ကျွန်တော် ဒီနေ့မနက် သင်တန်းတက်ဖို့ရာ Sedona Hotel သို့ အပြေးလှမ်းလို့သွာခဲ့တယ် . . .
ဒီသင်တန်းတက်ဖို့ရာအတွက် ခရီးထွက်နေရာက အချိန်မှီပြန်ခဲ့ရသလို စစ်တုယဉ်ပြိုင်ပွဲ ကိုလည်း လက်လွတ်ထားရတယ်။
ကျွန်တော်ထင်ထားတဲ့အတိုင်းပဲ သင်တန်းရှိရာ ရန်ကင်းခန်းမရောက်တော့ သင်တန်းကစနေတာ နာရီဝက်ကျော်နေပြီ၊ ခန်းမထဲကိုဝင်လိုက်တာနဲ့ နိုင်ငံခြားသားသင်တန်းဆရာက မင်းဘယ်ကလဲ ဘာလာလုပ်တာလဲတဲ့၊ သင်တန်းလာတက်တာပါ လို့လဲပြောရော ဝမ်းနည်းပါတယ် နောက်ရက်လည်း လာစရာမလိုတော့ပါဘူးတဲ့
UN အဖွဲ့စည်းတစ်ခုကပေးမည့် Certificate တစ်ခုကတော့ ကျွန်တော့ကို ကျောခိုင်းသွားပြီ
* * * *
အချိန်ကား ၂၀၀၄ ခုနှစ်ရဲ့ ဆောင်းရာသီ နံနက်ခင်းတစ်ခု၊ နှစ်ခြိုက်စွာအိမ်မော ကျနေတဲ့ ကျွန်တော့ကို အပြင်ကနေ အခန်းတံခါးခေါက်ပြီး စိုးရိမ်ကြီးစွာ နိုးနေကြသည်။
ဟေ့ကောင်ထတော့ ကိုးနာရီးထိုးတော့မယ် စာမေးပွဲမဖြေဘူလား
ကျွန်တော်က နောက်နေကြတယ်ထင်ပြီး ဂရုမစိုက် အိမ်မြဲအိပ်နေသည်၊ သူတို့ရဲ့အော်နိုးသံတွေက တဖြည်းဖြည်းကျယ်လာသည်၊ ဒီတိုင်းဆိုရင်တော့ ဆက်အိပ်လို့လဲမရတော့၊ နာရီကိုလမ်းကြည့်တော့ ပျက်နေသည် ဟုတ်တော်ရှိ မဟုတ်တော်ရှိ အဆောင်အပြင် ထွက်ကြည့်လိုက်တော့ နေကတော်တော်မြင့်နေပြီ၊ ဟာဟုတ်တယ်နောက်ကျနေပြီး
ဟေ့ကောင် မျက်နှာသစ်မနေနဲ့တော့ ဒီတိုင်းသွား Copy နဲ့ကျေင်းသားကဒ် ပါရင်ရပြီ ကျန်တာအရေးမကြီးဘူး
သူငယ်ချင်းများက အော်ဟစ်သတိပေးနေကြသည်၊ ဟုတ်ပါသည် အဲဒီနေ့က Major ဘာသာဖြစ်သည့် Eco ဖြေရမည့်နေ့၊ မြန်မာနှင့် အင်္ဂလိပ်ကဖြေပြီးသွားပြီ၊ ကျွန်တော်နေတဲ့ အဆောင်မှာက တစ်ဆောင်လုံး Final နဲ့ First Year သမားတွေ သူတို့တွေက ညနေပိုင်းမှဖြေရမှာ မနက်ပိုင်းဖြေရမဲ့ Second Year သမားက ကျွန်တော်တစ်ရောက်တည်း၊ ဒီကောင်တွေက ညနေပိုင်းမှဖြေရမဲ့ လူတွေဆိုတော့ မနက်နေမြင့်အောင် အေးဆေးအိပ်ကြသည်၊ ဒါကြောင့် ကျွန်တော်ကိုနိုးဖို့ သတိမရကြ။
ဆိုင်ကယ်ကိုရပ်ပြီး စာမေးပွဲခန်းထဲ ပြေးဝင်သွားတော့ ကိုးနာရီထိုးပြီးလို့ သုံးမိနစ်
ဟေ့ဟေ့ ဘယ်သွားမလို့လဲ
ဟုဆိုကာ အခန်းစောင့် ဆရာမက ကျွန်တော်ကို လှမ်းတားသည်
စာမေးပွဲ ဖြေမလို့
ဘာလို့နေက်ကြနေတာလည်း
အိပ်ပျော်သွားလို့
ဖြေလို့မရတော့ ဘူးနာရီဝက်ကျော်နေပြီ
ဆရာမရယ် သုံးမိနစ်လေက်ကျော် တာနဲ့မသိသာပါဘူးဗျာ
မရဘူး ဝင်ခွင့်မရှိဘူး
ဘေးအခန်းက အခန်းစောင့် ဆရာမရောက်လာသည်
မဆင့် မနှစ်က ကျောင်းသားတစ်ယောက် နောက်ကျတုန်းကတော့ ကျောင်သားရေးရာမှာ သွားပြောလိုက်တာ ဖြေခွင့်ရသွားတယ်
လို့ဘေးအခန်းစောင့် ဆရာမကပြောတော့ ကျွန်တော့် အခန်းစောင့်ဆရာမက ခေတ္တ တွေပြီးစဉ်းစားနေသည်၊ ပြီးတော့ သူ့လက်ထောက် အခန်းစောင့်ကို ကျောင်းသားရေးရာဌာန သို့လွတ်လိုက်သည်
လွတ်လိုက်သည့်ဆရာမက ဆိုင်ကယ်လေးနှင့် ထွက်သွားသည်။
ဆရာမထွက် သွားတုန်းမှာ ကျွန်တော် တောင်စဉ်ရေမရ လျှောက်တွေးနေမိသည်။ ဆယ့်ငါးမိနစ်လောက် ကြာတော့ စောစောကဆရာမ ပြန်ရောက်လာသည် ကျောင်းသားရေးရာဌာနမှာ ပါချုပ်ရောက်နေလို့ မပြောရဲတာနဲ့ လည့်ပြန်ခဲ့သည်ဟု ဆိုသည်
ဒါဆိုရင် ပါချုပ်ကို ကျွန်တော့ ဘာသာကျွန်တော် သွားပြောမယ် ဆိုပြီး ကျွန်တော်ကျောင်းသားရေးရာ ဌာနကိုထွက်လာခဲ့သည်၊ ပါချုပ်နှင့်တွေ့တော့ နောက်ကျရတဲ့ အကြောင်းကို တရားဝင်စာရေးတင်ပါတဲ့
သို့
ပါမောက္ခချုပ်
မုံရွာတက္ကသိုလ်
မုံရွာတက္ကသိုလ် အဆောင် ဘီ အခန်းအမှတ် ----- တွင် ခုံအမှတ် ----- ဖြင့်စာမေးပွဲ ဖြေဆိုနေသည့် စီးပွားရေး တက္ကသိုလ် ဒုတိယနှစ် ကျေင်းသား ကျွန်တော် မောင်စိုးဇေယျထွန်း သည် အိမ်ပျော်နေသောကြောင့် စာမေးပွဲ နောက်ကျသွားပါသဖြင့် ခွင့်လွတ် ငှဲ့ညှာသော အားဖြင့် စားမေးပွဲ ဖြေဆိုခွင့်ပြုပါရန် ပန်ကြားအပ်ပါသည်။
လေးစားစွာ
စိုးဇေယျထွန်း
ခုံအမှတ် ၂စီး - -------
လက်မှတ်
ပါချုပ်က ကျွန်တော်ရေးထားသော စာကိုကြည့်ပြီး ခေါင်းခါပြသည်၊ သားဒီနှစ်ဖြေလို့မရတော့ဘူး
* * *
Sedona ဟိုတယ်က ပြန်ရောက်တော့ ၂၀၀၄ ခုနှစ်က ဖြစ်ရပ်အကြောင်း မှတ်တမ်းရေးထားတဲ့ ဒိုင်ယာရီလေးကို ဖွင့်ကြည့်မိသည်၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က နိုဝင်ဘာလ ၂၈
Tuesday, November 28, 2006
နောက်ကျခြင်းများ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
8:20 PM
2
ယောက်က ဒီလိုမြင်တယ်
Monday, November 27, 2006
Sunday, November 19, 2006
I am a Journalist
ဟုတ်ပါတယ် ခင်ဗျာတို့ ပြောတာမှန်ပါတယ် မြန်မာပြည် Journalist ဆိုတာကန့်သတ်ဘေင်တစ်ခု အတွင်းကသာ အလုပ်လုပ်နေရတာပါ၊ အမေရိကန်နှင့် လူ့အခွင့်ရေး ဆိုတာကလည်း ကျွန်တော်တပ်တဲ့ခေါင်းစဉ် မဟုတ်ပါဘူး သတင်းစာရှင်းလင်းပွဲက ဆိုတာသိသာအောင်လည်းရေးပေးထားပါတယ်။ Blog မှာရေးတာပဲကွာ ဘယ်သူကလာတားမြစ်မှာလည်း ဆိုပြီး Journalist ဟာ ကိုယ်ထင်ရာကိုယ်ရေးလို့ မရပါဘူး။ ကျင့်ဝတ်လိုက်နာတဲ့ Journalist တိုင်းဟာ ရေးတဲ့သတင်းမှာ ကိုယ့်ရဲ့အယူဆ ထင်မြင်ချက် စိတ်ခံစာချက်တွေထည့်လို့မရပါဘူး။
Journalist ဟာဘာနဲ့တူလဲဆိုတော့ အနီးစပ်ဆုံးဥပမာပေးရရင် လမ်းလျှောက်နေတဲ့ ကင်မရာတစ်လုံးလိုပဲ မြင်နိုင်တယ် ကြားနိုင်တယ် မြင်ခဲ့ကြားခဲ့တာတွေကို အများပြည်သူကို ပြန်ပြတဲ့သဘောမျိုးပဲ ဒါကမှားတယ် ဒါကမှန်တယ် ဆိုတာမျိုး တွေသတင်းမှာ ထည့်လို့မရပါဘူး စာဖတ်သူကပဲ တင်ပြထားတဲ့အခြေနေကို မူတည်ပြီးဆုံးဖြတ်ပါလိမ့်မယ်။
အဲလိုကိုယ်မြင်ခဲ့တာ ကိုယ်မြင်တဲ့အတိုင်းရေးလို့ ငဖားကြီးလို့ဆိုပြီး လာဆဲကြလည်း ဂရုစိုက်မှာမဟုတ်ပါဘူး
ဒါဆိုပြန်မေးစရာရှိပါတယ် ဒီလိုဆိုတခြားအမှန်တရားတွေ အမျာကြီးပဲရေးပါလား လို့မေးရင် မှန်တိုင်းလည်းရေးလို့ မရပါဘူး ဘာကြောင့်လည်းဆိုတော့
ရှင်ပြဖို့တော့ မလိုတော့ဘူးလို့ထင်ပါတယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:18 AM
0
ယောက်က ဒီလိုမြင်တယ်
Saturday, November 18, 2006
အနာဂတ်မြန်မာနိုင်ငံ နိုင်ငံတော်အလံ ကိုပြောင်းလဲမည်
