ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အချစ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ အချစ်တွေရှိခဲ့တယ်
အဲဒီအချစ်တွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်
ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာနေရာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့ နန်းတော်ကြီးတစ်ခုရှိတယ်
အဲဒီနန်းတော်ကြီးကို အုပ်ချုပ်ပြီး
နင်က ဘုရင်မလုပ်ပေါ့
ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့အချစ်တွေကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် မျှော်လင့်ခြင်းတွေကို ငါပိုင်ဆိုင်တယ်
ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဂစ်တာအိုလေးပါ
သိပ်ပြီးအသုံးမ၀င်ဘူး
ကောင်မလေးရေ
ဂစ်တာအိုကထွက်လာတဲ့ သံစဉ်တွေကတော့
မျှော်လင့်ခြင်းတွေပေါ့
ကွဲရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး
ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဂစ်တာအိုလေးကိုတီးကြည့်ရင်း ထွက်လာတဲ့မျှော်လင့်ခြင်းတွေကိုခံစားရင်ခုန်ရင်း
ငါဆက်ပြီး အိပ်မက်တွေမက်နေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီးအဲဒီဂစ်တာလေးကိုမရိုက်ချိုးလိုက်ပါနဲ့နော်
ငါဆက်ပြီး အိပ်မက်တွေမက်ပါရစေ
6 comments:
ရည်းစား မရှိ သေးသူ၏ ညည်းချင်း (သီချင်း)
ဟီ..မမကေအိုအမ်က သူ့မှာချစ်ချစ်ရှိတယ်ဆိုပြီးး
ရေနစ်တဲ့သူ၊ ၀ါးကူလို့ထိုး။ မြေနိမ့်ရာလှံစိုက် မလုပ်ပါနဲ့
:)))) soe zeya မခံချင်စိတ်နဲ့ကြိုးစားပြလိုက်စမ်းဘာ..
ကြိုးစားတော့ပါဘူး.....
လက်မြောက်လိုက်ပြီ
အော် "အေးမြတ်မြတ်ကို အေးမြတ်မြတ်ကို" ကောင်းပါတယ်ဘိုဖက် go a head ဗျာ။လက်မမြှောက်နဲ့ဘိုဖက်။လိုအပ်ရင် ဘိုဖက်ရယ် ကိုယ်ကိုပြောစမ်းပါ အကူလွှတ်လိုက်ပါ့မယ်။
ကောင်မလေးရေ…
ငါ့မျက်နှာတွေပေါ်မှာ အမာရွတ်တွေကို ဖော်ပြမထားဘူး
ဒါပေမယ့် ငါ့ရင်ဘတ်ထဲမှာ ၀ဲတွေရှိခဲ့တယ်
အဲဒီ ၀ဲတွေကို
မျက်လုံးနဲ့ကြည့်ရုံနဲ့တော့ နင်မြင်မှာမဟုတ်ဘူး
ကူးစက်ခံစားကြည့်လိုက်ပါ နင်မြင်လာလိမ့်မယ်
ကောင်မလေးရေ ….
နင့်အတွက် လောကကြီးမှာ အိမ်သာလေးတစ်ခု ဖန်တီးမပေးနိုင်ဘူး
ဒါပေမယ့် ငါ့နှလုံးသားမှာတော့
အမှိုက်ပုံးကြီးတစ်ခုရှိတယ်
အဲဒီအမှိုက်ပုံးကြီးကို အုပ်ချုပ်ပြီး
နင်က မစင်မလုပ်ပေါ့
ကောင်မလေးရေ …
တကယ်တေ့ ငါကနင့်ရဲ့ နှာခေါင်းကို မပိုင်ဆိုင်ပါဘူး
ဒါပေမယ့် နှပ်ချေးတွေကို ငါပိုင်ဆိုင်တယ်
ကောင်မလေးရေ…
တကယ်တော့ငါ့ဘ၀က ဠင်းတအိုကြီးပါ
သိပ်ပြီးအသုံးမ၀င်ဘူး
ကောင်မလေးရေ
ဠင်းတအိုကထွက်လာတဲ့ သံစဉ်တွေကတော့
အညှီနံ့တွေပေါ့
စူးရှရှနဲ့ သိပ်ပြီးမပြီပြင်ဘူး
ကောင်မလေးရေ ….
နင့်အချစ်တွေကို ပိုင်ဆိုင်ခွင့်မရနိုင်တော့တဲ့ဒီဘ၀မှာ
အဲဒီဠင်းတရုပ်ကြီးကို မှန်ကြည့်ရင်း ထွက်လာတဲ့ ၀ဲတွေကိုခံစားကုတ်ဖဲ့ရင်း
ငါဆက်ပြီး ပုတ်ပွနေမယ်
မိန်းကလေးရယ် ကျေးဇူးပြုပြီး အဲဒီဠင်းတအိုကြီး ကိုရိုက်မောင်းမထုတ်ပါနဲ့နော်
ငါဆက်ပြီး လောက်သေတွေ စားပါရစေ။
Post a Comment