ကောင်မလေး . . .
ငါ့ရဲ့အချစ်ကို သက်သေပြဖို့
ဓူဝံကြယ်ကို တောင်ဘက်အရပ်ရောက်အောင် ရွှေ့ပြနိုင်စွမ်းမရှိဘူး
ရာဇ၀င်တွေထဲမှာလို သမုဒ္ဒရာကို လက်ပစ်မကူးနိုင်ဘူး
အဲဒီအတွက် ငါ့ရဲ့အချစ်တွေကို အတုလို့များပြောမလားကွယ်
ကောင်မလေး . . .
မျက်မမြင်ဟာ အလင်းရောင်ကို မမြင်နိုင်ပေမယ့်
အလင်းရောင်က တကယ်ရှိပါတယ်
တချို့သောအရာတွေဟာ
လက်တွေ့မှာတကယ်ရှိနေပေမယ့်
သိပ္ပံပညာနဲ့ သက်သေမပြနိုင်သေးပါဘူး
ကောင်မလေး . . .
နယူတန်ဟာ ကမ္ဘာဆွဲအားကို သက်သေပြဖို့
ညပေါင်းများ အိပ်ပျက်ခဲ့တယ်
ပိုက်သာဂိုရက တြိဂံသီအိုရီကို သက်သေပြဖို့
နေ့စဉ်ရက်ဆက်ကြိုးစားခဲ့တယ်
ငါကတော့ နင့်ကိုချစ်ကြောင်း သက်သေပြဖို့
မနက်ပေါင်းများစွာ မိုးလင်းနေပြီ
ကောင်မလေး . . .
ရင်ခုန်သံတွေကြောင့် မြေကြီးတွေတုန်လှုပ်ပြီး
သစ်ရွက်တွေ ကြွေကုန်ပြီ
အဲဒီရင်ခုန်သံတွေက ငါ့ရင်ဘတ်ထဲက ထွက်သွားတာလေ
ကောင်မလေး . . .
နင့်အရှေ့မှာ သစ်ရွက်လေးတွေကြွေကျလာတာတွေ့ရင်
ငါ့ကို သတိရလိုက်ပါ
ကောင်မလေးရေ . . .
အဲဒါ ငါ့အချစ်ရဲ့ သက်သေပေါ့
4 comments:
hello
that is a good poem. I like that poem. Thank you.
Bye
see you
Nandar
ရင်ခုန်သံတွေကြောင့် မြေကြီးတွေတုန်လှုပ်ပြီး ... ဆိုတော့
ဆူနာမီလှုပ်တာ စိုးဇေယျကြောင့်ပဲ ဖြစ်ရမယ်။ ဟုတ်တယ်ဟုတ်။
အချစ် သက်သေတွေ ပြဖို့
ဂျာနယ်ကျော်ကြီးက ဒီရက်ပိုင်းမှာ
ပျောက်ချက်သားကောင်းနေတာကို..
ိပို့စ်တွေ မှန်မှန်တင်လေဟ.. အလေလျှောက်လိုက်မနေနဲ့
ဟီး ( ဆာမကြီးလေသံနဲ့ )
<( ^_^ )>
ကိုပီကေ ဟုတ်တယ် ရစ်ချက်တာ စကေးက 9.0 ဟဟ စတာပါ။
နန္ဒာ သဘောကျတယ်လို့ သိရလို့ ၀မ်းသာမိပါတယ်
မနှင်း ပျောက်တယ် ရေးမယ်ရေးမယ်
Post a Comment