Art is My Life

Saturday, February 10, 2007

Brain Drain လား Brain Gain လား


မထိုက်ရဲ့ ဒီပို့လေးကို ကြည့်ပြီး ကျွန်တော် ဒီပို့ကိုတင်ဖြစ်သွားတယ်

အကြမ်းဖျင်း အားဖြင့်ကြည့် မယ်ဆိုရင် မိမိနိုင်ငံက အကောင်းဆုံး ဦးနှောက်တွေ ပြည်ပကို ရောက်သွားတာကို ဦးနှေက်ယိုစီးမှု Brain Drain လို့ယူဆကြပါတယ်။ ဒီယူဆချက်ဟာ တစ်ကယ်မှန်ရဲ့ လား။နောက်ပိုင်းမှာတော့ ဒီဖြစ်စဉ်ကို Brain Drain လို့မယူဆတော့ပဲ ဦးနှောက်ပြန်စီးမှု Brain Gain လို့ပြောင်းလဲ လက်ခံလာကြပါပြီ။

အမိမြေနဲ့ ဝေးနေတဲ့ လူတစ်ယောက် တစ်နှစ်တစ်ခေါက် ပြန်လာမည်။ အနည်းဆုံးတော့ သူမိဘဆီကို ငွေပို့လိမ့်မည်။ သို့မဟုတ် သူတတ်ထားသော ပညာများကို တစ်နည်းနည်း ဖြင့်ဖြန့်ဝေနိုင်သည်။ နောက်ဆုံးမှာတော့ အဝေးတစ်နေရာကနေ အမိမြေကို ပြန်လည် ကျေးဇူးပြုနိုင်စရာ ရှိတယ်လို့ နိုင်ငံအတော်များများ လက်ခံလာကြပါပြီ။

မကင်ဆီသုသေသန အဖွဲ့ရဲ့ လေ့လာချက်ရ အမေရိကန်ရောက် အန္ဒိယနိုင်ငံသားများ၏ အခွန်တော် ထည့်ဝင်ငွေဟာ နှစ်စဉ် ဒေါ်လာ ၅၀၀ မီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အန္ဒိယနိုင်ငံရဲ့ Soft Ware လုပ်ငန်း အံ့မခန်းတိုးတက် လာတာဟာ အဝေးရောက် အန္ဒိယ ပညာရှင်များ ရဲ့ ပါဝင်စွမ်းဆောာင် ချက်များ ကြောင့်လို့ဆိုပါတယ်။ အန္ဒိယနိုင်ငံ ရဲ့ FDI နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုတ်နှံမူ၏ ၁၆ ရာခိုင်နှုန်းဟာ အဆိုပါ အဝေးရောက် များနှင့် ဆက်နွယ်ရရှိတာဖြစ်ပါတယ်။

တရုပ်ပြည်မှာ ဆိုရင်လည်း FDI ၆၀ ရာခိုင်နှုန်းဟာ ပင်လယ်ရပ်ခြား တရုပ်အမျိုးသားတွေနဲ့ ဆက်စပ်နေပါတယ်။ 9/11 အရေးအခင်း အပြီးမှာ အမေရိကန်က ဗီဇာကန့်သတ်လိုက်တဲ့ အတွက် ပြည်တော်ပြန် တရုပ်တွေမှာ နည်းပညာသစ်များနှင့် အိုင်ဒီယာသစ်များ ပါလာကြပါတယ်။ အခုဆိုလျှင် တရုပ်နိုင်ငံရဲ့ ပြည်တော်ပြန် အရေအတွက်ဟာ နှစ်စဉ် ၁၃ ရာခိုင်နှုန်းမှန်မှန် တက်နေပါပြီ။

သွားတိုင်းလဲ ဦးနှောက်ယိုစီး တယ်လို့ပြောလို့မရပါဘူး။ နီပေါနိုင်ငံ GDP ရဲ့ ၂၅ ရခိုင်နှုန်းကျော်ဟာ ပြည်ပရောက် အလုပ်သမားတွေ ဆီကရတာပါ။


ဆိုလိုတာကတော့ အိမ်လေးတစ်လုံး နေရာလေးတစ်ခု တွင်းလေးတစ်တွင်းမှာတော့ ဘယ်တော့မှ ပြည့်စုံတယ်ဆို တာရှိမှာ မဟုတ်ပါဘူး။ မြန်မာက လူတွေ ဂျပန်ကို အိမ်မက်နေချိန်မှာ ဂျပန်က အင်ဂျင်နီယာတွေ တရုပ်က စက်ရုံတွေကို သွားနေကြတယ်။ တရုပ်ကလူတွေလဲ အမေရိကကို သွားကြတယ်။ အဲလိုသွားကြတာဟာ နိုင်ငံနဲ့ လူမျိုးကို မုန်းလို့မဟုတ်သလို ။ ကိုယ်သွားမဲ့နိုင်ငံကို ချစ်လို့လဲမဟုတ်ကြပါဘူး။

ကိုးကား။ ။ ကျော်ဝင်း ၏ ဂလိုဘယ်လိုက်ဇေးရှင်း ခေါင်းနှင့်ပန်း




Read More...

တောင်တက် သမားရဲ့ သင်ခန်းစာ

တစ်ခါတုန်းက

အိန္ဒိယနိုင်ငံက ကုန်သည် လေးရောက်ဟာ သရေခေတ္တရာနဲ့ ကုန်သွယ်ဖို့ရာတွက် ၀န်စည်စလွယ် ကို စည်ယူဆောင်ကာ ခရီးဆက်ခဲ့ ကြတယ်တဲ့။ ဒီလိုနဲ့ ခရီးဆက်လာရာမှာ လမ်းခရီးတစ်နေရာ ရောက်တော့ သူတို့ရဲ့ အရှေ့မှာ မြင့်မှာရှည်လျှားတဲ့ တောင်တန်းပြာကြီး တစ်ခုက ကာဆီးလို့နေပါတယ်တဲ့။ အဲဒီတောင်တန်းကြီးရဲ့ အမည်ကတော့ ဟိမ၀န္တာ လို့အမည်ရ တယ်တဲ့။

တောင်တန်းကြီးကိုလည်း တွေ့ရော ပထမကုန်သည်က လာလမ်းအတိုင်း လည့်ပြန်သွားတယ်တဲ့

ဒုတိယကုန်သည်က သွားမဲ့လမ်းမှာ ဒီလိုတောင်တန်း ကြီးမျိုးမရှိသင့်ဘူး၊ ဖြေင့်ဖြူးနေတဲ့ လမ်းတစ်ခုသာ ဖြစ်သင့်တယ်။ မိုးနတ်မင်း အနေနဲ့ ဒီတောင်တန်း ကြီးကို အမြန်ဆုံးဖယ်ရှား သင့်တယ် လို့ မည်တွန်ပြောဆိုကာ ခိုတစ်ကောင်လို ထိုင်ငြီးလိုက်။ စိတ်ပျက်စွာ ဟစ်အော်လိုက်နဲ့ တောင်ကြီးကို ဆဲရေးတိုင်းထွာ နေလေသတဲ့။

တတိယကုန်သည် ကတော့ သူမှာရှိတဲ့ အင်အားလေးနဲ့ တောင်ကြီးကို ဖြိုဖျက်ပစ်ဖို့ရာ အစွမ်းထုပ်ပြီးနေရှာတယ်တဲ့လေ

မိတ်ဆွေ ခင်ဗျား သွားမဲ့ လမ်းခရီးမှာ တောင်တစ်လုံး ခံနေတယ်။ သာယာဖြောင့် ဖြူးစွာ သွားရမဲ့ လမ်းခရီးတစ် ခုမှာ တောင်တစ်လုံး ခံနေတယ် ဆိုတော့ သင့်အတွက် အနည်းနဲ့ အများ အခက်အခဲ ဖြစ်နေမှာတော့ အမှန်ပါ။

မိတ်ဆွေ သင်ဘာဆက်လုပ်မှာလည်း

ကြီးမားလှတဲ့ တောင်ကြီးကို စိတ်ပျက် အားငယ်စွာ ငေးကြည့်ရင်း သင့်ဘ၀ရဲ့ နောက်ဆုံးနေ့ ရက်တွေကို ကုန်ဆုံးစေမှာလား

အိမ်နီးချင်း တိုင်းပြည်တွေက အောင်မြင်မူ ခရီးလမ်းကို သာယာစွာ သွားနေရချိန်မှာ ငါတို့ ခရီးမှာ ဒီတောင်ကြီး ကန့်ကန့် လန့်လန့် ဖြစ်နေတယ် ဆိုပြီး လက်ညိုး ငှောက်ငှောက် ထိုးကာ အော်ဆဲနေမလား

ဒါမှ မဟုတ်လဲ ဒီတော်ကြီးကို အပြတ် ဖြိုမယ်ဆိုတဲ့ စိတ်ဓတ်နဲ့ သင့်ရဲ့ အင်အားနဲ့ အချိန်တွေကို ကုန်ဆုံးစေမှာလား

မိတ်ဆွေ သင့်ရဲ့ အယူ အဆကဘာလဲ

စတုတ္ထမြောက် ကုန်သည်ကတော့ တောင်တန်းကြီးကို ဆဲလည်းမဆဲ။ ဖြိုလည်းမဖြို။ တောင်တန်းကြီးကို အန္ဒရယ် အကင်းဆုံးနဲ့ အမြန်းဆုံး ဖြတ်ကျော်သွားနိုင်မဲ့ လမ်းကြောင်းကိုပဲ ရွှေးနေတယ်တဲ့။ နောက်ဆုံးမှာ စတုတ္ထကုန်သည်ဟာ လမ်းကြောင်း ရှာတွေ့သွားပြီး တောင်တန်းကြီးကို ကျော်ဖြတ်နိုင်ခဲ့ တယ်တဲ့လေ။

စတုတ္ထမြောက် ကုန်သည်ပြောသွားတာက

တောင်ကြီးကို ကြည့်ပြီး စိတ်ပျက်စွာ ငေးငိုင်နေရင် အောင်မြင်မူ ဆိုတာ တစ်သက်သာရ ဖို့ဝေးသွားပြီ

တောင်ကြီးကို လက်ညိုးထိုးပြီး ထိုင်ဆဲနေလို့ကတော့ တုပ်တုပ်မျတောင် ရွှေ့မှာ မဟုတ်ဘူး

တောင်ကြီးကို ဖြိုမယ်။ ဟုတ်ပြီ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်ဆီမှ ရှိတဲ့ အင်အား နဲ့ တောင်ရဲ့ အရွယ်စား မျှတမှု ရှိရဲ့ လား။ ကို့ရဲ့အင်အားက ဆန်တစ်အိပ်တောင် အနိုင်နိုင် မ နေရချိန်မှာ အုပ်နံလောက် မှာကြောတဲ့ တောင်ကြီးကို ခေါင်းနဲ့ သွားတိုက်ရင် မိုက်မဲရာရောက်တာပေါ့။

တကယ်တော့ဗျာ ကိုယ်သွားမဲ့ လမ်းကြောင်းကို ပိတ်ဆို့နေတဲ့ တောင်ကို ဖြိုနိုင်မှ ကိုယ်လိုရာ ခရီးကိုရောက်တာ မဟုတ်ပါဘူး။ ဒီတောင်ကို ကျော်တက်ပြီး သွားရင်လည်း ကိုလိုချင်တဲ့ နေရာကို ရောက်ပါတယ်။

Read More...

yangon DocToR

ကျွန်တော် ဘလော့က ပြန်သုံးလို့ရနေပြီ ဒါပေမဲ့ Post အသစ်တွေ မရေးဖြစ်သေး ဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တောက နာစီးချောင်းဆိုး ဖြစ်နေလို့ပါ။ သူငယ်ချင်းတွေကတော့ ပြောကြပါတယ်။ မင်းချောင်းဆိုးတာ သုံးပတ်ကျော်နေပြီ DOTS ကိုသွားပြဦးတဲ့။ တစ်ယောက်ကလည်း QC မှာသွေးလေး ဘာလေးသွား စစ်ဦးတဲ့။

ကဲကျွန်တော့ကို သူငယ်ချင်းတွေ ဘယ်လောက်ခင် လည်းဆိုတာ ကြည့်ပေတာ့။

ဘာဘဲဖြစ်ဖြစ်ဗျာ ကျွန်တော်နေထိုင်ရာ ဆိပ်ကမ်းသာလမ်းမကြီး မှာရှိတဲ့ ဆေးခန်း တစ်ခုကိုတော့ သွားပြဖြစ်တယ်ဆို ပါတော့

ဆေးခန်းထဲ ၀င်လိုက်တာနဲ့ ဘာမှ မလုပ်ရသေးဘူး၊ ဆေးခန်းမှတ် တမ်းစာအုပ်တစ် အုပ် ရောင်းလိုက်တယ် ၂၀၀ ကျပ်။

ဆရာဝန်နဲ့ တွေ့တော့ မင်းဘယ်လိုဖြစ်တာလဲတဲ့။ ချောင်ဆိုးတာ လို့လဲပြောလိုက်ရော လက်ကာပြပြီး အမဲရောင် ဆေးလုံးလေး ငါးလုံးကို တိုက်လိုက်တယ်။ OK ကောင်းသွား ပြီတဲ့။ ၃၀၀၀ ကျပ်။ တယ်တော် တဲ့ဆရာဝန်ပါလား။ နားကြပ် လည်းမလို ဘူးရောဂါ ဇစ်မြစ်ကို လည်းမေးစရာ မလိုဘူး ဆေးအမည်းရောင် အလုံးလေး ငါးလုံးတိုက် လိုက်တာနဲ့ ရောဂါ ပျောက်ပြီတဲ့။

ကဲ ဆရာဝန်ရေ နောက်သုံးရက်လောက် နေလို့ မှ ရောဂါ ပျောက်ရင်ပျောက်၊ မဟုတ်ရင်တော့ ခင်ဗျားရဲ့ ဆေးခန်း အပျောက်ပဲ

Read More...

