Art is My Life: Blogger Gossip ဂျာနယ် ထွက်ရှိမည်

Thursday, August 21, 2008

Blogger Gossip ဂျာနယ် ထွက်ရှိမည်

ရန်ကုန်အခြေစိုက် အလုပ်လက်မဲ့ ဘလော့ဂ်ကာများ ဦးဆောင်ကာ အလုပ်ပြုတ်လုပြုတ် ခါနီး ဘလော့ဂ်ကာများ ၀ိုင်းဝန်းပံ့ပိုးမှုဖြင့် Blogger Gossip အမည်ရှိ ဂျာနယ်ကြီး တစ်စောင်ကို ဘလော့ဂ်ဒေး အမှတ်တရ အဖြစ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သတင်း အတိအကျ ရရှိသည်။

ယင်းစာစောင်တွင် ကမ္ဘာအရပ်ရပ်မှ ဘလော့ဂ်ကာများ၏ အတင်းအဖျင်းနှင့် သတင်းအစုံလင်ကို ပါရှိမည်ဟု ရန်ကုန်အခြေစိုက် အလုပ်လက်မဲ့ ဘလော့ဂ်ကာ အသိုင်း ၀ိုင်းမှ သိရသည်။

ဒီစာစောင်မှာ ဘာတွေပါမလဲ ဆိုတော့ ဥပမာ ပြောမယ်ဗျာ တစ်ချို့ ဘလောဂ်ကာတွေက လူရှေ့သူရှေ့မှာ မင်နဲ့ မောင်းနဲ့ နေပြီး လူကွယ်ရာမှ ပေါက်ကရ လုပ်ကြရင်း လူမိသွားတဲ့ ဖြစ်ရပ် ဆန်းလေးတွေ အပါဝင် ထူးခြားတဲ့ နေချာလေးတွေ ကို ရေးသား ဖော်ပြ သွားမှာ ဖြစ်ပါတယ် ဟု ရန်ကုန် အခြေ စိုက် အလုပ်လက်မဲ့ ဘလော့ဂ်ကာ ဗလာဂေါက်က ပြောကြားလိုက်သည်။

သို့ဖြစ်သောကြောင့် မည်သူမဆို ဘလော့ဂ်ကာများ၏ အတင်းအဖျင်းများကို အလုပ်လက်မဲ့ ဥက္ကဌ ဇော်ဇော်မျိုးလွင် ခေါ် ဇော်ပိန်ခေါ် ဘလာဂေါက် ထံသို့ ဖြစ်စေ၊ ပင်ကူခေါ်၊ ကျူစီ ပင့်ဂိုး ခေါ် ပိန်ဂိုးခေါ် ပင့်ဂိုး ထံသို့ ဖြစ်စေ၊ ဘာညာ ခေါ် အစားပုတ်သော ဘလော့ဂ်ကာ မလေးထံသို့ ဖြစ်စေ စာမူများ ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

ထိုဂျာနယ်တွင် ပါဝင်သည့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်အချို့မှာ ....

  • အာရကေ ပြတ်နေသော ဘာညာ သူမ ဘလော့ဂ်ကို အပြီးသတ် ရောင်းထုတ်ရန် စီစဉ်နေ
  • လန်ဒန်ရောက် ဘလော့ဂ်ကာတစ်ယောက် စင်္ကာပူတွင် အိမ်တစ်လုံး အသည်းသန်ရှာ
  • ရည်းစားနှစ်ယောက်ကြား နားကားနေတဲ့ ကီးစိန်
  • ဘလာဂေါက် ဆိတ်သားချက်သည် ဒီရေနူး၏ မနူး၏

တို့ ဖြစ်ကြကြောင်း သိရသည်။

နောက်တိုး ခေါင်းစဉ်များ

  • မြန်မာဘလော့ဂ်များ နိုင်ငံဂုဏ်ဆောင် ဘေကျင်းအိုလံပစ်ပြိုင်ပွဲတွင် စံချိန်ချိုးရွေတံဆိပ်ဆုများရ( ဘီယာသောက် ပြိုင်ပွဲ၊ ၀ီစကီသောက်ပြိုင်ပွဲ၊ အစားသောက်ပြိုင်ပွဲ၊ ဖဲရိုက်ပြိုင်ပွဲ ..... )
  • တက်လော့ဟုန်းနှင့် မဟတ်တမ ဂန်ပြားကြီး နှစ်ယောက်တစ်ဝက် တေးစီးရီး ထုတ်ရန် ပြင်ဆင်
  • ပေါက်ကရရှစ်ဆယ် ခါးပိုက်နှိက်ကို ရိုက်သည့် လက်ဖြင့် သီသီလေးလို
  • မော်ဒယ်မင်းသားချော တိုလီ (ကာဗာတွင် ထည့်သွင်းပြီး စိတ်ဝင်စားဖွယ် ပုံစာထိုးထားသည်)
မှတ်ချက် ဆက်လက်တက်လာသော သတင်းခေါင်းစဉ်များကို အပ်ဒိတ်လုပ်ပေးသွားမည် ဖြစ်ကြောင်း


28 ရက်နေ့ ဖောင်ပိတ်မည် ဖြစ်သောကြောင့် စာမူများကို အမြန်ဆုံး ပေးပို့ ကြရန် နိုးဆော်အပ်ပါသည်

5 comments:

MELODYMAUNG said...

Gossip always only gossip
not true lay naw :P
Anyhow, I am eager to read it.
Keep it up, bro

Minn Yoon Thit said...

ကာဗာမော်ဒယ်လုပ်ချင်တယ် စိုးဇီယျရေ ဟတ်ဟတ်

MyMetro said...

ဂျာနယ်မြန်မြန်ထွက်ပါတော့ဗျို့

Han Thit Nyeim said...

စိုးဇေယျနှင့် သူခိုး၊ တစ္ဆေ၊ ဓားပြ တို့အကြောင်း ကိုရေးမယ်ဗျို့...။
ပါဝင်မှာတွေက...
ဟန်သစ်ငြိမ်၏ ဆရာစားချန် မျက်လှည့်သင်တန်း
ကိုသင်ကာ၏ သင်္ကြန် အရက်မူးဝေါ့မေ့သိုင်း
ကိုသခင်၏ ဘီယာကလပ်မှ လျှပ်တစ်ပြက် ဓာတ်ပုံသင်တန်း စတာ စတာတွေပဲဖြစ်တယ်။

ဟီ ဟိ...။

စိုးဇေယျထွန်း said...

ဟန်သစ်ငြိမ် ရန်ဖြစ်ချိန်တောင် မရှိဘူး။
ရေးမှာ ဖြင့်ရင် မြန်မြန်ရေး ကြတယ်ဗျာ