Art is My Life: ဂျိုးဖြစ်သွားတဲ့ငါး

Sunday, August 31, 2008

ဂျိုးဖြစ်သွားတဲ့ငါး

အဲဒီနေ့က ကျွန်တော် ခရေတွေ အများကြီး ပွင့်နေတဲ့ လမ်းပေါ် ရောက်သွားတယ်။ အဲဒီလမ်းကို ဖြတ်လျှောက်တော့ ခရေတွေက တဖွဲဖွဲ ကြွေကျနေတယ်။ မြေပေါ်က ခရေတွေကို မ၀ံ့မရဲနဲ့ နင်းဖြတ်သွားတော့ အိမ်ကြီး တစ်လုံးရှေ့ကို ရောက်တယ်။ အဲဒီအိမ်ရှေ့မှာ ဗီးနပ်အရုပ် တစ်ရုပ်ကိုတွေ့တယ်။

အဲဒီဗီးနပ်ရုပ်ရှိတဲ့ အိမ်ထဲက မိန်းကလေး တစ်ယောက်ထွက်လာတယ်။ ပြီးတော့ပြောတယ် သူကံမကောင်းဘူးတဲ့။ ဘာဖြစ်လို့လဲ လို့မေးတော့ အိပ်မက်တွေ မကောင်းလို့တဲ့။

အဲဒီလိုနဲ့ ငါးဖမ်းဖို့ ကျွန်တော် ထွက်လာတယ်။ ငါးလေးကောင်မိတယ်။ အဲဒီငါးတွေက ကျွန်တော်အရပ်မှာတော့ ငါးဖမ်းမလို့ ခေါ်တယ်။ တစ်ချို့ကတော့ အဲဒီငါးတွေကို ငါးဖယ်အောင်းလို့ ခေါ်ကြတယ်။

ကျွန်တော် ဖမ်းမိထားတဲ့ ငါးလေးကောင်ကို ကြည့်တော့ တစ်ကောင်က ရှင်နေတယ်။ ကျွန်တော်က သနားလို့ ရေထဲကို ပြန်လွတ်ပေးတယ်။ ဒါပေမယ့် အဲဒီငါးက ကုန်းပေါ်ကို ပြန်တက်လာတယ်။ ပြီးတော့ ရေထဲကို ပြန်ဆင်းသွားတယ်။ ပြီးတော့ သစ်ပင်ပေါ်ကို ပျံတက်သွားတယ်။ ကျွန်တော် သစ်ပင်ပေါ်တက်သွားတဲ့ ငါးကို ဂရုမစိုက်အားသေးဘူး။ ကျန်နေသေးတဲ့ ငါးသုံးကောင်ကို အိမ်မှာ ချက်ပြုတ်ဖို့ စီစဉ်ရဦးမယ်။

ငါးသုံးကောင်ကို ကြိုးနဲ့သီပြီး ပြန်ဖို့လုပ်တော့ သစ်ပင်ပေါ်က ချိုးကူသံကိုကြားရတယ်။ မော့ကြည့်လိုက်တော့ စောစောက သစ်ပင်ပေါ် တက်သွာတဲ့ ငါးက ဂျိုးငှက်တစ်ကောင် ဖြစ်နေတယ်။

အဲလိုနဲ့ မနက်မိုးလင်းတော့ ချဲဒိုင်တစ်ယောက်ကို အသည်းသန် လိုက်ရှာမိတယ်။

No comments: