ဒါကတော့ ကျွန်တော်တို့ အဖွဲ့က ကုက္ကိုလ်ရွာမှာ သွားပြီးဆောက်ပေးထားတဲ့ အိမ်လေးတွေ အပြီး မသတ်ခင်က ရိုက်ထားတာပါ။ အိမ်လေးတွေကတော့ ဘားဂျက်တဲ ဖြစ်တဲ့အတွက် အားသာချက်ကတော့ မြန်ပါတယ်။ လုံပါတယ်။ တိုင်တွေက သစ်သားတိုင်တွေဖြစ်ပြီး အခင်းကိုလဲ ခြေက်ငါးမူး ပျဉ်တွေ ခင်းပေးထားပါတယ်။ အမိုးနဲ့အကာကိုတော့ တာပေါ်လင်စတွေ သုံးပေးထားတာ ဖြစ်ပါတယ်။ အိမ်ရဲ့ ဖရိန်ကတော့ သစ်သားတွေ ဖြစ်တာကြောင့် အနည်းဆုံး ငါးနှစ်လောက် ကောင်းကောင်းခံပါတယ်။ တာပေါ်လင်စတွေကတော့ တစ်နှစ်လောက်ခံမယ်လို့ ယူဆရပါတယ်။
ယခု ကျွန်တော်တို့ ဆောက်ပေးနေတဲ့ အိမ်လေးတွေဟာ လေမတိုက်ခင်က ဒေသခံတွေ ပိုင်ဆိုင်ခဲ့ကြတဲ့ အိမ်တွေလောက် မကောင်းပေမယ့်၊ လတ်တလော ကာလမှာ မြေကြီးပေါ်မှာ အုန်းလက်ခင်း အိပ်ရတာထက်စာ ရင်တော့ အများကြီး ကောင်းပါတယ်။
ဒီလိုအိမ်မျိုးလေးတွေကို ကျန်ရှိနေသေးတဲ့ ရွာလေးတွေမှာလဲ ဆက်လက်တည် ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
တည်ဆောက်ပြီး တည်ဆောက်ဆဲ ရွာစာရင်း
ကုက္ကိုလ်ရွာ အိမ် ၃၉ လုံး အနက် အလုံးသုံးဆယ် ပြီးစီးပြီ ဖြစ်
ကညှင်တစ်ပင်
ရခိုင်ကုန်း
သိုင်းချေင်း
ပြင်ကနုဝ
2 comments:
ကိုစိုးဇေယျတို့ handy myanmar youths ကို အရမ်းကို လေးစားမိပါတယ် =)
လေးစားပါတယ်။
အစစအရာရာ စိတ်မကောင်းဖြစ်မိပါတယ်။ ကိုစိုးရေ...
Post a Comment