
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ အသက်ငါးနှစ်အရွယ်မှာ သာနာ့ဘောင်ကို သူဝင်ခဲ့ရတယ်။ အရွယ်ရောက်လာတော့ သာသနာမှာ မပျော်ပိုက်ဘူး။ ဒါကြောင့် လူထွက်ပြီး အိမ်ထောင်ပြုတယ်။ နောက်ဆုံးမှာ အိမ်ထောင်ရေးကို စိတ်ကုန်သွားပြီး ဇနီးချောလေးနဲ့ ကလေးတစ်ယောက်ကို ထားခဲ့ပြီး သာသနာ့ဘောင်ကို ပြန်ဝင်သွားတယ်။ ဇာတ်လမ်းနာမည်က SAMSARA တဲ့။
တာရှီလို့ အမည်ရတဲ့ လားမား တစ်ပါးဟာ အသက်ငါးနှစ်အရွယ်ကတည်းက သာ့သနာ့ဘောင်ကို ၀င်လာပြီး အနှစ်နှစ်ဆယ်လုံးလုံး ဗုဒ္ဓစာပေတွေကို လေ့လာသင်ယူခဲ့ပါတယ်။ ပြီးတော့ လူသူမရှိတဲ့ လှိုင်ဂူကြီးတစ်ခု ထဲမှာ သုံးနှစ်သုံးလနဲ့သုံးရက်တိတိ ဂူပိတ်တရားကျင့်နိုင်ခဲ့တာကြောင့် လားမာခေါင်းဆောင်ပေးတဲ့ အထွဋ်အမြတ်ဆုံးဘွဲ့ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူမပျော်ပိုက်ဘူး ဒါကြောင့်သူ လူထွက်ခဲ့တယ်။
အခုလို သုံးနှစ်လုံးလုံး ဂူပိတ်တရားကျင့်ခဲ့ပြီးမှ ဘာကြောင့်လူထွက်ရလည်း ဆိုတာတာ သူ့မှာ ခိုင်လုံတဲ့အကြောင်းပြချက် ရှိနေပါတယ်။ အဲဒီအကြောင်းပြချက်ကို ပေါ်လွင်အောင် စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ်။
ပြီးတော့သူလူထွက်တယ်။ ယေက္ခမရဲ့ ယာလုပ်ငန်းကို ၀င်လုပ်တယ်။ ယာလုပ်ငန်းမှာလည်း သူအောင်မြင်ခဲ့သလို သူ့လက်ထက်မှာ စီးပွားလည်းပိုပြီး ဖြစ်ထွန်းခဲ့တယ်။ သူ့မိန်းမကိုလည်း သူဟာတော်တော်လေး ချစ်မြတ်နိုးပြီး ကလေးတစ်ယောက်လည်း မွေးဖွားခဲ့တယ်။ သူက သူ့မိန်းမကိုချစ်တယ် ဒါပေမယ့် သူဟာ ယာထဲမှာ အလုပ်လာလုပ်တဲ့ ကောင်မလေးတစ်နဲ့ ဖောက်ပြန်ခဲ့တယ်။
မိန်းမနဲ့ ကလေးကို ချစ်လျှက်နဲ့ ဘာကြောင့် အိမ်ထောင်ရေးဖောက်ပြန်လဲ ဆိုတာကို အကြောင်းပြချက် ခိုင်လုံအောင် ရိုက်ကူးထားတာကိုတွေ့ရပါတယ်။
နောက်ဆုံးမှာ မိန်းမရယ် ကလေးရယ် သူပိုင်ဆိုင်တဲ့ ယာခင်းတွေရယ် အားလုံးစွန့်ခွါပြီး သာနာ့ဘောင်ကို ပြန်ဝင်သွားတယ်။ သူ့ကို ဘယ်အရာတွေ သာသနာ့ဘောင်ကို ပြန်ဝင်ဖို့ တိုက်တွန်းခဲ့တာလဲ ဆိုတာကို သိရဖို့ အဲဒီကားလေးကို ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကျွန်တော်အမြင်နှင့်သုံးသပ်ချက်
ဒီဇာတ်လမ်းဟာ တိဘက်ဒေသကို အခြေခံပြီး ဂန္ဒာရပတ်ဝန်းကျင်းရှုမျှော်ခင်းတွေပါ ပေါ်လွင်အောင်ရိုက်ကူး ထားတာကြောင့် အပြက ၈၀ ရာခိုင်နှုန်းလောက်ရှိပြီး အပြောက ၂၀ ရာခိုင်နှုန်းလောက်ပဲ ပါဝင်တာကို တွေ့ရပါတယ်။ ရိုက်ကူးရာမှာလည်း မြန်မာကားများမှာလို နေ့ဖြစ်ဖြစ်ညဖြစ်ဖြစ် လူရုပ်တွေ အကုန်လင်းအောင် မီးထိုးပြီး ရိုက်ထားတာမျိုး မဟုတ်ပါဘူး။ လင်းသင့်တဲ့ အချိန် လင်းသင့်နေရာမှာ လင်းပြီး မှောင်သင့်တဲ့အချိန် မှောင်သင့်တဲ့ နေရာမှာ အမှောင်ထားပြီး ရိုက်ကူးထားတာကို တွေ့ရပါတယ်။ အကယ်ဒမီပေးပွဲက စကားကို ငှားပြောရရင်တော့ အလင်းနဲ့အမှောင် အရောင်နဲ့ အရိပ်ကို သူ့နေရာနဲ့သူ သုံးထားတာဖြစ်တဲ့အတွက် ကြည့်ရသူ အဖို့ ပိုပြီး မျက်စိပသာသ ဖြစ်စေပါတယ်။
ပြီးတော့ ဒီဇာတ်ကားကို မြန်မာတွေသာ ရိုက်ရင် သမက်ရောက်လာပြီးမှ စီးပွားတက်တယ် ဆိုတဲ့ အကြောင်းကို ရွာထဲမှာရှိတဲ့ မိန်းမကြီးတွေနဲ့ တကျော်ကျော် အတင်းပြောတဲ့ အခန်းတွေကို ဝေေ၀ဆာဆာ ထည့်ပြီး ရိုက်ကြဦးမှာ မြင်ယောင်မိပါသေးတယ်။ ဒီဇာတ်ကားမှာ အစအဆုံး အတင်းပြောတဲ့ အခန်း တစ်ခန်းမှ မပါဘူး။ (ကြုံလို့ ပြောရဦးမယ်ဆိုရင် ကုလားကား ကြည့်ရင် ကတဲ့အခန်း မပါပဲမနေသလို မြန်ကားကြည့်ရင်လည်း အတင်းပြောတဲ့အခန်းက မပါပဲကို မနေနိုင်ကြပါဘူး။)
အိမ်ထောင်ရေးကို စိတ်ကုန်သွားလို့ အိမ်ကနေ တိတ်တိတ်လေး ထွက်ပြေးခဲ့တယ်။ သင်္ကန်းဝတ်ပြီးတော့ သူဆက်သွားမဲ့ အရှေ့အတည့်တည့်မှာ မိန်းမက မြင်းနဲ့ကြိုပြီး ရောက်နေနှင့်တယ်။ အဲဒီအခန်းလေးကတော့ ဇာတ်ကားတစ်ခုလုံး အမြင့်ဆုံး ဇာတ်ရှိန်ပါပဲ။ အဲဒီနေရာမှာ စကားလုံးတွေ ကြီးကြီးကျယ်ကျယ်တွေ သိပ်သုံးမနေပါဘူး။ ယေကျာင်္းတစ်ယောက်က မိန်းမနဲ့ ကလေးကို စွန့်ပစ်ပြီး သာနာ့ဘောင်ကို ၀င်တော့မယ့်အခါမှာ မိန်းမဖြစ်တဲ့ သူ့ရဲ့ ခံစားချက်ကို၊ ဥပမာလေး တစ်ခုပြောပြီး သူ့ခံစားချက်ကို ထုတ်ဖော်ခဲ့တယ်။ ကျွန်မကတော့ အထီးကျန်တော့မှာပဲ၊ ကျွန်မ၀မ်းနည်းတယ် ကျွန်တော် ခံစားရတယ် အစရှိတာတွေကို ပြောနေဖို့ မလိုပဲ အဲဒီဥပမာလေးနဲ့တင် သူဘယ်လောက် ၀မ်းနည်းရမယ်ဆိုတာကို ပေါ်လွင်သိရှိ ခံစားသွားနိုင်ပါတယ်။
ဆက်ပြောရရင်တော့ အရှည်ကြီးပါပဲ။ ကောင်းတာကတော့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။ ဒါပေမယ့် အချို့သော အခန်းလေးတွေကတော့ မိသားစုနဲ့ ကြည့်မယ်ဆိုရင် ကျော်ရပါလိမ့်မယ့်လို့ ပြောကြားရင်း ….
သြော်မေ့နေလို့ ဇာတ်ကားကို ၀ယ်မရဘူးဆိုရင် ကျွန်တော့်ဆီမှာ လာယူပါ။ တစ်ခွေ တစ်ထောင်။ အဲဒီတစ်ထောင်ဆိုတာကလည်း ကျွန်တော်ယူထားမှာ မဟုတ်ပါဘူး။ ကျွန်တော့်မိန်းမကို ပေးမှာပါ။ ဟဲဟဲ စတာပါ မိန်းမလည်းမရှိသေးပါဘူး။ ၀ယ်မရရင် ယုဇနပလာ ဒီဗီဒီ တန်းကိုသွားပါ။ မြန်မာပြည်ကို ရောက်သမျှ ခွေအားလုံးနီးပါ ၀ယ်လို့ပါတယ်လို့ ပြောကြားရင်း …………….