အဲဒီနေ့က ကျွန်တော် ခရေတွေ အများကြီး ပွင့်နေတဲ့ လမ်းပေါ် ရောက်သွားတယ်။ အဲဒီလမ်းကို ဖြတ်လျှောက်တော့ ခရေတွေက တဖွဲဖွဲ ကြွေကျနေတယ်။ မြေပေါ်က ခရေတွေကို မ၀ံ့မရဲနဲ့ နင်းဖြတ်သွားတော့ အိမ်ကြီး တစ်လုံးရှေ့ကို ရောက်တယ်။ အဲဒီအိမ်ရှေ့မှာ ဗီးနပ်အရုပ် တစ်ရုပ်ကိုတွေ့တယ်။
အဲဒီဗီးနပ်ရုပ်ရှိတဲ့ အိမ်ထဲက မိန်းကလေး တစ်ယောက်ထွက်လာတယ်။ ပြီးတော့ပြောတယ် သူကံမကောင်းဘူးတဲ့။ ဘာဖြစ်လို့လဲ လို့မေးတော့ အိပ်မက်တွေ မကောင်းလို့တဲ့။
အဲဒီလိုနဲ့ ငါးဖမ်းဖို့ ကျွန်တော် ထွက်လာတယ်။ ငါးလေးကောင်မိတယ်။ အဲဒီငါးတွေက ကျွန်တော်အရပ်မှာတော့ ငါးဖမ်းမလို့ ခေါ်တယ်။ တစ်ချို့ကတော့ အဲဒီငါးတွေကို ငါးဖယ်အောင်းလို့ ခေါ်ကြတယ်။
ကျွန်တော် ဖမ်းမိထားတဲ့ ငါးလေးကောင်ကို ကြည့်တော့ တစ်ကောင်က ရှင်နေတယ်။ ကျွန်တော်က သနားလို့ ရေထဲကို ပြန်လွတ်ပေးတယ်။ ဒါပေမယ့် အဲဒီငါးက ကုန်းပေါ်ကို ပြန်တက်လာတယ်။ ပြီးတော့ ရေထဲကို ပြန်ဆင်းသွားတယ်။ ပြီးတော့ သစ်ပင်ပေါ်ကို ပျံတက်သွားတယ်။ ကျွန်တော် သစ်ပင်ပေါ်တက်သွားတဲ့ ငါးကို ဂရုမစိုက်အားသေးဘူး။ ကျန်နေသေးတဲ့ ငါးသုံးကောင်ကို အိမ်မှာ ချက်ပြုတ်ဖို့ စီစဉ်ရဦးမယ်။
ငါးသုံးကောင်ကို ကြိုးနဲ့သီပြီး ပြန်ဖို့လုပ်တော့ သစ်ပင်ပေါ်က ချိုးကူသံကိုကြားရတယ်။ မော့ကြည့်လိုက်တော့ စောစောက သစ်ပင်ပေါ် တက်သွာတဲ့ ငါးက ဂျိုးငှက်တစ်ကောင် ဖြစ်နေတယ်။
အဲလိုနဲ့ မနက်မိုးလင်းတော့ ချဲဒိုင်တစ်ယောက်ကို အသည်းသန် လိုက်ရှာမိတယ်။
Read
More...
Summary
only...
ဲမြန်မာဘလော့ဂ် စာအုပ်ကို Adobe Indesign Cs3 နဲ့ လေးအောက် ထိုင်ထားတာပါ။ အခု ဖြစ်နေတဲ့ ပြသနာက အင်ဒီဇိုင်းကနေ Export Pdf လုပ်လိုက်ရင် တစ်ချို့ဖောင့်တွေက စက်ထဲမှာ ဖောင့်မရှိရင် မပေါ်တဲ့ ပြသနာ ဖြစ်နေပါတယ်။
ဒါကြောင့် ဒီနေ့မှာ စာအုပ်ကို တင်ပေးမယ်လို့ ကြေငြာထားပေးမယ့် တင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ စာအုပ်မှာက ဖောင့်လေးမျိုးလောက် သုံးထားပါတယ်။ စာကိုယ်ကိုတော့ ဇော်ဂျီသုံးပြီး ဆိုက်ဘားက စာသားတွေ ခေါင်းစဉ်တွေနဲ့ စာရေးဆရာ အမည်တွေကို ၀င်း ဖောင့်တွေသုံးထားပါတယ်။
အဲဒီဝင်းဖောင့်တွေကို ဖောင့်မရှိတဲ့ စက်မှာလဲ ပေါ်အောင် လုပ်ပြီးတာနဲ့ အမြန်ဆုံး တင်ပေးပါမယ်။
Read
More...
Summary
only...
မြန်မာဘလော့ဂ်ကာများ စုစည်းထုတ်ဝေတဲ့ အနာဂတ်လှိုင်း၏ ဆုံမှတ်များ အမည်ရှိ စာအုပ်ကို 31 ရက်နေ့ မြန်မာစံတော်ချိန် 00 နာရီတွင် စတင် ဒေါင်းလုပ်ဆွဲနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။ ယခုစာအုပ်တွင် ရေးသားသူ ဘလော့ဂ်ကာ ခြောက်ဆယ်ခန့်၏ အကြောင်းအရာ အပုဒ်တစ်ရာကျော်ပါဝင်ပါတယ်။
ဖိုင်ဆိုက်မှာ ၀မ်းမက်သာသာပဲ ရှိတဲ့အတွက် မြန်မာနိုင်ငံကလူတွေပါ ဒေါင်းလုပ်လုပ်ရတာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အကယ်လို့ ဒေါင်းလုပ် လုပ်ရတာ အခက်ခဲရှိပါက မင်မိုရီစတစ်လေး ယူလာပြီး ကူးမယ်ဆိုလဲ ရပါတယ် :P
ဘလော့ဂ်ကာ ဂေါ့ဇစ်ကတော့ ဒီဇိုင်းမပြီးသေးလို့ နှစ်ရက်လောက် နောက်ကျမယ် ထင်တယ်။ :D
Read
More...
Summary
only...
၂၀၀၈ ခုနှစ် သြဂုတ် ၃၁ ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော Socializtion on Net နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်းကျင်း ပရန် အခြေအနေအရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။
အထက်ပါအချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြားအကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ် သူများ အနေနှင့် မည်သည့်ထုတ်ပြန်ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်းမရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲသတင်း အချက်အလက်များ နှင့် စပ်လျှဉ်း၍ တရားဝင် ပြောဆိုချက်များ ကို ပွဲဖြစ် မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောက်များတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောက်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင်ပြောဆိုချက်များဖြစ်ကြောင်းနှင့် အခြားသော ထင်မြင်ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။
ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်
Read
More...
Summary
only...
ဆင်မနာ ဖျက်သိမ်းခြင်း မဟုတ်ပါ။ MCPA မှ အဓိက ပံ့ပိုးပေးမည့် အစီစဉ်ကို ဖျက်သိမ်းခြင်းသာ ဖြစ်ပါသည်။ ဆင်မနာကို ယခင်ကြေငြာထားသည့် အစီစဉ်အတိုင်း ဆက်လက် ကျင်းပသွားပါမည်။
Read
More...
Summary
only...