ဒါကတော့ ဖိုတိုရှော့နဲ့ ကျွန်တော် ဆွဲထားတဲ့ အရုပ်လေးပါ...........
သရဲလို ၀တ်ဆင်ထားတဲ့ မော်ဒယ် ကောင်မလေး တစ်ယောက်ပါ တော်ဝင်စင်တာမှာ ရိုက်လာတာ.........
ဒါကတော့ ဒီနေ့ ညပိုင်း တော်ဝင်စင်တာမှာ Halloween Night ကို ဆင်နွဲဖို့ ရောက်လာတဲ့ စုံတွဲပါ.....
Read
More...
Summary
only...
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မည့် လွှတ်လပ်ခြင်းနုပညာ ရုပ်ရှင်ပွဲတော်ကို လာမည့်နှစ် ဇန်န၀ါရီ တစ်ရက်နေ့မှ လေးရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်းရုပ်ပွဲတော်သို့ ကြာမြင့်ချိန် မိနှစ်သုံးဆက်ထက် မပိုသော မှတ်တမ်းရုပ်ရှင် ( Documentary Film) နှင့် ဇာတ်လမ်းတို ( Short Film) များကို ပေးပို့ ပြိုင်ပွဲဝင်နိုင်ကြောင်း သိရပြီ ဆုရရှိခဲ့ပါက ဆုတံဆိပ် ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေတို့ကို ရရှိဖြစ်သည်။
ပြိုင်ပွဲနောက်ဆုံးရက်မှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ၂၀၁၁။ ပြိုင်ပွဲဝင် ဒီဗီဒီ အခွေများကို အလင်းတန်း ဂျာနယ်နှင့် ရွှေအမြုတေ မဂ္ဂဇင်း အခန်း ၁၇ အမှတ် ၁၅၈ ပထမထပ် မဟာဗန္ဒုလ ပန်းခြံလမ်း ကျောက်တံမြို့နယ် ရန်ကုန်သို့ ပေးပို့ရမည် ဖြစ်ကြောင်းသိရသည်။
အသေးစိတ် သိရှိလိုပါက ပြိုင်ပွဲ အကဲဖြတ်အဖွဲ့ဝင်များဖြစ်သည့် ဒါရိုက်တာ မောင်သူရ ခေါ် ဇာဂနာ zaganar.2011@gmail.com နှင့် မင်းထင်ကိုကိုကြီး minhtinkokogyi@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်......
Read
More...
Summary
only...
A Photo-essay masterclass will happen at the French Institute (formerly Alliance Française) from November 16 to 23.
Emphasis
will be placed on professional standards required for gallery or photo
festival exhibition, newspapers, magazines and book publishing.
Designed for all those who have already developed a special interest
in photography, this week-long workshop will help you to expand your
skills by creating a photo-essay.
The best works will
participate to the Best Photo-essay Awards with 2000$ worth of prices
during the Yangon Photo Festival 2012 that will happen from January 23
to 28. The 2012 theme will be the Environment.
Register with Didi at 536 900 / 537 122 before November 11th.
Selection of the candidates will be on November 14-15th. Bring your
port-folio and your own ideas about subject matters for a photo essay.
Read
More...
Summary
only...
ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ရှင်းလင်းနေစဉ်......
မြို့တော်ခန်းမ ကားပါကင် ဆူးလေဘက်အခြမ်းမှာ ခြောက်ခွဲလောက်က ဗုံးတစ်လုံးကွဲတယ်။ ထပ်ရှာတော့ နှစ်လုံးထပ်တွေ့တယ်။ အဲဒီနှစ်လုံးကို သဲအိတ်တွေနဲ့ ကာပြီးတော့ သက်ဆိုင်ရာက ဖောက်ခွဲလိုက်တယ်။ လူအသေအပျောက် ထိခိုက်ဒါဏ်ရာ ရမှု မရှိပါဘူး.......
ပထမပေါက်ကွဲမှု ဖြစ်ချိန်ကနေ ကိုးနာရီခွဲ အထိ ဆူးလေး ဘုရားလမ်းနှင့် ဘားလမ်းကြားရှိ ဗန္ဒုလမ်းကို ပိတ်ထားခဲ့ပါတယ်။ ဗုံးကို သက်ဆိုင်က ရှင်းလင်းပြီးချိန် ညကိုးနာရီခွဲ အချိန်မှာ လမ်းကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒီဓာတ်ပုံကို လမ်းပြန်ဖွင့်ခါစမှာ ရိုက်လာခဲ့တာပါ။
မှတ်ချက်။ ။ အနီနားရှိ မျက်မြင်သက်သေများနှင့် လုံးခြုံရေးဝန်ထမ်း၏ ပြောပြချက်အရ သာဖြစ်ပါသည်.....
