ကြယ်တွေကပြောတယ် မင်းမမြင်ပေမယ့်ကောင်းကင်မှာ ငါတို့ရှိနေတယ်တဲ့ ......
စမ်းချောင်းလေးကပြောတယ် တိတ်ဆိတ်နေရင် ရေစီးသံက တေးသွားတပုဒ်ပဲတဲ့ ......
လူတစ်ချို့ပြောတာပေါ့ ကြယ်တွေက တန်ဖိုးရှိတယ် ငါတို့ကို လမ်းပြတယ်တဲ့
လူတစ်ချို့ကပြောတာပေါ့ ကြယ်ဆိုတာ ကောင်းကင်မှ မရေတွက်နိုင်အောင် များနေတာ ဘာမှ တန်ဖိုးမရှိပါဘူးတဲ့
လူတစ်ချို့ကပြောတာပေါ့ ရေစီးသံကို နားထောင်ရတာ စိတ်ကိုအပမ်းပြေစေတယ်တဲ့
လူတစ်ချို့ကတော့ စမ်းချောင်းထဲက ရေကိုသာ ခပ်သောက်သွားကြတယ် ရေစီးသံကို မကြားမိလိုက်ကြဘူး
တကယ်တော့ အရာရာ အားလုံးဟာ အသုံးတည့်ရင် တန်ဖိုးရှိပေမယ့်၊ တန်ဖိုးမထားတတ်ရင် အရာရာ အလုံးဟာ အနုတ်စုတ်ဂုတ်စုတ် ပါပဲ
ဒါကြောင့် တစ်ရံတစ်ခါမှာ
တေးသွားတွေ ကဗျာတွေ အချစ်တွေဟာ တန်းဖိုးမထားတတ်သူရဲ့ အရှေ့မှာ အနုတ်စုတ်ဂုတ်စုတ် ဖြစ်ခဲ့ရဖူးတယ်
Saturday, October 25, 2008
တန်ဖိုး
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
3:07 PM
ရည်ညွှန်း: love, ကိုယ်ရေးကိုတာ
2 comments:
တန်ဖိုးသိသူတွေနဲ့ များများဆုံပါစေလို့...
တေးသွားတွေ ကဗျာတွေ အချစ်တွေဟာ တန်းဖိုးမထားတတ်သူရဲ့ အရှေ့မှာ အနုတ်စုတ်ဂုတ်စုတ် ဖြစ်ခဲ့ရဖူးတယ်
>>ကိုယ်တွေ့ဖြစ်မယ်ထင်ပ
မထိုက်တန်သူအတွက် ကြေကွဲနေနဲ့ကွ
တန်ဖိုးထားတတ်တဲ့သူကိုတော့ တနေ့တွေ့မှ ကိုယ်တန်ဖိုးမထားပဲမဖြစ်မိစေနဲ့ဦး စိုးကြီးရေ :)
Post a Comment