Art is My Life: အလုပ်ရှင်တစ်ဦး အလိုရှိသည်

Friday, January 04, 2008

အလုပ်ရှင်တစ်ဦး အလိုရှိသည်


မကြာမှီ အလုပ်စတင်လုပ်ကိုင်တော့မည့် ဆရာကြီး တစ်ယောက်အတွက် အလုပ်ရှင်တစ်ဦး အလိုရှိသည်။

အောက်ပါ အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံသား ပိုင်ကုမ္ပဏီဖြစ်ရမည် (နိုင်ငံခြားသား ဆိုလျှင်ဘာဖြစ်သလဲ လို့ မမေးပါနှင့် ကျွန်ုမသိပါ။ သတင်းစားထဲမှာ ပါသည့်အတိုင်း လိုက်ရေးကြည့်ခြင်းမျှသာဖြစ်သည်)

ယင်းကုမ္ပဏီသည် ကြွေးမြီကင်းသော ကုပ္ပဏီဖြစ်ရမည် (World Bank ၏ ထောက်ခံချက်ကို ပူးတွဲ တင်ပြရန်)

လျှောက်လွာတွင် အမြင့်ဆုံးပေးနိုင်မည့်လာစာကို ရေးသွင်းရန် (အခြားသော ခံစားခွင့်များ ပေးရန် လုံးဝ လုံးဝ မလိုအပ်ပါ)

ဘာကြောင့် အလုပ်ခန့်လိုသည် ဆိုသည့် အကြောင်းအရင်းကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် အေဖိုး နှစ်မျက်နှာခန့် လိုရင်းတိုရှင်း ရေးသွင်းရန် (အလုပ်လျှောက်လျှင် ဘာကြောင့် အလုပ်လုပ်လိုသည်ကို ရေးသွင်းရသလို၊ အလုပ်ခန့်သည့် အခါတွင်လည်း ဘာကြောင့် ခန့်ထားလိုသည်ကို ရေးသွင်းရန် လိုအပ်သည်ဟု ယူဆပါသည်။)

ကုမ္ပဏီသည် စီးပွားရေး ပိတ်ဆို့ခံ ကုမ္ပဏီ မဖြစ်ရပါ။ (UN EU နှင့် US တို့မှ ထောက်ခံချက် ပူးတွဲ တင်ပြရန်)

ကုမ္ပဏီဝန်ထမ်းများအတွက် ဖယ်ရီ အကြိုအပို့ ရှိပြီး ရုံးခန်းတွင် လေပူ လေအေး စနစ်ပါရှိရမည်။ (ရန်ကုန်မြို့သည် ဘတ်စကားများ ကြပ်ပြီး ပူတတ်အေး တတ်သော ရာသီဥတု ရှိသောကြောင့်ဖြစ်သည်)

အလုပ်ရှင်သည် ၁၀ ရက်တရား တရားစခန်း အနည်းဆုံး ဆယ်ကြိမ်ထက် မနည်းဝင်ဖူးသူ ဖြစ်ရမည်။(အဘယ့်ကြောင့် ဆိုသော် လုပ်ငန်းရှင်များသည် ဒေါသ ကြီးတတ်သောကြေင့် ဖြစ်သည်။ မဟာစည်။ ဂိုအင်ဂါ ရှင်ဆေကိန္ဒ အစရှိသည့် တရားစခန်းများ ထံမှ ထောက်ခံချက်ဖြင့် တင်ပြရန်)

လျှောက်လွှာတင်သွင်းလိုသူများသည် အမှတ် 101 ၅၁ လမ်းတွင် ကြော်ငြာပါသည့် နေ့မှ နှစ်ပတ်အတွင်း လာရောက်လျှောက်ထားနိုင်သည်။

မှတ်ချက်။ လျှောက်လွှာ လာရောက် ၀ယ်ယူစဉ် ကုမ္ပဏီ မှတ်ပုံတင် မူရင်း အပါအ၀င် လိုအပ်သော စာရွက်စာရွက်စာတမ်း ထောက်ခံ ချက်များကို တပါတည်း ယူဆောင်လာ ရန်လိုအပ်ပါသည်။

ဆေးလိပ်သောက်တာ မကြိုက်သူများ ကွမ်းစားတာ မကြိုက်သူများ အလုပ်ချိန်တွင်း ဘီယာသောက်တာ မကြိုက်သော လုပ်ငန်းရှင်များ လုံးဝ လုံးဝ လျှောက်ထားရန် မလိုအပ်ပါ

1 comment:

သဇင်ဏီ said...

အထက်ပါအရည်အချင်းတွေတော့ တခုမှရှိဘူုးတော့..
လျှောက်ချင်တယ်...ဟီး