Read
More...
Summary
only...
Canon ကနေ EOS-1D X ကင်မရာကို လာမဲ့နှစ် March လကနေ စတင်ရောင်းချတော့မယ်လို့ ဒီနေ့ကြေငြာလိုက်ပါတယ်။ အခုထွက်မဲ့ အကင်မရာကတော့ 1D series ထဲကပါ။ ရောင်းဈေးကတော့ US of $6,800
1D series ဆိုတာ......
Canon ကင်မရာရဲ့ အမြင့်ဆုံး Series ပါ။ EOS 1D ကို ၂၀၀၁ ခုနှစ်မှာ စရောင်းခဲ့ပြီး 4 Mega pixel ပဲရှိပါတယ်။ ဒါပေမယ့် Digital Camera ခေတ်ဦးမှာတော့ အဲဒီကင်မရာက ဆရာပေါ့လေ။ သူ့နောက်မှာတော့ 1Ds(2002), 1D Mark II (2004), 1Ds Mark II (2004), 1D Mark II N (2005), 1D Mark III (2007), 1Ds Mark III (2007), 1D Mark IV (2009) တွေမှာ ဈေးကွက်တင် ရောင်းချခဲ့ပါတယ်။ အခုလာမယ့် 2012 မှာတော့ 1D X ဆိုပြီး ထုတ်လုပ်ရောင်းချတော့မှာပါ။
ဒါကတော့ 1DX ရဲ့ အသေးစိတ်အချက်အလက်တွေပါ။
Type |
Single-lens reflex |
Sensor |
36 mm × 24 mm CMOS |
Maximum resolution |
18.1 Megapixels |
Lens |
Interchangeable (EF) |
Shutter |
Electromechanical carbon fiber focal-plane shutter. Selectable electronic 1st curtain shutter. |
Shutter speed range |
1/8000 to 30 sec. (1/3-stop increments), bulb, X-sync at 1/250 sec. |
Exposure metering |
100,000 pixel RGB sensor, 0-20 EV, 252-zones |
Focus areas |
61 AF points |
Focus modes |
One-shot, AI Servo, Manual |
Continuous shooting |
14 fps JPEG with mirror locked up. 12 fps RAW, JPEG, RAW+JPEG. |
Viewfinder |
Optical pentaprism |
ASA/ISO range |
100–51,200 in 1/3 stops. Simulations of ISO 50, 102,400 and 204,800. |
Rear LCD monitor |
3.2 inch 1,040,000-dot LCD |
Storage |
Dual CompactFlash (Type I or Type II) |
Battery |
LP-E4N lithium-ion battery pack |
Made in |
Japan | | | |
Read
More...
Summary
only...
ဘေးဂျင်းမြို့ လမ်းဘေးတစ်နေရာမှာ တွေ့နေကျ သူတောင်းစားတစ်ယောက်ဟာ ထင်မှတ်မထားရလောက်အောင် ချမ်းသာနေတယ်လို့ Jiangxi Satellite TV စက်တင်ဘာလ သီတင်းတစ်ပုဒ်က ဆိုပါတယ်။
သူ့မှာ ကားလေးစီးနဲ့ ပိုင်ဆိုင်မှုပစ္စည်းတော်တော်များများ ရှိနေတယ်လို့ Jiangxi Satellite TV ကဆိုပါတယ်။
ယင်းသတင်းရဲ့ အဆိုရ သူဌေးသူတောင်းစားဟာ သူ၏ မိခင်၊ သားနှစ်ယောက်နှင့် အတူ တရုပ်နိုင်ငံရဲ့မြို့တော် ဘေကျင်းမြို့မှာ နေထိုင်ပါတယ်တဲ့။
မိခင်က ရွှေနဲ့ ကျောက်မျက်ရတနာတွေကို ၀တ်ဆင်ထားပြီး သားနှစ်ယောက်ကတော့ ဦးခေါင်းကနေ ခြေဖျားအထိ နာမည်ကြီး အသုံးအဆောင်တွေကို ၀တ်ဆင်ထားတယ်လို့ဆိုပါတယ်။ သူ့ဆီမှာ ပိုက်ဆံလာထည့်တဲ့ လူတွေထက် သူက ပိုပြီး ချမ်းသာတာ သေချာပါတယ်လို့ တီဗီက ဆက်ပြောပါတယ်။
သူ့ကိုတော့ Xidan ဒေသရဲ့ လမ်းတွေပေါ်မှာ လိုက်တောင်းနေတာကို မှာတွေ့ရပါလိမ့်မယ်တဲ့။ တရုပ်ပြည်က သူတောင်းစားမှ မဟုတ်ပါဘူး မြန်မာပြည်က သူတောင်းစားတွေကိုလည်း အထင်မသေးလိုက်ပါနဲ့။ ပြီးခဲ့တဲ့လပိုင်းက NLD ရုံးအရှေ့မှာတွေ့တဲ့ ကလေးတစ်ယောက်ကို မေးကြည့်လိုက်တာ တစ်နေ့ကို ခုနှစ်ထောင်လောက် ရတယ်တဲ့.... ကျွန်တော်တို့ လမ်းထဲက အဖိုးကြီးကတော့ တစ်သောင်းခွဲလောက်များ ရမလားမသိဘူး၊ ကျွန်တော် အကဲခတ်ကြည့်နေတာ သူ့ကို ထည့်တဲ့လူတွေက အနှိမ့်ဆုံး ငါးရာတစ်ထောင်ပဲ.......
Read
More...
Summary
only...
IPhone 4 အတွက် SLR lens Mount ပါ။
တန်ဖိုးကတော့၂၄၉ ဒေါ်လာပါ။ အခုလောလောဆယ်မှာတော့ Canon နဲ့ Nikon Lens
တွေအတွက်ထုတ်ထားတာပါ။ Nikon Lens Mount မှာတော့ Nikon ကင်မရာမှာ
တပ်လို့ရတဲ့ Lens အားလုံး တပ်လို့ရပါတယ်။ Canon Lens Mount မှာတော့ EF
Lens( အနီစက်) တွေပဲ တပ်လို့မှာဖြစ်ပြီး EFS (အဖြူစက်) ပါတဲ့ Lens တွေ
တပ်လို့ရမှာ မဟုတ်ပါဘူး။
Aperture
Lens
Aperture တစ်ခါတည်း တွဲပါတဲ့ Lens တွေသုံးမယ်ဆိုရင်တော့ Aperture ကို
ချိန်လို့ရမှာဖြစ်ပေမယ့်၊ နောက်ထွက်တဲ့ Lens တော်တော်များများမှာ Lens
Aperture မပါတော့ပါဘူး။ အဲဒီလို Lens မျိုးကို သုံးမယ်ဆိုရင်တော့ Lens
Aperture သုံးလို့ရတော့မှာ မဟုတ်ပါဘူး။
Focus
Focus
ကိုတော့ SLR Lens Mount က Auto မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် မြင်ရတဲ့
မြင်ကွင်းအတိုင်းကို IPhone မှာ ပါတဲ့ ကင်မရာက Auto Focus လုပ်နိုင်ပါတယ်။
ပိုပြီး Sharp ဖြစ်ဖို့ဆိုရင်တော့ Lens မှာ Manual ( ကိုယ့်လက်နဲ့ကိုယ်)
ချိန်ပေးဖို့ လိုပါလိမ့်မယ်။
ဒါကတော့ ရေဘ၀ဲ ခြေထောက်ပေါ်မှာ တင်ထားတဲ့ IPhone
50 MM ခေါ် ၅၀ မမ ခေါ် Normal Lens နဲ့ ရိုက်ထားတဲ့ အရုပ်ပါ
400 MM 5.6 နဲ့ တွဲထားတာပါ
Canon 50 mm 1.4 နဲ့ ရိုက်ထားတဲ့ စတော်ဘယ်ရီလေးတွေပါ
50mm Canon 1.4 ကို တပ်ပြနေတာပါ
24 ~ 70 Canon 2.8 နဲ့ တွဲထားတာပါ
400 mm Canon 5.6 ပါ
Canon 24 70, F 2.8 နဲ့
Canon 50mm 1.4 နဲ့ ရိုက်ထားတဲ့ အရုပ်ပါ..
Read
More...
Summary
only...