ဘလော့ဂ်ဆိုတာကို ၂၀၀၅ ခုနှစ်လောက်မှာ စပြီးကြားဖူးပါတယ်။ အဲဒီတုန်းကတည်းက ဘလော့ဂ်ကို စပြီးစမ်းရေးကြည့်ပါတယ်။ တကယ်တမ်း ပုံမှန်ရေးဖြစ်ခဲ့တာကတော့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှပါ။ ဘလော့ဂ်ကို ခရေဇီဖြစ်ပြီး ရေးလို့ကောင်းနေတုန်းရှိသေးတယ် ၂၀၀၇ စက်တင်ဘာလမှာ blogspot.com ကို အပိတ်ခံခဲ့ရပါတယ်။
မှတ်မှတ်ရရ အဲဒီနေ့က ကျွန်တော်တို့တွေ တာမွေဈေးနားလေးက အင်တာနက်ဆိုင်ထဲမှာပါ။ သူများတွေ လမ်းလျှောက်တာကို လိုက်ကြည့်ပြီး၊ ညနေပိုင်းအင်တာနက် သုံးတော့၊ သုံးနေတုန်း တန်းလန်းကြီးမှာပဲ Blogspot ကိုပိတ်သွားခဲ့တာပါ။
အခု ၂၀၁၁ ဆိုတော့ ရှေ့လဆိုရင် blogspot ကိုပိတ်တာ လေးနှစ်ပြည့်ပြည့်ပါပြီ။ လေးနှစ်မပြည့်ခင်လေးမှာ ပြန်ပွင့်လာတဲ့ အတွက် ၀မ်းသာမိပါတယ်။

3 comments:
Great to be back
အရင်ဘလော့ရေးကြတဲ့အကြောင်းတွေ ပြန်ပြောတိုင်း လွမ်းမိပါရဲ့ဗျာ။ MICT မှာလုပ်သွားတဲ့ ၅ နှစ်ပြည့်ပွဲအကြောင်းလေး ရေးပါဦးဗျာ။ ဖတ်ချင်လို့။
အားလုံးကိုသတိရလျက်
မောင်ပွတ်
ွှွှ့ဒါကြောင့်မို့ ဘလောက် ကို ၀င်တိုင်း ပိတ်နေတာ တွေ့ တယ်.. တခြား ရန်ကုန်က သူတွေ ဘလောက် ရေးတာ တော့ တွေ့ နေ သား ဘဲ။ စိုးဇေယျ ရဲ့ ဘောလုံး ပွဲ ဓါတ်ပုံ ကို new york times မှာ ပါ လာ တယ်.. အားပေး နေတယ်..
Post a Comment