Art is My Life: သံဝေဂ

Wednesday, March 31, 2010

သံဝေဂ

မော်တာလည်တိုင်းသာ ရေတက်မယ်ဆိုရင်
ငါဒီလောက်အထိ ညစ်ပတ်နေမှာမဟုတ်ဘူး

ခလုပ်နှိပ်တိုင်းသာ မီးပွင့်မယ်ဆိုရင်
ငါ့အခန်းတွေ အခုလောက်မှောင်နေမှာမဟုတ်ဘူး


နေနဲ့လနဲ့ တွေ့ဆုံပေးဖို့
ငါတစ်ခါမှ ဆုမတောင်းခဲ့ဖူးဘူး
မီးလာချိန်နဲ့ ရေလာချိန်ဆုံဖို့ကိုတော့
နေ့တိုင်းဆုတောင်းနေရတယ်


မျက်နှာသစ်မဲ့ အချိန်မှာ
ရေလာချိန်နဲ့ မီးလာချိန်ကြုံကြိုက်ခဲ့ရင်
ရိုမီယိုနဲ့ ဂျူးလိယက်တို့
ချစ်သူများနေ့မှာ တွေ့ဆုံထာထက်
ဆယ်ဆမက ပျော်မိမှာတော့အမှန်ပဲလေ

ငါကမ္ဘာပတ်ပြီး
ရွှက်လွှင့်ဖို့ စိတ်ကူးမယဉ်ချင်ပါဘူး
ရေချိုးခန်းက ရေကန်ထဲမှာ
ဖလားခွက်လေး မျှောခွင့်ရရင်ကျေနပ်ပါပြီ

March 31 2010

7 comments:

MieMie said...

နေပြည်တော် မှာ ပြောင်း နေ ပေါ့ ...

mie nge

Zuhra said...

Soe Gyi, I can not stop laughing. Ama

Unknown said...

မိုက်တယ်ကွ... ဒီ blog က

lizard1986 said...

i like this poem so much ,, it is express that how ppl live in mm. thanks

မိုးခါး said...

:P
miemie ပြောသလိုပဲ :D

Unknown said...

MieMie ရေ နေပူတော်လည်း ဘာထူးလို့လဲကွ...ငါတို့လည်း တစ်ခါတစ်လေ တွေ့ကြုံရတယ်နော်....တိုပတောင် ရေလာတယ်ထင်လို့ ရေတင်လိုက်တာ မော်တာလောင်သွားမှသိတယ်... နေပူတော်လည်း ရေပျက်တယ်ဆိုတာကိုပါ

Unknown said...

သူငယ်ချင်းရေ . . . နေပူတော်လည်း သံဝေဂလိုပဲ