မနေ့ည ဆယ်နာရီခွဲလောက်မှာ ရေကြောင်းသိပ္ပံ ကျောင်းအရှေ့မှာ ငါးတင်ကားနဲ့ ကုန်တင်ကားတိုက် မိတယ်။ ကားတိုက်တာကြောင့် ငါးကားပေါ်က လူခြောက်ယောက် ကုန်ကားက တစ်ယောက် ဒါဏ်ရာ ရသွားတယ်။ ပြီးတော့ ငါးတွေက အခုလို လမ်းမပေါ်မှာ ကြဲချထားသလို ကြည့်မကောင်း မြင်မကောင်း ဖြစ်နေတော့တာပဲ။
9 comments:
သတင်းထောက်ကလဲလက်သွက်ပ၊မြတ်ခိုင်ရယ့်ခေါင်းကိုင်ဆရာပဲဖြစ်ရမယ်။
ငါးပင်လယ်ကြီးးးးးးးးးးး
တော်သေးတာပေါ့..လူအသေအပျောက်မရှိလို့...
ငါးမိုး ရွာထားတာပေါ့
သတင်းထူး အတွက် ကျေးဇူး
ဘာဖြစ်လို့ငါးတွေ ကို ဘယ်သူ မှ မကောက်ဘဲ မလုယက်ဘဲ ထိုင်ကြည့်နေကြတာလဲ။
တော်သေးတာပေါ့.. မိလ္လာကားနဲ့ ငါးကားနဲ့ သာတိုက်မိလိုက်ရင် စည်ပင်လည်း ရေတွေ တော်တော် သုံးရမှာ... .. အစကတည်းက အဲ့ဘက်က နံတန်တန် ဖြစ်နေပါတယ်ဆိုမှ..
အပေါ်ဆုံးပုံကို နဲနဲ လိုက်ရင် တော်တော် ကောင်းတဲ့ သတင်းဓါတ်ပုံ ဖြစ်မှာဗျ..
လူတွေ မသေတာ တော်သေးတယ်။ @#$%^ တွေကြောင့် ကံမကောင်းတဲ့ ကျွန်တော်တို့ လူမျိုးတွေ ကံထပ်မဆိုးပါစေနဲ့ဗျာ။
လူတွေ အန္တာရာယ် မဖြစ်တာပဲ ကံကောင်းလွန်း လှပါပြီ။
Post a Comment