Art is My Life: စနေသမီးနှင့်တွေ့ဆုံခြင်း .........

Wednesday, September 10, 2008

စနေသမီးနှင့်တွေ့ဆုံခြင်း .........

မနေ့က လန်ဒုံပြန် စနေသမီး တစ်ယောက်နဲ့ ရန်ကုန်ရှိ ဘလော့ဂ်ကာများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ယင်းကဲ့သို့ တွေ့ဆုံရာမှာ M3 မှာ အသံဝင်အောင် ကာရာအိုကေကို ဆိုကြပါတယ်။ ယင်းနောက်တွင်တော့ အင်ယားလမ်း Friend Ship မှာ ညစာစားပြီးနောက် လမ်းခွဲလိုက်ပါတယ်။ အဲဒီမှာ ပါဝင်ခဲ့သူတွေကတော့ မနိုင်းနိုင်း၊ ဗလာဂေါက် မိုးလှိုင်ည ဖိုးသူတော် ကိုမျက်လုံး ပင့်ဂိုးလ် တက်စလာမင်းဝေ ကိုညီလင်းဆက်နှင့် ကျွန်တော်တို့ ဖြစ်ကြပါတယ်။ ကိုညီလင်းဆက်ကတော့ M3 ကထွက်လာမှ ရောက်လာတာ ဖြစ်တဲ့အတွက် သူအနေနဲ့ မဟဲလိုက်ရရှာပါဘူး။

လမ်းခွဲမှာတော့ ထုံးစံအတိုင်း ကြုံတွေ့ရတဲ့ ၀မ်းနည်းစရာက ဖိုးသူတော်တစ်ယောက် ပြန်စရာ အိမ်မရှိသည့် ပြသနာပဲဖြစ်ပါတယ်။ နောက်ဆုံးတော့ ဖိုးသူတော်ကို တက်စီပေါ်တင်ပြီး လေယဉ်ကွင်းလိုက်ပို့ ခိုင်းလိုက်ပါတယ်။ လေယဉ်ကွင်းကို ရောက်မရောက်တော့ အခုအချိန်မသိရသေးပါဘူး :P

မိုးလှိုင်ညကတော့ ထိုညက အဆိုအအော်များသွားသဖြင့် နောက်တစ်နေ့တွင် ခြေဟန်လက်ဟန်ဖြင့် စကားပြောရမှာ ဖြစ်ပါတယ် ............ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ ........ ဒန့်တန်ဒန်

4 comments:

flowerworld said...

သူများအကြောင်းတွေတော့လျှောက်ပြောထားတယ် ကိုစိုးဇေယျကြီးရော...အသံထွက်နိုင်ရဲ့လား.. သင်္ကေတနဲ့တော့ပြောနေမှာမြင်ယောင်သေး...ဟီင်္ဟးးးးးးးးးးဟုတ်တယ်ဝုတ်.

Minn Yoon Thit said...

လေးဖြူသီ ချင်းကို ကိုအံ့ကြီးလေသံနဲ့ ဆိုတတ်တဲ့ ဗိုလ်ဝ ငါမြင်ယောင်ပါတယ်.... ငှက်ငှက်.. :P

Mr.Pooh @ မောင်ပွတ် said...

ကျွန်တော်လည်း ရှိချင်တယ်ဗျာ - ဒီလူတွေနဲ့။

နိုင်းနိုင်းစနေ said...

နောက်ရက် ကော်နက်ရှင်လေးကောင်းတဲ့ ဆိုင်ရောက်ခဲ့ရင်... ဝက်ဝံကြီးတစ်ကောင် သီချင်းအော်ဆိုနေပုံနဲ့ မာမီတစ်ယောက် ကွေးနေအောင် ကနေပုံကို တင်ပေးပါမယ်.. :D