Tuesday, February 06, 2007

ကျေးဇူတင်ရှိခြင်း


ကျွန်တော့ Blog Singin လုပ်ရာတွင် အကူညီပေးခဲ့သည့် ဘန်ကောက် မှ သူငယ်ချင်း တစ်ဦးကို အထူးပင် ကျေးဇူးတင် ရှိကြောင်း မှတ်တမ်းတင်ပါသည်

Read More...

ရက်စက်လိုက်တာ google ရယ်


၃ရက်လောက် ရွှာလယ်သွားတာပဲ
Gmail နဲ့ဝင်ရတော့ ငါတို့မြန်မာက နင်တို့ အမေရိကားလို ၀င်ချင်သလိုဝင် ထွက်ချင်သလို ထွက်လို့ရတာ မဟုတ်ဘူး

Read More...

Sunday, February 04, 2007

တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ ကြတာတွေဟာ . . . .

တစ်ချိန်တုန်းက အသက်သွေးတွေ စတေးပြီး တပ်မတော်ကြီးကို ဖွဲ့စည်းခဲ့တာ ဘယ်လိုရည် ရွယ်ချက်နဲ့ လဲ
ကျွန်တော် ထင်ပါတယ် အရှိန်ဝါကို သုံးပြီး လမ်းဘေးမှာ စီးကရက် ဖိုးတောင် ဖို့ ဖွဲ့စည်းခဲ့တာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်ဗျာ
ကျွန်တော်က အင်တီ သမားမဟုတ်သလို ပရိုသမားလည်း မဟုတ်ပါဘူး။ ဒါကတော့ မျက်စိထဲ မှာ အမြင်တော်လွန်း လို့ ပြောတာပါ။
ဖြစ်ပုံကတော့ ဒီလိုဗျာ။ လွန်ခဲ့တဲ့ လတုန်းက မန္တလေး သွားခဲ့တယ်။ အသွားကတော့ ကျွန်တော့ထက် အသက်ကြီး ပုံရတဲ့ ဂျပန် အထက်တန်းတွဲ (မှတ်ချက် ကျွန်တော် တို့ နိုင်ငံမှာ အကောင်းဆုံးတွဲ ဖြစ်ကြောင်း အာမခံသည်) ရထားကြီးနဲ့ ပြသနာ မရှိဘူးပေါ့ဗျာ။ ခြေထောက် တင်စရာ တန်းလေး ကျိုးနေတာတို့ ဆူဖာက တစ်ဘက်ချိုင့် နေလို့ တစ်လမ်းလုံး ခါးစောင်းပြီး စီးသွားရတာတို့ လောက်ကို တော့ ကြီးကြီး ကျယ်ကျယ် လုပ်ပြီး အပြစ် ပြောမနေနဲ့ တော့ဗျာ။ သဘော ထားသေးရာ ရောက်ပါတယ်။ ဗုဒ္ဓဘာသာ ၀င်တစ်ဦး ဖြစ်တာနဲ့ အညီ သီးခံမှပေါ့။ ပြီး တော့ သားသမီး ချင်းကိုယ်ချင်း စာရှာတယ်။ ညပိုင်း မှာ လူမြင်ရင် ရှက်တတ်တဲ့ ကောင်မလေး တွေပါရင် စီးရတာ စိတ်မချမ်းမသာ ဖြစ်မှာစိုး လို့ မီးမထွန်းပေးဘူး။ ထားလိုက်ပါ ဒါကတော့ ရထားအကြောင်းပေါ့။ အခုပြောမှာက . . .
အပြန်ခရီးမှာ . .
ကားနဲ့ပြန်ခဲ့တယ်။ လုံခြုံရေးတင်း ကြပ်တဲ့အနေနဲ့ ရန်ကုန်နဲ့ မန္တလေး ကြားမှာ စစ်ဆေးရေး ဂိတ်သုံးဂိတ်ရှိတယ်။ မန္တလေးကနေ စထွက်ရင် ၀မ်းတွင်းနဲ့ မိထ္ထီလာကြားမှာ တစ်ဂိတ် ရန်ကုန် အ၀င်နဲ့ အခြားနေရာ တစ်ခုမှာ တစ်ဂိတ်။ ဂိတ်တစ်ဂိတ် ရောက်ပြီ ဆိုတိုင်း သက်ကြီး ရွယ်အိုနဲ့ နာမကျန်း သူများ မှ အပ ကျန်ခရီးသည် များအားလုံး ကားပေါ်ကဆင်း၊ လမ်းလျှောက်ပြီး မှတ်ပုံတင် အစစ်ခံရတယ်။ စစ်ဆေးတာကို ကြိုဆို ထောက်ခံပါတယ် တိုင်းပြည် လုံခြုံရေး အတွက် လုပ်တာပဲလေ။ အေးမထောက်ခံ နိုင်တာက
ဝမ်းတွင်းနဲ့ မိတ္ထီလာ ကြားကဂိတ် မှာ စတွေ့ တော့တာပဲ။ ကျွန်တော်မှာ ၁၈ ပြည့် မှတ်ပုံတင် မရသေးဘူး။ မလုပ်လို့ မရတာမဟုတ် ဘူးနော်။ လုပ်ရဲ့ သားနဲ့ မရသေးတာ။ အဲဒါကို ၁၈ နှစ်ပြည့် မှတ်ပုံတင် မဟုတ်လို့ ဆိုပြီး အဲဒီဂိတ်က ရစ်တော့တာပဲ။ ကျွန်တော့ လိုလူမျိုးတွေ၊ ကျောင်းသား ကဒ် ကိုင်တဲ့လူတွေက ကားတစ်စီင်္း မှာ အနည်းဆုံး သုံးယောက် လောက်တော့ ပါတယ်။ဘယ်လို ရစ်လဲဆိုတော့
ငါတို့ ကိုအထက်က ညွှန်ကြားထားတယ် ဒီလို အသက် မပြည့် မှတ်ပုံတင် ကိုင်ဆောင် သူတွေကို စစ်ဆေးပြီး တွေ့ရှိရင် နောက်ကြောင်း ပြန်လွတ်ပါ ခရီးဆက်သွား ခွင့်မပေးပါ နဲ့တဲ့။ မင်းတို့ ကြောင့် တစ်ခြား ခရီးသည် တွေလည်း အချိန် ကြံ့ကြာမယ်။ ကားလက်မှတ် လည်းဆုံးရုံးမယ်။ လိုရာခရီးလည်း မရောက်ဘူး။ အဲလိုမဖြစ် ရအောင် ငါတို့ဘက်က သဘောထား ကြီးစွာနဲ့ လိုက်လျှောပေးမယ်။ နားလည်မှု အနေနဲ့ လန်ဒန် စီးကရက် တစ်ဘူး ၁၇၀၀ တစ်ဘူး ၀ယ်ပေးထားခဲ့ပါ။
အဲလိုပြော ပြီး ဘေးနားလေးက ( အရံသင့် ဖွင့်ထားတဲ့) ကွမ်းယာဆိုင် ပေါ်ကို မှတ်ပုံတင်တွေ၊ ကျောင်းသား ကဒ်တွေ လှမ်းပေလိုက်တယ်။ အဲဒီဆိုင် လေးကနေမှ ကိုယ့်မှတ်ပုံ တင်ကို ၁၇၀၀ နဲ့ ပြန်ရွှေးရတာ။ သူများတွေကတော့ ပိုက်ဆံနဲ့ ပြန်ရွှေးကြတယ်။ ကျွန်တော်ကတော့ သူတို့ ထဲက အကြီးလူ ( အနွေးထည်း ၀တ်ထား သောကြောင့် ဘာအဆင့်မှန်း မသိရပါ) ဆီသွားပြီး ဆိုင်ရာ ခလုပ်တွေ နှိပ်လိုက်တယ်။ သတင်းစာထဲက Clean Government အကြောင်း။ နေပြည်တော် တိုင်ကြားရန် ဖုန်းနံ ပါတ်တွေ အကြောင်း လဲပါတာပေါ့။ ဒီတော့ ပုဂ္ဂိုလ်က သူကိုယ်တိုင်ပဲ ကွမ်းယာဆိုင်က ကျွန်တော့ ရဲ့ မှတ်ပုံတင်ကို ယူပေးတယ်။ ကျွန်တော် ၁၇၀၀ ကိုပေးရမှာ နှမြောလို့ မဟုတ်ဘူး။ သက်သက်မဲ့ လူလယ်ကျတာကို မခံချင်လို့ပါ။ နောက်ဂိတ်တွေ ရောက်တော့လည်း ဒီလိုခလုပ်တွေ ဆက်နှိပ်ရဦး မယ်ထင်တာ၊ မဟုတ်ဘူးဗျ။ ကျန်တဲ့ ဂိတ်တွေက အေးဆေးပဲ။ လူကိုသေချာကြည့်တယ်။ မှတ်ပုံတင်ကို သေချာကြည့်တယ်။ ပြီးသွားရော။
ကျွန်တော် စဉ်းစားကြည့်တယ်။ အထက်ကညွှန် ကြားထားတာဆိုရင် ဂိတ်သုံးဂိတ်လုံး အတူတူ ဖြစ်ရမှာပေါ့။ တစ်ဂိတ် တည်းက ထူးထူးဆန်းဖြစ်တယ်။ ဒီတော့ ကျွန်တော် ထင်တာ မှန်သွားပြီး။ ၀မ်းတွင်းနဲ့ မိတ္ထီလာ ကြားက ဂိတ်က သက်သက် မဲ့ ညစ်တာ။
ရန်ကုန်ကို ပြန်ရောက်တော့ သေချာအောင် လ.၀.က ရုံးချုပ်နဲ့ နေပြည်တော် က ရုံးတစ်ချို့ကို ဖုန်းဆက်ကြည်တယ်။
၁၈ နှစ်ပြည့်မှတ် ပုံတင်မလုပ်ရသေး သူတွေကို ပြည်လည့်ခိုင်းရန် ညွှန်ကြား ထားခြင်းမရှိပါတဲ့။ လ.၀.က ရုံးက ပြောတာကတော့
၁၀ နှစ်ပြည့် မှတ်ပုံတင်သည်လည်း နိုင်ငံသား တစ်ဦးဖြစ်ကြောင်းကို တရားဝင် အသိမှတ်ပြုတဲ့ လက်မှတ် ဖြစ်တဲ့ အတွက်၊ အချို့တော့ ကန့်သန့် အကြောင်း ရာများကအပ၊ သာမန်ခရီးသွား လာခြင်းတွင် ၁၈ နှစ်ပြည့် မလှဲလှယ် ရသေးခြင်းနှင့် စပ်လျှင်း၍ ရစ်ပိုင်ခွင့်မရှိပါ။ အကယ်၍ ယင်းအပေါ်တွင် ပြသနာအကြောင်းပြ ငွေတောင် ခံလာပါက တိုင်ကြားနိုင်ပါသည်။ တဲ့ဗျာ
ကျွန်တော်ကတော့ မတိုင်တော့ပါဘူး သိအောင်တော့ ပြောလိုက်တယ်။ အဲဒီဂိတ်ကတော့ ၀မ်းတွင့်နဲ့ မတ္ထီလာ ကြားမှာပါလို့
ဒါနဲ့ မိတ်ဆွေ . . .
စေတနာနဲ့ ပြောလိုက်မယ်
မန္တလေးရန်ကုန် ခရီးသွားရင် ၁၈ နှစ်ပြည့် မှတ်ပုံတင်ယူသွား
တကယ် လို့မှ ၁၈ နှစ်ပြည့် မှတ်ပုံတင် ပါမသွားရင် ဂါထာတစ်ခု သင်ပေးလိုက်မယ်
၀၆၇ ၄ x x x x x လေးနဲ့ စပြီး အနောက်ထပ် တွေ့ကရာ ဂဏန်းငါးလုံး ပြောလိုက်
စကားလုံးတစ်ချို့ ကိုတော့ ဆီလျှော်အောင် ထပ်ပေါင်းလိုက်

Read More...

Friday, February 02, 2007

မှတ်တမ်းရုပ်ရှင် Mystic Ball နှင့် မူပိုင်ခွင့်





Mystic Ball လျှို့ဝှက်သော ဘောလုံး လို့အမည်ရတဲ့ မှတ်တမ်းရှပ်ရှင်ကား ကတော့ မြန်မာ့ရိုးရာ ခြင်းလုံး အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီ Mystic Ball မှတ်တမ်းရုပ်ရှင်ကို ကမ္ဘာကသိခဲ့ပေမယ့် နောက်ကွယ်က လူသိနည်းသေးတဲ့ ဖြစ်ရပ်လေးတစ်ခုကို ပြောပြသွားမှာပါ။
Mystic Ball အကြောင်းမသိသေးရင် ဒီ ဘလော့တွေမှာ ဖတ်လို့ရပါတယ် 1 2 3

Mystic Ball ဇတ်လမ်းရဲ့နောက်ခံ တီလုံးက မြန်မာဆိုင်းဆရာ စိန်ဗိုလ်တင့်ရဲ့ ရောင်တော်ဖွင့် ကိုအသုံးပြု ထားတာပါ။ အသုံးပြုမည့် အကြောင်းကို ကွယ်လွန်သူ ဆရာစိန်ဗိုလ်တင့်ရဲ့ မူပိုင်ခွင့် ဆက်ခံပိုင်ခွင့်ရှိသူ ထံမှာ အကြောင်းကြား အသိပေးခြင်း မရှိဘူးလို့ သူရဲ့ဇနီး ကပြောပါတယ်။
ဒီနေရာမှာ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ပြောရရင်၊ WIPO ( World Intellectual Property Organization ) ကပြဌန်းချက်အရ အနုပညာ လက်ရာတစ်ခုကို ဖန်တီးသူ ကွယ်လွန်ပြီး နှစ် ၅၀ ကနေ နှစ် ၇၀ အထိ အမွေဆက်ခံသူက ပိုင်ပါတယ်။ မြန်မာနိုင်ငံမှာ Copy Right ဥပဒေ ရယ်လို့ သီခြားပြဌန်းရခြင်း မရှိပေမယ့် အနုပညာနှင့် ပတ်သက်၍ ဖန်တီးသူ ကွယ်လွန်ပြီး နှစ် ၅၀ အထိ မူပိုင်ခွင့်ကို ပိုင်ဆိုင်ခွင့် ရှိတယ်ဆိုတာ ပြဌန်းထား ပြီးဖြစ်ပါတယ်။
မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ပါက ချိုးဖောက်သည့် ပမာဏပေါ်မှာ မူတည်ပြီး လျှော်ကြေးငွေပေး ဆောင်ရပါတယ်။ WIPO ၏ ပြဌန်းချက် အရ စီးပွားရေး အလို့ငှာ နိုင်ငံတကာသို့ ဖြန့်ချိ ပြသ ရောင်းချခြင်းဖြစ်ပါက $ ငါးထောင် မှ တစ်သောင်းကြား လျှော်ရမှာ ဖြစ်ပါတယ်။

Mystic Ball ဟာနိုင်ငံတကာ ရုပ်ရှင်ပွဲတော် များဖြစ်တဲ့

- Vancouver International ရုပ်ရှင်ပွဲတော် (စက်တင်ဘာ - နိုဝင်ဘာ 2006)
- မဲလ်ဘုန်း အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် ( ဂျူလှိုင် - သြောဂုတ် 2006)
- BRITDOC ပွဲတော် အောက်စဖို့ ၊ ယူကေ ( ဂျူလှိုင် 2006)
- Academy of Canadian Cinema and Television ( တိုရန်တို ကနေဒါ July 2006)
- Hot DOCS International Documentary Flim Festival World Premier ( တိုရန်တို ကနေဒါ May 2006)
တွေမှာပြသခဲ့ပြီး
- Vancouver International ရုပ်ရှင်ပွဲတော် မှာ Auience Award For Best Candion Feature Film ဆု
- Hot DOCS International Documentary Flim Festival World Premie မှာ Special Jury Award For Best Candian Feature & 2nd Place Audience Award ဆု
- Academy of Canadian Cinema and Television မှာ Critic’s Choice ဆု
အပါအ၀င် အခြား ရုပ်ရှင်ပွဲတော် တစ်ခုမှာ အကောင်းဆုံး ဆုကို ရရှိထားခဲ့ပြီး ဖြစ်ပါတယ်

ဒါကြောင့် ဆိုင်းဆရာ စိန်ဗိုလ်တင့် ရဲ့ ဇနီးဖြစ်သူ ဒေါ်စန်းပွင့် က လျှော်ကြေးငွေ တောင်းခံခဲ့ရာ မှာ ထိုင်းနိုင်ငံ အခြေစိုက် ကိုယ်စလှယ် တစ်ဦးတစ်ဦး ဖြစ်သူ Mr. Greg Hamition ကနေတစ်ဆင့် ဒေါ်လာ ၃၀၀ ပေးမယ့် အကြောင်း ကမ်းလှမ်း လာတယ်လို့ ဆိုပါတယ်။
Mr. Greg Hamition အနေဖြင့် ဆရာစိန်ဗိုလ်တင့်ရဲ့ ရောင်တော်ဖွင့် ဂီသသံစဉ် အားလုံးကို ဒေါ်လာ ၃၀၀ နှင့် အပြီးပြတ် လွဲပြောင်းပေးအပ် သည့်အချက်များပါတဲ့ စာချုပ်တစ်ခုကိုပါ ယူဆောင်လာ တယ်လို့ဆိုပါတယ်။ ဆိုလိုတာကတော့ ရောင်တော်ဖွင့် သံစဉ်အားလုံးကို ဒေါ်လာသုံးရာနဲ့ အပြတ်ဝယ်လိုက်ပြီ နောက်ထပ် ဇတ်လမ်းတွေမှာ သုံးချင်သုံးမယ် ၀ယ်မဲ့လူရှိရင် ရောင်းမယ် ဒီသံစဉ်တွေ မင်းတို့ မပိုင်တော့ဘူး ဆိုတဲ့ သဘောပါပဲ။
ဒါ့ကြောင့် ဆရာစိန်ဗိုလ်တင့်ရဲ့ ဇနီးက လက်မခံပဲ ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။ ရုပ်ရှင်ထုပ်လုပ် သူဟာ အမေရိကန် နယူးယောက် အခြေစိုက်ဖြစ်တဲ့ အတွက် အမေရိကန် ဂီတအသင်း နဲ့ Stamford မြို့မှာရှိတဲ့ Law Firm တစ်ခုတို့ ကို မြန်မာနိုင်ငံ တရားရုံးချုပ် ရှေ့နေတစ်ဦး ဆီကတစ်ဆင့် မှုပိုင်ခွင့် ချိုးဖောက်မူ အတွက် အကူညီ တောင်းခံစာများ ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ အခြေအနေ အထိကတော့ အကြောင်း မပြန်သေး ဘူးလို့ ဆိုပါတယ်။

Read More...

Thursday, February 01, 2007

တစ္ဆေခြောက်ခြင်း

မြန်မာပြည်မှာ သရဲ တစ္ဆော စာအုပ် ဗီဒီယိုတွေ ခောတ်စားနေတုန်း ကိုယ့်တွေ့ ဖြစ်ရပ် မှန်အတွေ့ကြုံလေးကို ဖောက်သည်ချလိုက်တယ်

မိတ်ဆွေ ခင်ဗျားဘ၀မှာ တစ္ဆေခြောက်တာကို ကြုံတွေ့ဖူးလား၊ ကြုံတွေဖူးခဲ့ရင် ခင်ဗျားတော်တော် ကြောက်သွားလား တစ္ဆေတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်နေတုန်းမှာ ခင်ဗျားဘာတွေလုပ်ခဲ့လဲ။
ဒါမမဟုတ်ရင် တစ္ဆေဆိုတာ ကိုမတွေ့ဘူးသေးရင်၊ တစ္ဆဆိုတာကို အပြင်မှာ မရှိဘူးလို့ တစ်ထစ်ချ ယုံကြည် ထားတယ်ဆိုရင် . . . .
တကယ်လို့များ ခင်ဗျားနဲ့ တစ္ဆေ အပြင်မှာ တွေ့ခဲ့ရင် ခင်ဗျားဘာလုပ်မလဲ ….. .

အဲဒီအချိန်တုန်းက ကျွန်တော် ရန်ကုန်ကို မရောက်သေးဘူး၊ မှတ်မှတ်ရရ ပြောရရင် ဆယ်တန်း အောင်တဲ့နှစ်က ပေါ့ဗျာ။ အသက်က ၁၇ နှစ်ကျော်ကျော်။ တစ္ဆေဆိုတာကို လုံးဝမယုံဘူးဗျ။ ကိုယ့်ကိုယ်လဲ ဗိုလ်သင်တန်း လျှောက်ပြီး စစ်တိုက်မဲ့ အနာဂတ်ရဲ့ သူရဲကောင်းကြီး တစ်ယောက်လို့ ခံယူထားတယ်။ အဲလို လူငယ်ပီပီ တက်ကြွတဲ့ စိတ်ဓာတ်နဲ့ နီရဲနေတဲ့ သတ္တိသွေးတွေက သစ္ဆေတစ်ကောင် နဲ့ ပက်ပင်းတိုးမိချိန်မှာ တော့ . . . .

ဟဲ့ကောင်လေး နေစောင်းနေပြီ မပြန်နဲ့တော့ ဒီမှာညအိပ်

အဖွားကလဲ ရပါတယ်၊ ကျွန်တော် မကြောက်တတ်ပါဘူး၊ ဒီလမ်းလောက်က တော့အေးဆေးပါ

ကျွန်တော့ အဖွားရဲ့ ညီမ အဖွားလေး မိစီ ကျွန်တော့ ကိုအတန်တန်တား နေတဲ့ကြားက ဇွတ်ထွက် လာခဲ့တယ်။ အချိန်က နေ၀င်ရိုးရီ။ ကျွန်တော့် အိမ်က မြို့ထဲမှာ။ အခုရောက်နေတာက ကျွန်တော့ အဖေရဲ့ ဇာတိရွာလေး။ မြို့နဲ့ ဆိုရင် နှစ်နာရီ လောက်စက်ဘီး စီးရတယ်။ လမ်းမှာက သုသန် သုံးခုကိုဖြတ်ရတယ်။ တစ်ခုက ကျွန်တော်တို့ ကြို့ခုံရွာရဲ့ သုသန်၊ တစ်ခုက ဇီးခုံသုသန်၊ နောက်ဆုံးတစ်ခုက မြို့အ၀င်က မြို့သုသန်။ န.၀.တ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမောင် ရဲ့မိခင် အုပ်ဂူရှိတယ် ဆိုတဲ့ သင်္ချီုင်းပေါ့။ အဲဒီအထဲမှာ နာမည်ကြီးဆုံး သုသန်ကတော့ ဇီးခုံသုသန်။ ကျွန်တော် ကြားဖူး ထားသလောက် ပြန်ပြောပြရရင် နံနက် ဝေလီဝေလင်းမှာ ငါးသွားရောင်းတဲ့ ရွာတောင် ပိုင်းက ဒေါ်ခင်စန်း ကိုခဏရပ် ခိုင်းပြီး ငါးတွေ လက်နဲ့နိုက်စား တာတို့ ။ နွားလည်းတွေ အရှေ့မှာ လက်ကြီးနဲ့ ထွက်ထွက်တားတာ တို့။ နွားလည်းလမ်း မကြီးပေါ်မှာ နောက်ကြော ပေးပြီးကွမ်းအစ်ကြီး တစ်လုံးနဲ့ ကွမ်းထိုင် ယာနေတာတို့။ အဲလိုနည်းမျိုး စုံနဲ့ ခြောက်လှန့် တတ်တယ်ဆိုပဲ။
ဒါပေမယ့် ဒီသုသန်ရဲ့ သတင်းတွေက ငြိမ်ချက်သား ကောင်းနေတာ ကြာပြီ။ ကျွန်တော် သုံးတန်းနှစ်လောက် က တစ်ခြားတစ်နယ်က သားမက်တက် လိုက်လာတဲ့ ရွာလူကြီးရဲ့ သမက်ကို ခြောက်လို့ ၊ ရွာလူကြီးက သုသန် တစ်ကုန်းကို ငွေနှစ်ရာပေးပြီး သစ်ပင်မှန်သမျှ အကုန်သတ်ခိုင်းလိုက်တာ၊ အဲနောက်ပိုင်း သုသန်နှစ်ခုလုံး(မြို့ အ၀င်က သုသန်မပါ) ပြောင်သလင်း ခါသွားပြီး ချုံပင်တောင် မပေါက်နိုင်တော့ဘူး။
အခုကို တော်တော်လေး မှောင်နေပြီ၊ ကျွန်တော်က အခုမှ ရွာကထွက်ခါ စပဲရှိသေးတာ။ လဆုတ်ရက်လည်း ဖြစ်ပြန်ဆိုတော့ အလင်းရောင်က မုံတိမုံဝါးနဲ့။ နောက်ထပ် ၁၅ မိနစ်လောက် စက်ဘီးစီးလိုက်ရင် ကြို့ခုံ သုသန်ကို ရောက်ပြီ။ သုသန်ရှေ့ကိုရောက်တာနဲ့ ဘာမှမမြင်ရသလောက် နီးနီးမှောင်မှာနဲ့ ကွက်တိလောက်ပဲ။ ကြို့ခုံသုသန် နဲ့ ဇီးခုံသုသန်က ဘေးချင်းကပ်လျှက် အလယ်မှာ လှည်းလမ်းလေး တစ်ခုပဲခြားတယ်။ သူတို့နှစ်ခုက ဆက်သလောက် နီးနီးကပ်နေပေမယ့် ခြောက်တယ်လို့ နာမည်ထွက်တာက ဇီးခုံဘက်အခြမ်းက ကြို့ခုံဘက် အခြမ်းကတော့ ကျွန်တော့ တစ်သက်နဲ့ တစ်ကိုယ် ခြောက်တယ်လို့ မကြားမိသေးဘူး။
ဟောပြောရင်းဆိုရင်း သုသန်နားလေးတောင် ရောက်လာပြီ။ သွားနေကြ လာနေကြ လူမို့သာ ဒီလမ်းတွေကို အလွတ်ရနေလို့ ။ အလင်းရောင် မရှိ ဓာတ်မီးမရှိပဲ သွားနေကြမဟုတ်ရင် သွားလို့ရမှာမဟုတ်ဘူး။ လမ်းကတော်တော် မှောင်နေပြီ။ အမှောင်ထဲမှာ အကြောင်းတစ်ခုခုကြောင့် စက်ဘီးလဲသွားရင် သုသန်အရှေ့မှာ ဆိုတော့ မကောင်းဘူး။ ဖုတ်ဝင်တို့ ဘာတို့ဖြစ်တတ်တယ်။ ဘာပဲဖြစ်ဖြစ် သုသန်အရှေ့မှာ တော့စက်ဘီးကို ဆင်းတွန်းမှပဲ။
တောင်လေတိုးသံက နားထဲမှာ တရှီးရှီးနဲ့ကြားနေရတယ်။ လေတိုးလိုက်တိုင်း ရိမ်းနွဲ့နေတဲ့ လမ်းဘေးက မျက်ရိုင်းပင် ကြီးတွေရဲ့ အရိပ်က အမှောင် ထဲမှာပြေး တမ်းလိုက်တမ်း ကစားနေကြတဲ့ လူတွေလိုလို။ ဘာလိုလို။ အဲဒီလူတစ်ရပ် စာလောက် မျက်ရိုင်းပင် ကြီးတွေကိုကြည့်ရင်ွးက တစ်ချက် တစ်ချက် ကြောချမ်းချမ်းသွားတယ်။ နှစ်ဖာလုံလောက် အကွာကရထား တစ်စီးခုတ်မောင်းနေတာကို မြင်နေရတယ်။ နီးတာဝေတာ အသာထား ရထားလေးကို မြင်လိုက်တော့ နည်းနည်းတော့ အားရှိလာသလိုပဲ။ ရထားကလည်း တစ်ဖြေးဖြေးချင်း ဝေသွားပြီ။ ကျွန်တော် တွန်းနေတဲ့ စက်ဘီးကလည်း ကြို့ခုံ သုသန် ကိုလွန်လို့ သုသန်နှစ်ခုကြားက လှည်းလမ်းကိုတောင် ကျော်စပြုပြီ။ စိတ်ကသိလိုက်ပြီ ဇီးကုန်သုသန် ရှေ့ကို စရောက်နေပါပြီလား။
ပတ်ဝန်းကျင် အသံကတိတ်ဆိတ်နေတယ်။ ပျောက်ကွယ်သွားတော့မယ့် ရထားလေးးကို ကြည့်ရင်း အားငယ်သ လိုလိုပဲ။ ဒီလောက် ကတော့ Small လေးပါ တစ်ချိန်ကြရင် လူသေအလောင်း တွေကြားမှာ သေနတ်တစ်လက် နဲ့ ပြေးလွှား နေရဦးမှာပဲ။ ဘာကြောက်စရာ ရှိလို့လဲ။ ကိုယ်ဘာသာကို သာအားပေး နေရတယ် စိတ်ကတော့ သိပ်မဟန်လှ။
