Art is My Life: အင်တာနက်ဆိုင်က စိတ်ပျက်ဖွယ်ရာ လူတန်းစားနှစ်မျိုး

Tuesday, May 12, 2009

အင်တာနက်ဆိုင်က စိတ်ပျက်ဖွယ်ရာ လူတန်းစားနှစ်မျိုး

ဂျီတော့ ပီဖင်းဂိုး Vzo အစရှိသည်တို့ အသုံးပြုသည့်အခါတွင် ဘေးလူများ နားမခံနိုင်အောင် အော်ဟစ်ပြောဆို နေသူများ။

မက်တာကဖေး အစရှိသော ရယ်စရာများကိုကြည့်ပြီး တစ်လောကလုံးမှာ တစ်ယောက်ထဲ ရှိသသို့ တခွီးတဟီးဟီးနဲ့ အော်နေတတ်သူများ။

အဲလိုလူမျိုးတွေသာ ကိုယ်သုံးနေတဲ့ အင်တာနက်ဆိုင်ထဲ ရောက်လာပြီဆိုလို့ကတော့ အာရုံပျက်ပြီသာ မှတ်ပေတော့။ အခုလည်း စိတ်ကူးလေးရတုန်း ကဗျာလေးတစ်ပုဒ်ကို လမ်းမှာစာစီလာတာ ဘေးနားလေးမှာ တဟီးဟီး တစ်ဟားဟားနဲ့ အာရုံလာနောက်နေလို့ ဘာမှကို ရေးချင်စိတ်မရှိတော့ဘူး။


5 comments:

မေငြိမ်း said...

အာရုံ :D
အရုဏ် = မနက်ဦး၊ မိုးသောက်

စိုးဇေယျထွန်း said...

သတ်ပုံပြင်ဆင်ပြီးပါကြောင်း :)

♥ Acacia ♥ said...

ဒါလည်း တစ်ဒုက္ခပဲနော် လူတွေကလည်း ယဉ်ကျေးမှုတို့ အလိုက်သိတတ်ဖို့လည်း မသိကြတော့ဘူး ထင်ပါတယ်

Kyaw Nyo Thway said...

အဲ့ဒိလိုလူတွေကို မှတ်မှတ်သားသားရှိအောင် သူ့ဘေးမှာသွားပြီး ကိုယ့်ရည်းစားနဲ့ ခပ်ကျယ်ကျယ်လေးကျူလိုက်ပါ။ ကိုယ်ချင်းစာတတ်သွားလိမ့်မယ်။
ရည်စားမရှိရင်တော့ ဘလော့ဂ်တစ်ခုခုက ခပ်ကြမ်းကြမ်းကဗျာတစ်ပုဒ်ကို ခပ်ကြမ်းကြမ်းအော်ဖတ်လိုက်ပါ။
ကိုယ့်ကို လာပြီးမကြည်ကြည့်လာကြည့်ရင် ပြန်ကြည့်။
လာပြောရင်တော့ မျက်ခွက်ကို လန်ထွက်အောင် ရိုက်ပစ်လိုက်။ အဲ့ဒါအကောင်းဆုံးပဲ။ ကျုပ်လည်း အဲ့လိုလူတွေကို သိပ်မုန်းတယ်။

သုခုမလေဒီ said...

ဟုတ်တယ်။ အင်တာနက်ဆိုင်တွေကတော့ မပြောနဲ့  ဆူညံနေတာပဲ တိတ်တိတ်ဆိတ်ဆိတ်မရှိတာများတယ်။ Message ပို့ မယ်ဆိုပြီး စဉ်းစားထားတဲ့အကြောင်းအရာ လေးတောင် ပျောက်သွားလို့ ဘာမှကိုအလုပ်မဖြစ်ဘူး။