လက်ရှိနိုင်ငံတော်အလံ
အနာဂတ်မြန်မာနိုင်ငံ နိုင်ငံတော်အလံ ကိုပြောင်းလဲတော့မယ်လို့ ယုခုလ ၁၁ ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ အကျယ်တဝင့် ဖော်ပြခဲ့ပါတယ်။
ပြောင်းလဲမဲ့ အနာဂတ် နိုင်ငံတော်အလံမှာ အစိမ်းရောင်၊ အဝါရောင်နှင့် အနီရောင်တို့ကို အလျှားလိုက် အချိုးညီစွာဖော်ပြပြီး အလံ၏ဝဲဘက် အပေါ်ထောင့် အစိမ်းရောင်ပေါ်တွင် အဖြူရောင် ကြယ်ကြီးတစ်လုံး အပေါ်ဘက်သို့တည့်မှတ်စွာ တည်ရှိနေရမယ်လို့ ဖော်ပြပါရှိပါတယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:40 PM
0
ယောက်က ဒီလိုမြင်တယ်
လေဒီ Phone သို့ . . . . . . . .
အိပ်မရတဲ့ညတွေ
အလွမ်းတွေက တပွေ့ကြီး
အလွမ်းပြေလေး မင်းဓာတ်ပုံကြည့်လိုက်ရင်
ရင်ထဲမှာ ဆွေးဆွေးလို့သွားတယ်
ခုချိန်လေး မင်းအသံကြားလိုက်ရရင်
အလွမ်းလေးတွေရယ် သက်သာမလားကွယ်
စာကြွင်း
အလွမ်းလေးတွေသက်သာမလားလို့ ဂဏန်းကိုးလုံးပါတဲ့ ဖုန်းနံပါတ်တစ်ခုကို နိပ်မိလိုက်တယ် . . . တီ…တီ.. ..တီ..
ဟော . . .တစ်ဘက်ကစကား ပြန်ပြောပါပြီ ဒါပေမယ့်ကျွန်တော့ အလွမ်းတွေမသက်ပါဘူး
လူကြီးမင်းခေါ်ဆိုသော GSM တယ်လီဖုန်းမှာ မအားသေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
9:56 PM
0
ယောက်က ဒီလိုမြင်တယ်
Thursday, November 16, 2006
လေးစားပါတယ် နီုင်းနိုင်းစနေ
နီုင်းနိုင်းစနေ ရဲ့ Bloge ကိုဖတ်ပြီး ဗဟုသုတလည်းရပါတယ် တွေးစရာတွေလဲရပါတယ် ရသလဲမြောက်ပါတယ်
ဒါပေမယ့် ရေးထားတဲ့အကြောင်းရာတစ်ခု ပေးထားတဲ့တွေးစရာတစ်ခုမှာ စာရေးသူရဲ့အတွးကို တိုက်ရိုက်ကြီးပေးတာထက် စာဖတ်သူကို တွေးခိုင်တာ ပိုကောင်းမလားလို့
ဝေဖန်တာတော့မဟုတ်ပါဘူး ကျွန်တော်ပြောတာ လုံဝမှန်မယ်လို့လည်း မယူဆပါဘူး ကျွန်တော့အယူဆကို ဆွေးနွေကြည့်တာပါ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:34 AM
1 ယောက်က ဒီလိုမြင်တယ်
Tuesday, November 14, 2006
ဝေးလေကောင်းလေ
ဝေးဝေးမှာနေ
အဝေးဆုံးကိုသွား
မပူဒဏ်တွေ မခံစားနိုင်တော့လို့
ငါအဝေးဆုံးကို ပြေးထွက်လာခဲ့တယ်
အဝေးရေက်မှ သိလိုက်ရတယ်
အရင်လိုနွေးထွေးမှုမျိုး ဘယ်သောအခါမှ ပြန်မရနိုင်တော့ပါလား
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
9:59 AM
0
ယောက်က ဒီလိုမြင်တယ်
တွေးမိတဲ့ အတွေး
မိုးတွေ မိုးတွေ ကောင်းကင်က ရွှာလို့သာပေါ့
မြေကြီးပေါ်က ရွှာရင် ထီးဆောာင်းရတာ တော်တော်ခက်မှာပဲ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
9:46 AM
0
ယောက်က ဒီလိုမြင်တယ်
ဝီစကီနှင့် ပင်ကြရေ(ရည်)
နင်ကရေလွှာ ငါကဗေဒါ
ရွှေကြာကိုတွေ့တော့
ရေလွှာရယ် ဗေဒါကိုမေ့ပြီလား
စာကြွင်း
မူးတာခြင်းတူပေမယ့် ၀ီစကီနဲ့ ပင်ကြရေ(ထန်းရေ) ဘာမှမဆိုင်ဘူးလေ
ရေထဲမှာ နေတာကြခြင်း တူပေမယ့်
ရွှေကြာနဲ့ဗေဒါ တခြားစီဖြစ်မှာပါ
ဝီစကီဟာ အဖိုးတန်တာမှန်ပေမယ့် စင်္ကာပူက ၀ီစကီကို ပိုက်ဆံရှိလို့ ဖုန်းဆက်မှာရင် ဆစ်အဲနဲ့ နေ့မကူးခင်း ရောက်လာသမျိုး ပင်ကြရေကို အလွယ်မရနိုင်တာ ရွှေတောင်ကြားက ကောင်မလေး သိမှသိပါလေစ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:16 AM
0
ယောက်က ဒီလိုမြင်တယ်
တောသားနှင့် ဂုဏ်ရည်မတူ
အလှပန်းကို အရလှမ်းချင်ပေမယ့်
ဘ၀လမ်းရယ်ကြမ်းလေတော့
ဩော် . . .
အချစ်ရယ် ရင်ထဲကဆွေး
အဆောင်နေ တောသားလေး Bloggerနှင့် ရွှေတောင်ကြားက သူဌေးသမီးလေး သို့
အမှတ်တရ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:10 AM
0
ယောက်က ဒီလိုမြင်တယ်
ဒီမေးခွန်းလေး ဖြေပေးပါ
လူတွေက ပြောတော့ လိမ်တာမကြိုက်ဘူးတဲ့
ဒါဆိုရင် လိမ်နေမှန်သိလျှက်နဲ့ ပုံပြင်တွေ ဒဏ္ဌာရီတွေကို
ဘာကြောင့်စွဲမက်နေကြတာလဲ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:04 AM
0
ယောက်က ဒီလိုမြင်တယ်
Monday, November 13, 2006
လူတွေတဲ့လား . . .
လူတွေလူတွေ ခုနေကောင်း တော်ကြာပြောင်း ဘ၀ဟောင်ကို အသွားလို့ရရင် အသွားအပြန်လုပ်နေကြမလေမလား
ခုနေဒီဟာ တော်ကြာမဟုတ် တော်တော်အလုပ်ရှုပ်ကြတာပဲ
ကိုယ့်ပေါ်ကောင်းကျိုးရမယ်ထင်ရင် ကောင်းလိုက်ကြတာ ဇွတ်ပဲ ကိုယ့်ထက် နိမ့်ပါးတဲ့လူဆိုရင် များများကောင်းပေးမှ သဘောကျတာ
ကုယ်ထက် မြင့်တဲ့လူဆိုရင် အလိုလျောက်ကောင်းပြီးသား။ ဘာကြောင့်လဲဆိုတော့ သူတို့ဆီကနေ အခွင့်ရေး တစ်ခုခုကို မျှော်ကိုးနေလို့ပေါ့
အဲဒါမျိုးကိုမှခေါင်းငုံ့ပေးတာ။ ငုံ့ထားတဲ့ခေါင်းကို ဖိနပ်နဲ့နင်းထားရင်တောင် အကာကွယ်ပေးတယ် ဆိုပြီး ကျေးဇူးတင်ကြသေးတယ်
ဆိုးတဲ့ ပေတဲ့ ယုတ်တဲ့ နေရာမှာလည်းပြောမနေနဲ့တော့ လူကိုမှီအောင် ဆိုးနီုင်ယုတ်နိုင်တဲ့ သတ္တ၀ါဆိုတာ လောကမှာရှိကို မရှိသေးဘူး
ကောင်းပြီဆိုရင်လည်း ဇွတ်ပဲ
ယုတ်ပြီဆိုရင်လည်း သားသမီးချင်း ကိုယ်ချင်းရယ်မစာ တိရိစ္ဆာန် ကိုတောင် ဘလက်ကာယ လုပ်ကြတာ
ကမ္ဘာကြီးသာယာအောင် လုပ်တာလည်းလူပဲ
ကမ္ဘာကြီးပျက်စီးအောင် လုပတာလည်းလူပဲ
မျိုးတူသတ္တာဝါချင်း အများဆုံး သတ်ဖြတ်တာလူ လူပဲ
အသက်ပေးကယ်နေကြတာလည်း လူပဲ
သူများအမျိုးတွေ သေရင်တော့ တရားနဲ့တာဖြေပါကွာ ဘုရားတောင်မလွန်ဆန်နိုင်ဘူး သေဖို့ရာအတွက် မွေးခဲ့ကြတာမဟုတလားတဲ့
ကိုယ့်အလည့်လည်းရောက်ရော အခုသေတာငါ့အမေကွတဲ့
ဪ. . . . အဲတာလူတွေပေါ့
ဟေ့ အရူး အဲတာလူတွေပေါ့ ဆိုရင်မင်းက ဘာကောင်မို့လဲ
. . . ဗျာ ကျွန်တော်လား လူပဲလေ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
10:21 PM
0
ယောက်က ဒီလိုမြင်တယ်
Saturday, November 11, 2006
ချစ်ခြင်းလား ရက်စက်ခြင်းလား
သိပ်ချစ်တဲ့သူကပဲ မှားနေလား
ပြန်မချစ်သူမှာပဲ အပြစ်ရှိနေလေလား
ကလေးရယ် မင်းကိုရက်စက်ခဲ့တဲ့ ကိုယ်လိုလူတစ်ယောက်ကို မေ့လိုက်ပါ။ ရက်စက်ခဲ့တာတောင် အခုချိန်ထိ ‘အစ်ကို ကိုချစ်တယ် ‘ လို့ ငိုသံတွေနဲ့ ပြောခဲ့သေးတယ်နော်
ဟုတ်ပါတယ် သွေးပူတုန်း အချိန်မို့ ကိုယ်ကိုချစ်တယ် လို့ပြောနိုင်သေးတာပါ အချိန်တွေ ကြာလာတာနဲ့အမျှ ရက်လတွေက မင်းရဲ့ဝေဒနာတွေကို ကုစားသွားလိမ့်မယ်. . . .
တကယ်တော့ ကိုယ်မရက်စက် ချင်ပါဘူး ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ
တကယ်တော့ အချစ်ဆိုတာ
တကယ်တော့ ဘ၀ဆိုတာ အိမ်လေးတစ်လုံး လို့ပြောရင် အချစ်ဆိုတာက အိမ်လေးကို လှပအောင်ခြယ်သတဲ့ ဆေးရောင်စုံ လေးတွေဖြစ်မှာပါ။ သန့်ရှင်းတဲ့ ဆေးနှစ်ရောင်ကို ရောစပ်ခြယ်သလိုက်ရင် လှပတဲ့ အိမ်လေးတစ်လုံး ဖြစ်လာမှာပါ။ ဒါပေမယ့် ဆေးရောင်တစ်ခုက ညစ်နွမ်းနေခဲ့ရင်တော့ အိမ်လေးရဲ့အလှ ပျက်စီးရပြီးပေါ့ကွယ် . .. ..
ကောင်မလေးရယ် ညစ်နွမ်းနေတဲ့ ဆေးရောင်နဲ့တူတဲ့ ငါ့အချစ်တွေနဲ့ မင်းဘ၀အလှလေး ကိုမဖျက်ဆီးရက်လို့ပါ၊ ဆေးသုပ်ဖို့ အသင့်ဖြစ်ပြီးပါမှ မသန့်ရှင်းမှုတွေကြောင့် ဆေးပုံးကို ရိုက်ခွဲလိုက်တာ ရက်စက်တယ် လို့ပြောမလား . . . .
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:29 AM
0
ယောက်က ဒီလိုမြင်တယ်
Friday, November 10, 2006
photo site show လုပ်ကြည့်မယ်
သူများ Blog တွေမှာ ညွှန်းဆိုပြီးသားဖြစ်နေပြီလားတေ့မသိဘူး ကျွှန်တော်ကတော့ အခုမှတွေ့လို့ပြန်လက်ဆင့် ကမ်းလိုက်ပါတယ်
click hear
မိမိနှစ်သက်ရာ အမျိုး style ၃၀ ကျော်နှင့်ရရှိနိုင်ပါတယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:46 AM
0
ယောက်က ဒီလိုမြင်တယ်
အချစ်သို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်း
အချစ်သို့ အဓိပ္ပာယ်ဖွင့်ဆိုခြင်း
ကွင်းပြင်ကြီး ရှိတယ်
မျိုးစေ့လည်း ရှိတယ်
ဒါပေမယ့် အပင်မပေါက်နိုင်ဘူး
ကွင်းပြင်ကြီးက ခြေက်သွေ့နေလို့ပေါ့
အချစ်ရယ်. . . .
ကိုဘ၀ဟာ ခြောက်သွေ့နေတဲ့ ကွင်းပြင်ကြီးပါ
ချစ်တတ်တဲ့ နှလုံးသားကတော့ မျိုးစေ့လေးပါ
မင်းကတော့ ကိုယ့်ဘ၀ထဲကို ရွာသွန်းလာတဲ့ မိုးပြေးလေးပါ
မိုးပြေးလေးရယ် အရမ်းကို ကျေးဇူးတင်ပါတယ်
ကွင်းပြင်ကြီးကို စိုပြေစေပြီး အချစ်ဆိုတဲ့ သစ်ပင်လေးကို ပေါက်ဖွားရှင်သန်စေခဲ့ လို့ပေါ့ အချစ်ရယ်
အခု ဒီလို မဟုတ်တော့ဘူလား
ဟုတ်တယ်မိန်းကလေး တချိန်က ဒီစကားတွေ ပြောခဲ့ဘူးတာမှန်ပါတယ် အဲလိုစကားတွေ ပြောခဲ့တယ် ပြောမပြတတ်လောက်အောင် ချစ်တယ် လို့လဲပြောခဲ့ ဘူးတယ်
အဲလို အဲလို စကားတွေပြောခဲ့ပြီမှ လမ်းခွဲခဲ့တဲ့ ကိုယ့်ကို လူယုတ်မှာလို့ ခေါ်လိုက်ပါတော့လား ကလေးရယ်
ကလေးရယ် မင်းကအရမ်းကို ငယ်လွန်းပါတယ်

အချစ်ဆိုတာ ဘာကြီးလဲ
တကယ်တော့ အချစ်ဆိုတာ . . .
တစ်ယောက်နဲ့တစ်ယောက် အပြန်လှန် ချစ်နေကြရင် ပရိုးတိန်းဓတ် အပြည့်ပါတဲ့ အသားဟင်း တခွက်လို မြိန်ယျှက်ဖွယ်ကောင်းပါတယ် ဒါပေမယ့် အဲလို မြိန်ယျှက်ဖွယ်ကောင်းပါတဲ့ အသားဟင်းကို သွားမပေါက်သေးတဲ့ ကလေးတစ်ယောက် သွားစားရင် အစာမကြေ ဖြစ်သွားမှာပေါ့ ….
ကလေးရယ် သွားမပေါက်သေးဘဲနဲ့ အသားဟင်းခွက်ကို ဘာကြောင့်စားချင်ရတာလဲကွာ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:00 AM
0
ယောက်က ဒီလိုမြင်တယ်
Thursday, November 09, 2006
?????????? မေးခွန်းများ နှင့် ဖြေဆိုခြင်း
ငိုလိုက်ပါ
မျက်ရေတွေကို နှမျောမနေပါနဲ့ နောင်တချိန်မှာကြုံရမဲ့ ဘ၀တစ်ခုစာပျက်စီးရမဲ့ အဖြစ်ပျက်နဲ့နိုင်းစာရင် အသည်းကွဲလို့ကျတဲ့မျက်ရေဟာ သေးသေးလေးပါ၊ မင်းပြောလိုက်ပါ ကိုယ်ဟာလူယုတ်မှာတစ်ယောက်လို့ မင်းမပြောခဲ့ပါဘူး “ကို့ကို သိပ်ချစ်လို့ “ တဲ့လေ ‘ ကိုပဲပြောခဲ့တယ်လေ ညီမကိုသိပ်ချစ်တယ်၊ ညီမကိုလက်ထပ်မယ်၊ဘယ်လိုအကြောင်းနဲ့ ဖြစ်ဖြစ်ခွဲမသွားပါဘူးဆို၊ ပြောခဲ့တဲ့ စကားတွေ မေ့ကုန်ပြီးလား‘
‘ဒီစကားတွေကို ဘာဖြစ်လို့အရင်က ပြောခဲ့ရတာလဲ‘
သူ့စကားတွေ ၀မ်းနည်းရာက ငိုသံအဖြစ်ပြောင်ကုန်ပြီ
‘ဟုတ်တယ် ကိုယ်. . . မှားခဲ့တယ် ၊ မင်းရင်ထဲက ဝေဒနာတွေ ဘယ်လောက်ထိ ခံစားနေရမယ်ဆိုတာ ကိုယ်သိပါတယ်၊ ကိုနဲ့ညီမ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ နှစ်ယောက်လုံးကောင်းဖို့ပါ
မိုးစက်များလားချစ်သူ
မင်းဟာကိုယ့်ဘ၀ကို မုန်တိုင်းတွေနဲ့အတူ ဒလကြမ်း ၀င်ရောက်လာတဲ့ မိုးစက်လိုပါပဲ ချစ်သူ၊ မုန်းတိုင်းငြိမ်သွားချိန်မှာ ပျောက်ကွယ်သွားတဲ့ မိုးစက်တွေလို ထားမသွားပါနဲ့ ချစ်သူ
ဒီနေ့ဆိုရင် မင်းနဲ့ငါချစ်သူသက်တန်း နှစ်လပြည့်ပြီ
ကို လာမဲ့ ဗုဒ္ဓဟူးနေ့က ဘာနေ့လဲ
နိုဝင်ဘာ ၈ ရက်နေ့ပေါ့
ဟာ ဒါကတော့ လူတိုင်းသိတာပေါ့၊ဘာလဲ မေ့နေပြီလား
မမေ့ပါဘူး ကို နဲ့ညီမ ချစ်သူဖြစ်တဲ့နေ့
ဒီအချိန်ဆိုရင် မင်းငါ့ကို တီတီတာတာ စကားလုံးတွေနဲ့ ချွဲနေလောက်ပြီပေါ့၊ မင်းကိုလမ်းခွဲဖို့ စကားမပြောဖြစ်ခဲ့ရင်ပေါ့လေ
လမ်းခွဲတဲ့နေ့
မှားနေတဲ့ အမှားတစ်ခုကိုပြင်ဖို့ နှစ်လုံးသားနှစ်ကို ပြန်မဆုံနိုင်တော့တဲ့ တနေရာစီမှာ မီးလောင်တိုက်သွင်းလိုက်တယ်
အဲဒီနေ့က နိုဝင်ဘာ ၇ ရက်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:49 AM
1 ယောက်က ဒီလိုမြင်တယ်
Tuesday, November 07, 2006
ဟိုတယ်နီကိုး တဆောင်တိုင်ည
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:28 AM
