Art is My Life: Good by 2006

Sunday, January 07, 2007

Good by 2006

၂၀၀၆ ကိုစာရင်းချုပ်ခြင်း

၂၀၀၆ ခုနှစ်တွင် အသက် ၂၁ ပြည့်တော့မည်

ရည်မှန်းချက်များ(၂၀၀၆)

၁။ ရည်းစားတစ်ယောက်ထားရန်
( ရည်းစားရသော်လည်း လက်ပင်မကိုင်ဖူး လိုက်ပဲပြတ်သွားသည် )

၂။ 3D ကာတွန်းကားများ တွင်ကိုယ်တိုင် ပါဝင်ရေးဆွဲရန်
( နယ်မှရောက်လာသော သူငယ်ချင်ကို ပိုက်ဆံ ချေးလိုက် ရသောကြောင့် Animation မတက်ဖြစ်လိုက်ပါ) ၂၀၀၇ တွင်ဆက်ကြိုးစားရန်

၃။ ဒီဇင်ဘာလ မကုန်မီ ၀တ္ထုတစ်အုပ် အပြီးရေးရန်
( အပိုင်း ၁၀ အထိရေးပြီးမှ ဆက်မရေးဖြစ်ပါ) ၂၀၀၇ တွင်ဆက်ကြိုးစားရန်

၎။ ပေတစ်သောင်းကျော်ရှိ လင်ခရူမာဒင် ရေခဲတောင်ကို တက်ရန်
( ညဥ့်နက်အောင် အင်တာနက်သုံးသုံးနေမိ၍ ထရိန်နီမမှန် သောကြောင့် တောင်တက်ခွင့် မရပါ) ၂၀၀၇ တွင် အခြားရေခဲတောင် တစ်ခုကို မဖြစ်မနေတက်ရန်

၅။ English စာသင်တန်းများတက်ရန်
( မနက်ပိုင်းသင်တန်းများတွင် အိပ်ရာထနောက်ကျ သောကြောင့် ပျက်ရက်များပြီး ညနေပိုင်း သင်တန်းများတွင် အိပ်ငိုက်သောကြောင့် စာကိုကောင်းစွာ မလိုက်နိုင်ပါ)
၂၀၀၇ တွင် ဦးစားပေးစားပေး ဆောင်ရွက်ရန်

၆။ WIPO က ကျင်းပသော DL 101 စာမေးပွဲဖြေရန်
( မသမာသူ တစ်ဦးမှ User နှင့် Password ကို Chan လိုက်သောကြောင့် စာမေးပွဲ မဖြေလိုက်ရပါ)
၂၀၀၇ မတ်လတွင် ပြန်ဖြေရမည်

ရ။ ကားမောင်းသင်ရန်
(နယ်မှာနေသော မိဘများ၏ ကန့်ကွက်မူကြောင့် မတက်ဖြစ်လိုက်ပါ)
ကားဝယ်နိုင်တော့မှ ဆက်ကြိုးစားရန်


၈။ ဓာတ်ပုံပြပွဲလုပ်ရန်
(ဓာတ်ပုံများကို စိတ်တိုင်းမကြသေး၍ မပြဖြစ်ပါ)
ဆက်လက်ရိုက်ကူး စုဆောင်းရန်

၁၀။ မြန်မာလို ကွန်ပြူတာနှင့် စာရိုက်ရန်
( တစ်မိနှစလျှင် စာလုံးရေနှစ်ဆယ်ခန့် ရိုက်နိုင်ပြီ)
၂၀၀၇ တွင် စာလုံးရေ ၄၀ ကျော်ရိုက်အောင်ဆက်ကြိုးစားရန်

၁၁။ ကိုယ်ပိုင် ၀က်ဆိုဒ်တစ်ခုပြုလုပ်ရန်
(ဖေဖော်ဝါရီတွင် blog.com,မတ်လလောက်တွင် Xanga , သြဂုတ်လတွင် blogspot နှင့် အောက်တိုဘာတွင် မြန်မာလို ရေးနိုင်သော blogspot ကိုဖန်တီးနိုင်ခဲ့သည်)
၂၀၀၇ တွင် ကိုယ်ပိုင် ဒိုမိန်း တစ်ခုဆက်လုပ်ရန်

၁၂။ မြန်မာရိုးရာကို ဖော်ညွှန်းနိုင်မဲ့ အကြောင်းရာများကို ၀က်ဆိုဒ်တင်ရန်
( ၂၀၀၇ ၁လ ၆ ရက်နေ့မှ စလုပ်ဖြစ်သည်)
၂၀၀၇ အတွင်း မြန်မာ့ရိုးရာ blogspot များဆက်လက် ဖန်တီးရန်

၁၃။ အင်တာနက် ပညာဒါနသင်တန်း တစ်ခုတွင် အခမဲ့ ဆရာလုပ်ရန်
( အချိန်မလောက် ငှသောကြောင့် မလုပ်ဖြစ်ပါ)


၁၄။ ပင်လယ်ကို အရှင်လတ်လတ် အပြင်မှာသွားကြည့်ရန်
(ချောင်းသာ၊ စက်စဲ နှင့် ကျိုက္ကမီ တွင်မြင်တွေ့ခဲ့ရသည်)


ဘုရင့်ညီနော်ဂူ ရေပူကန်
၁၅။ တောင်ကြီး သီတင်းကျွတ်၊ ပင်းတယ နှင့် အင်းလေး ခေါင်တိုင်တွင် ရေပူစမ်း ရေချိုးရန်
( ဆွာတံတားကြိုးနေ၍ တောင်ကြီးအင်းလေး ခရီးစဉ်ကို မော်လမြိုင် ဘားအံ ခရီးစဉ် အဖြစ်ပြောင်းလိုက်ရသည် ၊ ရေပူစမ်းရေကိုမူ ကရင်ပြည်နယ် ဘရင့်ညီနော် ဂူတွင်ချိုးခဲ့ရသည် )


၁၆။ မန္တလေးသို့သွား၍ ဦးပိန်တံတား အပါဝင်မရောက် ဖူးသောနေရာများ လျှောက်လည်ရန်
(သုံးကြိမ် မန္တလေးရောက်၍ ဦးပိန်တံတား အပါဝင် အခြားနေရာများ လည်းရောက်ခဲ့သည်)

၁၇။ မုံရွာတစ်ဘက်ကမ်း ကျေးရွာများသို့ သွားရောက်၍ မြေမုန့်ကို ကြေးနီ ချက်လုပ်ကြ သည့်ဖြစ်စဉ်ကို ဆောင်းပါရေးရန်
(မုံရွာတစ်ဘက်ကမ်း ကျေးရွာများ ကြေးနီချက်လုပ် သည့်နေရာများကိုရောက်ရှိခဲ့ သော်လည်း ဆောင်ပါးရေးတုန်း တန်းလန်းနှင့် လက်စမသပ်ရသေးပါ)
နောက်တွင် တထိုက်တည်းပြီးနိုင် မည့်အလုပ်များကို ရက်ရွှေ့ဆိုင်ခြင်း မလုပ်ရန်

၁၈။ Chat Rom မှရည်းစားရှာရန်
(အိမ်ရေးပျက်ရက်တွေ များလာပြီး ဇွန်လဆန်းတွင် ဆေးရုံရောက်သွား၍ အစီစဉ် ပျက်သွားသည်)
ရည်းစားမရခင် မျက်မှန် ရသည့်ကိန်း ဆိုက်သွားနိုင်၍ နောင်တွင် သတိပြုဆင်ချင်ရန်

၁၉။ မွေးရပ်မြေကို ပြန်ရန်
(တစ်ကြိမ်ရောက်သည်)
၂၀၀၇ တွင် နှစ်ကြိမ် ထက်မနည်းပြန်ရန်


၂၀။ ကျိုက္ကထီးရိုး ဘုရားဖူးရန်
(အောက်တို ဘာလကရောက်ခဲ့သည်)

၂၁။ မလေးရှားသို့ အလည်သွားရန်
(ပတ်စပို့ အချိန်မှီမရသောကြောင့် မသွားဖြစ်ပါ)

ဆက်လက်ရေးမည်

4 comments:

sweety said...

Dl 101 so dar bar exaM myo lae.... ko soe zaya yae... :) fri phit chin par tal... lu nge ta youte yae dream tway ko kyee ya tar ... ayan tap kwa par lar... Aye lae kyo sar mal..
answer lay pay par own naw .. Dl 101 exam ka bar atout exam lae naw... ma ti bu shint ...

စိုးဇေယျထွန်း said...

Dl 101 ဆိုတာ World Intellectual Property Organization ကမ္ဘအသိဥာဏ် ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ရုံး ကလုပ်တဲ့ မူပိုင်ခွင့် သင်တန်း စာမေးပွဲပါ
အွနလိုင်းကနေ ပို့ချပြီး အွန်လိုင်က နေစာမေးပွဲ ဖြေရတယ်
http://academy.wipo.int မှာ Free register လုပ်ပြီး လေ့လာလို့ရပါတယ်

Myo Kyaw Htun said...

Review လုပ်ထားတာ တော်တော်ဖတ်လို့ကောင်းတယ်။ ကောင်မလေးက လက်တောင်မကိုင်ဘူးဆိုပြီး ပစ်သွားတာလားဗျာ။ အမှန်က လက်လေးတော့ ကိုင်သင့်ပါတယ်။

A random thoughts of a Burmese man said...

ကောင်းတယ်ဗျာ၊ စာလုံးပေါင်းတော့ နည်းနည်းပြန်စစ်စေ ချင်ပါတယ်၊ အားပေးလျက်ပါ