Art is My Life: ကျွန်တော်ရဲ့ ပထဆုံး လုံးခြင်းဝတ္ထု

Saturday, September 12, 2009

ကျွန်တော်ရဲ့ ပထဆုံး လုံးခြင်းဝတ္ထု

ကျွန်တော်ရဲ့ ပထဆုံးလုံးခြင်းဝတ္ထုကို ဒီနေ့ညမှာ အပြီးသတ်ရေးပြီးသွားပါပြီ။ ဒီဇာတ်လမ်းကို ကျွန်တော် ဘလော့ဂ်ရေးပြီး သိပ်မကြာခင် လွန်ခဲ့တဲ့နှစ်နှစ် ကျော်လောက်ကတည်းက စပြီးရေးနေတာပါ။ ဘာလို့ ဒီလောက်ကြာသွားလဲဆိုတော့ ကျွန်တော် စိတ်ကူးပေါက်လာရင်ရေးလိုက် မရေးချင်ရင် ပစ်ထားလိုက် နှစ်လသုံးလလောက်နေမှ ပြန်ရေးလိုက် ရေးလိုက် မရေးလိုက် လုပ်နေတာတွေကြောင့်ပါ။ နောက်ပြီးတော့ တစ်ချို့အခန်းတွေဟာ ရေးပြီးခါစ ပြန်ဖတ်တဲ့အခါမှာ အရမ်းကောင်းတယ်လို့ ထင်ရပေမယ့် နှစ်လသုံးလောက်ပစ်ထားပြီး ပြန်ဖတ်တဲ့အခါမှာ အားနည်းချက်တွေကို ပြန်တွေ့ရတတ်ပြန်ပါတယ်။ အဲဒီတော့ အဲဒီအခန်းကို ပြင်လိုက်ပြန်ရော။ အဲဒီအခန်းကို ပြင်ပြီဆိုတော့ အဲဒီအခန်းနဲ့ ဆက်စပ်နေတဲ့ အခန်းတွေကိုပါ လျှောက်ပြင် အဲလို အဲလိုနဲ့ နှစ်နှစ်ကျော်ကျော် ကြာသွားခဲ့တာပါ။ စာပေစိစစ်ရေး တင်မှာရယ် တခြားပြင်ဆင်တာတွေရယ် ထည့်တွက်လိုက်ရင်တော့ နောက်ထပ် အနည်းဆုံး နှစ်လ ထပ်ကြာပါဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ဒီနှစ်မကုန်ခင် ထွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

အောက်မှာ ကောင်းနိုးရာရာ ရွေးထားတဲ့ အခန်းအဖွင့်လေးတွေကို ဖော်ပြထားပါတယ်။




အခန်း (၃)

ကိုယ်ချစ်နေတဲ့ ကောင်မလေးနဲ့ အဆင်ပြေနေရင် ပတ်ဝန်းကျင်မှာ နှင်းတွေ ဘယ်လောက်ကျပြီး ချမ်းနေပါစေ၊ အချစ်ဟာ ရင်ကိုနွေးထွေးစေတယ်။ ပတ်ဝန်းကျင်ဟာ လောကငရဲလို ပူနေပါစေ၊ အချစ်ဟာ ရင်ကိုအေးမြစေတယ်။

ကောင်မလေးနဲ့ အဆင်မပြေဘူးဆိုရင်တော့ ဘရိတ်ပေါက်သွားတဲ့ ကားလို အချစ်ဟာ အိုဗာတွေဖြစ်ကုန်တယ်။ နွေးရမဲ့အစား ပူလောင်လာတယ်။ အေးမြ မဲ့အစား အေးစက်သွားတယ်။





အခန်း (၆)

တကယ်တော့ အလွမ်းဆိုတာ အဆိပ်တစ်မျိုးပဲ။ အဲဒီအဆိပ်က နှလုံးသားကို တစ်ဖြည်းဖြည်းချင်း ဆွေးမြေ့စေတယ်

မနေ့ညက မိုးသက်လေပြင်းကျ သွားသည့်အရှိန်ကြောင့် တစ်မနက်လုံး မိုးတွေရွာနေခဲ့သည်။ နေ့ခင်းမှာ မိုးတိတ်စပြုပြီ ဖြစ်ပေမယ့် မိုးရေစက်လေးများကတော့ တံစက်မြိတ်မှာ တွဲလှဲခိုပြီး တစ်စက်ပြီး တစ်စက် ကျနေသေးသည်။ တံစက်မြိတ်တွင် တွဲလွှဲခိုနေသော မိုးရေစက်များနှင့်အပြိုင် အခန်းပြူတင်းပေါက်ဝက ကောင်မလေးတစ်ယောက်ရဲ့ မျက်လုံးအိမ်တွေလည်း မျက်ရည်စက်လေးများ တွဲလွှဲခိုနေသည်။

“ ပုံဆွဲတာ ၀ါသနာပါတယ်ဆိုလို့ သင်တန်းပေးတက်တာ၊ ပေါက်လုပ်ပဲ စားကောင်နဲ့ ရည်းစားထားဖို့ မဟုတ်ဘူး”

အဲဒီနေ့က သူ့ဘ၀ထဲမှာ မုန်တိုင်းကျတဲ့နေ့။ မုန်တိုင်းကျရင် မုန်တိုင်းသင့်သည့် နေရာများ စုတ်ပြတ်သွားသလို၊ မုန်းတိုင်းသင့်ခံ သူ့နှလုံးသားမှာလည်း ပွန်းပဲ့ ဒါဏ်ရာတွေတွေ ရခဲ့သည်။ မုန်တိုင်းရဲ့ နောက်ဆက်တွဲ ကောင်းကင်မှာ မိုးတွေရွာသလို၊ မုန်းတိုင်းသင့်ခံရသူ၏ မျက်လုံးမှာလဲ မိုးတွေ နေ့တိုင်းရွာခဲ့သည်။

အခန်း(၇)


တကယ်တော့ နှလုံးသားဆိုတာ အဖြူရောင်သက်သက်ပါ၊ အဲဒီအဖြူရောင် လေးပေါ်ကို လူတွေက ဆေးရောင်တွေခြယ်ကြတယ်လေ ပထမဆုံး ခြယ်လိုက်တဲ့ အရောင်နာမည်က ခင်မင်မှုတဲ့ နောက်တော့ သံယောဇဉ် နောက်တော့ အချစ်။
လူတွေက မေးကြတတ်ကြတယ်၊ အဖြူရောင် သက်သက်လေးက ပိုကောင်းလား၊ ဒါမှမဟုတ် ရောင်စုံလှလှလေးခြယ်ထားတာ ပိုကောင်းလားတဲ့။ တကယ်တော့ အဖြူရောင် သက်သက်လေးက လှပါတယ်၊ ဒါပေမယ့် အဲဒီအဖြူရောင်လေးကို ဆေးရောင်လှလှလေးတွေ ခြယ်လိုက်တော့ ပိုလှသွားသလိုပဲ။
ဘယ်လောက်ပဲလှတဲ့ ရောင်စုံပန်းချီကားတစ်ချပ်ပဲ ဖြစ်နေပါစေ အချိန်ကာလတွေကြာလာတာနဲ့အမျှ နေတွေ လေတွေရဲ့ တိုက်စားမှုအောက်မှာ အရောင်တွေက မှုံဝါးဝါးနဲ့ လွှင့်ပါးပျောက်ပြယ်ကုန်တယ်။ အဲလိုပဲ အလွမ်းတွေရဲ့ တိုက်စားမှုအောက်မှာ အချစ်ဆိုတဲ့ ပန်းချီကားဟာလဲ တဖြည်းဖြည်းနဲ့ မှုံဝါးသွားတတ်တယ်

အခန်း (၈)

လူတိုင်းက တစ္ဆေမကြောက်တတ်ပါဘူး။ ဒါပေမယ့် ….. ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ကို ပြန်မချစ်မှာကိုတော့ လူတိုင်းကြောက်ကြပါတယ်။

နည်းနည်းချစ်ရင် နည်းနည်းကြောက်မယ် များများချစ်ရင် များများကြောက်မယ်။ တစ်ချို့ဆို ဖွင့်မပြောရဲလောက်အောင်ကို ကြောက်ကြတယ်……..

အခန်း (၉)


ဝါးပင်ဟာ တစ်သက်မှာ တစ်ကြိမ်ပွင့်ပြီးရင် သေဆုံးသွားတတ်တယ်။ လူတစ်ချို့က ပြောကြတယ် အချစ်စစ်ဆိုတာ ၀ါးပင်လိုပဲ တစ်သက်မှာ တစ်ကြိမ်ပဲ တွေ့တယ်တဲ့ . . . . .

လူတစ်ချို့ကတော့ အချစ်က ဖီးနစ်ငှက်လိုပဲ အကြိမ်ကြိမ် ပြန်လည်ရှင်သန်လာနိုင်တာတယ်တဲ့

အဲဒီတော့ ကျွန်တော်စဉ်းစားကြည့်တယ်
အချစ်ဆိုတာ ၀ါးပွင့်လား ဖီးနစ်ငှက်လား

11 comments:

NLS said...

ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့နဲ့ ဆင်ခြေတွေ ပေးနေသေးတယ်။ နှစ်နှစ်ပတ်လုံး အချစ်ဒသဿသနတွေ စုစည်းနေတာ မဟုတ်ဘူးလား :D

စိုးဇေယျထွန်း said...

အခုတောင် နောက်တိုး ဒသနတွေ ထပ်ထည့်ရင်မကောင်းလား စဉ်းစားတာ။ ၀က်ခေါင်းပြုတ်စားတဲ့ ညကတောင် ရွှတ်ပြသေးတယ်လေ :P

khin oo may said...

အချစ်နဲ့ဝက်ခေါင်းပြူတ်နဲ့ကတော့မလိုက်ပါဘူး အသုပ်ကလေးဆိုဟုတ်တုတ်တုတ်ရှိသေးတယ။်

Anonymous said...

