Art is My Life: ငြင်းခုန်တိုင်းကားကောင်းရဲ့လား

Sunday, October 14, 2007

ငြင်းခုန်တိုင်းကားကောင်းရဲ့လား

ကျွန်တော် ငယ်ငယ်က အမေ ပြောပြသော ပုံပြင်များကို နားထောင်ရသည်။ ကျွန်တော်နား ထောင်သောပုံ ပြင်များထဲတွင် ဒေ၀ဒတ်ဆိုသော အမည်ကို ကြားပါများ၍ နားထဲစွဲလာသည်။ထို့ကြောင့် “ ဒေ၀ရဒတ် လုပ်ရပ်တွေ မှားနေရာက အမြင်မှန်တစ်ခု ရလာအောင် ဘုရား တရားဟောလို့ မရဘူးလား ” မရဘူးလားလို့ မေးကြည့်မိပါတယ်။

လွဲမှားတဲ့ အယူဝါဒရှိတဲ့ လူကို ထောင်ပေါင်းများသော ဘုရာတွေ ချွတ်ပေမယ့် မကျွတ်နိုင်ဘူးလို့ အမေက ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သိပ်နားမလည်ခဲ့ပါဘူး။

******************

တစ်ခါတုန်းက တရုပ်ပညာရှိကြီး ကွန်ဖြူးရှပ် မြို့အတွင်းသို့ ဖြတ်သွားခိုက်မှာ လမ်းဘေးမှာ ကစားနေတဲ့ ကလေးနှစ်ယောက်က ကွန်ဖြူရှပ်ကို တွေ့သွားတယ်။ ကွန်ဖြူရှပ်ကိုလဲ တွေ့ရော ကလေးနှစ်ယောက်က ပြေးလိုက်သွားပြီး ..........
“ ပညာရှိကြီး ရပ်ပါဦး ၊ မေးစရာလေး ရှိလို့ပါ ” လို့ပြောသတဲ့
အဲဒီမှာ ကွန်ဖြူရှပ်က ရပ်ပြီး ကလေးတွေကို မေးလိုလျှင်မေးဖို့ ပြောတယ်။ အဲဒီမှကလေးတွေက
“ နေဟာ ထွက်ခါစမှာ အကြီးကြီး ဖြစ်နေပြီး နေ့လည်ရောက်ရင် ဘာဖြစ်လို့ သေးသွားရတာလဲ” လို့ မေးတယ်တဲ့
အဲဒီမှာ ကွန်ဖြူရှပ်က ပြန်ပြောလိုက်တယ်
“ မနက်ခင်းမှာ နေဟာ ကမ္ဘာနဲ့ ပိုနီးလို့ အကြီးကြီး မြင်ရပြီး နေ့လည်ခင်းမှာ ဝေးသွားတဲ့ အတွက် သေးသေးလေး မြင်ရတာပါ” လို့ ပြန်ဖြေလိုက်တယ်တဲ့
အဲဒီတော့ ကလေးတွေက ကွဖြူရှပ်ကို မေးခွန်းပြန်မေးတယ်
“ နေဟာ ကမ္ဘာနဲ့နီးတဲ့ မနက်ပိုင်းမှာတော့ မပူပဲနဲ့ ကမ္ဘာနဲ့ သေးသွားတဲ့ နေ့ခင်းပိုင်းရောက်မှ ဘာဖြစ်လို့ ပိုပူရတာလဲ” လို့ ထပ်မေးတယ်
အဲဒီမှာ ကွန်ဖြူးရှပ်က ဘာမှ မဖြေနိုင်တော့ဘူး။ အဲဒီတော့ ကလေးတွေက အလကား ပညာရှိကြီးပါ ဘာမှလဲ အသုံးမကျပါဘူးလို့ ပြောတယ်။ ကွန်ဖြူးရှပ်က ဘာမှ ပြန်မပြောပဲ ထွက်လာခဲ့တယ် ။

******************

ကျွန်တော်နယ်မှာ နေတုန်းက စာပေ၀ါသနာပါတဲ့ သူငယ်ချင်း အချင်းချင်း ပေါင်းဖြစ်တယ်။ ကျွန်တော်တို့ အုပ်စုမှာ လူငါးယောက် လောက်ရှိတယ်။ အားလုံးက ဆယ်တန်းစားမေးပွဲလဲ ပြီးစ ဘာအလုပ်မှလည်း မရှိဆိုတော့ စာအုပ်ဆိုင်သွားလိုက် ငြင်းလိုက်ခုန်လိုက် ပေါ့။ ကျွန်တော် ကိုယ်တိုင်လည်း ငြင်းခုန်ရတာ ၀ါသနာပါသလို သူငယ်ချင်းတွေလဲ ငြင်းခုန်ရတာ ၀ါသနာပါကြတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ စာအုပ်ငှားဖတ်လိုက် ငြင်းလိုက်ခုန်လိုက်ပေါ့။

