့။
အဲဒီအချိန်မှာ ကောင်မလေးဘက် အသံထွက်လာတယ် ဖုန်းနံပါတ် ရှာတာ အဲလောက်ကြာလားတဲ့။ ကျွန်တော်လဲ ရပြီ ဆိုပြီး သူငယ်ချင်း ဖုန်းကို ပြောလိုက်တယ်။ အဲဒီတော့ ကောင်မလေးက ဒါမြန်မာ ပြည်ဖုန်းကြီးတဲံ။ ကျွန်တော်ကလဲ ပါဝါရိန်းဂျား မြန်မာပြည် ရောက်နေလို့ အဲဒီဖုန်းနံပါတ်မှာ တည်းတယ် ဆက်ကြည့်လိုက်လို့ ပြောလိုက်တယ်။ ကောင်မလေးက ဖုန်းနံပါတ်ကို မေးပြီး ဖုန်းချသွားတယ်။
ကျွန်တော့ ဖုန်းနားလေးမှာပဲ စောင့်နေတယ်။ သူငယ်ချင်း ပြန်ဆက်မလားလို့ ။ ဒီလောက်အရေး ကြီးတာကို ကျွန်တော့ကို ပြန်မဆက်ပဲ အိပ်ပြောနေသလား ပေါ့။ ဒါကြောင့် ကျွန်တော်သူ့ ဆီကို ပြန်ဆက်ကြည့်တယ်။ သူသုတ်သီး သုတ်ပြာ လေသံနဲ့ ဖုန်းလာ ထူးတယ်။ ကျွန်တော်မှန်း သိတော့ သူသက်ပြင်းချသွားတယ်။ မေးကြည့်တော့ အခုထိ ကလေးမလေး အခုထိ မဆက်သေးဘူးတဲ့။ ကျွန်တော်လဲ ဖုန်းပြန် ချပြီး တယ်လီဖုန်း နားလေးမှာ ထိုင်နေလိုက်တယ်။
ခဏလောက်နေတော့ ဖုန်းမည်လိုက်တယ် ကောင်ကိုင်လိုက်တော့ သူငယ်ချင်း။ ဆက်သွား ပြီတဲ့ သူငယ်ချင်းက သူ့ကိုသူ ပါဝါရိန်းဂျားလို့ ပြောတော့ ဘိုလို ဆဲပြီး ဖုန်းပြန်ချ သွားတယ်တဲ့။ ဒါပေမယ့် ဖုန်းနံပါတ်ကို တော့ရလိုက်တယ်။ သေသွားပြီ ဆိုတဲ့ ကောင်မလေး ဖုန်းနံပါတ်နဲ့ သူဖုန်းနံပါတ်က ၅၄ နဲ့ စတာချင်းတော့တူတယ်။ နောက်က နံပါတ်တွေကတော့ ကွဲနေတယ်။ ဒါကြောင့် အဲဒီဖုန်းနှစ်လုံးဟာ တစ်အိမ်ထဲက မဟုတ်ရင်တောင် တစ်မြို့နယ်ထဲက ဖြစ်ရမယ် ဆိုတာတေ့ အကြမ်းဖျင်း ကောက်ချက်ရရလိုက်တယ်။
ကျွန်တော် သူငယ်ချင် ပေးတဲ့ ဖုန်းနံပါတ်ကို ရရခြင်း ဆက်လိုက်တယ်။ ဒါပေမယ့် ဖုန်းက အင်ကေ့ ဖြစ်နေတယ်။ လုံးဝ မ၀င်ဘူး။ ကျွန်တော်ရော ကျွန်တော့် သူငယ်ချင်းပါ ငါးမိနစ် ခြားတစ်ခါ လောက်ခေါ်ပေမယ့် လုံးဝမ၀င်ဘူး။ တစ်နာရီ ကျော်ကျော် လောက်ခေါ်ပြီးတော့ သူငယ်ချင်း လက်လျှော့ သွားတယ် မခေါ်ချင်တော့ဘူး အိပ်တော့မယ်တဲ့။ ကျွန်တော်က တော့ဇွဲမလျှော့ပဲ တညလုံးခေါ်တယ်။ တညလုံး ဖုန်းမ၀င်ဘူး။
