ဒီနေ့ဟာ ကျွန်တော်လူ့လောကကို ရောက်ရှိတာ ၂၃ နှစ်ပြည့်သွားပါပြီ။ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ် ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျွန်တော့်ကို စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။
တစ်နှစ်ကို ၃၆၅ ရက်နဲ့ တွက်မယ်ဆိုရင် ၈၃၉၅ ရက် အကြာ လူ့လောကမှာ ကျွန်တော်နေထိုင် အသက်ရှင်ခဲ့ပြီး ပြီးဖြစ်ပါတယ်။ လူ့သက်တန်းကို ပျမ်းမျှခြင်း အသက် ၇၀ နဲ့တွက်ကြည့်ရင် လူတစ်ယောက်ဟာ ရက်ပေါင်း ၂၅၅၅၀ ရက်နေထိုင်ခွင့် ရှိမှာဖြစ်ပါတယ်။ အကယ်၍များသာ ကျွန်တော်သာဟာ အသက် ၇၀ အထိ လူ့လောကကြီးမှာ နေထိုင်ခွင့် ခဲ့မယ်ဆိုရင် ကျွန်တော့်အတွက် အသက်ရှင် နေထိုင်ဖို့ ၁၇၁၅၅ ရက်ကျန်ရှိဦးမှာ ဖြစ်ပါတယ်။
နှစ်တွေနဲ့ ပြောမယ်ဆိုရင် အသက် ၇၀လောက် အထိ နေထိုင်ခွင့်ရတယ်ဆိုတာ ကြာတယ်လို့ ထင်ရပေမယ့် ရက်အနေနဲ့ တွက်ကြည့်လိုက်တဲ့ အခါမှာ ကိုယ့်အတွက် သိပ်မကျန်တော့သလိုပဲ ခံစားရတယ်။
တစ်ရက်ကို ပိုက်ဆံ တစ်ကျပ်လို့ သဘောထားပြီး တွက်ကြည့်မယ်ဆိုရင် ကျွန်တော်ရဲ့ မှုလ ပိုင်ဆိုင်မှု ငွေကြေးဟာ နှစ်သောင်းခွဲကျော်ရှိခဲ့တယ်။ သုံးရင်းသုံးရင်းနဲ့ အခုဆိုရင် ငွေရှစ်ထောင်ကျော် ကိုသုံးခဲ့ပြီးပြီ။ ၀ယ်စရာတွေကလည်း အများကြီး ကျန်နေသေးတယ်။ သေချာတာတော့ ကျွန်တော့်မှာ နောက်ထပ် ၀င်ငွေမရှိတော့ဘူး။ ဒါကြောင့် ကျန်တဲ့ တစ်သောင်းခု နှစ်ထောင်ကျော်ကို ကိုယ့်အတွက် Save ဖြစ်အောင် ဘယ်လိုသုံးရမလဲ ဆိုတာ စဉ်းစားရတော့မယ်။ သေချာတာကတော့ ကျွန်တော့်အတွက် တကယ်လိုအပ်တဲ့ အရာတွေကိုပဲ ၀ယ်ရတော့မှာပေါ့။
တကယ်တော့ လူ့လောကကြီးကလည်း အကန့်အသတ်နဲ့ ရတဲ့ လစာလိုပဲ၊ လောကမှာ နေထိုင်ခွင့် အချိန်ဆိုတာ အကန့်အသတ်လေးနဲ့ ရခဲ့တာပေါ့။
လူ့တစ်ယောက်ရဲ့ အသက်ကို နှစ်နဲ့ တိုင်းတာတယ်။ နှစ်ဆိုတာ လ တွေနဲ့ဖွဲ့စည်းထားတာ။ လဆိုတာ ရက်တွေနဲ့ ဖွဲ့စည်းထားတာ။ ရက်ဆိုတာ နာရီတွေနဲ့ ဖွဲ့စည်းထားတာ။ နာရီတွေကို တစ်နည်းအားဖြင့် အချိန်လို့ ခေါ်တယ်။ ဒါကြောင့် အချိန်တွေကို ဖြုန်းတီးနေခြင်းဟာ အသက်တွေကို ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ။
အဲလို သိလိုက်တဲ့ အချိန်မှာ ကျွန်တော့်အသက်တွေ အများကြီး ဖြုန်းတီးခဲ့ပြီးပြီ..............
9 comments:
ကျွန်တော်က ပိုပြီး လက်ကျန် နည်းနေတယ် ... ကြိုးစားမှ တန်ကာကျမယ်ဗျာ ... ရက်တွေ ပြန်တွက်ကြည့်လိုက် ဦးမယ် ...
ဟက်ပီးဘတ်သ်ဒေး ... တူ ကိုစိုးဇေယျ ...
အားလုံး အဆင်ပြေပါစေ ညီလေးရေ ...
မွေးနေ့မှစလို့ နောင်နှစ်များစွာတိုင် ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါစေ စိုးဇေယျရေ ..။
Happy Birthday Soe Zeya! May you be healthy, wealthy and most importantly happy in life!
နှစ်ဆယ့်သုံး ဆိုတော့ အေးဆေးလေး ပွေးလို့ရသေးတယ်.. လုပ်ထား..ငါ့ကောင်ကြီး ။ ဟဲ ဟဲ နည်းနည်း နောက်ကျသွားတယ်. ကဲ ကဲ.. ဟက်ပီးဘတ်ဒေးဗျာ အသက် ခုနှစ်ရာ ရှည်ပါစေ.။ မိန်းမ ဆယ့်ငါးယောက်ရပါစေ..။ ကလေး နှစ်ဒါဇင် မွေးပါစေ..။
အမကတော့ အသက်ကို မေ့ထားတာကြာလှပေါ့.. ဒါပေမယ့် မွေးနေ့ရောက်ရင်တော့ ကိုစိုးဇေယျတွေးသလို မတွေးမိတာ အမှန်ပဲ.. အသက်ကြီးတဲ့ အမတို့က ပိုပြီး ကြိုးစားရတော့မယ်.. :)
Happy Birthday!
အချိန်တွေမဖြုန်းမိအောင် အိမ်ရှေ့မှာ နာရီစင်ကြီး လာဆောက်ပေးရမယ် :P ဟဲဟဲ
ဟက်ပီဘက်ဒေးပါ ဒါရိုက်တာ စိုးကြီးရေ :)
အတွေးအခေါ် အိုင်ဒီယာတွေကို တကယ်ခိုက်တယ် :)
ဟက်ပီဘက်ဒေးပါ ဒါရိုက်တာကြီးရေ. ဟိ
၂၃ နှစ်ဆိုတော့ ဒါရိုက်တာ ကြာကြာလုပ်ဖို့ အချိန်ရတာပေါ့ကွာ.. ဟဲဟဲ..
ပျော်ရွှင်ပါစေ ညီရေ..
Post a Comment