Art is My Life: ရှင်းလင်းချက်

Wednesday, August 27, 2008

ရှင်းလင်းချက်


၂၀၀၈ ခုနှစ် သြဂုတ် ၃၁ ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော Socializtion on Net နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်းကျင်း ပရန် အခြေအနေအရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။

အထက်ပါအချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြားအကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ် သူများ အနေနှင့် မည်သည့်ထုတ်ပြန်ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်းမရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲသတင်း အချက်အလက်များ နှင့် စပ်လျှဉ်း၍ တရားဝင် ပြောဆိုချက်များ ကို ပွဲဖြစ် မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောက်များတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောက်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင်ပြောဆိုချက်များဖြစ်ကြောင်းနှင့် အခြားသော ထင်မြင်ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။


ပွဲစီစဉ်သူများ

ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်

No comments: