အလွမ်းတွေကို ပန်းတွေလိုပျိုးပြီး
တစ်နေ့မှာအချစ်တွေ ပွင့်လာမလားလို့
အကြင်နာတွေ နေ့စဉ်သွန်းလောင်းခဲ့တယ်
ငါပျိုးခဲ့တာ အချစ်တွေပါ
ကံကြမ္မာရယ်ခေတော့လည်း
အမုန်းပွင့်တွေပဲ အဖတ်တင်လို့
အပွင့်တွေမှာ ဒေါသဆူးတွေနဲ့
သြော်...... ငါ့ကို တိုက်ခိုက်ကြပြီပေါ့လေ
ကောင်မလေးရေ .............
တကယ်တော့ငါ
အမုန်းတွေလိုချင်လို့
ပျိုးပင်တွေထောင်ခဲ့တာ မဟုတ်သလို
အချစ်တွေလိုချင်လို့
အကြင်နာတွေသွန်းခဲ့တာ မဟုတ်ပါဘူး
ငါဟာပန်းပျိုးလက်ပါ
ဟောဒီမှာ
အပင်လေးတစ်ခု ရှင်သန်လာဖို့
ဒီမြေမှာ ပျိုးထောင်ခဲ့တာ
ငါလိုချင်တာ ရလဒ်မဟုတ်ဘူး
ငါဖြစ်ချင်တာ ပေးဆပ်ဖို့
4 comments:
ငါလိုချင်တာ ရလဒ်မဟုတ်ဘူး
ငါဖြစ်ချင်တာ ပေးဆပ်ဖို့
ကိုစိုးဇေယျရဲ့ ကဗျာတွေက အနုလေးတွေပဲဗျ ..
ကိုမျှားပြာ
ကဗျာကသာ နုချင်နုမယ် ခံစားချက်တွေက ပြင်းပါတယ်ဗျ :P
အလဲ့
တယ်ဟုတ်ပါလား
စိုးဇေယျကြီးက
အလွမ်းပန်းတွေ ဟေမာန်ဆောင်းနဲ့ အတူလွင့်ပြီး
အကြင်နာ အဂျစ်ပန်းတွေ ဖူးပွင့်ဝေဆာအောင်
စိုးဇေယျကြီးရဲ. လက်နှစ်ဘက်နဲ့
ပျိုးထောင်ထားတဲ့ မေတ္တာပင်ကြီး
ရှင်သန်ကြီးထွားပါစေ
:D
အားလုံးကို ခင်တဲ့
နှင်းပွင့်ဖြူလေး
အဆင်ပြေပါစေဗျာ ... အကောင်းဆုံးတွေ အမြန်ဆုံး ဖြစ်လာပါစေ ... :)
Post a Comment