စာမြည်းလေးတွေ ဖတ်ပြီး အပြုသဘော အကြံပေးချင်ပါတယ်။ တစ်ချို့  နေရာမှာ စာသဘောမျိုး အဆုံးသတ်ထားပြီး၊ တစ်ချို့  နေရာတွေမှာ စကားပြောမျိုး အဆုံးသတ်ထားတာ တွေ့ ရပါတယ်။ စာအစ အဆုံး တစ်မျိုးတည်း အသုံးပြုသင့်ပါတယ်။ စာဖတ်ရတာ အရသာပျက်သွားလို့ ပါး)

MANORHARY said...

ကိုယ်တိုင်ရှာဖွေစုဆောင်းထားတဲ့ အချစ်ဒဿနတွေနဲ့ တဲ့ လားး)) ကြိုဆိုပါ၏ ........

Talkii said...

အခန်း ၆ မှာ တွဲလှဲရယ် တွဲလွှဲရယ် ၂မျိုးဖြစ်နေတယ်ဗျ။ လွှဲက မှန်မယ်ထင်တယ်။ နောက် ပြီးခါနီးအပိုဒ်မှာ မှုန်ဝါးဆိုပြီး ဖြစ်ရမယ်။

လုံးချင်းထွက်မှ အားပေးတော့မယ်။ အောင်မြင်ပါစေ။

NLS said...

လူတစ်ချို့က ပြောကြတယ် အချစ်စစ်ဆိုတာ ၀ါးပင်လိုပဲ တစ်သက်မှာ တစ်ကြိမ်ပဲ တွေ့တယ်တဲ့ . . .

ဝါးပန်း ဖြစ်ရမှာ မဟုတ်ဘူးလား။ ဒါမှမဟုတ် တစ်သက်မှာ တစ်ကြိမ်ပဲ ပွင့်ရတယ်တဲ့ ဖြစ်ရမယ် ထင်ရဲ့။

ADDRESSEE said...

ပုံစံခွက်တွေပါဘဲ ဒီပုံစံခွက်ထဲကရုန်းမထွက်နိုင်ကြဘူး လာပြန်ပြီ စာရေးဆရာတစ်ယောက် ဘယ်လောက်အချိန်ယူလဲမသိ copy paste ကို မြင်ရသလိုဘဲ ကောင်းတယ် လို့ အားပေးနေကြတဲ့ ဆွေမျိုး သူငယ်ချင်း ခင်ရာမိတ်ဆွေ မဟုတ်တဲ့ အပြင်က တစ်ယောက်

စိုးဇေယျထွန်း said...

ငါးကြော်လား ငါးကင်လားတော့ မသိဘူး။ မင်းတောင် အဲလောက်ရေးတတ်လို့လား ရှင်းရှင်းလေး။ ကိုယ်တောင် အဲလောက်မရေးတတ်ပဲနဲ့ လာပြီး ပုံစံခွက်တွေ ပုစုတ်ခွက်တွေလာမပြောနဲ့။ ရှင်းတယ်နော်။ မင်းတကယ်ဝေဖန်ချင်တယ်ဆိုရင် မင့်နာမည်အရင်းနဲ့ ပေါ်တင်ပြော။ နာမည်အတုသုံးပြီးပြောတယ်ဆိုတာ ပုဆိုးခြုံထဲက လက်သီးပြတာပဲ။ အဲဒါ ယေကျာင်္းအလုပ်မဟုတ်ဘူး။

ADDRESSEE said...

သားလေး စိုးဇေယျထွန်း အဖေနာမည် ကိုကျော်လေ အဖေက ဘယ်လိုနာမည်သုံးလို့လဲ သားကလဲကွာ အဖေဝေဖန်တာလေးကို စွာလှချည်းလား အဖေက ဘယ်လိုနာမည်တွေပြောင်းထားလို့လဲ ပုစုတ်ခွက် သမားတွေက ပုစုတ်ခွက်ပြောရင်စိတ်နာတယ်နော် မင်းတို့ဒီခွက်ထဲမှာဘဲရှိမှာပါ သားက မြှောက်ပြောစေခြင်တာလား အဖေပြောမှာပေါ့ ငါ့သား အမေပေးလေး စိုးဇေယျာထွန်း မင်းအရေးအသားတွေကောင်း တယ် မင်းရဲ့ ချစ်ဒဿနတွေတိုးတက်လာတယ် မင်းရဲ့ ပိုစ့်မော်ဒန် ၀တ္ထုစုတ်ကြီး က ချာတူးလန်အောင်ကို ပမာဏ မှာကောင်းပါတယ် အဖေကိုမဆဲနဲ့နော် ဟားဟား

yuyusan said...

ပေါက်လုပ် ပဲစား ဆိုတာထက် ပေါက်လွှတ်ပဲစား က ပိုမှန်မယ်ထင်တယ် လို့ အကြံပြုချင်ပါတယ် :)