Art is My Life: အလွမ်းစိပ်သူ

Wednesday, November 21, 2007

အလွမ်းစိပ်သူ

ကောင်မလေးရေ . . ..
မတွေ့တာကြာတော့ လွမ်းလာတယ်
လွမ်းပါများတော့ ငါ့ရင်မှာအလွမ်းတွေဝေလို့

အဲဒီအလွမ်းတွေကို
ပုတီးလိုသီပြီး
ဘ၀ဆိုတဲ့တိုင်ကြီးမှာ ချိတ်ဆွဲထားလိုက်တယ်

သတိရရင်
နင့်နာမည်ကို ဂါထာလိုရွတ်
အလွမ်းတွေကို ပုတီးလိုစိတ်ပြီး
ချစ်တဲ့စိတ်ကို ဖြေသိမ့်လိုက်တယ်

ကောင်မလေးရေ
တကယ်တော့ငါဟာ အလွမ်းတွေကိုပုတီးလိုစိပ်တဲ့
အလွမ်းစိပ်တဲ့ လူပေါ့ကွယ်

5 comments:

Anonymous said...

ko kyi kabyar ka kg tal naw

သဇင်ဏီ said...

အချစ်ထက်အလွမ်းကိုပိုနှစ်သက်တဲ့ အနော့်အတွက်တော့ အကြိုက်ပဲ.. ဒီကဗျာကို..ကျေးဇူး

Angel said...

အလွမ်းဆေးခါးကျွေးသွားတယ်
……………………………………..
ကမ္ဘာတည်အောင်
ပါရမီ
မောင်မရင့်သော်ကြောင့်
ကလောင်ဖြင့်ကဗျာဖွဲ့ 
နွဲ့ လိုက်ရပါသည်….။

စက္ကန့် 
မိနစ်
နာရီ
အလီလီမှန်းမှန်းပြီး
လွမ်းနေရပြီ….။

အချစ်နာတာရှည်
ကမ္ဘာ့  ကမ္ဘာ တည်အောင်လို့ များလေလား…။

ခွဲခွာရက်တယ်ကွယ်
ခွဲခွာရက်တယ်
မောင်မောင့်အသဲလွှာထက်
အနာပေါ်အောင်လို့ 
ကမ္ဘာကျော်အလွမ်းဆေး
ကျွေးရက်နိုင်အား….။ ။
တောသားကြီးလူနိုင

MELODYMAUNG said...

လွှတ်ကောင်းသဗျို :)

Mr.Pooh @ မောင်ပွတ် said...

သတင်းစာ ထွက်ပြီဗျို့