ကောင်မလေး။ ။ အချစ်ဆိုတာ လေ နဲ့တူတယ်တဲ့
အဲဒီလေကို မမြင်ရဘူး
ဒါပေမယ့် လေ ဟာတကယ်ရှိနေတယ်
ပြီးတော့ အဲဒီလေမရှိပဲနဲ့ အသက်ရှင်လို့မရဘူး …………..
အချစ်ဆိုတာလဲ လေ လိုပဲ
တကယ်ရှိနေပေမယ့် မမြင်နိုင်ဘူး
ဒါပေမယ့်လူတွေဟာ အချစ်မရှိပဲလဲ နေလို့မဖြစ်ဘူး
ကောင်လေး။ ။ ဟုတ်ပါတယ်လေဟာ အချိန်တိုင်းမှာမမြင်ရပါဘူး
ဒါပေမယ့်
လေရှိနေတယ်ဆိုတဲ့ သင်္ကေတလေးတွေကိုတော့ မြင်ရတယ်
နည်းနည်းလေး တိုက်ရင်တော့ သစ်ရွက်လေးတွေလုပ်တာကို မြင်ရမယ်
တိုက်နှုန်းတွေများလာရင်တော့ နာဂစ်တုန်းကလို သစ်ပင်ကြီးတွေ ကျိုးပျက်သွားမှာပေါ့
နင်ပြောသလို
အချစ်ဆိုတာ တကယ်တော့ မမြင်နိုင်ဘူး
ဒါပေမယ့် ရင်ခုန်လာတာကို ကြည့်ခြင်းအားဖြင့်
ရင်ဘတ်ထဲမှာ အချစ်ရှိတယ်ဆိုတာကို သိနိုင်တယ်
အချစ်တွေ ပိုများလာရင်တော့ နှလုံးသားတွေ တုန်လုပ်ကုန်ပြီပေါ့
မိန်းကလေးရယ်
အခုတော့လည်း ကိုယ့်နှလုံးသား
အရမ်းကို တုန်လုပ်နေရပြီ. . . . . .
အဲဒါ
မိန်းကလေးကို သိပ်ချစ်လို့ပေါ့

2 comments:
ချစ်တာ၊ချစ်တာ....ဘိုဖတ်တို့များ။ချစ်တတ်ပုံ၊ချစ်တတ်ပုံ...ပြောကိုမပြောချင်တော့ဘူး။
ချစ်ပုံများး)
Post a Comment