Art is My Life: Chat Room ပုံပြင်

Saturday, October 20, 2007

Chat Room ပုံပြင်

ဒါကတော့ နိုင်ငံတကာ သတင်းတစ်ခု မှ ဖတ်ဖူးတဲ့ အွန်လိုင်းက စတဲ့ ဖြစ်ရပ်မှန်လေးပါ BigGrinBigGrin
ကျွန်တော် ဟိုဇာတ်လမ်းကို ပြန်မရေးနိုင်ခင် သူငယ်ချင်းတွေ ဖတ်လို့ရအောင် တင်ထားပေးတာပေါ့ဗျာ .................

တစ်ခါတုန်းက
တခါတုန်းက ဆိုတာက အင်တာနက်တွေ ပေါ်ခါစကပေါ့ကွယ်
အဲဒီမှာ ရည်စားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်က ချက်ရွန်းဝင်တယ်ဆိုပဲ
ကျွန်တော်တို့လို နေမှာပေါ့လေ heehee

အဲလို နဲ့တစ်ရက်မှာ ချက်ရွန်းထဲကနေ ကောင်မလေး တစ်ယောက်နဲ့ တွေ့ကြပါလေရောတဲ့
အဲဒီခေတ်က ချက်ရွန်ကနေ အသံတွေ ဘလံတွေ မရသေးဘူးလေ
အဲဒါကြောင့် အီးမေးကိုသုံးပြီ အပြန်အလှန် ဆက်သွယ်ရတယ်ဆိုပဲ
တစ်ယောက်နဲ့ တစ်ယောက်ပုံလေးတွေပို့ ဘာလေးတွေပို့ပေါ့

ဒီလိုနဲ့ လေးငါးရက်လောက် ကြာလာတော့ သူတို့တွေ သမီးရည်းစားတွေ ဖြစ်သွားကြတယ်ဆိုပဲ ၊ အဲဒီမှာ လူပျိုကြီးခင်ဗျာ တစ်သက်မှာ တစ်ယောက်သာ ထားဖူးတဲ့ ရည်းစားလေးကို အပြင်မှာ မမြင်ဖူးပေမယ့် ပို့ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး စိတ်ကူးနဲ့ မျှော်မှန်းနေရပါတယ်တဲ့။

တစ်ခုသောညမှာ . . . .
လူပျိုကြီးနဲ့ သူ့ရဲ့ နယူးရည်းစားလေးတို့ ချက်တင်ထိုင်နေရာက ကောင်မလေးက စိတ်မထိန်းနိုင်တော့ဘူး အပြင်မှာ တွေ့ချင်တယ်လို့ပြောတယ်တဲ့။ လူပျိုကြီးကလည်း အတယ် လုံးဝကို မငြင်းဘူး သဘောတူလိုက်တယ်။ ကောင်မလေးက အခုချက်ခြင်းတွေ့ချင်တယ် အိမ်တံခါးဖွင့်ထားပါ ည၁၁ လောက်မှာ လူပျိုအိမ်ကို ကောင်မလေးေ၇ာက်အောင် လာခဲ့မယ်ပေါ့။
သူတို့နိုင်ငံ ယဉ်ကျေးမှုအရ ကောင်မလေးတစ်ယောက်က ညကြီး သန်းခေါင် ယေကျာင်္းလေးအိမ်ကို သွားတာ ဘယ်ဆန်းမှာလည်းနော် BigGrinBigGrin

အဲဒါကြောင့် ကောင်မလေးလာမယ်ဆိုလို့ လူပျိုကြီးက အိမ်တံခါးဖွင့်ပြီးစောင့်နေလေရဲ့
အဲဒီအချိန်မှာ စေ့ထားတဲ့ တံခါးပွင့်သွားတယ်
လူပျိုကြီးက အားရ၀မ်းသာနဲ့ တံခါးဆီပြေးအသွား

နောက်နေ့ မနက်လဲ ရောက်ရော လူပျိုကြီးခင်ဗျာ ရောင်ကိုင်းနေတဲ့ မျက်နှာနဲ့ အနုကြမ်းစီးခံရမှုအတွက် ရဲစခန်းကို သွားရပါလေေ၇ာတဲ့ ................

ကဲ ချက်ရွန်းဝင်တဲ့ ကိုကိုတွေ
လူပျိုကြီးလို အေ၇ာင်ဆောင်ပြီး အနုကြမ်းအစီးခံ၇မဲ့ ဘေးကိုလဲ သတိထားကြပါလို့ သတိပေးရင်း ............

2 comments:

နှင်းပွင့်ဖြူ said...

နာလည်း.. ချက်ရွမ်းမှာ အဲ့လို လူပျိုကြီးတွေကို ကြောက်တယ်.. ဟီးဟီး
အသက်ကြီးရင်လုံးဝချက်ဘူး...
ရှောင်လေ ဝေးဝေး ပဲ..
ကိုယ့်ရှုး ကိုယ်ပတ်မှာစိုးလို့
လူပျိုကြီးတွေ က အတင်းရော ဇွတ်ရောပဲ..
:run:

Layma said...

သတင်းထောက်လူပျိုကြီးများလဲ သတိထားနော်... ညကြီးအချိန်မတော်လာခဲ့မယ် ( သတင်းထူးပေးဖို့)ဆိုရင် ယုံနဲ့ နော်...။