အပြစ်ကင်း၍ သန့်ရှင်း သေသပ် လှပသော အိမ်လေးတစ်လုံး ရောင်းရန်ရှိသည်
ရောင်းသူ ဘက်မှ ပေးနိုင်သော အာမခံချက်
ကြင်နာခြင်း ယုယခြင်းတို့ နှစ်ဆယ့်လေးနာရီ အပြည့်
မုန်းတီးခြင်း နာကြည်းခြင်းတို့ကို ထာဝရ ရပ်နားထာနိုင်သော ကျယ်ဝန်းသည့် ပါကင် လည်းရှိသည်
အချစ်ဂါလံ ၁၅၀၀ခန့် ကို သိုလှောင်ထား နိုင်သော Tamp တစ်ခုလည်းပါရှိသည်
ပေးဆပ်ခြင်းဖြင့် ဖောင်ဒေးရှင်းခံ တည်ဆောက်ထား သောကြောင့် ရေရှည်ခိုင်ခန့်သည်
သံရောဇာဉ် ကျပ်လုံးများကို တိုင်လုံးများ အတွင်းထည့်သွင်း တည်ဆောက် ထားသောကြောင့် ကံကြမ္မာ မုန်တိုင်းများ နှင့် ဘ၀၏ တုန်ခါမူ ဒါဏ်ကို ကြံ့ကြံ့ခံ နိုင်ရည်စွမ်းရှိသည်
အတင်း အဖျင်း ကဲ့သို့သော အင်းဆက်ပိုး မွှားများ အပါဝင် ဘေးအန္တရာယ်များ ၀င်ရောက် နိုင်မှုမရှိ စေရန် မေတ္တာ သံကွန်ချာက ကာကွယ်ပေးထား သည်
ဝယ်သူ ဘက်မှ ရှိရမည့် လိုအပ်ချက်များ
ကိုယ်တိုင် ၀ယ်ယူမည့် သူဖြစ်ရမည် (ပွဲစားမလိုပါ )
အပျော်နေထိုင်ရန် ခေတ္တတည်းခိုရန် ကြံစည်ထားသူများ စုံစမ်းရန်မလို ထာဝနေထိုင် လိုသူဖြစ်ရမည်
မှတ်ချက်။ ။ အပ်ါရံနှင့် အပြင်ပန်း အလှကို ကြည့်ပြီး တန်ဖိုးဖြတတတ်သူများ အတွက် အဆင်ပြေလိမ့် မည်မဟုတ်ပါ
ရောင်းဈေး ၁၅၀၀
အလျှော့ အတင်း လုံးဝ မရှိ
နှလုံးသား ရေစုပ်စက်ဖြင့် မေတ္တာရေများ ပက်ဖျန်းခြင်းကြောင့် အချစ်ပန်းများ ထာဝရဝေနေတဲ့ ဒီအိမ်လေးကို ပိုင်ဆိုင်လိုတယ် ဆိုရင်
အမှတ် L0E သစ္စာလမ်းမကြီး နှင့် အကြင်နာလမ်းမကြီး ဆုံရာထောင့် မြားနတ်မောင် ရပ်ကွက် နှလုံးသားမြို့တော်
brvboy@gmail.com
ph number 528
Tuesday, January 30, 2007
အိမ်ရောင်းရန်ရှိသည်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:53 AM
1 ယောက်က ဒီလိုမြင်တယ်
Sunday, January 28, 2007
တန် ၅၀၀ ကျ ဘိလပ်မြေစက်ရုံ ကျောက်ဆည်
ရှစ်ထပ်တိုက် တစ်တိုက် စာလောက် မြင့်တဲ့ ဆိုင်လို ခေါ် ကုန်းကြမ်း ထုံးကျောက်တွေ သယ်ရာ ကွန်ပယ်ရာလိုင်း ပေါ်ကနေ တက်ရိုက်ထားတာပါ။ လူနဲ့ ကင်မရာ ကို ကြောင်လိမ်လှေကား လေးအတိုင်း ကျဉ်းကျဉ်းလေးမှာ တဖုတ်ဖုတ်ကျနေတဲ့ ထုံးကျောက်တွေ မထိအောင် ရှောင်ကွင်းတက်ရတာမို့ အသေးစား စွန့်စားခန်းလေးပါပဲ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:45 PM
0
ယောက်က ဒီလိုမြင်တယ်
Saturday, January 27, 2007
ခံစာခြင်း
အဖွားအိုကတော့ ပြင်ဦးလွင်ကပါ ပြင်ဦးလွင်မြို့ နာရီစဉ် ဆောက်တော့ သူမရဲ့ အသက်က ၆ နှစ်သမီးပဲ ရှိပါသေးတယ်တဲ့
မှတ်ချက်။ ။ ပြင်ဦးလွင် နာရီစဉ်ကို ၁၉၃၆ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့သည်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:50 PM
0
ယောက်က ဒီလိုမြင်တယ်
နေမကောင်းဘူး
နေမကောင်းဘူးဗျာ နာလည်းစည်းတယ် ချောင်းကလဲတဟွတ်ဟွတ်နဲ့ တော်သေးတာပေါ့ ၀မ်းလျှောတာလေး ပျောက်သွားပေလို့ မဟုတ်ရင် မချောင်ဘူးဗျာ။
ပြီးခဲ့တဲ့ အပတ်ထဲက မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်း၊ မုံရွာ နယ်တစ်ခွင် လျှောက်သွားလိုက်တာ ရာသီဥတုကကြမ်း အိပ်ရေးကပျက် ဆိုတော့ အအေးမိတော့တာပဲ။
ကျွန်တော်တို့ ခရီးသွားတဲ့ အဖွဲ့က မန္တလေးကို ဗဟိုထားပြီး တခြားမြို့တွေ သွားတာလေ။ ညဆိုရင်တော့ မန္တလေးမှာ ပြန်အိပ်ကြတာပေါ့ ပထမနှစ်ရက်ကတော့ မန္တမြို့က ဟိုတယ်တစ်ခုမှာ တည်းတယ်။ အိပ်ခန်းခက တစ်ရက်ကို ၁၆၀၀၀ ပေးရတယ်၊ Beer ဖိုး တစ်ရက်ကို ၁၉၀၀၀ ကျော်ကျတာကြောင့် ဈေးကြီးလွန်တော့ ရွှေမန္တလာက ဟိုတယ်ကို လေးစားသွားပါတယ်။
နောက်တစ်ရက်မှာ ကျောက်ဆည် ဘိလပ်မြေ စက်ရုံ မှာအိပ်ပြီး၊ ကျန်ရက်အားလုံး မှာတော့ မန္တလေးမြောက်ပြင်က ရွှေဝါဆပ်ပြာ စက်ရုံမှာပဲ တည်းလိုက်တယ်၊ အပြန်မှာ မန္တလေး ဘီယာစက်ရုံက လက်ဆောင်ပေးလိုက်တဲ့ စပီရူလိုင်းနား ဘီယာတစ်ဖာကို ဆွာက၀ယ်လာတဲ့ ၆၀၀ တန်ပဲကြီးလှော် နှစ်ထုပ်နဲ့ ရန်ကုန်ရောက် တယ်ဆိုရင်ပဲ ဆွဲပေးလိုက်တာ ၀မ်းတွေ ရှောပါလေရောဗျာ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
8:27 PM
0
ယောက်က ဒီလိုမြင်တယ်
Tuesday, January 23, 2007
ပျက်ကွက်ခြင်း
ကျွန်တော်ဘလော့ မရေးရတာ တော်တော်ကြာနေပြီ ခရီးသွားနေတာရယ် မအားတာရယ် အားပြန်တော့လည်း ဇော်ဂျီလက်ကွက်က ကျွန်တော့ကွန်ပျူတာမှာ ဂျီကျနေတာရယ် စတဲ့အကြောင်းတွေ ကြောင့်မရေးဖြစ်ဘူး။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
10:47 PM
0
ယောက်က ဒီလိုမြင်တယ်
Monday, January 22, 2007
i went to see next time but ...........................