0
ယောက်က ဒီလိုမြင်တယ်
မြရိပ်ညိုက တဆောင်တိုင်ည
မမဖြူ
ယုန်လေးနဲ့ တွဲပြီးတစ်ပုဒ်ဆိုတယ် တစ်ယောက်တည်းဆိုတာက ၃ ပုဒ်
ဖြိုးကြီးကလဲ မာန်အပြည့်ပဲ
ပရိတ်သတ်ကို အားပါးတရဖျော်ဖြေတဲ့ Alex
Alex တို့စုံတွဲ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:16 AM
0
ယောက်က ဒီလိုမြင်တယ်
မိန်းမစင်စစ်ကယောကျာင်္းဖြစ်လာတဲ့ မောင်သန်းစိန်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:03 AM
0
ယောက်က ဒီလိုမြင်တယ်
မိန်းမစင်စစ်ကယောကျာင်္းဖြစ်တာ တကယ်လား
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:23 AM
0
ယောက်က ဒီလိုမြင်တယ်
Sunday, November 05, 2006
နံရံကိုကျော်ပြီးကြည့်ပါ
သင့်ရဲ့အမြင် သင့်ရဲ့စိတ်ကူးတွေကို ကန့်သတ်ဘောင်ထဲကနေ မကြည့်ပါနဲ့ ဘာဘဲဖြစ်ဖြစ် သင့်အရှေ့ကနေ ကာဆီးထားတဲ့နံရံ ကြီးကိုဖောက်ကြည့်လိုက်ရင် မြင်နေကြပုံမှန်မဟုတ်တဲ့ မြင်ကွင်းတွေကိုတွေရမှာတော့ အမှန်ပဲ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
9:16 PM
0
ယောက်က ဒီလိုမြင်တယ်
ကောလဟာလ
တစ်လောကဗျာ မောင်လူရိုးနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်က ကမ္ဘာကျော်သတင်းစာကြီး တစ်စောင်မှာပါလာတယ် အဲဒီမှာပါလာတဲ့သတင်းကတော့ တွေ့ကြတဲ့အတိုင်းပါပဲ တလွဲတွေ လျှောက်ရေးထာရတယ်လို့ ဘာတဲ့ မောင်လူရိုးနဲ့သက်မွန်မြင့်လက်ထပ်ပြီတဲ့လေ အဲဒါမှားတာပေါ့ဗျ တကယ်သတင်းအမှန်က မောင်လူရိုးနဲ့သက်မွန်မြင့်လက်ထပ် တာမဟုတ်ဘူး မောင်လူရိုးနဲ့သက်မွန်မြင့် တို့ရဲ့သားဦးလေးမွှေးနေ့မင်္ဂလာဗျ . .
ကဲ The News Yook Times ကသတင်းထောက်တွေသိကြပြီလား။ မင်းတို့အယ်ဒီတာချုပ်ကို သွားပြော အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရော်ကြေးကန်ဒေါ်လာ ၁၂ သန်းပေးရမယ်။
ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့သတင်းကို Wanshin Tom Post သတင်းစာထက် သတင်းဦးလိုတာနဲ့ အမြန်ထည့်လိုက်လို့မှားသွားတာပါ၊ New Yook ကိုပြန်ရောက်တာနဲ့ အမှားပြင်ဆင်ချက်နဲ့တောင်းပန်လွှာ ပြန်ထည့်ပေးပါမယ် လျှော်ကြေးအတွက် ဆရာ့ရဲ့ Bank Account ကိုလွှဲပေးပါမယ်
သုံးရက်ခန့်အကြာ
တယ်လီဖုန်းမြည်လာသည် ဟိုနွားတွေငါ့ကိုလျှော်ကြေးလွှဲလိုက်ပြီနဲ့တူတယ် မြည်နေတဲ့ဖုန်းခွက်ကို ကောက်ကိုင်ပြီး ပိုက်ဆံလွှဲပြီးလား အမှားပြင်ဆင်ချက် ဘယ်တော့ပါမှာလဲ။ တစ်ဘက်ဖုန်းသံကား ကျွှန်တော်ထင်ထားတဲ့ News Yook Times ကမဟုတ် . . . .
သားရေအမေပါ လမ်းမှာဘုရားဘူးကားပျက်နေလို့၊ ငါ့သားဆေးကုန်နေတော့မယ် ဆိုတာသိပါတယ်၊ ဘီရိုရဲ့ယာဘက် အံဆွဲထဲမှာဆေးပလင်းအသစ်ရှိတယ် သားဖာသားယူသောက်လိုက်နော်။ မေ့မေ့ကိုချစ်ရင်ဆေးသောက်မပျင်းရဘူနော်။ ဩော်ဒါနဲ့ ဆေးသောက်ရင် ပုလင်းကိုလုပ်ပြီးမှသောက်နော်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:42 PM
0
ယောက်က ဒီလိုမြင်တယ်
အပျံသင်စငှက်
အပျံသင်စငှက်တစ်ကောင်
သူလည်းမွှေးအတောင်စုံပြီလေ အပျံသင်ပြီပေါ့
ဆယ်ကျော်သက် လူငယ်တစ်ယောက်
အရွယ်ရောက်ပြီလေ အချစ်သင်ပြီပေါ့
အချစ်သင်စနှလုံးသား လဲတဲ့အခါလဲ ကွဲကွဲတဲ့အခါကွဲ
ဒဏ်ရာတွေနဲ့ အလူးအလဲ
ဘယ်လောက်လဲ ဘယ်လောက်ကွဲကွဲ အလင်းရောင်အတွက် အသက်ကိုစွန့်တဲ့ ပိုးဖလံလို သတ္တိမျိုးကတော့ ဘယ်တော့မှ ပျေက်ကွယ်သွားတယ်ဆိုတာ မရှိဘူးလေ အဲဒါ အချစ်ရဲ့ ခွန်အားတွေပေါ့
စက်ဘီးသင်စမှာ လဲကျလို့ရတဲ့ဒဏ်ရာတွေတောင် ချက်ချင်းပျောက်တာမှမဟုတ်ပဲ နှလုံးသားကရတဲ့ဒဏ်ရာ ဆိုတာလဲ ကုစားရတာ အချိန်အတော်ကြာမှာပဲလေ
နောက်ဆုံးမှာတော့ အပျံသင်စငှက်ကလေး ကောင်းကောင်းပျံတတ်သွားတယ် အရင်ကသဘာဝရဲ့ မုန်တိုင်းတွေအောက်မှာ လွှင့်ပါလမ်းပျောက်ခဲ့ရပေမယ့် အခုချိန်မှာ မုန်တိုင်းဆိုတာ အပျင်းပြေလေဟုန်စီးဖို့ ပဲသဘာဝတရားကြီးက ဖန်တီးပေးထားလေသလားကွယ်
တကယ်တော့ ဘ၀ရဲ့အစဆိုတာ အပျံသင်စငှက်လေးတစ်ကောင်ပါပဲ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:30 PM
0
ယောက်က ဒီလိုမြင်တယ်
အနုပညာတဲ့လား . . . .
အနုပညာဆိုတာဘာလဲ . . .
အနုပညာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲ . . . .
တစ်နေ့မှာ
ကိုလူရိုးတစ်ယောက် မွန်ပြည်နယ်ဘက် ဘုရားဖူးထွက်ခဲ့တယ် Aircom လေအိပ်ကာကြီးနဲ့ဆိုတော့ ငြိမ့်နေတာပဲ အဲမငြိမ့်တာကဘာလဲဆိုတော့ VCD ။ စဖွင့်စဉ်ကတော့ နိုင်ငံတင်မက ကမ္ဘာမှာပါ ဂုဏ်သတင်းကျော်ဇောတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့မွေးနေ့အငြိမ့်ခွေဆိုတော့ ကြည့်လိုက်မိတယ် အဲဒီမှာ နိုင်ငံကျော်လူရွှင်တော်ကြီးတွေပျက်တဲ့ပျက်လုံးတွေက ဆရာတော်ကြီးရဲ့ဂုဏ်သိက္ခာကိုမှ မထောက် တကယ့်ရုတ်ရုတ်မာမာ ညစ်တီးညစ်ပတ်တွေ။ ပရိတ်သတ်တွေက တ၀ါးဝါးတဟားဟားနဲ့ သဘောကျကြတယ်
ပရိတ်သတ်တွေက တ၀ါးဝါးတဟားဟားနဲ့ သဘောကျကြရင် အဲဒါ အနုပညာတဲ့လား . . . . .
တဆောင်တိုင်လပြည့်ညက ကိုလူရိုးတစ်ယောက် မြရိပ်ညိုမှာလုပ်တဲ့ Live Show သွားကြည့်ဖြစ်တယ် အဲဒီမှာ Hip Hop အဆိုတော်တွေ တဖွဲ့နဲ့တဖွဲ့စောင်းချိတ်ကြတယ် ဆဲကြတယ် အောက်ကပရိတ်သတ်တွေကလဲ လက်ခုတ်သံတဖြောင်းနဲ့အားပေးကြတယ်
ပရိတ်သတ်တွေက လက်ခုတ်သံတဖြောင်းနဲ့အားပေးကြရင် အဲဒါ အနုပညာတဲ့လား . . .
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
10:51 AM
0
ယောက်က ဒီလိုမြင်တယ်
Friday, November 03, 2006
American နှင့် လူ့အခွင့်ရေး
အမေရိကန် Abu Ghraib ထောင်ထဲက ငရဲခန်းတွေကို
ယခုလ ၂ ရက်နေ့က ရန်ကုန်မြို့သိပ်ဖြူလမ် ပြန်ကြားရေးဝန်ကြီးဋ္ဌာန
အစီးဝေးခမ်းမ မှာပြုလုပ်တဲ့ နိုင်ငံတော်သတင်းစာရှင်းလင်းပွဲ ရ/၂၀၀၆ မှာ
ပြသခဲ့ပါတယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
8:53 PM
4
ယောက်က ဒီလိုမြင်တယ်