Art is My Life: မြန်မာ့ကနုတ်ပန်း

Sunday, January 07, 2007

မြန်မာ့ကနုတ်ပန်း



လွန်ခဲ့တဲ့ တစ်လကျော်လောက်က စာအုပ် အဟောင်းဆိုင် တစ်ခုမှာ ၀င်မွေတုန်းမှာ မြန်မာ့ကနုတ်ပန်း ဆိုတဲ့စာအုပ်လေးကို တွေ့ခဲ့တာပါ စာအုပ်ပြုစုသူရဲ့ အမည်ကတော့ ဦးဘသာ ပါ။
စာအုပ်ရဲ့ ဒုတိယ စာမျက်နှာမှာတော့

အထက်တန်း
မြန်မာကနုတ်ပန်း
ရေးသားသူ
ဦးဘသာ
ရိက္ခာတော်ရ ပန်းချီအနုပညာစာအုပ်

လို့ဖော်ပြပါရှိပါတယ်။
စာအုပ်ကို စာပေဗိမာန် ပုံနှိပ်တိုက်က ထုတ်ဝေတာဖြစ်ပြီး ရေးသားထုတ်ဝေသည့်နှစ် တော့ဖော်ပြထားခြင်း မရှိပါဘူး။ စာအုပ်မှာ မြန်မာ့ကနုတ်ပန်း ပညာလက်ရာတွေကို အထက်တန်း အလယ်တန်းနှင့် ခြေခံရေးဆွဲပုံ အဆင့်ဆင့်ကို ဖော်ပြထာပါတယ်။

အထက်တန်းမှာတော့ ပလ္လင်ဥကင် လို့ခေါ်တဲ့ ရှေးမြန်မာ ဘုရင်များရဲ့ ပလ္လင်မှာပါရှိတဲ့ ကနုတ်ပန်းလက်ရာ အနုစိတ်တွေ၊ ကရ၀ိတ်ဖောင်တော် မှာပါတဲ့ ကနုတ်ပန်းလက်ရာတွေ ပြသဒ် အဆောက်ဦးတွေက ချွန်ထွက်နေတဲ့ ကြက်မောက်တန်းတွေ တွဲလွဲခိုနေတဲ့ ပျားစွဲတွေ၊ ပုဂံ ထီးလိုမင်းလို ဘုရား အင်္ဂတေတိုင်က ကနုတ်ပန်းရေးဟန်တွေ၊ ရုတ်တရက် ကြည့်လိုက်ရင် တရုတ် ဒဏ္ဏာရီထဲက နဂါးခေါင်းနဲ့ ဆင်သလို ထင်ရပေမယ့် သေချာကြည့် လျှင်ကွဲလွဲပီသ လှပတဲ့ ဘီလူးပန်း ဆွဲကနုတ်လက်ရာ များအပါဝင် ကနုတ်ပန်းလက်ရာ ၃၄ ခုကို ခန့်ညှားဖွယ်တွေ့ရပါတယ်။
တကယ်တော့ ဒီစာအုပ်ဟာ ကျွန်တော့အတွက် အလှကြည့်ရုံက လွဲပြီး တယ်အသုံးမ၀င်လှပါဘူး။ ကျွန်တော်အသုံး မတည့်သော်လည်း အသုံးတည့်သူမျှား အသုံးဝင်အောင် ၀က်ဆိုဒ်မှာတင်လိုက်တာပါ။
အနုပညာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ယာဉ်ကျေးမူ အဆင့်တန်းကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံရဲ့ ယာဉ်ကျေးမူအဆင့်တန်းကို ထည်ဝါစေတဲ့ စေတီဘုရားတွေ၊ ရှေးမြန်မာဘုရင်တွေရဲ့ ခန်းနားလှတဲ့ နန်တော်ကြီးတွေ၊ အိုမင်းရင့်ယော်ပေမယ့် အာမာန်အပြည့်ရှိတဲ့ ကျောင်းဆောင်ကြီးတွေ၊ တိုင်လုံးကြီးတွေ၊ ပြသဒ်အချွန်တက်တွေဟာ အတိတ်ကမြန်မာရဲ့ ယာဉ်ကျေးမူအစဉ်လာ ခန်းနားကြီးကျယ် ခဲ့တာကို ကိုစားပြု သက်သေထူနေပါတဲ့၊ ဒီလိုမြန့်မာ့ ယာဉ်ကျေးမူ ခန်းနာကြီးကျယ်စေအောင် မြန့်မာ့ကနုတ်ပန်း တွေက ပါဝင်စွမ်းဆောင် ခဲ့ကြပါတယ်

No comments: