Art is My Life: တွေးမိ ရေးကြည့်

Saturday, January 13, 2007

တွေးမိ ရေးကြည့်

လုပ်ချင်ဆုံး ဆန္ဒတစ်ခု
ကမ္ဘာပေါ်က စစ်လက်နက်တွေ အားလုံးကို အရည်ကျိုပြီး လူသား အကျိုးပြု စက်ကိရိယာများ အဖြစ်ပြောင်းလဲ လိုက်မယ်

အကြားချင်ဆုံး သတင်းတစ်ပုဒ်
ကျွန်တော် အနားယူတော့မယ်

မကြားချင်ဆုံး အသံ
လူကြီးမင်း ခေါ်ဆိုသော GSM တယ်လီဖုန်းမှာ ယနေ့တစ်ညလုံး အားနိုင်ဖွယ်ရာ မမြင် ပါသောကြောင့် နောက်တစ်ရက်မှ စောစောစီးစီး ထ၍ခေါ်ဆိုပါ

ချစ်သူထက် ပိုလွမ်းစရာကောင်း တာက
လျှပ်စစ်မီး

သိသိတာတာ တိုးတက်တာက
ဘစ်စကား မှားတယ်
ကုန်ဈေးနှုန်း

ငါးဆယ်တန် အကြွေစက္ကူ ကိုဘယ်သူတွေ အများဆုံး ကိုင်နိုင်သလဲ ဆိုတဲ့ ပြိုင်ပွဲ တစ်ခုကိုလုပ် ကြည့်တော့ အနိုင်ရသွား တဲ့လူက
ကားစပါယ်ယာ မှားတယ်
မော်တော်ပီကယ်

ဘီဂိတ် လိုသာ ချမ်းသာခဲ့မယ်ဆိုရင်
တစ်နေ့တစ်နေ့ ဆောင်ရမဲ့ အခွန်တွေ နည်းမှာ မဟုတ်ဘူး

ကမ္ဘာပေါ်မှာ စိတ်မရှည်တဲ့ လူတွေကို ကုသလို့ရတဲ့နည်း မြန်မာပြည်မှာ ရှိတယ်
တရားထိုင်ခိုင်း မှားတယ်
အင်တာနက်သုံး ခိုင်းလိုက်

အားခီးမီးဒီး ကို ကမ္ဘာလော ကြီးထဲပြန်ခေါ်လို့ ရမယ်ဆိုရင်
မတူညီတဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်လို့ နိုင်မဲ့ equation ထုတ်ခိုင်းချင်တယ်

ဂျော့ဘု(စ်) ကိုပြောပြချင်တဲ့ ပုံပြင်လေး တစ်ပုတ်

တစ်ခါတုန်းက ကောဝိသ နဲ့ ဘာလိန်ဒ ဆိုတဲ့ တိုင်းပြည် နှစ်ပြည်ရှိတယ်။ အဲဒီတိုင်ပြည် မှာ မင်းသား တစ်ပါးစီရှိ ကြတယ်။ ကောဝိသ တိုင်းမင်းသားက ငယ်ငယ် ကတည်းက ခောတ်စကားနဲ့ ငှားသုံးရရင် ဆော်ကြည်တယ်။ ဘာလိန်ဒ မင်းသားက ပညာ ထူးချွန်တယ်။
ဒီလိုနဲ့ မင်းသား နှစ်ပါးဟာ ၁၆ အရွယ် ရောက်တော့ ရန်ကုန် အရှေ့ ပိုင်းတက္ကသိုလ်(တာဝ) မှာ ပညာ လာသင်ကြတယ်။ ပညာသင်ရင်း နဲ့ သူတို့ နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်သွား ကြတယ်တဲ့။
အဲဒီ အချိန်က ကိုးရီးယား ပြည်မှာ နန်းတွင်း သမားတော် လေး ချန်ကင် နာမည်ကြီးနေတဲ့ အချိန်ပေါ့။ မင်းသား နှစ်ပါး ကလည်း ကိုးရီးနိုင်ငံက နန်းတွင်းသမား တော်လေး ချန်ကင်ရဲ့ သတင်းကို ကြားပြီး စွဲလမ်းနေကြ တယ်တဲ့လေ။
ဒီလိုနဲ့ မင်းသား နှစ်ပါးလုံးဟာ ချန်ကင်လေးနဲ့ နီးစပ်မဲ့ အရေး အမြဲဆွေးနွေး လို့နေကြပါသတဲ့။့ စဉ်းစားလာ လိုက်ကြတာ ပညာထူး ချွန်တဲ့ ဘာလိန်ဒ မင်းသားက သူတတ်ကျွမ်းတဲ့ MIRC တို့ ygnchat , myanmarmedicalchat. Baganchat , စတဲ့ချက်နည်း ပေါင်းစုံသုံး ပြီးရှာဖွေ လိုက်တော့ နောက်ဆုံးမှာ ချန်ကင် လေးရဲ့ gmail လိပ်စာကို ရရှိလို့ သွားပါတယ်တဲ့။ ဒီလိုနဲ့ mail တွေအပြန် အလှန်ပို့ကြ Gtalk , Vzo , Skipe , QQ chat တွေနဲ့ စကားတွေ ပြောကြရင်းက တစ်ယောက် ကိုတစ်ယောက် ရင်းနှီးကျွမ်း ၀င်လို့လာပါ တယ်တဲ့။ ဘာလိန်ဒ မင်းသားက ချန်ကင်းလေးနဲ့ အဲလို အဆင်ပြေနေ တုန်းမှာ ကောဝိသ မင်းသားက အားအားရှိ ဘိလိယက် ထိုးလိုက် Hip Hop ပါတီသွားလိုက် နိုက်ကလပ် တက်လိုက်နဲ့ အချိန်ဖြုန်း နေတယ် ဆိုပဲ။
တရက်မှာတော့ Bagan Cyber Tech ကနေက Gtalk တို့ Skipe တို့ ကုန်ကုန်ပြောရရင် free ရတဲ့ email မှန်သမျှနဲ့ Voice ပြောလို့ရတဲ့ Program အကုန်လုံးကို အမေရိကန် ကုမ္ပဏီကြီး တစ်ခုကထုတ်တဲ့ ဆော့ဝဲနဲ့ Firewall ခံလိုက်တယ်တဲ့။ အဲဒီတော့ ဘာလိန်ဒ မင်းသားလေး နဲ့ ချန်ကင်းလေးဟာ အဆက်အသွယ် ပြတ်သွားရ ရှာတယ်။ နောက်ဆုံးမှာ ချန်ကင်လေးဟာ မနေနိုင်တော့လို့ ချာတာဖလိုက်နဲ့ မင်းသားလေး ပညာဆည်းပူးရာ မြန်မာပြည်ကို လိုက်လို့ လာပါ တော့တယ်။ (မှတ်ချက် ကိုးရီးယား မြန်မာ အမြဲတမ်း လေကြေင်း လိုင်းပြေးဆွဲ ရေးမှာ ငြှိနိုင်းဆဲ ဖြစ်၍ ချာတာဖလိုက်နှင့် ချန်ကင် အမှီလိုက်ခဲ့ ရခြင်းဖြစ်သည်)
ဘာလိန်ဒ မင်းသားလေးဟာ ချန်ကင် ကြိုဖို့ လေဆိပ်ကို ထွက်သွားတယ် တဲ့။ ဒီသတင်း ကိုကြားတဲ့ ကောဝိသ မင်းသားက သံလျှင်တံတာ ဘေးမှာနေတဲ့ သူတပည့်ကို ဖုန်းလှမ်း ပေါက်ပြီး တံတားပေါ်ကို ကွန်တိန်နာ ကားကြီးမောင်းခိုင်းပြီး တံတား အလယ်ရောက်တော့ ကားဘီတွေ လျှော့ကာ ကားပျက်ချင် ဟန်ဆောင် ခိုင်းတယ်တဲ့။ သိကြတဲ့ အတိုင်း သံလျှင်တံတား ပေါ်မှာကား တစ်စီးပျက်ရင် ကျန်တဲ့ကား တွေသွားလို့ မရ တော့ဘူးလေ။ အဲဒီမှာ ဘာလိန်ဒ မင်းသားက ကားကြော ပိတ်နေတာပေါ့။ အကြံသမား ကောဝိသ မင်းသားကတော့ ပဲခူးမြစ်ကို ငမိုးရိပ် မော်တော် ကြီးစီးပြီး လေဆိပ်ကို ဦးအောင်သွား နှင့်တယ်။
လေဆိပ် အ၀မှာ နာရီလေး ကြည့်ကိုကြည့် လိုက် လေဆိပ် အပြင်က ကားတွေကို ကြည့်လိုက်နဲ့ နုတ်ခမ်း လေးစူ နေသူကတော့ နန်းတွင်း သမားတော်လေး ချန်ကင် ပေါ့ ကွယ်။
လေဆိမ် မှာစောင့်နေတဲ့ ချန်ကင်ကို လဲတွေ့ရော အကြံသမား ကောဝိသ မင်းသားဟာ ဘာလိန်ဒ မင်းသားရောင်ဆောင်ပြီး သူတို့ တိုင်ပြည် ကောဝိသ ကိုခိုးပြေးသွား ပါရောတဲ့ကွယ်။ ဘာလိန်ဒ မင်းသား ရောက်လာတော့ လေဆိပ်မှာ ချန်ကင် လေး မရှိတော့ ဘူး။ စုံစမ်း ကြည့်တော့ ကောဝိသနောက် ပါသွားပြီ။
အဲဒီတော့ ဘာလိန်ဒ မင်းသားဟာ ရှက်ခြင်း ၀မ်းနည်းခြင်း ကြေကွဲခြင်း ဆိုတဲ့ ခံစားချက်တွေနဲ့ ကောဝိသ မင်းသားကို အငြိုးအမှတ် ထားလိုက်တယ်တဲ့။
ဒီလိုနဲ့ နှစ်တွေကြာလာတော့ ကောဝိသ မင်းသားကလည်း ကောဝိသ ဘုရင်ဖြစ်၊ ဘာလိန်ဒ မင်းသားလည်း လာလိန်ဒ ဘုရင်အဖြစ် အသီးသီး ရောက်ရှိ သွားကြတယ်တဲ့။ ဒီအခါမှာ ဘာလိန်ဒ ဘုရင်ဟာ ကောဝိသ ဘုရင်ကို ထားခဲ့တဲ့ ရန်ညိုးကို လက်စားပြန်ခြေ ပါတော့တယ်။
ကောဝိသပြည်ကို ဘာလိန်ဒပြည်က စစ်ပြုတယ်တဲ့ကွယ်။ အဲးဒီလို စစ်ပြုရာမှာ အင်အားကြီး ဘာလိန်ဒက အနိုင်ရတာပေါ့။ အနိုင်ရတယ် ဆိုပေမယ် ကောဝိသ မြို့ရိုး ကြီးက ခိုင်ခန့်လွန်းတာကြောင့် တိုင်းပြည်ကို မသိမ်း နိုင်ဘဲဖြစ်နေ တာပေါ့။ ကောဝိသ ဘုရင်ကလည်း မြို့ထဲမှာ အခိုင်အမှာ တပ်စွဲထားတယ်။ ဘာလိန်ဒ ဘုရင်ကလည်း ကောဝိသ ကိုမသိမ်း နိုင်ရင်လည်း တိုင်းပြည် မှာဘာမှ လုပ်စားလို့ မရတော့အောင် အပြင်ကနေ ၀န်းရံပိတ် ဆို့ထားလိုက် တယ်တဲ့ကွယ်။ ရည်ရွယ် ချက်ကတော့ ကောဝိသ ဘုရင် ဒုက္ခရောက် အောင်ပေါ့။
ဘာလိန်ဒ ဘုရင် ထည့်သွင်းမစဉ်းစားတဲ့ အချက်က
အဲလိုပိတ် ဆို့ထားလို့ သူဒုက္ခရောက် စေချင်တဲ့ ဘုရင်က ဘာမှဖြစ်မ သွားဘူး။ နေ့တိုင်း ထမင်း သုံးနှပ် မှန်မှန်စားတယ်။ ထမင်း ငတ်သွားတာက တိုင်းသူပြည် သားတွေ။
ဂျော့(စ်)ဘု ရေ ပုံပြင်လေး ကတော့ ဒါပါပဲကွယ်