Art is My Life: အချစ်နှင့် ဘီယာ

Tuesday, December 05, 2006

အချစ်နှင့် ဘီယာ


လုံခြုံအောင် သိမ်းထားတဲ့ ငါ့နှလုံးသားကို
သော့အတုနဲ့မင်းဖွင့်လို့ယူသွားတယ်
မင်းတပ်မက်ချိန်တုန်းကတော့
ငါ့နှလုံးသားကို ပျားရည်ဆမ်း အနမ်းတွေလည်း ချွေခဲ့တယ်
အခုတော့လည်း
ငါ့နှလုံးသား အသံထွက်တွေမှန်လာဖို့
ဒဏ်ချက်တွေ သက်သာစေကြောင်း ဘီယာတွေပုံမှန် လောင်းနေရတယ်
တကယ်ဗျာ အချစ်ဆိုတာ ကျွန်တော့အတွက် ဘီယာတစ်ခွက် လောက်တောင် မချိုမြိန်ပါလား .. . . .

No comments: