Art is My Life: သင်ဆိုရင်ဘာလုပ်မလဲ.......

Tuesday, March 25, 2008

သင်ဆိုရင်ဘာလုပ်မလဲ.......

အချိန်ကား နံနက် ၁၁ နာရီခန့် .........

နွေဥတုဘက်ကို ကူးပြောင်းလာပြီ ဖြစ်သော ရန်ကုန်မြို့၏ နံနက် ၁၁ နာရီဆိုသော အချိန်သည် အလွန်တရာ ပူပြင်းလှသည်။ လမ်းပေါ်တွင် သွားလာသူကြသူများမှာ အပူဒါဏ် သက်သာစေရန်အတွက် တချို့က ထီးဆောင်းကြသည်။ ထီးပါမလာသူများက လက်ထဲရှိ ဖိုင်လေးများ စာအုပ်လေးများနှင့် မျက်နှာကိုကွယ်ရင်း လမ်းလျှောက် ကြသည်။

ိထိုအချိန်တွင် အသက်ခုနှစ်ဆယ်ကျော်ခန့် အရွယ်ရှိသော အဖွားအိုတစ်ယောက်သည် မဟာဗန္ဒုလ ပန်းခြံလမ်းဘက်မှ မြို့တော်ခန်းမ ရှိရာဘက်သို့ လမ်းဖြတ်ကူးရန် ပြင်ဆင်နေသည်။ သူ၏လက်တစ်ဘက်တွင် မြွေအရေခွန် အိပ်ကြီးတစ်လုံးကို တစ်ဘက်က ကိုင်ပြီး လက်တစ်ဘက်က ခြင်းတစ်ခြင်းကို ကိုင်ထားသည်။ ခဏလောက်ကြတော့ ထိုအဖွားအိုသည် မြွေအရေခွံအိတ်ကြီးနှင့် ခြင်းကိုဆွဲကာ လမ်းဖြတ်ကူးသွားသည်။ ထို့သို့လမ်းဖြတ်ကူးရင် တစ်နေရာအရောက် ရုတ်တရက်ခြေချော်ပြီး လှဲကျသွားသည်။


ထိုအခါတွင် အနီးပတ်ဝန်းကျင်ရှိ လူများက အဖွားကြီး၏ အဖြစ်ကိုကြည့်ပြီး ရယ်ကြသည်။ တချို့က မရယ်ကြသော်လည်း ပြုံးစိစိနှင့် ကြည့်ကြသည်။ အသက်ကလဲကြီးကြီး လက်ထဲမှာ အိတ်ကြီးတွေနဲ့လှဲကျသွားတော့ဆိုတော့၊ အဲဒီပုံကိုကြည့်ပြီး ရယ်မည်ဆိုလျှင်လည်း ရယ်စရာကောင်းနေ ပေလိမ့်မည်။

တချို့လူများကတော့ အဖွားကြီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်သော အကြည့်ဖြင့်ကြည့်ကြသည်။ တစ်ချို့လူများသည် စိတ်မကောင်းသည့် အတွက် စုတ်ပင်သတ်ကြသည်။ ထိုအဖွားကြီးသည် အသက်ကလဲကြီး တစ်ယောက်တည်း အဖော်မပါပဲ လမ်းမအလယ်မှာ ချော်လှဲတာဆိုတော့ သနားမည်ဆိုလျှင် သနားစရာ ကောင်းနေပေလိမ့်မည်။

ယခု အဖြစ်အပျက်တွင် ရယ်သူလည်းရှိသလို စိတ်မကောင်းသူလည်းရှိသည်။ မိတ်ဆွေ အကယ်၍ ဤနေရာတွင်ရှိခဲ့လျှင် ထိုအဖြစ်ပျက်ကို ကြည့်ပြီး ရယ်နေမည်လော စိတ်မကောင်းဖြစ်နေမည်လော။ သင်ဘာလုပ်မည်နည်း ..........


* * * *

ထိုထဲမှာ လူငယ်လေးတစ်ယောက်ကတော့ လှဲကျနေသော အဖွားကြီးကို ပြေးထူးလိုက်ပြီး အိတ်နဲ့ခြင်းကို လက်ထဲကဆွဲ တစ်ဘက်က အဖွားကြီးကိုတွဲပြီး လမ်းတစ်ဘက်ရောက်သည် အထိ လိုက်ပို့ပေးလိုက်သည်။


3 comments:

စိုးထက် - Soe Htet ! said...

ထူပေးဖြစ်မှာပါ ဗျာ ... အသေအချာပဲ ... )

မေမိုးမခ said...

မေမိုးဆိုရင် သွားပြီးထူးပေးလိုက်မယ် ဘာဖြစ်လဲ ဆိုတော့ တို့တွေက လူသားအချင်းချင်းပဲလေ

နှံကောင် said...

ထူပေးရမှာပေါ့ ... ကိုယ်သာလဲရင် ရှက်လိုက်ကြမယ်ဖြစ်ခြင်း .. လူတွေကတော့ ခက်ပါ့