ရန်ကုန်မှာ မိုးများ အဆက်မပြတ်ရွာ သွန်းမှုကြောင့် မြန်မာဘလော့ဂ်ကာ တစ်ဦး ဒုက္ခရောက် ..........
အိမ်ရှေ့မှ မြင်ရသော မိုးရွာသွန်းမှု အခြေနေ
ရန်ကုန်မြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြန်မာဘလော့ဂ် ကာတစ်ဦး ဖြစ်သူ ကျွန်ုပ်သည် ဒုက္ခရောက်လျှက် ရှိကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ သူသည်(ကျွန်ုပ်သည်) ယနေ့ မိုးများ ရွာသွန်းခြင်းကြောင့် အပြင်သို့ မသွားနိုင်ပါ။ (ထီးမရှိတာကြောင့် လည်းဖြစ်နိုင်သည်) ထိုပြင် အိမ်မှာ မိုးမလုံသောကြောင့် ပုံတွင် မြင်ရသည့်အတွင်း မိုးယိုနေသော နေရာများတွင် ရေပုံလေးများ လိုက်လံခံထားရသည်။ ၀ါယာလက်သည် အိမ်၏၀ရံတာ အနီး တစ်နေရာတည်း တွင်မိသောကြောင့် ကွန်ပျူတာကို မိုးလုံသောနေရာသို့ ရွှေ့ပြောင်းသုံး စွဲရန် လည်းမဖြစ်နိုင်ပေ။ ထို့ကြောင့် မိုးယိုခြင်းကို သည်းခံကာ အင်တာနက်ကို သုံးနေရသည်။

မိုးယိုသောနေရာများတွင် ယခုကဲ့သို့ ရေပုံးလေးများ ခံထားရသည်
ထို့အပြင် ဈေးသွားရန် ထီးလည်းမရှိ (အကြောင်းပြခြင်းသာ ဖြစ်ပြီး အမှန်တကယ်မှာ ဈေးဝယ်ရန် ပိုက်ဆံမရှိခြင်းလည်း ဖြစ်နိုင်သည်) မနေ့ညက ၀ယ်ထားသော လက်ကျန် ချည်ပေါင်းလေး တစ်စီးကို ချက်ပြီး မိုးလည်းမလုံ အိမ်အိုကြီးထည်းတွင် ချည်ပေါင်းဟင်းနှင့် နှစ်ပါးသွားရမည့် ကိန်းဆိုက်လျှက် ရှိပေတော့သည်။

တနေ့လုံးစာအတွက် ချည်ပေါင်ရွက်
6 comments:
သနားပါတယ်။ ကျွတ်ကျွတ်ကျွတ်. ဓါတ်လိုက်တော့ မှာဘဲ။ ဘဲဥ လေးမှ မရှိ.။
ဟင်...မိုးရေထဲအလုပ်ထွက်လုပ်နေကြရတဲ့တို့များက
ပိုသနားစရာကောင်းတယ်ထင်တာပဲ ...း)
နေဦး...ဘာစားချင်လဲ..ပြော..attachment နဲ့ပို့ပေးမယ်... တကယ်
မိုးရွာကြီးထဲ ချဉ်ပေါင်တန်ခိုးပြသော် မည်သို့လုပ်ပါမည်နည်း..
အိမ်သာကို အိမ်တွင်းတွင်ဆောက်ထားသော် တော်သေးဧ။်
ချဉ်ပေါင်းဟင်း ချက်ထားတာ ဘယ်နှစ်ရက်ရှိပြီလဲ.
မှိုတက်နေသလားလို့ ဖြူဖြူကြီးနဲ့း)
wow!!! Wifi is now available in YGN??
How you get it?? Where can subscribe?
May I know the total costs??
ဝါယာလက်ကော်နက်ရှင် မြန်မာပြည်မှာရပါတယ်။ ပိုက်ဆံကတော့ ဖရီး တပြားမှ မပေးရဘူး။ တကယ်ပြောတာပါ
Post a Comment