Art is My Life: ပေးဆပ်သူ

Saturday, March 07, 2009

ပေးဆပ်သူ

ဘ၀ဟာ ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုရင်
ကျွန်တော်က ပုံပြင်ထဲက ဇာတ်ရုပ်တစ်ခုဖြစ်ပြီး သူမသည် ပုံပြင်ပြောတဲ့သူ တစ်ယောက်ဖြစ်ပါလိမ့်မည်။ ပုံပြင်ထဲက ဇာတ်ကောင် ကျွန်တော့်ကို ပျော်စေချင်သလား၊ ငိုစေချယ်သလား၊ ကောင်းစေချင်လား၊ ဆိုးစေချင်လား အရာအားလုံးက သူမရဲ့ လက်ထဲမှာ။ နောက်ဆုံး ဇတ်ကောင်ကို သေစေချင်လား သေခိုင်းလို့ရသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူမက ဇာတ်ကိုဖန်တီးတဲ့သူလေ၊ အရာအရာအားလုံး သူ့အလိုကျ ကျွန်တော်ပဲပေါ့။

ဘ၀ဟာပုစ္ဆာာတစ်ပုဒ် ဖြစ်ခဲ့မယ်ဆိုရင် …
ကျွန်တော်နဲ့ သူမဟာ ကိန်းကဏန်းလေးတွေဖြစ်မှာပါ၊ ကိန်းဂဏန်းနှစ်ခုကို ပိုင်းခြားထားတဲ့ ကြက်ခြေခတ်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို မပေါင်းစည်းနိုင်အောင်ပိုင်ခြားတဲ့ ကံကြမ္မာပေါ့။ အဲဒီကြက်ခြေခတ်ကို အပေါင်းလက္ခာဖြစ်လာအောင် ကြိုးစားရင်း ……
ကျွန်တော့်အသက်တွေတောင် ကြီးခဲ့ပြီ

ဘ၀ဟာ ပန်းချီကားတစ်ချပ်ဖြစ်ခဲ့မယ်ဆိုရင်
သူမဟာ ပန်းချီဆရာမတစ်ယောက် ဖြစ်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ပန်းချီကား ဘောင်ဖြစ်ပြီး အလည်က အဖြူရောင် ကင်းဘတ်ကတော့ ကျွန်တော့်နှလုံးသားပေါ့။ သူမက ကျွန်တော့် အဖြူရောင် ကင်းဘတ်လေးကို ဆေးရောင်စုံတွေခြယ်ခဲ့တယ်။
ပထဆုံးသူမခြယ်ခဲ့တဲ့ အရောင်နာမည်က အချစ်တဲ့ ….

အဲဒီနောက်မှာတော့ ကြေကွဲခြင်း၊ ရူးသွပ်ခြင်း၊ စတဲ့အရောင်တွေကို အချိုးကျပေါင်းစပ်လို့ ကျွန်တော့်နှလုံးသားပေါ်ကို တစ်ချက်ပြီးတစ်ချက် စုပ်ချက်တွေနဲ့ ရေးဆွဲခဲ့တယ်။
နောက်ဆုံး ခြယ်သွားတဲ့ အရောင်နာမည်ကတော့ အလွမ်းတဲ့ ………

မော်ဒန်ပန်းချီလို ခြယ်သထားတဲ့ ကားချပ်တစ်ခုက၊ ဘေးလူတွေအမြင်မှာတော့ ကြည့်ကောင်းချင် ကြည့်ကောင်း ပါလိမ့်မယ်။ ဒါပေမယ့် ကင်းဘတ်ပေါ်မှာ အရောင်တွေက မညီမညာနဲ့ ကင်းဘတ်ရဲ့ မူလအဖြူရောင်းလေး ဆုံးရှုံးသွားတာ ကိုတော့ ဘယ်သူမှ သတိမထားမိ လိုက်ကြဘူးလေ။

အခုတော့ ကျွန်တော့်နှလုံးသားမှာ သူမခြယ်သွားတဲ့ ဆေးရောင်စုံတွေက ပလပွပေကြမ်းလို့ပေါ့။ ဒါပေမယ့် ဆေးရောင်တစ်ခုကတော့ ကျွန်တော့်နှလုံးသားကို ဘယ်လောက် ခြယ်ခြယ် လုံးဝစွဲမထင်ရစ်ခဲ့ဘူး။ အဲဒီအရောင်နာမည်က အမုန်းတဲ့…..

ဟုတ်တယ် ကျွန်တော်ဒီနေ့အထိ သူမကို မုန်းလို့မရဘူး

3 comments:

လင်းဒီပ said...

ကောင်းတယ်ဗျာ...အရောင်စုံသွားတော့ မူလအရောင်တွေ ပြန်မရတော့ဘူး...
ဒါပေမယ့် ကျေးဇူးတင်မိတယ် ချယ်သွားတဲ့သူကို...

:P said...

သူမရဲ့ ပန်းချီကားမှာ အရောင်တစ်ရောင်လိုနေတာပေါ့....
တော်တော်အချစ်ကြီးတဲ့ SZY.

strike said...

ဝုတ်တယ်၊မုန်းစရာလား မုန်းဝူးလို့ ပြောလိုက်။
သိတ်ချစ်တတ်တယ့်ကောင်ကြီးပါလို့