ဒါပေမယ့် အဲလို ငြင်းခုန်ကြတဲ့ထဲမှာ အများစုက အထောက်အထားနဲ့ ခိုင်ခိုင် မာမာငြင်းကြတယ်။ ကိုယ်အရင်က မှန်တယ်လို့ ထင်ထားတဲ့ အရာတစ်ခု မှားနေပါလို့ အထောက်ထားနဲ့ သိလိုက်ရင် လက်ခံကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ထဲက တစ်ယောက်ကတော့ ဘယ်လောက် အထောက်ထားတွေ ပြပြ။ ဘယ်လောက်မှန် နေပါစေ။ သူအရင် စွဲကိုင်ထားတဲ့ အရာတစ်ခုကလွဲရင် ဘာကိုမှ လက်မခံဘူး။ ဥပမာ ပြောရရင် ဟစ်တလာဟာ ဂျူးတွေကို လူမျိုးသုန်း လိုက်သတ်ခဲ့ပါတယ် ဆိုတာကို မဖြစ်နိုင်ဘူးလို့ ငြင်းတဲ့လူပေါ့။

ဟေ့ဒီမှာ သမိုင်း အထောက်ထားတွေရှိတယ် ရက်ကော့တွေရှိတယ်။ ဒါဟာ အစစ်မှန်ပဲလို့ပြောရင်။ ဟာမဖြစ်နိုင်ဘူး သမိုင်းဆို လိမ်ရေးလို့ ရတာပဲလို့ ငြင်းတဲ့လူစားမျိုးပေါ့။ အဲဒီလို ငြင်းကြရင်းနဲ့ သူက အများနဲ့ တစ်ယောက်။ ဒါပေမယ့် လုံးဝအလျော့မပေးဘူး သူအမှန်ပဲ။ အဲဒီမှာ သူငယ်ချင်း အချင်းချင်း ငြင်းကြရင်းနဲ့ ဆွဲထိုးကြမလို ရန်ဖြစ်ကြမလို ဖြစ်တာလဲ အကြိမ်ကြိမ်ပေါ့။

နောက်တော့ အားလုံးက သူ့နဲ့ တုပပြီး မငြင်းကြတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်ဖြစ်နေတာ အားလုံးလဲ သိနေတာပဲ။ အဲဒါကို မဖြစ်ပါလို့ ငြင်းနေမှတော့ အဲဒါကို အဖက်လုပ်ပြီး ဆက်ငြင်းနေရင် ဘာမှလဲ အကျိုးရှိမှာ မဟုတ်သလို စကားများရတာလဲ အလုပ်ပိုတယ်။ ဒီလိုနဲ့ ကြာလာတော့ သူဘာပြောပြော အားလုံးက မပြောပဲနဲ့ လွတ်ထားလိုက်ကြတော့တယ်။

သူငယ်ချင်းတွေ အားလုံးက တုပ မငြင်းချင်လို့ ပစ်ထားလိုက်တာကို သူ့ကိုသူ ဟုတ်လှပြီးဆိုပြီး စိတ်ကြီးဝင်နေလေရဲ့

တကယ်တော့ ကျွန်တော် ပတ်ဝန်း လူနေမှု အရ၊ လူဆိုတာ အမှားနှင့် မကင်းနိုင်ဆိုသလို အငြင်းနဲ့လည်း ကင်းနိုင်ကြသူများ မဟုတ်ကြပါ။ ကိုယ့်အဖွဲ့စည်း အတွက်သော်လည်ကောင်း ကိုယ့်ဘ၀အတွက်သော် လည်းကောင်း ကိုယ့်အယူအဆတစ်ခု တည်မြဲရေး အတွက်သော်လည်းကာင်း ငြင်းခုန်ကြရသည်။

ကျွန်တော် ငယ်စဉ်ကလည်း ငြင်းသည် အခုလည်း ငြင်းသည်။ ဒါပေမယ့် ငြင်းပုံခြင်းကား မတူတော့ပေ။ ငယ်စဉ်က ကိုယ်မှန်တယ် ထင်လျှင် အလျော့မပေးပဲ ရန်ပဲဖြစ်ရ ဖြစ်ရ ထပဲ လုံးရလုံး အလျော့ပေးသည်ဟူ မရှိ။ ယုခုအခါတွင် တချို့သော ကိစ္စများကို မငြင်းလိုတော့ပါ။ ဥပမာ အနေဖြင့် ပြောရလျှင် ဂျော့ဘုဘ် သည် တနင်္လာသား ဖြစ်သည် သောကြာသား ဖြစ်သည် အစရှိသဖြင့် ဘာနေ့သားဖြစ်သည်ကို သမိုင်းသုသေသီ တွေအတွက် ရေးပါလိမ့်မည် ကျွန်တော်တို့ သာမန်လူများအတွက် သူ့ဖာသာသူ သောကြာနဲ့ စနေစပ်ကြားမှာ မွေးတဲ့လူ ဖြစ်ဖြစ် ကျွန်တော်တို့ အတွက်အရေးမပါ။ ထိုကဲ့သို့သော ကိစ္စများတွင် အချိန်ကုန်ခံ လေကုန်ခံ ငြင်းနေပါက ဘာမှ အကျိုးထူးလာမည်ကား မဟုတ်။ စောစောက သူငယ်ချင်း ငြင်းသလို ဟစ်တလာဟာ ဂျူးတွေကို လူမျိုးတုန်း သတ်ဖြတ်ပါဆယ်ဆိုတာကို တကမ္ဘာလုံးကို သိနေတဲ့ ကစ္စကြီးတစ်ခုကို မဖြစ်နိုင်ဘူးလို့ ပြောသူတစ်ယောက်နဲ့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး မငြင်းချင်ပါ။ ဘာကြောင့်လဲ ဆိုတော့ မှန်တဲ့ အကြောင်းအရာ တစ်ခုကို ခေါင်းမာသူတစ်ယောက်နဲ့ ငြင်းခုန်ရခြင်းရခြင်းသည် မည်သို့မျှ အကျိုးထူး လာနိုင်မည် မဟုတ်ပါ။




3 comments:

ပီကေ said...

ငြင်းနိုင်တယ်ဆိုတာ လူငယ့်အားမာန်ပါ။ လူငယ့်အားမာန်ပိုရှိလေလေ အဲဒီလူဟာ ပိုငြင်းနိုင်လေလေပါပဲ။ ကိုယ့်ဖာသာကိုယ် ပြန်စဉ်းစားကြည့်ရင် အဖြေရနိုင်ပါတယ်။ ငယ်ငယ်တုန်းက ဘယ်လောက်ငြင်းခဲ့သလဲ။ အခုကော ဘယ်လောက်ထိငြင်းနေချင်သေးလဲ။ လူတွေက အသက်ကြီးလေ ငြင်းခုန်ချင်စိတ် လျှော့နည်းလာလေပါ။ ကိစ္စအတော်များများမှာ ငြင်းခုန်မနေချင်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုသိလိုက်ပါ၊ ငါ စိတ်ဓါတ်တွေ အိုဟောင်းနေပြီလို့။ ဒါပေမယ့် အတွေးတွေ အမြင်တွေ သစ်ဆန်းနေဖို့တော့ အရေးကြီးပါတယ်။ အဲဒါတွေလည်း အိုဟောင်းနေပြီဆိုရင်တော့ စောင့်စရာတစ်ခုပဲ ကျန်ပါတော့တယ်။
ငြင်းတာနဲ့ သိတာ တစ်ခြားစီလို့ထင်တယ်။ သိလို့ငြင်းတဲ့လူရှိမယ်။ မသိဘဲငြင်းတဲ့လူရှိမယ်။ မသိတာကို မသိစေချင်လို့ ငြင်းတဲ့လူရှိမယ်။ သိတာကို သိစေချင်လို့ ငြင်းတဲ့လူရှိမယ်။ မသိလို့ မငြင်းချင်တဲ့လူရှိသလို သိပေမယ့် မငြင်းချင်တဲ့လူ ရှိမယ်။ မသိလို့ သိနိုင်မယ့်လူနဲ့ ငြင်းတာရှိသလို သိလို့ မသိတဲ့လူနဲ့ ငြင်းတာလည်းရှိမယ်။ ငြင်းချင်လို့ကို ငြင်းတာဆိုတဲ့ လူတချို့ကလည်းရှိသဗျို့။ ဒါပေမယ့် မသိလို့ ငြင်းတဲ့လူက အများဆုံးပဲ။ ငြင်းနေရုံနဲ့ ဘာတွေပိုအကျိုးထူးနိုင်မှာမို့လဲ ဆိုတာ မသိကြလို့သာ ငြင်းနေကြတာမဟုတ်လား။ တစ်ခါတစ်လေမှာ ငြင်းတယ်ဆိုတဲ့အလုပ်က စဥ့်အိုးထဲ ခေါင်းထည့်ပြီး အော်နေသလိုပါပဲဗျာ။

Anonymous said...

ဟာ...........
စိတ်ညစ်တယ်။ ငြင်းတာတွေကြီးထပ်နေတာပဲ ကိုယ့်လူ။

Ngu Wah said...

if we are trying for the democracy, debate is essential.
i think,is it?