Art is My Life: လမင်းလို အချစ်

Saturday, January 03, 2009

လမင်းလို အချစ်

ပန်းတစ်ပွင့်ကပြောတယ်
သူပွင့်ဝေခဲ့တာ
သူ့ကိုမြတ်နိုးတွေ လိုရာကိုသုံးချဖို့တဲ့

ကြယ်လေးတွေကပြောတယ်
ညအချိန်မှာ သူတို့ထွက်လာတာဟာ
သူ့ချစ်သူကို လမ်းပြဖို့တဲ့

နေမင်းကပြောတယ်
အလင်းရောင်တွေဟာ
သူ့ကိုယ်သူမီးရှို့ပြီး အမှောင်ထဲမှာချစ်သူကိုရှာနေတာတဲ့

လမင်းကပြောတယ်
တစ်လမှတစ်ခါ သူပျောက်ပျောက်သွားတာ
သူ့ချစ်သူအလိုမရှိတဲ့အချိန်မှာ ချစ်သူ့ရဲ့အဝေးမှာပုန်းရှောင်ပေးတာပါတဲ့

ချစ်သူရယ် ..
နင်သုံးလိုရာသုံးဖို့
ငါ့အချစ်တွေကို ပန်းတစ်ပွင့်လိုနင့်ရင်ခွင်မှာပွင့်ပေးခဲ့တယ်။

ချစ်သူရယ် . .
နင့်အတွက်ရေးပေးခဲ့တဲ့စာလေးတွေက
ကြယ်လေးတွေလို နင့်ဘ၀ကိုလမ်းပြမယ်ခဲ့မယ်ထင်ပါတယ်။

ချစ်သူရယ်
ငါ့ဘ၀တစ်ခုလုံးကိုမြှတ်နှံပြီး နင်နဲ့နီးစပ်ဖို့ကြိုးစားတယ်
အခုချိန်မှာ ပိုင်ဆိုင်မှုဆိုတာဘာမှမရှိတော့ဘူး
မီးလောင်သွားသလိုပဲပေါ့

ချစ်သူရယ်
ငါ့ကိုမင်းအလိုမရှိတော့တဲ့ အခုလိုအချိန်မျိုးမှာ
လတစ်စင်းလို အမှောင်ထဲကိုတိုးဝင်ပြီးရှောင်ပေးပါ့မယ်
ငါ့ကိုလုံးဝ နင်မမြင်စေရဘူး

3 comments:

strike said...

ချစ်တာ ချစ်တာ ဘိုဖတ်တို့များ။

:P said...

ချစ်နိုင်သူတွေ ချစ်ကြပါ၊ ကြိုက်ကြပါ....

Myanmar News & Information Exchange said...

torrent ကောင်းမှု အကြောင်းပြုလို့ အခုပဲ ကြည့်ပြီးတယ်ဗျာ.... ရှုခင်းတွေ ရိုက်ချက်တွေ ကစ .. ဇတ်လမ်း အဆုံး ... good good.. tan q