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:11 AM
0
ယောက်က ဒီလိုမြင်တယ်
Wednesday, January 17, 2007
Monday, January 15, 2007
Saturday, January 13, 2007
တွေးမိ ရေးကြည့်
လုပ်ချင်ဆုံး ဆန္ဒတစ်ခု
ကမ္ဘာပေါ်က စစ်လက်နက်တွေ အားလုံးကို အရည်ကျိုပြီး လူသား အကျိုးပြု စက်ကိရိယာများ အဖြစ်ပြောင်းလဲ လိုက်မယ်
အကြားချင်ဆုံး သတင်းတစ်ပုဒ်
ကျွန်တော် အနားယူတော့မယ်
မကြားချင်ဆုံး အသံ
လူကြီးမင်း ခေါ်ဆိုသော GSM တယ်လီဖုန်းမှာ ယနေ့တစ်ညလုံး အားနိုင်ဖွယ်ရာ မမြင် ပါသောကြောင့် နောက်တစ်ရက်မှ စောစောစီးစီး ထ၍ခေါ်ဆိုပါ
ချစ်သူထက် ပိုလွမ်းစရာကောင်း တာက
လျှပ်စစ်မီး
သိသိတာတာ တိုးတက်တာက
ဘစ်စကား မှားတယ်
ကုန်ဈေးနှုန်း
ငါးဆယ်တန် အကြွေစက္ကူ ကိုဘယ်သူတွေ အများဆုံး ကိုင်နိုင်သလဲ ဆိုတဲ့ ပြိုင်ပွဲ တစ်ခုကိုလုပ် ကြည့်တော့ အနိုင်ရသွား တဲ့လူက
ကားစပါယ်ယာ မှားတယ်
မော်တော်ပီကယ်
ဘီဂိတ် လိုသာ ချမ်းသာခဲ့မယ်ဆိုရင်
တစ်နေ့တစ်နေ့ ဆောင်ရမဲ့ အခွန်တွေ နည်းမှာ မဟုတ်ဘူး
ကမ္ဘာပေါ်မှာ စိတ်မရှည်တဲ့ လူတွေကို ကုသလို့ရတဲ့နည်း မြန်မာပြည်မှာ ရှိတယ်
တရားထိုင်ခိုင်း မှားတယ်
အင်တာနက်သုံး ခိုင်းလိုက်
အားခီးမီးဒီး ကို ကမ္ဘာလော ကြီးထဲပြန်ခေါ်လို့ ရမယ်ဆိုရင်
မတူညီတဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်လို့ နိုင်မဲ့ equation ထုတ်ခိုင်းချင်တယ်
ဂျော့ဘု(စ်) ကိုပြောပြချင်တဲ့ ပုံပြင်လေး တစ်ပုတ်
တစ်ခါတုန်းက ကောဝိသ နဲ့ ဘာလိန်ဒ ဆိုတဲ့ တိုင်းပြည် နှစ်ပြည်ရှိတယ်။ အဲဒီတိုင်ပြည် မှာ မင်းသား တစ်ပါးစီရှိ ကြတယ်။ ကောဝိသ တိုင်းမင်းသားက ငယ်ငယ် ကတည်းက ခောတ်စကားနဲ့ ငှားသုံးရရင် ဆော်ကြည်တယ်။ ဘာလိန်ဒ မင်းသားက ပညာ ထူးချွန်တယ်။
ဒီလိုနဲ့ မင်းသား နှစ်ပါးဟာ ၁၆ အရွယ် ရောက်တော့ ရန်ကုန် အရှေ့ ပိုင်းတက္ကသိုလ်(တာဝ) မှာ ပညာ လာသင်ကြတယ်။ ပညာသင်ရင်း နဲ့ သူတို့ နှစ်ယောက်ဟာ သူငယ်ချင်းတွေ ဖြစ်သွား ကြတယ်တဲ့။
အဲဒီ အချိန်က ကိုးရီးယား ပြည်မှာ နန်းတွင်း သမားတော် လေး ချန်ကင် နာမည်ကြီးနေတဲ့ အချိန်ပေါ့။ မင်းသား နှစ်ပါး ကလည်း ကိုးရီးနိုင်ငံက နန်းတွင်းသမား တော်လေး ချန်ကင်ရဲ့ သတင်းကို ကြားပြီး စွဲလမ်းနေကြ တယ်တဲ့လေ။
ဒီလိုနဲ့ မင်းသား နှစ်ပါးလုံးဟာ ချန်ကင်လေးနဲ့ နီးစပ်မဲ့ အရေး အမြဲဆွေးနွေး လို့နေကြပါသတဲ့။့ စဉ်းစားလာ လိုက်ကြတာ ပညာထူး ချွန်တဲ့ ဘာလိန်ဒ မင်းသားက သူတတ်ကျွမ်းတဲ့ MIRC တို့ ygnchat , myanmarmedicalchat. Baganchat , စတဲ့ချက်နည်း ပေါင်းစုံသုံး ပြီးရှာဖွေ လိုက်တော့ နောက်ဆုံးမှာ ချန်ကင် လေးရဲ့ gmail လိပ်စာကို ရရှိလို့ သွားပါတယ်တဲ့။ ဒီလိုနဲ့ mail တွေအပြန် အလှန်ပို့ကြ Gtalk , Vzo , Skipe , QQ chat တွေနဲ့ စကားတွေ ပြောကြရင်းက တစ်ယောက် ကိုတစ်ယောက် ရင်းနှီးကျွမ်း ၀င်လို့လာပါ တယ်တဲ့။ ဘာလိန်ဒ မင်းသားက ချန်ကင်းလေးနဲ့ အဲလို အဆင်ပြေနေ တုန်းမှာ ကောဝိသ မင်းသားက အားအားရှိ ဘိလိယက် ထိုးလိုက် Hip Hop ပါတီသွားလိုက် နိုက်ကလပ် တက်လိုက်နဲ့ အချိန်ဖြုန်း နေတယ် ဆိုပဲ။
တရက်မှာတော့ Bagan Cyber Tech ကနေက Gtalk တို့ Skipe တို့ ကုန်ကုန်ပြောရရင် free ရတဲ့ email မှန်သမျှနဲ့ Voice ပြောလို့ရတဲ့ Program အကုန်လုံးကို အမေရိကန် ကုမ္ပဏီကြီး တစ်ခုကထုတ်တဲ့ ဆော့ဝဲနဲ့ Firewall ခံလိုက်တယ်တဲ့။ အဲဒီတော့ ဘာလိန်ဒ မင်းသားလေး နဲ့ ချန်ကင်းလေးဟာ အဆက်အသွယ် ပြတ်သွားရ ရှာတယ်။ နောက်ဆုံးမှာ ချန်ကင်လေးဟာ မနေနိုင်တော့လို့ ချာတာဖလိုက်နဲ့ မင်းသားလေး ပညာဆည်းပူးရာ မြန်မာပြည်ကို လိုက်လို့ လာပါ တော့တယ်။ (မှတ်ချက် ကိုးရီးယား မြန်မာ အမြဲတမ်း လေကြေင်း လိုင်းပြေးဆွဲ ရေးမှာ ငြှိနိုင်းဆဲ ဖြစ်၍ ချာတာဖလိုက်နှင့် ချန်ကင် အမှီလိုက်ခဲ့ ရခြင်းဖြစ်သည်)
ဘာလိန်ဒ မင်းသားလေးဟာ ချန်ကင် ကြိုဖို့ လေဆိပ်ကို ထွက်သွားတယ် တဲ့။ ဒီသတင်း ကိုကြားတဲ့ ကောဝိသ မင်းသားက သံလျှင်တံတာ ဘေးမှာနေတဲ့ သူတပည့်ကို ဖုန်းလှမ်း ပေါက်ပြီး တံတားပေါ်ကို ကွန်တိန်နာ ကားကြီးမောင်းခိုင်းပြီး တံတား အလယ်ရောက်တော့ ကားဘီတွေ လျှော့ကာ ကားပျက်ချင် ဟန်ဆောင် ခိုင်းတယ်တဲ့။ သိကြတဲ့ အတိုင်း သံလျှင်တံတား ပေါ်မှာကား တစ်စီးပျက်ရင် ကျန်တဲ့ကား တွေသွားလို့ မရ တော့ဘူးလေ။ အဲဒီမှာ ဘာလိန်ဒ မင်းသားက ကားကြော ပိတ်နေတာပေါ့။ အကြံသမား ကောဝိသ မင်းသားကတော့ ပဲခူးမြစ်ကို ငမိုးရိပ် မော်တော် ကြီးစီးပြီး လေဆိပ်ကို ဦးအောင်သွား နှင့်တယ်။
လေဆိပ် အ၀မှာ နာရီလေး ကြည့်ကိုကြည့် လိုက် လေဆိပ် အပြင်က ကားတွေကို ကြည့်လိုက်နဲ့ နုတ်ခမ်း လေးစူ နေသူကတော့ နန်းတွင်း သမားတော်လေး ချန်ကင် ပေါ့ ကွယ်။
လေဆိမ် မှာစောင့်နေတဲ့ ချန်ကင်ကို လဲတွေ့ရော အကြံသမား ကောဝိသ မင်းသားဟာ ဘာလိန်ဒ မင်းသားရောင်ဆောင်ပြီး သူတို့ တိုင်ပြည် ကောဝိသ ကိုခိုးပြေးသွား ပါရောတဲ့ကွယ်။ ဘာလိန်ဒ မင်းသား ရောက်လာတော့ လေဆိပ်မှာ ချန်ကင် လေး မရှိတော့ ဘူး။ စုံစမ်း ကြည့်တော့ ကောဝိသနောက် ပါသွားပြီ။
အဲဒီတော့ ဘာလိန်ဒ မင်းသားဟာ ရှက်ခြင်း ၀မ်းနည်းခြင်း ကြေကွဲခြင်း ဆိုတဲ့ ခံစားချက်တွေနဲ့ ကောဝိသ မင်းသားကို အငြိုးအမှတ် ထားလိုက်တယ်တဲ့။
ဒီလိုနဲ့ နှစ်တွေကြာလာတော့ ကောဝိသ မင်းသားကလည်း ကောဝိသ ဘုရင်ဖြစ်၊ ဘာလိန်ဒ မင်းသားလည်း လာလိန်ဒ ဘုရင်အဖြစ် အသီးသီး ရောက်ရှိ သွားကြတယ်တဲ့။ ဒီအခါမှာ ဘာလိန်ဒ ဘုရင်ဟာ ကောဝိသ ဘုရင်ကို ထားခဲ့တဲ့ ရန်ညိုးကို လက်စားပြန်ခြေ ပါတော့တယ်။
ကောဝိသပြည်ကို ဘာလိန်ဒပြည်က စစ်ပြုတယ်တဲ့ကွယ်။ အဲးဒီလို စစ်ပြုရာမှာ အင်အားကြီး ဘာလိန်ဒက အနိုင်ရတာပေါ့။ အနိုင်ရတယ် ဆိုပေမယ် ကောဝိသ မြို့ရိုး ကြီးက ခိုင်ခန့်လွန်းတာကြောင့် တိုင်းပြည်ကို မသိမ်း နိုင်ဘဲဖြစ်နေ တာပေါ့။ ကောဝိသ ဘုရင်ကလည်း မြို့ထဲမှာ အခိုင်အမှာ တပ်စွဲထားတယ်။ ဘာလိန်ဒ ဘုရင်ကလည်း ကောဝိသ ကိုမသိမ်း နိုင်ရင်လည်း တိုင်းပြည် မှာဘာမှ လုပ်စားလို့ မရတော့အောင် အပြင်ကနေ ၀န်းရံပိတ် ဆို့ထားလိုက် တယ်တဲ့ကွယ်။ ရည်ရွယ် ချက်ကတော့ ကောဝိသ ဘုရင် ဒုက္ခရောက် အောင်ပေါ့။
ဘာလိန်ဒ ဘုရင် ထည့်သွင်းမစဉ်းစားတဲ့ အချက်က
အဲလိုပိတ် ဆို့ထားလို့ သူဒုက္ခရောက် စေချင်တဲ့ ဘုရင်က ဘာမှဖြစ်မ သွားဘူး။ နေ့တိုင်း ထမင်း သုံးနှပ် မှန်မှန်စားတယ်။ ထမင်း ငတ်သွားတာက တိုင်းသူပြည် သားတွေ။
ဂျော့(စ်)ဘု ရေ ပုံပြင်လေး ကတော့ ဒါပါပဲကွယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:31 AM
1 ယောက်က ဒီလိုမြင်တယ်
Wednesday, January 10, 2007
Hello 2007
Hello 2007
မင်္ဂလာပါ ၂၀၀၇
တွေ့ရတာ ၀မ်းသာပါတယ်
ခင်ဗျားကို တွေ့ချင်လို့ စောင့်နေတာ ၂၀၀၆ ဒီဇင်ဘာ ၃၁ ရက်ည ကတည်းက ဆိုပါတော့
စောင့်ရတဲ့ အကြောင်းကတော့ဗျာ ပြောစရာလေးတွေ နဲနဲရှိနေလို့ ပြောစရာ ဆိုတာကလည်း တခြားတော့ မဟုတ်ပါဘူး။ ခင်ဗျားနဲ့ ကျွန်တော်က တစ်နှစ်လုံးလုံး အတူတူ နေကြရမှာ မဟုတ်လား။ ဒီတော့ ခင်ဗျားနဲ့ ကျွန်တော် နေထိုင်စဉ် ကာလလေး အတွင်းမှာ အကျိုးရှိအောင် စည်းမျဉ်း စည်းကမ်း လေးတွေ ပြောကြည့် ကြတာပေါ့ဗျာ
ပြီးခဲ့တဲ့ ၂၀၀၆ မှာနေတုန်း ကတော့ ကျွန်တော့်ရဲ့ မအောာင်မြင်တဲ့ ရည်မှန်းချက် တွေကို ပြန်သုံးသပ် ကြည့်လိုက်တော့ အတော် များများက ခက်ခဲလွန်းလို့ မဟုတ်ပဲ ကျွန်တော့ရဲ့ ကြိုးစား အားထုတ်မှု ပိုင်းမှာ အားနည်းတာကို တွေ့ရတယ်။ ဘာကြောင့် အားနည်း သွားရတာလဲ ဆိုတော့ အဓိက ပြသနာက ဖွန်လိုင်းနဲ့အွန်လိုင်း ပေါင်းသွား ချိန်မှာ ရှော့ဖြစ်ပြီး ရည်မှန်းချက် တော်တော် များများ အနိစ္စ သဘောနဲ့ ကိစ္စချော သွားကြတယ်။
ကောင်းပြီ Blogger လေး ခင်ဗျား ကျွန်တော်ကို ကတိပေးရမယ်။
ဟုတ်ကဲ့ ခင်ဗျားက အိမ်ရှင်ပဲ ကျွန်တော်က ခင်ဗျားဆီမှာ ခေတ္တခိုလုံမဲ့လူလေ
၂၀၀ရ။ ။ တစ်အချက် မိန်းကလေး နဲ့လိုအပ်တာ ထက်ပိုပြီး မပတ်သက်ဘူး
Blogger။ ။ ဟုတ်ကဲ့ ကတိပေးပါတယ်
၂၀၀ရ။ ။ ကွမ်းမစားဘူး၊ ဆေးလိပ် မသောက်ရဘူး၊ အရက် မသောက်ရဘူး။
Blogger။ ။ ဟုတ်ကဲ့ အဒါတွေ အားလုံး ကျွန်တော် မလုပ် တတ်ပါဘူး ဘီယာ လေးတော့ တစ်ခါ တစ်လေ သောက်ခွင့်ပြုပါ။
၂၀၀၇။ ။ အွန်လိုင်ကို ဖွန်လိုင်း အဖြစ် အသုံးခြခြင်း ကိုရှောင် ကြဉ်ရမယ်
Blogger။ ။ ရှောင်ကြဉ် ပါ့မယ် ဒါပေမယ့် သူငယ်ချင်း တွေနဲ့ Gtalk လောက်တော့ ပြောခွင့် ပေးပါ
၂၀၀၇။ ။ ရတဲ့ပိုက် ဆံတွေရဲ့ အနည်းဆုံး ငါးပုံပုံ တစ်ပုံကို လစဉ် စုဆောင်းပါ။ ဘာဖြစ် လို့လဲဆိုတော့ မနှစ်ကလို မမျှော်လင့်ပဲ ကျမ္မာရေး ကိစ္စပေါ်လာတဲ့ အခါ မိဘတွေက အဝေးမှာ။ ရန်ကုန်မှာက မင်းက တစ်ကောင်ကြွက်။ အရေးပေါ်ရှိ ရင်သုံးလို့ ရတာပေါ့
Blogger။ ။ ဟုတ်ကဲ့ စုပါမယ်
၂၀၀၇။ ။ ငါနဲ့ အတူ နေတုန်းမှာ အင်္ဂလိပ် စာကို အကျွမ်းကြီး မဟုတ် တောင် လက်တန်း လောက်တော့ ဖတ်တတ်စေချင်တယ်
Blogger။ ။ ကျွန်တော် ကြိုးစားပါမယ်
၂၀၀၇။ ။ ငါ့မိတ်ဆွေ ဖိုးခြောက်(၂၀၀၆) ကပြောတယ်၊ သူက မင်းရေးတဲ့ ၀တ္တုလေးကို တစ်ပိုင်း တစ်စပဲ ဖတ်လိုက်ရတယ်တဲ့။ ငါကတာ့ အကုန်ဖတ်ချင်တယ်။ ဘယ်လိုလဲ ပြီးအောင် ဆက်ရေးနိုင်ပါ့ မလား
Blogger။ ။အောင်မှာ လူကိုအထင် သေးလိုက်တာ ဘာလို့ မရေးနိုင်ရမှာလဲ။ ခင်ဗျားတင် မဟုတ်ဘူး တစ်ခြားလူတွေ ဖတ်နေတာ ကိုပါမြင်သွား စေရမယ်
၂၀၀၇။ ။ ဖိုးခြောက် ဆီမှာနေတုန်းက အကြွေးတွေ ကျန်ထားတယ် ပြေတယ်။ ငါဆီက ထွက်သွားတဲ့ အချိန်မှာ ငါကတော့ ဖိုးခြောက်လို အကြွေး လက်ခံထားမှာ မဟုတ်ဘူးနော်
Blogger ။ ။ ဖိုးခြောက် ဆီမှာအကြွေး ကျန်တာပဲ သိတာကိုး ကျွန်တော် ဆီကချေး ပြီးပြန်မပေး ကြတာက တင်နေတဲ့ အကြွေးထက် နှစ်ဆလောက် များတယ်။ နောင်ဆိုရင် ခင်ဗျားနဲ့ မှမဟုတ်ဘူး နာင်လာမဲ့ အနာဂတ်မှာ ဘယ်တော့ မှအကြွေး မကျန်စေရဘူး။
၂၀၀၇။ ။ နောက်ပြီး မင်းက အိပ်ရေး တော်တော် ပုတ်တယ်လို့ ပြောတယ် ငါနဲ့နေရင်တော့ မနက် ၆ နာရီ ဆိုပုံမှန် အိပ်ရာ ထရမယ်
Blogger။ ။ No No ဒါတော့ မရဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ညဆိုရင် စာဖတ်တာ စာရေးတာ အင်တာနက် သုံးတာနဲ့ဆိုတော့၊ နှစ်နာရီကျော် မှအိပ်ဖြစ်တာ ဆိုတော့ ၆ နာရီ အိပ်ရာထဖို့ ဆိုတာ မဖြစ်နိုင်ဘူး
၂၀၀၇။ ။ ဒီလိုဆိုရင်လဲ ကျောင်းရှိတဲ့နေ့တော့ စောစောအိပ် အချိန်မှီထ
Blogger။ ။ Ok
၂၀၀၇။ ။ ပေတစ်သောင်း ကျော်အမြင့် ရှိတဲ့ ရေခဲတောင် ထိပ်မှာ လက်တစ်ဘက်က လေထဲမှာ လွင့်နေတဲ့ နိုင်ငံတော် အလံ ကြီးကို ကိုင်ပြီး လက်တစ်ဖက်က နှင်းခဲတွေကို အားပါးတရ ဆုပ်ကိုင်နေတဲ့ မင့်ရဲ့ ဓတ်ပုံကို ကြည့်ချင်တယ်
Blogger။ ။ ကြည့်ရစေမယ်
၂၀၀၇။ ။ အေးကွာ မနက်ဖြန် မင်အလုပ် သွားရဦးမှာ အိပ်တော့
Blogger။ ။ ခဏ ပြောစ. . .. .
၂၀၀၇။ ။ ဆောရီးပဲ ငါအိပ်ပြီ နောက်ရက် မှ ဆက်ပြော
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
10:33 AM
0
ယောက်က ဒီလိုမြင်တယ်
Sunday, January 07, 2007
ပလဲနက်ကြီးပျက်ပြနပီ
ပလဲနက်ဖွင့်မရတာ တော်တော်ကြာနေပီ
တင်ထားတဲ့ ပို့လေးတွေပါသွာဲးပန်ပီနဲ့တူတယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:56 PM
0
ယောက်က ဒီလိုမြင်တယ်
Good by 2006
၂၀၀၆ ကိုစာရင်းချုပ်ခြင်း
၂၀၀၆ ခုနှစ်တွင် အသက် ၂၁ ပြည့်တော့မည်
ရည်မှန်းချက်များ(၂၀၀၆)
၁။ ရည်းစားတစ်ယောက်ထားရန်
( ရည်းစားရသော်လည်း လက်ပင်မကိုင်ဖူး လိုက်ပဲပြတ်သွားသည် )
၂။ 3D ကာတွန်းကားများ တွင်ကိုယ်တိုင် ပါဝင်ရေးဆွဲရန်
( နယ်မှရောက်လာသော သူငယ်ချင်ကို ပိုက်ဆံ ချေးလိုက် ရသောကြောင့် Animation မတက်ဖြစ်လိုက်ပါ) ၂၀၀၇ တွင်ဆက်ကြိုးစားရန်
၃။ ