ခန္ဓာကိုယ်တစ်ခုလုံးက မည်းနက်နေသည်... ပြုံးရယ်လိုက်လျှင် ဝါကျင့်ကျင့် အရောင် သွားလေးများ ပေါ်လာသည်။ သူ့တစ်ကိုယ်လုံး ဖြူသည့်နေရာဆိုလို့ မျက်လုံးလေးများသာရှိသည်။ သူက ကျွန်တော် ဘေးနားမှာ လာရပ်ပြီး ကျွန်တော် ဓာတ်ပုံရိုက်နေတာကို ကြည့်နေသည်။
တစ်ခြားကလေးတွေက ဓာတ်ပုံရိုက်တာ မြင်လျှင် ကင်မရာ အရှေ့မှာ ဝိုင်းပြီး မှတ်တပ်ရပ်ကြသည်။ ကင်မရာ အရှေ့မှာ ဆော့ကြသည်။ ဖယ်ခိုင်းလျှင်လည်း တော်တော်နဲ့ မဖယ်။ သူကတော့ ထိုကလေးတွေလို မဟုတ်၊ ကျွန်တော် ဓာတ်ပုံ ရိုက်တာကို အနောက်နေ လိုက်ကြည့်နေခြင်းသာ ဖြစ်သည်။
နောက်ထပ် နာရီပိုင်းအတွင်းမှာ လေမုန်တိုင်း လာတော့မည်။ လေမုန်တိုင်းက ကမ်းခြေဝင်ခါနီး အားပျော့သွားမည်ဟု ဆိုသော်လည်း တစ်နာရီ မိုင် ခြောက်ဆယ်နှင့် ခုနှစ်ဆယ်ကြား တိုက်ခတ်နိုင်သည် ခန့်မှန်းထားသည်။
တစ်ခြားကလေးတွေနဲ့ မိသားစု တော်တော်များများ လေဘေးလွှတ်ရာကို ပြောင်းသွားကြပြီ။ ကျွန်တော့် ဘေးနားမှာ လိုက်ကြည့်သော ကလေးမိသားစုကတော့ မပြောင်း။ ဘာဖြစ်လို့ မပြောင်းတာလဲလို့ သူတို့ မိဘတွေကို မေးကြည့်တော့ ကျွန်တော် တို့ သေရင်လည်း ဒီမှာ သေမယ်။ ဒါကတော့ သူတို့ အကြောင်းနှင့် သူတို့ မှားသည် မှန်သည် ကျွန်တော် မပြောလို။ ထိုအကြောင်းကို မှားသည် မှန်သည် ပြောလျှင် ဆွေးနွေး ငြင်းခုန်လို့ ဆုံးလိမ့်မည် မဟုတ်။
ကျွန်တော် ပြောပြချင်သည့် အကြောင်းက ကလေးများ ဖြစ်သည်။ ခန့်မှန်းထားသည့် အတိုင်း တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းဖြင့် ဝင်လာပါက ဒုက္ခသည် စခန်းဟု ခေါ်သည့် ယိုင်ယိုင်နဲ့နဲ့ တဲလေးများ လေထဲတွင် တစ်စစီ ဖြစ်သွားလိမ့်မယ်။ ကမ်းခြေနဲ့ သိပ်မဝေးတာကြောင့် မုန်တိုင်း ဒီရေနှင့် ရေလှိုင်းဝင်လာလျှင် ဒုက္ခသည်စခန်းတစ်ခုလုံး ဒီရေထဲမှာ မျှောပြီး တော်တော်များများ သေသွားနိုင်သည်။ အထူးသဖြင့် ကလေးတွေ ဖြစ်သည်။
မျက်လုံးသည် လူ့စိတ်ရဲ့ တံခါးပေါက်ဟု ဆိုကြသည်။ လူတစ်ယောက်ရဲ့ အတွင်းစိတ်က သူ့မျက်လုံးမှာ လာပေါ်သည်ဟုလည်း ဆိုကြသည်။ ကုလား ဖြစ်ဖြစ် တရုတ် ဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ကပ္ပလီ ဖြစ်ဖြစ်။ ကလေးလေးတွေကို ကြည့်လိုက်ရင် မျက်လုံးလေးတွေက ကြည်နေသည်။ သူတို့လေးတွေရဲ့ စိတ်ထဲမှာ အဖြူရောင် ဖြစ်သည် ဆိုတာကို မျက်လုံးတွေကို ကြည့်ရုံနှင့် သိနိုင်သည်။ လူတိုင်းသည် ကလေးဖြစ်ဖူးသည်။ ကလေးတိုင်းသည် ရိုးရှင်းသော မျက်လုံးလေးများနှင့် အပြစ်ကင်းစင်လှသည်။ သေချာတာတော့ လူတိုင်းသည် ကလေးဘဝက ရိုးသားပြီး အပြစ်ကင်းစင်ခဲ့ကြသည်။
ကျွန်တော် စဉ်းစားကြည့်သည်။ လူတိုင်းသည် ငယ်ရွယ်စဉ်ဘဝက အပြစ်ကင်းပြီး ရိုးသားခဲ့ကြသည်။ အရွယ်ရောက်လာသည့်အခါ ရိုးသားမှုတွေ အပြစ်ကင်းစင်မှုတွေ မရှိတော့ပေ။ မည့်သည့်အရာများက ရိုးသားမှုတွေကို မောင်းထုတ်ခဲ့ကြသနည်း။
ကလေးတိုင်းကို လူတိုင်းချစ်ကြသလို သင့်ပတ်ဝန်းကျင်မှာလည်း လူတိုင်း ချစ်ခင်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို မကြာခဏ တွေ့ဖူးပါလိမ့်မည်။ ထိုသူများကို သတိထားကြည့်ပါ။ သူတို့မှာ ကလေးတွေလို ရိုးသားတာကို တွေ့ရလိမ့်မည်။ ဒါဆိုလျှင် သင်ရော အဲလိုရိုးသားတဲ့အထဲမှာ ပါပါရဲ့လား...။
Wednesday, March 25, 2015
ကလေး...
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:50 PM
0
ယောက်က ဒီလိုမြင်တယ်
Tuesday, May 21, 2013
အပြောင်းအလဲ
ကျွန်တော် ဆူးလေးမှတ်တိုင်နားမှာ ဓာတ်ပုံရိုက်နေတုန်း ဘီအမ်ကားတစ်စီး
ဝင်လာသည်။ မှတ်တိုင်တွင် စောင့်နေသောလူများ ကားပေါ်သို့ ထိုင်ခုံနေရာ
ရရေးအတွက် အလုအယက် ပြေးတက်ကြသည်။ မိန်းကလေးများလည်း ပါသည်။
သက်ကြီးရွယ်အိုများလည်း ပါသည်။ အားကောင်းမောင်းသန်
ယောက်ျားများလည်းပါကြသည်။
ထိုမှ ရှေ့ဆက်လျှောက်ခဲ့ရာ...
မြို့တော်ခန်းမဘက်မှ
ဗန္ဓုလပန်းခြံဘက်ကို လမ်းဖြတ်ကူးနေခိုက်... ဆူးလေ ဘက်မှ မောင်းလာသော
ဘတ်စ်ကားတစ်စီးက မီးတောက်ပြီး အတင်းမောင်းလာသည်။ လမ်းဖြတ်ကူးနေသူ အားလုံး
လန့်ဖျပ်ကုန်ကြသည်။ တစ်ချို့က အရှေ့သို့ ရောက်အောင် ပြေးနှင့်ကြသည်။
တစ်ချို့က အလန့်တကြား နောက်သို့ ပြန်ဆုတ်ကြသည်။ အချို့ကတော့ တစ်ယောက်လက်
တစ်ယောက်ဆွဲကာ ကြောင်အမ်းအမ်းနှင့် ရပ်နေကြသည်။ အရှိန်ဖြင့် မောင်းလာသော
ထိုဘတ်စ်ကားသည် လမ်းမအလယ်တွင် ကြောင်အမ်းအမ်းနှင့် ရပ်နေသူများ ဘေးက ပွတ်ကာ
သီကာ မောင်းထွက်သွားသည်။
ကျွန်တော် ဘတ်စ်ကားကို ကြည့်ပြီး
တော်တော် ဒေါသထွက်သွားသည်။ ရန်ကုန်မြို့မှာ ဘတ်စကားတွေ
စည်းကမ်းအမဲ့ဆုံးဖြစ်သည်ကိုကား အထူးပြောဖို့ မလိုပြီ။ မထသ လည်းမနိုင်
မော်တော်ပီကယ်လည်း မနိုင်။ လူကူးမျဉ်းကျားမှာ လူအများ ကူးနေစဉ် အရှိန်ဖြင့်
တရပ်စပ် ကားများ ဝင်ဖြတ်မောင်းသည်ကို တွေ့ဖူးသည်က ဒါပထမဆုံး
အကြိမ်မဟုတ်တော့။ နေ့တိုင်း ဖြစ်သည်။ အမြဲတမ်းဖြစ်သည်။ ထုံးစံပင်
ဖြစ်နေချေပြီ။ ထိုကဲ့သို့ စဉ်းစားရင်းက စည်းကမ်း ဒီမိုကရေစီ နိုင်ငံ၊
လူ့အခွင့်အရေး အပြောင်းအလဲ အစရှိသဖြင့် တသီကြီး လျှောက်စဉ်းစားဖြစ်တော့သည်။
အပြောင်းအလဲ.....
အမေရိကန်
သမ္မတ အိုဘားမားသည် Change ဆိုတော့ စကားကို ရွတ်ဆိုရင်း သမ္မတ ဖြစ်လာသည်။
Change ဟု ကြွေးကြော်ခဲ့သည်က အမေရိကန်နိုင်ငံသားတို့ အလိုရှိသော
အပြောင်းအလဲတွေ လုပ်ဆောင်ပေးဖို့ ဖြစ်သည်။
ကျွန်တော်တို့
နိုင်ငံမှာလည်း အပြောင်းအလဲကို လိုချင်ကြသည်။ ကျွန်တော်တို့ နိုင်ငံက
လူတိုင်းကို သွားမေးကြည့်ပါ။ ဘာတွေ ပြောင်းလဲချင်တာလဲ... အားလုံးက
တညီတညွတ်တည်း ဖြေကြလိမ့်မည်။
စစ်အာရှင်စနစ်ကို ဒီမိုကရေစီ စနစ်အဖြစ် ပြောင်းချင်သည်.....
ဒါက
ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံး လိုချင်ကြသော ဆန္ဒတစ်ခုဖြစ်သည်။
အခုအချိန်မှာ ဒီမိုကရေစီ ရနေပြီ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီဟု
ပြည်တွင်းမှာသာမက အချို့သော နိုင်ငံများကပါ အသိအမှတ်ပြုလာကြပြီ။ သို့ပေမယ့်
ပြည်တွင်းရော ပြည်ပက လူတွေကပါ ရာနှုန်းပြည့် အားရကြသည်မဟုတ်။ ဒီစနစ်ကို
ဒီထက်ကောင်းအောင် ထပ်ပြောင်းချင်ကြသည်။
ဆိုက္ကားသမားကစ ကမ္ဘာကျော်
နိုင်ငံရေးသမားကြီးများ အဆုံး ထပ်ကောင်းအောင် ပြောင်းချင်ကြမည်။ ကျွန်တော်
ကိုယ်တိုင်ရော စာဖတ်သူ ကိုယ်တိုင်းရော အားလုံးက ပိုကောင်းတဲ့
အပြောင်းအလဲကို လိုချင်ကြသည်။
လူတွေက အပြောင်းအလဲလို့ ပြောလျှင်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ပြောင်းဖို့ လွတ်တော်ထဲက စစ်သား ၂၅ ရာနှုန်းကို
အရပ်သားတွေ အစားထိုးဖို့၊ အစရှိသဖြင့် များပြားလှစွာသော နိုင်ငံထဲက
ပြောင်းလဲဖို့ လိုအပ်သည့် အရာမှန်သမျှကို ပြေးမြင်ကြသည်။ ပြောင်းဖို့
ကြိုးစားကြသည်။ လတ်တလောမှာ ပြောင်းဖို့ ဖြစ်လာနိုင်တာတွေရှိသလို လတ်လောမှာ
မဖြစ်နိုင်သေးဘဲ အချိန်အများကြီး ယူရဦးမည့်ကိစ္စများလည်း ရှိပါလိမ့်မည်။
သို့ပေမယ့် ကျွန်တော်အပါအဝင် လူတော်တော်များများ မေ့နေကြတာက ကိုယ့်ကိုယ်
ပြောင်းလဲဖို့ ဖြစ်သည်။
ဒီမိုကရေစီ ရရှိရေးအော်ပြီး
လမ်းပေါ်မှာ အမှိုက်တွေ ပစ်လို့ကောင်းနေတုန်း
ယောက်ျားကြီးတန်မဲ့ ဘတ်စ်ကား တစ်စီး ဆိုက်လာလျှင် ထိုင်ခုံရရှိရေးအတွက် မိန်းကလေးများ နှင့်အပြိုင် တိုးဝှေ့ နေရာလုနေကြတုန်း...
လူကူးမျဉ်းကျားမှာ လူတွေကူးနေတုန်းမှာ ကားတွေကို အရှိန်လျှော့ရကောင်းမှန်းမသိ မောင်းနေကြတုန်း
ကွမ်းသွေးတွေကို တိုက်လှေခါး နံရံတွေမှာ မြင်မကောင်းအောင် ထွေးနေကြတုန်း
တစ်ယောက်ထက် ပိုတဲ့နေရာတွေမှာ တန်းမစီဘဲ တိုးဝှေ့နေကြတုန်း
တွေ့ကရာလူကို အဖြစ်မရှိဘူး ဘာမှ မလုပ်ပေးနိုင်ဘူးဟု ထိုင်ပြောရင်း ကိုယ့်ကိုယ် အဖြစ်လာရှိအောင် လုပ်ဖို့ သတိမေ့နေကြတုန်း...
ဒီမိုကရေစီအတွက်
ငြိမ်းချမ်းရေးအတွက် သဘာဝပတ်ဝန်းကျင်ကြီး မပျက်စီးဖို့အတွက်
ဆန္ဒပြလိုက်ကြသည်က အကြိမ်ကြိမ်။ ဆန္ဒပြပွဲပြီးသွားလျှင် ထိုနေရာတွင်
ဆန္ဒပြသူတို့ လွင့်ပစ်ခဲ့သော ရေသန့်ဘူးနဲ့ အမှိုက်များက ပွစာကြဲ။ တစ်ခုသော
ဆန္ဒပြပွဲတွင် ကိုယ်ပစ်ခဲ့သော အမိုက်များကို စည်းကမ်းရှိရှိ ပြန်ကောက်ဖို့
ဆန္ဒပြ ခေါင်းဆောင်တွေက ညွန်ကြားခဲ့တာ တွေ့ခဲ့ဖူးပေမယ့် ကျန်သော
ဆန္ဒပြပွဲများက ဒုံရင်းဒုံရင်း... ကိုယ်ပစ်တဲ့ အမှိုက်ကို
ကိုယ်ကောက်ရတယ်ဆိုတဲ့ အလေ့အကျင့်ရအောင် ကိုယ့်ကိုယ်ကိုတာင်
မပြောင်းနိုင်သေးတာ ဘယ်လိုလုပ်ပြီး နိုင်ငံတော်သမ္မကြီး၊ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေကြီး၊ အစရှိသဖြင့်၊ သူတို့ ပါးစပ်ထဲက အော်နေတာတွေ ဘယ်လို
ပြောင်းကြမည်မသိ။
ကျွန်တော်ကိုယ်တိုင်လည်း ဘာကောင်မှ မဟုတ်ပါ၊
နိုင်ငံအတွက် တိုင်းပြည်အတွက် ဘာမှ မလုပ်ပေးနိုင်သေးပါ။ ဒါပေမယ့် ကျွန်တော်
ခံယူထားတာတော့ ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီကို လိုချင်လျှင်၊ ကိုယ်တိုင်က
အပြောင်းအလဲကို လိုချင်လျှင်.... ကိုယ်ကိုယ်တိုင်လည်း
အကျင့်စရိုက်ဆိုးတွေကို အကျင့်စရိုက် ကောင်းတွေ အဖြစ် ပြောင်းလဲရပါလိမ့်မည်။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:01 AM
1 ယောက်က ဒီလိုမြင်တယ်
Friday, May 10, 2013
အစိမ်းသေ...
ခြေထောက်မှာ ရွှံ့လေးတွေ ပေနေသော လူသေအလောင်းကို ဓာတ်ပုံရိုက်ရင်း ကျွန်တော် သေမလို ဖြစ်ခဲ့သော ဖြစ်ရပ်များကို ပြန်သတိရမိသည်။ အရှိန်ဖြင့် မောင်းနေသော ရထားပေါ်က ကျွန်တော် ပြုတ်ကျဖူးသည်။ ထိုစဉ်က ကိုးတန်း ကျောင်းသား ကံကောင်းလို့ ရထားဘီးအောက် မရောက်ခဲ့။ ငယ်ငယ်က ခဏခဏ ရေနစ်ဖူးသည်။ ဘေးလူတွေ ကယ်လို့ အသက်မသေခဲ့။ အုန်းပင်ပေါ်က တစ်ခါ ခြေချော် ကျဖူးသည်။ ဆွဲမိဆွဲရာ ဆွဲလိုက်တော့ အုန်းပင်မှာ တန်းလန်းဖြစ်သော အုန်းလက်ကို ကိုင်မိထားလို့ လူက အုန်းလက်နှင့်အတူ တန်းလန်းဖြစ်နေပြီး အောက်သို့ ပြုတ်မကျခဲ့ပေ။ ပြုတ်ကျလျှင် အောက်မှာ ခြံစည်းရိုး ဝါးချွန်တွေ အသက်ရှင်လမ်း မမြင်။ သို့ရာတွင် သေနေ့ မစေ့သေးလို့ သူလို မသေခဲ့သေး..
အခု သူမရှိတော့ဘူး... သူဒီနေ့ သေမယ်ဆိုတာ မနေ့က ကြိုသိခဲ့ပါ့မလား.........
တကယ်လို့ သူနေရာ ကျွန်တော် ဆိုလျှင်...
မနက်ဖြန်မှာ သေမယ်ဆိုတာ ကြိုမသိရဘဲနဲ့ သေသွားခဲ့လျှင်..