ဇီးခုံသုသန် လွန်ခါးနီးရောက်ပြီ။ ဟာ . . . .
စက်ဘီးကို ဆက်တွန်းလို့ မရတော့ဘူး။ သေချာပြီ စက်ဘီးကို အနောက် ကတစ်စုံ တစ်ယောက် ဆွဲထားပြီ။ ဟေ့ဘယ် ကောင်လဲကွ ငါ့စက်ဘီးကိုဆွဲတာ။ကျွန်တော် အော်ပြောနေ ပေမယ့် ထူးခြားမလာ။ ဟေ့ကောင် သောက်ရူးတွေ ကြောက်မယ်များ ထင်နေကြလား။ ပြောရင်းဆိုရင် ကျွန်တော် နောက်ပေါက်နဲ့ နွားကန်လှမ်းကန် လိုက်တယ်။ ဘာကိုမျှမကန်မိ။ ချွေးစေးတွေ ထွက်လာပြီ။ ကြက်သိမ်းတွေလဲ ထလာပြီ။ ဟေ့ကောာင် ငါနှစ်ခါ ထပ်ပြောချင် ဘူးနော်။ ဟန်လုပ် ၍သာပြောလိုက်ရသည် စကားလုံးတွေက အမြီးအငှောက် မတည့်။ လူကလည်းပြတ် လိုက်တာလွန်ရော။ နွားလှည်း ဒါမှမဟုတ် တစ်ခုခု ရောက်လာပါ စေလို့သာ ဆုတောင်းပါတယ်။ သို့သော် မည်သူမှရောက်မလာ။ စက်ဘီးကို အားအားနည်းနည်း ထည့်တွန်းကြည့်တယ်။ နည်းနည်းလေးမှ မရွှေ့။ နောက်ကိုဆုတ် ကြည့်လိုက်တယ်။ ဟာရတယ် နောက်နည်း ဆုပ်လို့ရတယ်။ ဒါဆိုရင် ဟာ …………. ရှေ့မှာ။ မည်းမည်းကြီး။ ကျွန်တော်ဆက် မတွေးရဲတော့ဘူး။ နဖူးတွေ့ ဒူတွေ့ ကြုံတော့ အရင်က သတ္တိတွေ ရဲရဲနီနေတာ တွေဘယ်ရောက် ကုန်ပြီလဲမသိဘူး။ ဟေ့လူ အရှေ့ကဖယ်နော် ကျုပ်က ကြောက်တတ် တဲ့လူမဟုတ်ဘူး။ ပြောရင်းဆိုရင်း စက်ဘီးကို အားစိုက် ပြီးတွန်းနေတယ်။ ဖိန့်ဖိန့်နဲ့ တာလျှောက် အော်နေတာ အသံတွေက လဲပြာပြီး ဆို့နင့်နေပြီ။ အိမ်မက်များ မက်နေတာလား။ လည်းချောင်တွေ လည်း ခြောက်ကပ်လာပြီ။ နောက်ပြန် လည့်ပြေးရင် ကောင်းမလား။
အခုမှတော့ မထူးတော့ ပါဘူး။ ယောကျာင်္းကွ။ ကျွန်တော် နောက်ကို နည်းနည်းဆုပ် ရှိန်ယူပြီး အားနဲ့ ပြေးဝင်တိုက် လိုက်သည်။ ဒုန်း . . . .
တိုက်မိသွားပြီ။ စက်ဘီးလက် ကိုင်ကိုထိမ်း ထားတဲ့ ကျွန်တော့ ရဲ့ လက်တွေ လေထဲကို မြောက်တက်သွားပြီ။ အရှိန်ကြောင့် ကျွန်တော်လည်း ရှေ့ကို ဟတ်ထိုး လဲကျသွားတယ်။ တစ်ခြားနေရာ မှာလဲကျသလို ပဲလေးနဲ့ ဇိမ်ယူနေလို့ မဖြစ်။ တစ္ဆေက လည်းပင်းလာ ညစ်သွားနိုင်တယ်။ လုံးတာခြင်း အတူတူကိုယ်က အပေါ်က ဖြစ်အောင် ချက်ခြင်းထလိုက်တယ်။ ပြီးတော့ စောစော တစ္ဆကို လိုက်ရှာတယ်။ အမှေင်ထဲမှာ ဘာမှမြင်ရ။ ကျွန်တော် လက်သီးနှစ် ဘက်ကို ကျစ်ကျစ်ပါ အောင်ဆုပ်။ တဆတ်ဆတ်တုန်နေတဲ့ ခြေထောက်တွေကို ဟန်ချက်ပါပါထိမ်းပြီး တစ္ဆေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားတယ်။
ဟော့ကောင် ဘယ်မှာလဲ ထွက်ခဲ့။ ကျွန်တော် နှပ်ညစ်ရင်း အော်ပြောလိုက်တယ်။ ဘာသံမှလည်း မကြားရတော့။ ဟေ့ကောင် ပြောနေတယ် လေကွာ။ အဲလောက်မှ သတ္တိမရှိ ရင်လုံချည် သာဝတ်ထား။ ကျွန်တော် သွေးပူသွားပြီ ဘာကိုမှ မကြောက်တော့။ ထွက်လာတဲ့ အရာမှန်သမျှကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေပြီ။ ဟေ့ကောင်ထွက်ခဲ့ ။ အနောက်ကိုများ ရောက်နေတာလား။ အနောက်ကို လည့်ကြည့်တော့၊ ဘာမျှမရှိ။ ဘေးပတ်လည်လည့် ကြည့်ပြန်တယ်။ ဘာကိုမှမတွေ့ ရ။
၅ မိနစ်ခန့် ကြာသွားပြီ။ အခြေနေက ဘာမှထူးမလာ။ ကျွန်တော် လဲနေသော စက်ဘီးကို အမှောင်ထဲမှာ ပြန်ရှာ လိုက်တယ်။ တွေ့ ပြီစက်ဘီး။ ကျွန်တော်စက်ကို ကောက်ထောင်လိုက်တယ်။ စိတ်ထဲမှာက အခဲလုံးဝမကျေ။ သုသန်ဘက်သို့ လည့်ပြီးကျွန်တော် ကြားဖူးထားသော ဆဲနည်းမျိုးစုံနဲ့ ဆဲပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တော့ ညကိုးနာရီ ကျော်နေပြီ။ ကျွန်တော် စိတ်မှာလုံးဝ အခဲမကြေ။ မေ့ဆီက ဓာတ်မီးတောင်းပြီး နံရံမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓားကိုဆွဲယူလိုက်တယ်။ အမေက ပြာပြာသလဲ မေးတယ်။ကျွန်တော်လည်း အကြောင်း စုံရှင်းပြလိုက်တယ်။ ကျွန်တော့ပြောသံ ကိုကြားလို့ အဖွားက ပုရိတ်ရေ ပုလင်းလေးကိုင်ပြီး ဆင်းလာပြီ။ ကျွန်တော့ကို အားလုံးက ဆက်သွားခွင့်မပေး။ ရှိစေတော့။ ကျွန်တော် အဲဒီညက လုံးဝအိပ်မပျာ်ပါ။
မနက်ရောက်ပြီ။ ကျွန်တော်ညက ဖြစ်ခဲ့သည့် နေရာကို ထွက်လာခဲ့တယ်။ ညကလို တစ်ယောက် ထည်းမဟုတ်။ ကျွန်တော့ ညီက ပုရိတ်ရေ၊ ပုရိတ်သဲ တွေပါလာသလို ကျွန်တော့ လက်မှာက ငှက်ကြီးတောင် ဓားနဲ့။ ဘေးအိမ်းနားက အိမ်နီးနား ချင်းတချို့နှင့် သူငယ်ချင်းတွေလည်း လိုက်လာကြတယ်။ ဖြစ်နိုင်ရင် အဲဒီသုသန်ကို မြေထိုးစက်နဲ့ စိစ်ညှက်ညှက် ကြေအောင် ထိုးလှန်ံလိုက် ချင်သည်။
ကျွန်တော် အခင်းဖြစ်ခဲ့ တဲ့နေရာရောက်တော့။ တွေ့ပါပြီ ကျွန်တော် လဲကျထားသော နေရာ။ စက်ဘီး လဲထားတဲ့နေရာ။ ရှုပ်ပွနေသော ခြေရာများ နှင့် သိပ်မဝေးသော နေရာလေးမှာတော့ အနားပဲ့ပြီး အမြင့်တစ်ထွာ ခန့်ရှိတဲ့ သစ်ငုတ်တိုလေးတစ်ခု။ သေချာကြည့်လိုက်တော့ ပဲ့နေတဲ့ အနားလေးက လောလောလတ်လတ် တစ်စုံတစ်ခု ၀င်တိုက်ခံသွား ရသလို လတ်လတ်ဆတ်ဆတ်ပင် . . .