နောက်နေ့ ရောက်တော့လဲ ဆက်ခေါ်တယ် ဖုန်းက မ၀င်ပါဘူး။ ညပိုင်းဦးပိုင်းမှာ ဖုန်းခေါ်ကြည့်သေးတယ် ဖုန်းမ၀င်ဘူး။ ဒါကြောင့် သူများ ပြန်ဆက်ဦမလား ဆိုပြီး စောင့်ကြည့်နေ သေးတယ်။ ဒါပေမယ့် ဖုန်းပြန်မဆက်ဘူး။ ဒီလိုနဲ့ ကျွန်တော် အဲဒီ ဖုန်းနံပါတက်ကို ဆက်သွယ်ဖို့ ကြိုးစားတာ သုံးရက်သာ အချိန်ကုန် သွားတယ် ခေါ်လို့မရဘူး။
သုံးရက်မြောက်တဲ့ ညမှာ သူ့သမီးသေသွားပြီလို့ မိန်းမကြီးပြောတဲ့ ဖုန်းကို ပြန်ဆက်လိုက်တယ်။ အဲဒီ မိန်းမကြီးပဲ ဖုန်းလာကိုင်တယ်။ ကျွန်တော်က အကျိုးအကြောင်း ရှင်းပြပြီး သူငယ်ချင်း ဖုန်း Caller ID မှာလာပေါ်တဲ့ ဖုန်းနံပါတ်ကို ပြောပြတယ် အဲဒီဖုန်းနံ ပါတ်ကို သိလားပေါ့။ အဲဒီတော့ မိန်းမကြီးက သိတယ်တဲ့ သူတို့ ခြံနဲ့ မျက်နှာခြင်း ဆိုင်က အိမ်က ဖုန်းတဲ့။ အဲဒီအိမ်မှာ သူ့သမီးနဲ့ ကျောင်းတက်ဖော် သူငယ်ချင်းရှိတယ်တဲ့။ ကျွန်တော်လဲ အဲဒီကောင်မလေး အကြောင်းကို မိန်းမကြီးဆီက သိသလောက် စပ်စုကြည့်လိုက်တယ်။
ကောင်မလေးက သူ့သမီးနဲ့ အရမ်းခင်တာတဲ့။ အသက်တူ တစ်တန်းတည်း တစ်ကျောင်းတည်းပဲတဲ့။ ကျန်တဲ့ အကြောင်း အရာတွေကတော့ သူ့အနေနဲ့ ပြောလို့ မသင့်တော်ပါဘူးတဲ့။ ဒါကြောင့် ကောင်မလေး အုပ်ထိန်းသူတွေ ဆီကို ကိုယ်တိုင် ဆက်သွယ်ပြီး စုံစမ်းပါတဲ့လေ။ ပြီးတော့ ကောင်မလေးရဲ့ အဖိုး ဖုန်းနံပါတ်ကို ပေးတယ်။ ကျွန်တော်လဲ ညမိုးချုပ်နေပြီ ဆက်သွယ်လို့ မသင့်တော်တော့ တာကြောင့် မနက်မှ ဆက်မယ်ဆို ပြီး အဲဒီညက အိပ်လိုက်ပါတယ်။
နောက်နေ့ နံနက် ရောက်ရောက်တော့ ကလေးမလေးရဲ့ အဖိုးဆိုသူရဲ့ ဖုန်းကို ဆက်ကြည့် လိုက်တော့ လူကြီး မင်းခေါ်ဆိုသော ဖုန်းကို ဌာနမှ ယာယီ ပိတ်ထားပါသဖြင့် ဆက်သွယ်လို့ မရနိုင်ပါတဲ့။
ကျွန်တော်လဲ စဉ်းစားရ ကြတ်သွားတယ်။ ကောင်မလေးမှာ လယ်လို အကြောင်းတရားတွေ ရှိနေလို့ မိန်းမကြီးက ပြောမပြနိုင်ရတာလဲ။ မိန်းမကြီးက ကောင်မလေး အဖေ အမေ ဖုန်းနံပါတ်ကို မပေးပဲ ဘာကြောင့် အဖိုးဖုန်းနံပါတ်ပေးရတာလဲ။ ကျွန်တော်လဲ တစ်ကိုယ်တည်း တောင်စဉ်ရေမရ တွေးနေမိပါတော့တယ်။

ကျန်ရှိသည့် အပိုင်းကို အင်္ဂါနေ့ နောက်ဆုံးထား တင်ပါမည့် အကြောင်း အသိပေးအပ်ပါသည်

Read More...

သာသနာ ဖျက်သူများ

ကျွန်တော်ရန်ကုန် ရောက်ခါစက ရွှေတိဂုံဘုရား ကိုဖူးပြီး မြေပဒေသာ ကျွန်းဆီသို့ ဆင်းလာခဲ့ပါတယ်။ ကျွန်တော်က မြေပုံအားကိုးနဲ့ သွားတာဆိုတော့ မြေပဒေသာကျွန်းကို မရောက်ပဲ ဗဟန်းသုံလမ်း ဘက်ကို ရောက်သွားပါတယ်။ အချိန်ကတော့ နေ့လည် နှစ်နာရီလောက်ရှိပြီ လို့ထင်ပါတယ်။
ဗဟန်းသုံးလမ်း ကားမှတ်တိုင်နားလေးကို ရောက်တော့ ကျွန်တော်တစ်ခါမှ မသိတဲ့ ဦးပုဇင်းနှစ်ပါးက ပြုံးပြပါတယ် ကျွန်တော်လည်း လိုက်ပြုံးပြပါတယ်။ ပြီးတော့ကျွန်တော့် ဆီကိုထလာပြီး ဒကာလေး ဦးဇင်းတို့ ဘုရားဖူးလာရင်းနဲ့ ဗိုက်ဆာလာလို့ အအေးဖိုးလေးကပ်ပါဦးတဲ့။ ကျွန်တော်လဲ ပိုက်ဆံ နှစ်ရာတန်လေး တစ်ရွက်ထုပ်ပြီး ကပ်လိုက်ပါတယ်။ ဦးဇင်းတွေက ကျွန်တော့်ကို ဆုတွေမျိုးစုံအောင်ပေးပြီး ထွက်သွားပါလေရော။ ကျွန်တော်က အဲဒီအချိန်တုန်းက ဘာသာတရားကို တရိုသသေနဲ့ ကိုင်းကိုင်းရိုင်းရိုင်း ရှိတာကြောင့် တိုက်တိုက်ဆိုင်ဆိုင် လှုခွင့်ရလိုက်လို့ ၀မ်းသာပိတိဖြစ်မိပါတယ်။
အဲဒီတုန်းက ကျွန်တော်က ရေတာရှည်လမ်းသစ် ထဲမှာနေတာ။ ဘယ်မှ မသွားတတ်တော့ ဘုရားပေါ်ပဲအမြဲလိုလို တက်ဖြစ်တယ်။ ဘုရားပေါ်ကို မရောက်တဲ့နေ့ကို မရှိဘူး။ နောက်နှစ်ရက်လောက် နေတော့ ကျွန်တော်က ကြားတောရ လမ်းကနေတက်ပြီး အာဇာနီလမ်း ပေါ်ကိုရောက်တော့ သွေးဆေးကန်ဘက်ကနေ အရင်နေ့က ဦးဇင်းနှစ်ပါ လမ်းလျှောက် လာတာကိုတွေ့ရပါတယ်။ ကျွန်တော့်ကို မြင်တော့ပြုံးပြပြီး နုတ်ဆက်ပါတယ်။ သြော်အရင်နေ့က ငါပိုက်ဆံ ကပ်လိုက်တာ မှတ်မိလို့ ပြုံးပြတာထင်ပါတယ် ဆိုပြီး ကျွန်တော်က ပြန်ပြုံးပြပါတယ်။ ကျွန်တော့်လဲ ပြုံးပြပြီးတော့ ဒကာလေးဒကာလေး ဦးဇင်းတို့ဘုရားဖူးလာတာ ဒကာတွေနဲ့ လူစုကွဲသွားလို့ မွန်းတည့်အမှီ ဆွမ်းဘုန်းပေးဖို့ ပိုက်ဆံကပ်ပါဦးတဲ့။ ကျွန်တော်လဲ ဒီလောက်ဆိုတော့ သဘောပေါက်သွားပြီ။ ဒါကြောင့် အရင်နေ့ကတောင် အအေးဖိုးနှစ်ရာ ကပ်လိုက်တယ်လေ အခုလဲ ကပ်ရဦးမှာလို့ မေးလိုက်တယ်။ သူတို့နှစ်ယောက် စလုံး သူတို့ဘာသာ သူတို့ရှိန်ပြီး ခပ်သုတ်သုတ်နဲ့ ထွက်သွားပါတော့တယ်။
သိမ်ကြီးဈေးဘက်မှာ ကြုံတွေ့ရတာပါ ကိုယ်ရင်လေးနှစ်ပါး အသက်ကတော့ တစ်ပါးက ဖိနပ်ပြတ်လေးကိုင်ပြီး ဆိုင်တွေကို တဆိုင်ဝင်တဆိုင်ထွက် ဒကာမကြီး ကိုရင်ဖိနပ်ပြတ်သွားလို့ ဖိနပ်ဖိုးလေး လှုပါဦးဆိုပြီး လိုက်တောင်းနေတာ ကိုတွေ့ရပါတယ်။ ကျွန်တော်လဲ မြင်ခါစကတော့ လှုချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် ဈေးသည်ရဲ့ စကားကြောင့် ကျွန်တော်သတိဝင်သွားပါတယ်။ ကိုယ်ရင်တွေကလဲ ဈေးထဲမှာ ဖိနပ်က ပြတ်ပြတ်နိုင်လွန်းတယ်တဲ့။ နောက်စုံစမ်းကြည့်တော့ အဲလိုပဲ ကိုယ်ရင်တွေ ဦးပုဇင်းတွေ ဖိနပ်ပြတ်လေးကိုင်ပြီး မကြာခဏ ဖိနပ်ဖိုးအလှုခံလေ့ရှိပါတယ်တဲ့။
မန္တလေးမဟာ မြတ်မုနိကိုရောက်တော့ ဆေးစာအုပ်လေးကို ကိုင်ထားတဲ့ ဥပုဇင်းတစ်ပါးကို တွေ့ရပါတယ်။ အဲဒီဥပုဇင်းက ဆေးစာအုပ်လေးကိုပြပြီး ဒီနားလေးက ဆေးခန်းတစ်ခုမှာ ဆေးလာကုတာပါတဲ့ ဆေးကုပြီးတော့ ကျောင်းကို ပြန်ရင်ဆွမ်းမမှီတော့မှာ စိုးလို့ ဆွမ်းဖိုးလေးကပ်ပါဦးတဲ့။ ကျွန်တော်လဲ မသင်္ကာတာနဲ့ မလှုပါဘူး။ ကြေးမောင်းကြီးနား ရောက်တော့ နောက်ထပ်ဦးပုဇင်းတစ်ပါး စောစောကလို ဆေးစာအုပ်လေးကိုင်ပြီး သူကတော့ တစ်မျိုးပြောတယ် ဆေးခန်းသွားပြရာမှာမို့ ဆေးဖိုးလေးကပ်ပါဦးတဲ့။ အင်းကျွန်တော်ပဲ အယူအဆမှားလေသလား တိုက်တိုက်ဆိုင်ဆိုင်ပဲ တကယ်ဆေးခန်းပြရတဲ့ ဥပုဇင်းနှစ်ပါး ဘုရားပေါ်မှာ ရောက်နေလေသလား ဆိုတာတော့ ကျွန်တော်လဲ မသိတော့ပါဘူး။
အဲဒါမျိုးတွေ ကြုံတွေ့ခဲ့ရတာကို ပြောမယ်ဆိုရင်တော့ ကုန်တော့မှာ မဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲလောက်က အခြေအနေ မဆိုးသေးပါဘူး။ တချို့တွေဆိုရင် ဘယ်လောက်ထိ အခြေအနေဆိုးလဲ ဆိုရင် ကျွန်တော်တို့ နယ်ဘက်က တချို့ဘုန်းကြီးတွေ ချဲဒိုင်ခံပါတယ်။ ကော်မရှင်ရောင်းတဲ့ ဒကာမတွေ ဒကာတွေကလဲ ဘယ်ဘုန်းကြီးဒိုင် မာတယ် ဒါမျိုးပြောပြီးရောင်းကြပါတယ်။ တကယ်ဆိုရင် သာသနာအလုပ်နဲ့ ချဲရောင်းတာနဲ့ ဘာဆိုင်လဲ သူများ ဘာသာခြားတွေမြင်ရင် သူတို့ဘုန်းကြီးတွေက ဒီလိုပဲဆိုတာမျိုး မြင်သွားနိုင်ပါတယ်။ မြင်ခြင်းမမြင် ခြင်းဆိုတာထက် လုပ်သင့်မလုပ်သင့်ကို ဘုန်းကြီးတွေ ဖြစ်ပြီး မစဉ်းစားတတ်ကြတော့ဘူးလား။ သက်ဆိုင်ရာ သာသနာပိုင် အဖွဲ့စည်းတွေကရော ဒီလိုပဲကြည့်နေ ကြတော့တော့မှာလား။
အဲဒီထက်ပိုဆိုးတာက ခိုးစက်ထောင်တာ။ ခိုးစက်ဆိုတာကတော့ သစ်တောတွေ ပေါတဲ့ ကျွန်တော်တို့ အထက်ပိုင်းဘက်မှာ အစိုးရဆီက တရားဝင်လိုင်စင်နဲ့ မဟုတ်ပဲ သက်ဆိုင်ရာ မယကတို့ သစ်တောတို့ကို ပိုက်ဆံပေးပြီး တောထဲက သစ်ပင်တွေကို ခုတ်လဲ သစ်ခွဲတဲ့အလုပ်ကိုပြော တာပါ။ ပြီးရင် အဲဒီသစ်တွေကို တရုပ်ပြည်ကို တရားမ၀င်ပို့တဲ့ လူတွေဆီကို တဆင့်ပြန်ရောင်ကြပါတယ်။ ကျွန်တော်တို့ ဘက်က တချို့သောဘုန်းကြီးတွေ အဲလိုလုပ်ကြပါတယ်။ ဘုန်းကြီးစက်ဆိုရင် တော်တော်ရုံတန်ရုံ ရဲတို့ မယက တို့လဲ ပိုက်ဆံလာ မတောင်းရဲတော့ပါဘူး။ ဒါကြောင့်တချို့ လူတွေကလဲ ဘုန်းကြီးတွေနဲ့ နာမည်ခံခိုင်းပြီး စက်ထောင်တာမျိုးတွေ လုပ်ကြပါတယ်။ ပြီးတော့ အဲဒီတကြောမှာ နာမည်ကြီးတဲ့ ဘုန်းကြီးတစ်ပါး လို့ပြောရမလား သာသနာ့အရေခြုံလူ တစ်ယောက်လို့ ပြောရမလားပဲ သူဆိုရင် မျက်မှန်အနက်ကြီးတပ် ဆိုင်ကယ်စီးပြီး သစ်ဝယ်မဲ့လူကို လိုက်စပ်နေတာတွေကို မကြာခဏတွေ့ရပါတယ်။ ဆပ်ပလိုက်ချက် ရှိလို့ ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့လူကို မော်တော်ပီကယ်က ဖမ်းရင်တောင် ဘုန်းကြီးတွေ အုပ်ထုပ်မဆောင်ပဲ ဆိုင်ကယ်စီးလာရင် မဖမ်းရပါဘူး။ အဲဒါကို သူတို့လဲ ဂုဏ်ယူနေကြပါတယ်။
ဒေသခံ ဒကာတွေ ဒကာမတွေကလဲ သိသိကြီးနဲ့ကိုးကွယ်နေကြပါတယ်။ ဘုန်းကြီးဆိုတာ အကျင့်သီလကို သာမန်လူထက် စောင့်ထိန်းရတာ ဖြစ်ပါတယ်။ အခုဘုန်းကြီးတွေကတော့ အကျင့်သီလ နေရာမှာ သာမန်လူလောက်တော့င် အကျင့်သီလ မရှိကြပါဘူး။ ဒါကို ဒေသခံတွေကလဲ ကိုးကွယ်ဆွမ်းကပ် နေကြပါသေးတယ်။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သိသိကြီးနဲ့ လစ်လီရှုပြီး အဲဒီလိုလူတွေကို ကိုးကွယ်နေကြမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ရဟန်းတု ရဟန်းယောင် သာသနာ့ အရေခြုံတွေ တစ်နေ့တစ်ခြား များများလာပြီး သသာတော်ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားနိုင်ပါတယ်။

Read More...

Blogger များ၏ Beer သောက်ပွဲ

သတင်း

Blogger များ၏ Beer သောက်ပွဲကို ယခုလ ၁ ရက်နေ့က ၁၉လမ်းရှိ OK ဘီယာဆိုင် အပေါ်ထပ်တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ဘလာကောက် တက်စလာ နေဘုန်လတ မောင်ပွတ် ညီလင်းဆက် စိုးဇေယျနှင့် Service+ မှ သင်တန်းဆရာများက ဧည့်သည်တော် အဖြစ်တက် ရောက်ခဲ့ ကြပါတယ်။
အခမ်းနား အစီအစဉ်အရ ဘီယာတစ်ဂျားမှာ၍ ချီးယားလုပ်ကြပါသည်။

ကင်ပွန်းတပ်ခြင်း
ဘီယာတစ်ဂျားကုန်ပြီး နောက်တစ်ဂျား မမှာမှီ ကင်ပွန်းတပ်ပွဲလေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ ယင်းကင်ပွန်းတပ်ပွဲမှာ Mr Pooh ကို မောင်ပွတ် ဟုလည်းကောင်း ကိုနေဘုန်းလတ်ကို ကိုနေဘုန်းလတ ဟုလည်းကောင်း ပြောင်းလဲ ခေါ်ဆိုရန် တရားဝင် ကင်ပွန်းတပ်သည့် ပွဲလေးဖြစ်ပါသည်။ ထုံးစံအတိုင်း ဒီမိုကရေစီ ကျကျ ဖြစ်စေရန်အတွက် အများသဘောကို တောင်းခံခဲ့ရာ ထောက်ခံမဲ ၅ မဲ ကြားနေမဲ ဇီးရိုး ကန့်ကွက်မဲ ဇီးရိုးနှင့် အပြတ် အသတ်အနိုင်ရကာ အောင်မြင်စွာ ကင်ပွန်းတပ်ပေးနိုင်ခဲ့သည်။ သို့ရာတွင် တစ်ဘက်သတ် မဖြစ်စေရန်အတွက် ကာယကံရှင်များ၏ ဆန္ဒများကို မေးမြန်းခဲ့ရာ သဘောတူကြောင်း ပြောကြားခဲ့ ပြီးဖြစ်ပါသည်။

ယင်းနောက်တွင် တစ်ဦးစီ၏ ငယ်ကျိုးငယ်နာများ မရှိမဲ့ရှိမဲ့ သိခါလေးများကို အပြန်အလန် ပြောဆို ချခြင်း ဘလော့ဂ်ကာများ၏ အသဲကွဲ ဇတ်လမ်းများနှင့် အတင်းအဖျင်းများကို အားမနာတန် ဖောက်သည်ချကာ ဘီယာ ရှစ်ဂျား ဘီးအီးတစ်လုံး ၀ီစကီတပြား အကုန်တွင် အခမ်းအနားကို ရုပ်သိမ်း အဆုံးသတ်လိုက်ပါတော့သည်။

အတင်း
ထုံးစံအတိုင်းပေါ့ဗျာ ဘလောဂ်ကာတွေ တွေ့ဆုံပွဲလုပ်မယ်ဆိုတော့ ကျွန်တော်လဲ ရှိသမျှလူတွေကို ဖုံးဆက်ပြီး ဆက်သွယ်ရတာပေါ့။ ဘယ်သူတွေ တက်နိုင်မလဲ ဘယ်သူတွေ လာကြမလဲပေါ့။
အဲဒီထဲမှာ တက်စလာ ဆိုတဲ့ လူ။ ဘယ်လိုလူ မှန်းမသိဘူး။ အစည်းဝေးရှိလို့ ဖုန်းဆက်လိုက်ရင် ကိုစိုးဇေယျ ကျွန်တော် မအားဘူးဗျ အလုပ်လေးရှိနေလို့ ပါဆိုပြီး အကြောင်းပြတယ်။ အခုလဲ တွေ့ဆုံပွဲလေး လုပ်မလို့ပါဆို မအားဘူးတဲ့လေ။
ညနေပိုင်းရောက်တော့ ကိုနေဘုန်းလတက ကိုတက်စလာ အစည်းဝေးမဟုတ်ဘူးဗျ ဘီယာသောက်ပွဲ လို့လဲ ပြောလိုက်ရော အလုပ်မအားဘူး ဆိုတဲ့လူက ၁၉ လမ်းထဲကို အရင်ဆုံး ရောက်နှင့်လို့ နေပါတော့တယ်။
ကျွန်တော် ကိုနေဘုန်းလတ နဲ့ ကိုတက်စလာတို့ ၁၉ လမ်းထဲမှာ ဆုံမိကြပြီ ဆိုတော့ ဘလာကောက် ပြောထားတဲ့ ကျော် ဆိုတဲ့ ဆိုင်ကို လိုက်လို့ ရှာကြရပါတယ်။ ဒါပေမယ့် ကျော် ဆိုတဲ့ ဆိုင်က ၁၉ လမ်းထဲမှာ မရှိဘူးဗျ။ ကျော်ကျော် ဆိုတဲ့ ဆိုင်ပဲရှိတယ်။ ဒါကြောင့် ဘေးနားလေးက အိုကေ ဆိုတဲ့ ဆိုင်အပေါ်ထပ်ကို တက်ကြည့်တော့ ဘလာကောက်က ဘီအီး တစ်လုံး ၀ီစကီတစ်ပိုင်းနဲ့ အခမ်းအနားကို လူတစ်ယောက်နှင့် စနှင့်နေပြီ။
ကျွန်တော် ကိုတက်စလာ ကိုလတ ရောက်ပြီးတော့ ဘီယာမှာ သောက်ပေါ့ဗျာ။ ဘီယာ တစ်ဂျား ကုန်ခါနီးမှာ မောင်ပွတ်ရောက်လာပါတယ်။ မောင်ပွတ် ရောက်လာတော့ ဂျားထဲမှာ ကျန်နေတဲ့ အကတ်အသတ်လေးတွေကို မော့ဖို့ ကျိုးစားနေတာကြောင့် စိတ်ထိန်းဖို့ ဒေါသမကြီးဖို့ ဖျောင်းဖြပြီး နောက်တဂျား မှာပေးရပါတယ်။
အဲဒီနောက်မှာ ကင်ပွန်းတပ်ကြပါတယ်။ အဲဒီနောက်မှာတော့ မသင်္ကာစရာ ကောင်းတာက တက်စလာ ဆိုတဲ့လူပဲဗျ။ သူက လူရိုးလိုလို လူကောင်းလိုလိုနဲ့ စကားဝိုင်းထဲမှာ ၀င်မပါပဲ ပြုံးပြုံး ပြုံးပြုံး နဲ့ ကြည့်နေပါတယ်။ ကျွန်တော်အပါဝင် သူများအမြင်မှာတော့ ဒီလူရိုးလှချည်ပေါ့လေ။ နောက်တော့ မပြောမဆိုနဲ့ နောက်ဖေးကို ထသွားပါတယ်။ ပြီးတော့ အိမ်သာထဲဝင်သွားတယ်။ ဒီနေရာမှ အိမ်သာ အကြောင်း ပြောရရင် အဲဒီ ဆိုင်က အိမ်သာက တံခါးနှစ်ထပ်ပါ။ ပထမ တံခါးကို ဖွင့်ပြီး ၀င်သွားရင် အခန်း တစ်ခုထဲကို ရောက်သွားတယ် အဲဒီ အခန်းထဲမှာမှ အိမ်သာ ခန်းနဲ့ ရေချိုးခန်း ကို ထပ်ခွဲပေးထားပါတယ်။