ထိုသို့ ထိုသို့ စဉ်းစားမိသော အချိန်လေးများမှာ မနက်ဖြန်အတွက် မိသားစုအတွက် ကမ္ဘာမြေကြီးအတွက်... တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်ချင်မိလာမိသည်။
စိုးဇေယျထွန်း
12: 31 AM
11.5.2013
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:31 PM
3
ယောက်က ဒီလိုမြင်တယ်
Friday, April 26, 2013
မီးခြစ်စက် နှင့် ဂျပန်ခေတ်က လက်နက်တိုက်
နေဝင်ချိန်မှာ ဆော့နေကြတဲ့ ကလေးတွေ
လေးများသာ ဖြစ်သည်။
မြစ်ဆိပ်မှာ ရေချိုးနေကြသူများ
ပြန်လာခဲ့ရသည်။ ပထမကြိမ် ရောက်ဖြစ်တာက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဖြစ်သည်။ ယခု တစ်ခေါက် ထပ်ရောက် ဖြစ်သည်က မတ်လ။ နိုဝင်ဘာကတော့ ဆောင်းဝင်စကာလဖြစ်တာ ကြောင့်မြူလေးတွေ ရှိသည်။ မိုး ကုန်ပြီးခါစ ဖြစ်ကြောင့် လမ်းတစ်လျှောက်မှာ ဖုန်တွေ သိပ်မရှိလှ။ ဒီတစ်ခေါက်သွားဖြစ်တော့ မတ်လ။ ရောက်ပြီးခါမှ နေဝင်သွားမှာ စိုးတာကြောင့် စောစော ထွက်လာခဲ့မိသည်။ သမ္မတ ဆိပ်ကမ်းမှ ယင်းရွာသို့ အရောက်သွားရာ လမ်းမှာ လွင်တီးခေါင်။ ပူလိုက်သည့်နေက ပြောဖွယ်ရာမရှိ။

လှေမောင်းတဲ့ ကောင်လေး
ကျွန်တော် ရောက်သွားတော့ ရွာလေးရဲ့ ကမ်းနားလမ်း တစ်လျှောက် ဓာတ်ပုံလိုက်ရိုက်ဖြစ်သည်။ အဲဒီမှာ ထူးထူးခြားခြား တွေ့ရတာက ကလေး တစ်ယောက်က စက်လှေတစ်စီးကို ကျွမ်းကျွမ်း ကျင်ကျင် မောင်းကာ လှေကို ကမ်းမှ ကပ်လိုက် ခွါလိုက်နှင့် ကစားနေသည်။ ကျွန်တော့် စိတ်ထဲတွင် ဒီကလေး တယ်ဟုတ် ပါလားလို့ တွေးကာ လက်ယပ် ခေါ်လိုက်သည်။ ကျွန်တော် လက်ရပ် ခေါ်တာ မြင်တော့ ကျွန်တော် ရှိရာဆီသို့ ဦးတည်မောင်းကာ ကမ်းကပ်လာသည်။
ကောင်လေး မင်းဘာလုပ်နေတာလဲလို့ မေးတော့။ လှေမောင်းနေတာတဲ့။ အသက် ဘယ်လောက်ရှိပြီလဲ ဆိုတော့ ရှစ်နှစ်တဲ့။ မင်းကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်လား ဆိုတော့ မောင်းတတ်တာပေါ့တဲ့။
မြစ်လယ်မှာ ကျားပိုက် တန်းနေတဲ့ လှေတွေ လိုက်ပို့ပေးမလားဆိုတော့။ ရတယ်တက်တဲ့။ အဲဒါနဲ့ လှေပေါ်ကို တက်လိုက်လာသည်။ ကျွန်တော်နဲ့ ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းက
လှေ ပေါက်စလေးနဲ့ လှေမောင်းသူ ကလေးကို ကြည့်ပြီး ဟေ့လူ ဖြစ်ပါ့မလားတဲ့။
ဖြစ်ပါတယ်ဟု ပြောကာ လှေကို မြစ်လယ်ဆီသို့ ဦးတည် ထွက်လာခဲ့သည်။
လှေက ခပ်သေးသေးဖြစ်ဖြစ်ပြီး ငါးပိုက်ချသည့် လှေဖြစ်သည်။ လှေ သေးလေးပေါ်မှာ ငါးဖမ်းပိုက်တွေ အပြည့်တင်ထားသည်။ ကျွန်တော်ကငါး ဖမ်းပိုက်ပုံပေါ်က ထိုင်လိုက်ရသည်။ ထိုင်နေရင်း လှေဦးကို လှမ်းကြည့်လိုက်တော့ လှေက အကောင်းမဟုတ်။ ပေါက်နေသည်။ ပေါက်နေသည့်နေရာကို ရွှံ့နှင့်ဖာထားသည်။ ထိုဖာသောနေရာမှ ရေများ စိမ့်ဝင်နေသည်။ ရေတွေ စိမ့်ဝင်တာတော့ မြင်တော့ လူက မျက်လုံးပြူးလာသည်။ အကယ်၍ လှေနစ်သွားလျှင်.. ကျွန်တော် ရေကူးတတ်သည် ဆိုပေမယ့် ရန်ကုန်မြစ်လို မြစ်ပြင်ကျယ်ကြီးထဲမှာ ကမ်းရောက်အောင် ကူးနိုင်လိမ့်မည်မဟုတ်။
ငါးဖမ်းပိုက်တွေကတော့ ရေပေါ် ပေါ်လိမ့်မည်ထင်သည်။ အကယ်၍ လှေနစ်သွားလျှင် ယင်းငါးဖမ်း ပိုက်များကို အားကိုးရမည်။ သို့ပေမယ့် ငါးဖမ်းပိုက်တွေ ရေပေါ်မှာ ပေါ်မပေါ် မသေချာ..
လှေမောင်းသည့် ကောင်လေးကို သေချာအောင် မေးကြည့်မိသည်။ မပေါ်ဘူးတဲ့။ စိတ်ကူး ထဲမှာတော့
တွေးလိုက်သည်။ သေပြီဆရာပေါ့။ ကမ်းကို လှမ်းကြည့်လိုက်တော့ ကျွန်တော်နဲ့ ရန်ကုန်ကလိုက်လာသည့်
သူငယ်ချင်းက ကျွန်တော့်ကို ကင်မရာနှင့် ချိန်ထားသည်ကို ပြပြလေး မြင်ရသည်။ လှေမြုပ်လို့ကတော့ အပီရိုက်မည့်ပုံမျိုး။ လှေဝမ်းပေါက်နေတာကို ဒီတိုင်း ထိုင်ကြည့်နေလို့တော့ မဖြစ်တော့ပေ။ ထို့ကြောင့် ခွက်လေးကို ကိုင်ကာ လှေဝမ်းထဲ ဝင်လာသည့် ရေများကို ခပ်ထုတ် နေရသည်။
ကျားပိုက် ထောင်နေတဲ့ လှေ
ဒီရေတက်နေချိန် ဖြစ်သောကြာင့် မြစ်လယ် ကျားပိုက်တန်းသည့် လှေများကို သွားရသည့် အသွား ခရီးသည် ရေဆန် ဖြစ်နေသည်။ ဆယ်မိနစ်သာသာ လောက်မောင်းပြီးတော့ မြစ်လည်က
ကျားပိုက် တန်းသည့် လှေနားကို ရောက်လာသည်။ ကျွန်တော် စီးလာသည့် လှေလေးနှင့် ကျားပိုက် တန်းနေသည့် လှေများကို တွဲချည်ဖို့ ကပ်နေတုန်းမှာ ကျွန်တော်တို့လေက ရုတ်တရက် စက်ရပ် သွားသည်။ မြစ်လယ်တွင် ရေစီးကြမ်းသည်။ စက်ရပ်သွားသည်နှင့် တစ်ခါတည်း ရေစီးနှင့်အတူ ကျွန်တော် တို့လှေ မျောပါ သွားသည်။ လှေ မောင်းသည့် ကလေးက ရပ်သွားသည့် စက်ကို ပြန်နှိုးနေသည်။ စက်က နိုးမလာ..။ ကောင်လေး ဆီကုန်သွားတာလားလို့ မေးတော့ မဟုတ်ဘူးတဲ့။ ဘာဖြစ်တာလဲဆိုတော့ မသိဘူးတဲ့။ ရှင်းသွားပဲ။ လှမ်းကြည့်လိုက်တော့ ကျားပိုက် တန်းသည့် လှေတွေနှင့် ကျွန်တော် တို့ လှေလေးက တော်တော် ဝေးသွားပြီ။ ရေစီးက သန်သည်ကိုး။
ကောင်လေးကတော့ သူ့လှေ သေးသေးလေးထဲမှာ နေရစ်ခဲ့သည်။
ကျားပိုက်ဆိုသည်မှာ ဒီရေ အတက်အကျတွင် ဖြစ်ပေါ်လာသော ရေစီးကြောင်းတွင် ဧရာမ
ပိုက်အိတ်ကြီးကို ချထားပြီး ငါးဖမ်းခြင်းဖြစ်သည်။ ကျွန်တော် လှေပေါ်ရောက်သွားတော့ လှေပေါ်ရှိ အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေးကြီး နှစ်ယောက်စလုံးက ဝမ်းပန်းတသာ ကြိုကြသည်။ ကျွန်တော် သူတို့က မေးကြည့်တော့ သူတို့က တွံတေးဘက်မှ လာရောက် ငါးဖမ်းကြခြင်းဖြစ်သည်။ ဘာငါးတွေရပြီးလဲ ဆိုတော့ သိပ်မရသေးပါဘူးတဲ့။ ပုစွန်တွေရော ရှိလားဆိုတော့ ရှိတယ်တဲ့။ ဘယ်လိုရောင်းလည်း ဆိုတော့ တစ်သောင်းနှစ်ထောင်ဈေးတဲ့။ အဲဒါဆိုလည်း ငါးဆယ်သားဝယ်မယ်ဟု ပြောလိုက်တော့... လတ်လတ် ဆတ်ဆတ် စားရအောင် စောစောကမှ မိထားတဲ့ အကောင်တွေ ပေးလိုက်မယ်... ဟုဆိုကာ မြစ်ထဲတွင် စိမ်ထားသော ပိုက်အိတ် သေးသေးလေးကို ဆွဲမလိုက်သည်။ ပုစွန်ထုပ် အရှင်ကောင်တွေ...
ပုစွန်ထုပ် အရှင်တွေကို ယူသွားလို့ မဖြစ်။ အရှင်ကောင်တွေ ယူလာရင် အမေက စားလိမ့်မည်မဟုတ်။ ထို့ကြောင့် သေပြီးသားတွေပဲ ပေးဆိုတော့။ ရန်ကုန်က လာတာ မဟုတ်လား ဒီတိုင်း သယ်သွားလိုက်
လမ်းမှာ သေသွားလိမ့်မယ်တဲ့။ အဲလို မလုပ်ပါနဲ့ ကိုယ့်လက်ထဲမှာ သေတာမျိုးလဲ မလိုချင်ဘူး ဆိုတော့ ရေခဲရိုက်ထားသည့် ပုစွန်ထုပ်များကို ထုတ်ပေးသည်။ ငါးဆယ်သားကို ပုစွန်ထုပ်ကြီး ကိုးကောင် ထည့်ပေးသည်။ ရန်ကုန်မှာ ဆိုလျှင် အဲဒါကို တစ်ပိသာဟု ပြောရောင်းလိမ့်မည် ထင်သည်။ ကျွန်တော်က ငွေခြောက်ထောင် ထုတ်ပေးလိုက်တော့ သူတို့က တော်တော် ကျေးဇူးတင်ကြောင်း
နောက်ကိုလည်း လာခဲ့ဖို့ မှာကြသည်။ အဲဒီလှေပေါ်မှာ စိတ်ကြိုက်ဓာတ်ပုံ ရိုက်ပြီးတောာ့ မီးခြစ်စက်ရွာ ဘက်ကမ်းသို့ ပြန်လာခဲ့သည်။ အသွားခရီးက ရေဆန်ဖြစ်နေတော့ ဆယ်မိနှစ်သာသာ မောင်းရသော်လည်း အပြန်ခရီးက ငါးမိနှစ်ခန့်သာ ကြာသည်။ ကမ်းရောက်တော့ လှေမောင်းတဲ့ ကောင်လေးကို မင်းတော်တယ် နာမည် ဘယ်သူလဲဆိုတော့ မင်းအောင်တဲ့။ ကျွန်တော်သူ့ကို မုန့်ဖိုး တစ်ထောင်ပေးပြီး ရန်ကုန်ဘက်သို့ ပြန်လာခဲ့သည်။
အဆောက်ဦကို အဝေးကနေ လှမ်းကြည့်လျှင် မမြင်နိုင်အောင် အဆောက်ဦ ပတ်ပတ်လည်တွင် ကုန်းမို့မို့လေးတွေ ဖြစ်အောင် ဖန်တီးထားသည်။ အထဲဝင်ကြည့်တော့ အဆောက်အအုံမှာ အခန်း
နှစ်ခန်းရှိပြီး အခန်းတစ်ခန်းလျှင် သီးခြား အပေါက်တစ်ပေါက်စီ ဖြစ်သည်။ ဒေသခံများ ယင်းအဆောက် အအုံကို အိမ်သာဟု သဘောထားသည်လားမသိ။ အထဲမှာတော့ ဟိုတစ်ပုံ ဒီတစ်ပုံ။ ပတ်ဝန်းကျင်က လူတွေကို မေးကြည့်တော့လည်း ဂျပန်ခေတ်က လက်နက်တိုက်လို့ ပြောတာပဲ ဟုသာ ပြောနိုင်ပြီး ဘယ်သူမှ ဂဃနဏ မပြောနိုင်ကြပေ...
စိုးဇေယျထွန်း
26 4 2013
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
10:45 AM
0
ယောက်က ဒီလိုမြင်တယ်
Thursday, November 03, 2011
သတင်းထောက်များ အားလုံးအတွက်
Halloween Night အတွက် ဖရုံသီးဝယ်နေတဲ့ အိုဘားနဲ့ ဇနီး
ဒုတိယပုံကို ကြည့်ပါ။ ရုရှ သမတနဲ့ အိုဘားမား နေ့လည်စာ စားနေကြတာပါ။ ခရီးသွားနေရင်းနဲ့ လမ်းဘေးက ဘာဂါဆိုင်လေးမှာ နေ့လည်စာဝင်စားတာပါ။ ဒီပုံကို ရိုက်တာလည်း သတင်းထောက်တွေ အများကြီးပါပဲ။ ဒါပေမယ့် သူတို့ဘာသူတို့ အဆင်ပြေသလို ရိုက်သွားကြတယ်။ အေးအေးလူလူပဲ။
နိုင်ငံတကာမှာလည်း ဓာတ်ပုံရိုက်ရင် မတိုးရဘူးလားဆိုတော့ တိုးရတဲ့ အခါတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီမှာလို ရိုက်တိုင်း တိုးနေဖို့မလိုပါဘူး။ ကျွန်တော်လည်း မတိုးချင်သလို ဘယ်သူမှလည်း တိုးချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ တိုးဝှေ့ပြီးရိုက်နေရတယ်........
ဘာကြောင့်လဲ.....
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:26 AM
1 ယောက်က ဒီလိုမြင်တယ်
Monday, October 31, 2011
Halloween Night

သရဲလို ၀တ်ဆင်ထားတဲ့ မော်ဒယ် ကောင်မလေး တစ်ယောက်ပါ တော်ဝင်စင်တာမှာ ရိုက်လာတာ.........
ဒါကတော့ ဒီနေ့ ညပိုင်း တော်ဝင်စင်တာမှာ Halloween Night ကို ဆင်နွဲဖို့ ရောက်လာတဲ့ စုံတွဲပါ.....
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:36 PM
0
ယောက်က ဒီလိုမြင်တယ်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် ရုပ်ရှင်ပွဲတော် လွှတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ကျင်းပမည်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် လွှတ်လပ်ခြင်းနုပညာ ရုပ်ရှင်ပွဲတော်ကို လာမည့်နှစ် ဇန်န၀ါရီ တစ်ရက်နေ့မှ လေးရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲနောက်ဆုံးရက်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ၂၀၁၁။ ပြိုင်ပွဲဝင် ဒီဗီဒီ အခွေများကို အလင်းတန်း ဂျာနယ်နှင့် ရွှေအမြုတေ မဂ္ဂဇင်း အခန်း ၁၇ အမှတ် ၁၅၈ ပထမထပ် မဟာဗန္ဒုလ ပန်းခြံလမ်း ကျောက်တံမြို့နယ် ရန်ကုန်သို့ ပေးပို့ရမည် ဖြစ်ကြောင်းသိရသည်။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
9:43 PM
0
ယောက်က ဒီလိုမြင်တယ်
ပြင်သစ်ကြီးရဲ့ Essay Photo ပြိုင်ပွဲ ဒေါ်လာနှစ်ထောင်ပေးမည်
A Photo-essay masterclass will happen at the French Institute (formerly Alliance Française) from November 16 to 23.
Emphasis
will be placed on professional standards required for gallery or photo
festival exhibition, newspapers, magazines and book publishing.
Designed for all those who have already developed a special interest
in photography, this week-long workshop will help you to expand your
skills by creating a photo-essay.
The best works will
participate to the Best Photo-essay Awards with 2000$ worth of prices
during the Yangon Photo Festival 2012 that will happen from January 23
to 28. The 2012 theme will be the Environment.
Register with Didi at 536 900 / 537 122 before November 11th.
Selection of the candidates will be on November 14-15th. Bring your
port-folio and your own ideas about subject matters for a photo essay.
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:29 PM
0
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: သတင်း
Sunday, October 30, 2011
မြို့တော်ခန်းမ ကားပါကင်တွင် ပေါက်ကွဲမှုဖြစ်ပွား
ပထမပေါက်ကွဲမှု ဖြစ်ချိန်ကနေ ကိုးနာရီခွဲ အထိ ဆူးလေး ဘုရားလမ်းနှင့် ဘားလမ်းကြားရှိ ဗန္ဒုလမ်းကို ပိတ်ထားခဲ့ပါတယ်။ ဗုံးကို သက်ဆိုင်က ရှင်းလင်းပြီးချိန် ညကိုးနာရီခွဲ အချိန်မှာ လမ်းကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒီဓာတ်ပုံကို လမ်းပြန်ဖွင့်ခါစမှာ ရိုက်လာခဲ့တာပါ။
မှတ်ချက်။ ။ အနီနားရှိ မျက်မြင်သက်သေများနှင့် လုံးခြုံရေးဝန်ထမ်း၏ ပြောပြချက်အရ သာဖြစ်ပါသည်.....
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
10:53 PM
0
ယောက်က ဒီလိုမြင်တယ်
Thursday, October 20, 2011
Canon EOS-1D X
1D series ဆိုတာ......
Type | Single-lens reflex | |||
---|---|---|---|---|
Sensor | 36 mm × 24 mm CMOS | |||
Maximum resolution | 18.1 Megapixels | |||
Lens | Interchangeable (EF) | |||
Shutter | Electromechanical carbon fiber focal-plane shutter. Selectable electronic 1st curtain shutter. | |||
Shutter speed range | 1/8000 to 30 sec. (1/3-stop increments), bulb, X-sync at 1/250 sec. | |||
Exposure metering | 100,000 pixel RGB sensor, 0-20 EV, 252-zones | |||
Focus areas | 61 AF points | |||
Focus modes | One-shot, AI Servo, Manual | |||
Continuous shooting | 14 fps JPEG with mirror locked up. 12 fps RAW, JPEG, RAW+JPEG. | |||
Viewfinder | Optical pentaprism | |||
ASA/ISO range | 100–51,200 in 1/3 stops. Simulations of ISO 50, 102,400 and 204,800. | |||
Rear LCD monitor | 3.2 inch 1,040,000-dot LCD | |||
Storage | Dual CompactFlash (Type I or Type II) | |||
Battery | LP-E4N lithium-ion battery pack | |||
Made in | Japan |
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
5:30 AM
0
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: Camera