Read More...

Tuesday, January 30, 2007

အိမ်ရောင်းရန်ရှိသည်

အပြစ်ကင်း၍ သန့်ရှင်း သေသပ် လှပသော အိမ်လေးတစ်လုံး ရောင်းရန်ရှိသည်

ရောင်းသူ ဘက်မှ ပေးနိုင်သော အာမခံချက်

ကြင်နာခြင်း ယုယခြင်းတို့ နှစ်ဆယ့်လေးနာရီ အပြည့်
မုန်းတီးခြင်း နာကြည်းခြင်းတို့ကို ထာဝရ ရပ်နားထာနိုင်သော ကျယ်ဝန်းသည့် ပါကင် လည်းရှိသည်
အချစ်ဂါလံ ၁၅၀၀ခန့် ကို သိုလှောင်ထား နိုင်သော Tamp တစ်ခုလည်းပါရှိသည်
ပေးဆပ်ခြင်းဖြင့် ဖောင်ဒေးရှင်းခံ တည်ဆောက်ထား သောကြောင့် ရေရှည်ခိုင်ခန့်သည်
သံရောဇာဉ် ကျပ်လုံးများကို တိုင်လုံးများ အတွင်းထည့်သွင်း တည်ဆောက် ထားသောကြောင့် ကံကြမ္မာ မုန်တိုင်းများ နှင့် ဘ၀၏ တုန်ခါမူ ဒါဏ်ကို ကြံ့ကြံ့ခံ နိုင်ရည်စွမ်းရှိသည်
အတင်း အဖျင်း ကဲ့သို့သော အင်းဆက်ပိုး မွှားများ အပါဝင် ဘေးအန္တရာယ်များ ၀င်ရောက် နိုင်မှုမရှိ စေရန် မေတ္တာ သံကွန်ချာက ကာကွယ်ပေးထား သည်
ဝယ်သူ ဘက်မှ ရှိရမည့် လိုအပ်ချက်များ

ကိုယ်တိုင် ၀ယ်ယူမည့် သူဖြစ်ရမည် (ပွဲစားမလိုပါ )
အပျော်နေထိုင်ရန် ခေတ္တတည်းခိုရန် ကြံစည်ထားသူများ စုံစမ်းရန်မလို ထာဝနေထိုင် လိုသူဖြစ်ရမည်
မှတ်ချက်။ ။ အပ်ါရံနှင့် အပြင်ပန်း အလှကို ကြည့်ပြီး တန်ဖိုးဖြတတတ်သူများ အတွက် အဆင်ပြေလိမ့် မည်မဟုတ်ပါ

ရောင်းဈေး ၁၅၀၀
အလျှော့ အတင်း လုံးဝ မရှိ

နှလုံးသား ရေစုပ်စက်ဖြင့် မေတ္တာရေများ ပက်ဖျန်းခြင်းကြောင့် အချစ်ပန်းများ ထာဝရဝေနေတဲ့ ဒီအိမ်လေးကို ပိုင်ဆိုင်လိုတယ် ဆိုရင်

အမှတ် L0E သစ္စာလမ်းမကြီး နှင့် အကြင်နာလမ်းမကြီး ဆုံရာထောင့် မြားနတ်မောင် ရပ်ကွက် နှလုံးသားမြို့တော်
brvboy@gmail.com
ph number 528

Read More...

Sunday, January 28, 2007

မန်းမြို့တော်ရဲ့ နေထွက်ချိန်







ပြင်ဦးလွင် အတက်မှာ ကားဆီထည့်နေတုန်း ရိုက်ထားလိုက်တာပါ

Read More...