မောင်တက်စလာ ပထတံခါးကို ဖွင့်ဝင်သွားပြီ မကြာခင်မှာ ဆိုင်က ၀န်ထမ်း ကောင်မလေးတစ်ယောက် တံခါးကို ဖွင့်ပြီးထွက်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ မှာ မောင်တက်စလာ လူရိုးရဲ့ မရိုးသားတဲ့ လုပ်ရကို မြင်တွေ့ရပါတော့တယ်။ မောင်တက် စလာ ပြန်ထွက်လာပြီး မကြာခင်လေးမှာ ကိုလတက ကျန်ဦးမလား ဆိုပြီး ထပ်သွားကြည့်ပါသေးတယ်။ ဘာမှမကျန်တော့ ဘူးဆိုတော့ မျက်နာကြီး သုံမုန်ထွက် လာပါတယ်။
နောက်ပိုင်းရောက်လာတာ ကတော့ ဘလော့ဂါကြီး မောင်ညီလင်း ဆက်ပဲဖြစ်ပါတော့တယ်။ မောင်ညီလင်းဆက် ရောက်လာပြီးတော့ အသည်းကွဲ ဘလော့ဂ် ကာများအကြောင်းကို အကျယ်တ၀င့် ဆွေးနွေးကြပါတယ်။
ရန်အောင်ကြီး ဘလော့ဂ် လောက ထဲမှာ ဟိုကောင်မလေးကို ကြူ ဒီကောင်မလေးကို ကြူနဲ့ ရုပ်ရုပ် ရှက်ရှက် လုပ်တာတွေကို ဗလော့ဂ်ကာတစ်ယောက်က အထောက် အထားနှင့်တကွ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒီနေရာမှာ မောင်ရန် အောင်ရဲ့ မရှိမဲ့ ရှိမဲ့ သိကကာ လေးတွေကို ငဲ့ငြာသော အားဖြင့် ရေးသားခြင်း မရှိတော့ပါဘူး သို့ရာတွင် သိလိုသူများ အီးမေးပို့၍ မေးနိုင်ကြပါတယ်။
မောင်ညီလင်းဆက် ကတော့ သူ့ရဲ့ ပထမအကြိမ် မြောက် အစည်းမှာ ပါလာတဲ့ လေဒီလေးနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲ လုပ်သွားပါတယ်။ ဒါပေမယ့် မောင်ညီလင်းဆက်သည် ကျွန်တော့်ကို ဘလော့ဂ် လုပ်စဉ်က အကူများစွာ ပေးထားသော မျက်နှာကို ထောက်ထား ငှဲ့ ညာ၍ အသေးစိတ်ကို ရေးမပြတော့ပါဘူး။
ကိုလတ ကတော့ မမ နဲ့ မောင်လေး ဇတ်လမ်း လေးကို ထုတ်ဖော် ပြောကြားသွားပါတယ်။ သို့ရာတွင် ကိုလတသည် ကျွန်တော်နှင့် ဘော်ဘော် တွေဖြစ်နေပြီ ဆိုသော အသိလေးဖြင့် သူ့၏ အကြာင်းကို ဒီနေရာမှာ မရေးတော့ပါဘူး။
မောင်ပွတ် အရက်မှုးတော့ ကျွဲခိုးပေါ် ဆိုလို မှုးတိမှုကြောင် နှင့် ပေါက်ကရပြောတာတွေကို တိတ်ရီကော်တာနဲ့ မှတ်တမ်း တင်ထားပါတယ်။ သို့ပေမယ့် သူသည် ဘီယာသေက် ညီအစ်ကို အခြင်းခြင်း သနားငှဲ့ ငြာ၍ ချန်လပ်ထားပါရစေ။
တက်စလာ အဲလူကတော့ သူ့ကိုသူ ဘလော့င်္ဂကာ လောကမှာ ဆော်ကြည်ဘဲရယ်လို့ ကြွေးကြော်ပါတယ်။ သူ့ကို ဘယ်ကောင်မလေး တွေဘယ်လူ ကြူနေကြောင်းကိုလဲ မဟုတ်မမှန် လီ ဆယ်၍ ကြွားလုံးထုတ်ပါတယ်။ ယခုနေရာတွင် သူ၏ ကြွားလုံးများကို ချရေးပါက မောင်တက်စလာ တစ်ယောက် အမျိုးသမီး ရေးရာကို ရောက်ဖို့ရှိပါသည်။ သူသည် ထီးချိုင့်သား ဖြစ်ပြီး ကျွန်တော်နှင့် တစ်နယ်သား ဖြစ်နေသည်ကို ငှဲ့ညှာ သနားသော အားဖြင့် သူ့ကို ခွင့်လွတ်လိုက်ပါသည်။
ဗလာကောက်၊ ဒီဘဲကတော့ သူမဟုတ်တရုပ် လုပ်တာတွေကို ချရေးမယ်ဆိုလို့ ကျွန်တော့်ကို ဒူးထောက်တောင်း ပန်ပါတယ်။ ဒီလူက လူကောင်းမဟုတ်ဘူးဗျ ယေက်ခမ အိမ်မှာနေပြီး ယောက်ခမ မကောင်းကြောင်းကို ပြောတဲ့လူ။ ဒီလူကိုတော့ လုံးဝ မငှဲ့ညှာနိုင်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီညက သူကိုကျွန်တော်ကိုယ်တိုင်ထမ်းပို့ခဲ့ရတာ လုံးဝမကြေနပ်လို့ပဲဗျာ။
ဗလာကောက်ရေး ခင်ဗျား အကြောင်းရေးမယ်ဆိုတော့ မရေးပါနဲ့ ကိုစိုးဇေယျ ကျွန်တော့်မှာ ကိုးတန်းတက်နေတဲ့ ညီမလေးတစ်ယောက် ရှိပါကြောင်း ပြောကြားပြီး စီးရုံးဆင်းပါသေးတယ် သို့သော် ကျွန်တော်လက်မခံပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီညက မှုးနေတဲ့ ကျွန်တော်တောင် မှုးနေတာတွေ ဘယ်ရောက်သွားမှန်း မသိအောင် သောင်ကျန်းပါတယ်။
သောင်းကျန်ပုံတွေက တော့နည်းမျိုးစုံးနေတာပဲ လမ်းပေါ်မှာ အိပ်ပြီး မထတော့ ဘူးဆိုတာမျိုးတွေပါ ပါသေးတယ်။
တော်သေးတာပေါ့ သူက ပိန်ပိန် သေးသေးလို့ မို့လို့ ထမ်းရပိုးရ လွယ်တာ။ အိမ်ပြန်မလား ဆိုတော့ ယောကခမ ရိုက်မှာ ကြောက်လို့ မပြန်တော့ဘူးတဲ့။ အဲဒါနဲ့ သူ့ရုံးကို ပို့ပေးလိုက်ရပါတယ်။ ရုံးရောက်ပြီဆိုတော့လဲ တက္ကစီ ပေါ်မှာပဲ အိပ်တော့မယ် ဆိုပြီး နိုးမရပါဘူး။ အဲဒါနဲ့ သူ့ကို ထမ်းထုတ်ပြီး သုံးလွာကို လိုက်ပို့ရတယ်။ ဓာတ်လှေကား နဲ့တက်ရတာ မို့တော်သေးတယ်။ ဒီတိုင်းတာ ထမ်းတင်ရရင် မလွယ်ဘူး။
ဓာတ်လှေကားက ထွက်ပြီဆိုတာနဲ့ ဆန်ပြုတ်ရောင်းပါတော့တယ်။ ပြီးတော့ သူ့ရုံးထဲဝင် ကြမ်းပြင်မှာ ခွေပြီး အိပ်ပျော်သွားလေရဲ့ ကျွန်တော်လဲ အဲဒီတော့မှာ ကိုယ့်နေရာကို ပြန်ရတော့တယ်။ ပိုက်ဆံတွေ အချိန်တွေ အကုန်ခံပြီး မှုးထားတာလေးတွေလဲ ဗလာကောက်ရဲ့ လက်ချက်ကြောင့် ဘယ်ရောက်ကုန်တယ် မသိတော့ဘူး။
ဒါကြောင့် အဲလိုတူညီချက်ကို အမှုးစံချိန်ကို ဘလာကောက်မှာ ပြန်ပေးလျှော်ဖို့ တာဝန်ရှိပါတယ်။ ဒီနေရာမှာ ဘလာကောက် အနေနဲ့ လျှော်နိုင်ခြင်း ရှိမရှိ သိလိုပါတယ်။ မလျှော်လို့ ကတော့ လမ်းမပေါ်မှာ ခွေခွေ လေးအိပ်နေတဲ့ ပုံကို ဘလော့ဂ်မှာ တင်ရပါလိမ့်မယ်။

နောက်ဆက်တွဲ ကြားရတဲ့ အတင်းများကတော့

မောင်တက်စလာ နှင့် မောင်ညီလင်းဆက်သည် လစ်မစ် မပြည့်၍ ဒုတိယ အကြော့ သွားသောက်သည်။
နောက်တစ်ရက်တွင် ကိုလတ သည်ခေါင်းကိုက်နေ၍ အိမ်ရာမှ မထနိုင်။ စိုးဇေယျသည် ဗလာကောက်၏ ရမ်းကားမှုကြောင့် လက်တွင် ဒါဏ်ရာနှစ်ချက် ရသွားသည်။
ကိုဗလာကောက်ရေ ဒီတင်ပင် အဆုံးသတ်လိုက်မယ် ကြေနပ်လို့တော့မဟုတ်ဘူး ကိုယ့်အကြောင်းတွေပါ ပေါ်ကုန်မှာစိုးလို့။ ဒါပေမယ့် သိလိုသူများ မေးပို့ မေးမြန်းနိုင်သည်။

Read More...