Art is My Life: လပွတ္တာကနေ ပြန်ရောက်ပြီ

Tuesday, June 03, 2008

လပွတ္တာကနေ ပြန်ရောက်ပြီ

ကျွန်တော်နဲ့ ကိုညီလင်းဆက် လပွတ္တာကနေ အခုပဲ ပြန်ရောက်ပါတယ်။ ကုက္ကိုလ်ကျေးရွာမှာ အိမ်အလုံးသုံးဆယ် ဒီနေ့ ပြီးပါတယ်။ နောက်ထပ် လူထပ်တိုးတာကြောင့် ကုက္ကိုလ်မှာ အိမ် ၃၉ လုံးဆောက်ပေးဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့အိမ်ကိုးလုံးကတော့ တိုင်တွေထူပြီးပြီ ဖြစ်တာကြောင့် လေးရက်အတွင်းမှာ ပြီးစီပါလိမ့်မယ်။

ရခိုင်ကုန်း၊ ကညင်တပင်၊ ပြင်ကနုဝ၊ သိုင်းချောင်း အဲဒီရွာတွေမှာတော့ အိမ်လေးတွေ စပြီးဆောက်နေပါပြီ။ အဲဒီရွာလေးတွေမှာ ဆောက်နေတဲ့ အိမ်တွေကတော့ တစ်ပတ်အတွင်းပြီးပါလိမ့်မယ်။

နောက်ထပ် နှစ်ရက်လောက် ရန်ကုန်မှာ နေပြီးရင် ကျွန်တော်ရော ကိုညီလင်းဆက်ပါ လပွတ္တာကို ပြန်ဆင်းပါလိမ့်မယ်။ အခု လပွတ္တာမှာ ကိုမျက်လုံး နဲ့ ကိုယောသား (ခ) ကိုကျော်ဆွေဝင်း ကျန်ရစ်ခဲ့ပြီး အိမ်ဆောက်လုပ်မှု လုပ်ငန်းတွေကို ကြီးကြပ်ပေးနေပါတယ်။

ယခင် ကျွန်တော်တို့ အဖွဲ့က လုပ်ဆောင်မှုများကို ကိုညီလင်းဆက် ဘလော့ဂ်မှာ ဖတ်နိုင်ပါတယ်

No comments: