
ကျွန်တော့်ဘလော့ဂ်မှာ တင်ထားတဲ့ပုံကို Forever Sports Journal က ခပ်တည်တည်နဲ့ ယူသုံးထားတာပါ။ ကျွန်တော်ကြီးကြီး ကျယ်ကျယ်ပြောတာ မဟုတ်ပါဘူး။ အဲဒီပုံတွေကို လမ်းဘေးမှာ ရိုက်သလို ချက်ခြင်းရိုက်လို့ရတာ မဟုတ်ပါဘူး။ ဘရာဇီးအသင်း ဧရာဝတီသွားမယ်ဆိုတော့ ကျွန်တော်လိုက်ချင်လွန်းလို့ ဘော့လုံးအဖွဲ့ချုပ်ကို သွားပြောပါတယ်။ အဖွဲ့ချုပ်ကသူတို့ အစီစဉ် မဟုတ်ပါဘူး YMCA ရဲ့ အစီစဉ်ပါဆိုပြီး ပြောပါတယ်။ ဒါကြောင့် လိုက်ဖို့ရာ နှစ်ရက်လောက်ကြိုပြီး YMCA မှာပြောထားရပါတယ်။
ဧရာဝတီတိုင်းကို ထွက်မဲ့မနက်ရောက်တော့ မနက်အစောကြီးထပြီး ဟိုတယ်ရန်ကုန်အရှေ့မှာ ငုတ်တုတ်လေး ထိုင်စောင့်နေရပါတယ်။ ဟိုတယ်လုံခြုံရေးတွေက ဓာတ်ပုံသမားမို့ ပေးမ၀င်ဘူးဆိုလို့ပါ။ နောက်တော့ YMCA အဖွဲ့တွေလာပြန်တော့လည်း ကားကတစ်စီးတည်း ဖြစ်နေလို့ မဆံ့တော့ဘူးတဲ့။ ကျွန်တော်တို့မှာ မှတ်ရပ်ပြီး လိုက်ရလိုက်ရ လိုက်ရရင်ပြီးပါပြီ ဆိုပြီး အဲဒီခရီးစဉ်ကို လိုက်ဖြစ်ခဲ့တာပါ။
ဆိုလိုချင်တာတော့ သူများဘက်က အဲလို ခဲရာခဲဆစ်ကြိုစားပြီး ရိုက်လာတဲ့ပုံတွေကို သူတို့က အကြောင်းမကြား ဘာမကြားနဲ့ ခပ်တည်တည်နဲ့ ယူသုံးလိုက်တယ်။ ကျွန်တော်ပြောချင်တာက ဖောင်ပိတ်အမှီမို့လို့ ယူသုံးလိုက်တာ အကြောင်းမကြားဘူးပဲထား။ ပုံအောက်မှာတော့ ဘယ်သူ့ဆီကနေ ယူသုံးတယ်ဆိုမျိုးတော့ ထည့်သင့်ပါတယ်။ အခုတော့ မသိရင် သူ့ဖာသာ သူတို့ ရိုက်ထားတာလို လို ဘာလိုလိုနဲ့ ခပ်တည်တည်နဲ့ ယူသုံးလိုက်တာ။
အဲဒါကြောင့် ကျွန်တော်မေးချင်တာက Forever Sports Journal ရဲ့ Ethic က ဘာလဲဆိုတာပါပဲ ။
မူရင်းပို့စ်ကို ဒီနေရာမှာကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်
9 comments:
အေ့...ဘိုဖက်..ချ သောက် သောက်ပြီးရင်ဒီကောင်တွေတိုက်ကိုသွားကြမ်းမယ်...အေ့....ညီလေးေ၇လာပါဟေ့ကိုယ်တို့ဝိုင်းရှင်းမယ်
အဲဒီဂျာနယ်မှာ သွားဖြေရှင်းလို့ရနိုင်ရင်ဖြေရှင်းပြီး
သူတို့ကို ဂျာနယ်ကတသဆင့် တောင်းပန်ခိုင်းရင်ကော...
ပြောလိုက်မယ်...
ဒါပေမယ့် Forever မှာ ကိုသက်ဇော်မရှိတဲ့နောက်
ဘယ်သူတွေဆက်လုပ်နေလဲတောင်မသိဘူး
ပြောဖြစ်အောင်တော့ ပြောလိုက်ပါမယ်။
ဘိုဖက်..လိုသေးရင်ထပ်ချ။ညီလေးရေနောက်ထပ် တစ်ပိုင်းနဲ့ကြက်ရိုးသုတ်လေးပေးကွာ။
ဒါမျိုးတော့ မဖြစ်သင့်ဘူး။ ရှင်းသင့်တယ်
ဘလော့က စာတွေ ပုံတွေ ကူးယူခံရတာ .. အတော်ကြာနေပြီနော်.. fwd mail တွေမှာ တွေ့တွေ့နေရပြီး ရေးသူနာမည် ပါမလာတာမျိုးတွေ တွေ့ရတော့ အတော်စိတ်မကောင်းဖြစ်မိတယ်.. အဲဒီ fwd တွေပို့နေတဲ့ သူငယ်ချင်းကို ပြောပြမိတော့.. (သူကလည်း တဆင့်ရတဲ့သူပါ) .. ဘလော့က စာကတော့ ကူးမှာပဲတဲ့.. ကိုယ်ရေးတာဆိုပြီး ဂုဏ်ယူချင်တာလား.. ကိုယ့်စာတွေ မျှဝေချင်တာလား လို့ ပြန်မေးခံရဖူးတယ်.. ဘလော့ဂါမဟုတ်တဲ့ သူတော်တော်များများက အဲလိုသဘောထားမျိုးရှိတယ်ထင်တယ်နော်.. တစ်ချို့ကိုပြောတာပါ.. အခု ဂျာနယ်တိုက်ကြီး တစ်ခုက ဒီလိုလုပ်တာကတော့ နည်းနည်းလွန်ပါတယ်လေ ..
It is just an unacceptable act. The journal should be given a serious message for their wrong doing.
ဟေ့လူ...
ကိုသခင်ကြီးလို ပုံတွေမှာ copyright စာတန်းတွေ ခပ်ဝါးဝါး ထည့်ပစ်ပေါ့ဗျ...။
I am a fan of Man-city and Brazil.I am also a fan of Forever journal.
I want to ask you a question what I don't understand well.
In champion league,some countries are allowed 4 teams,some countries are allowed 3 teams,some countries are allowed 2 teams and some countries are allowed only one team.
Why is there differences?Is there any country in Europe which can't take part in Champion League?
Post a Comment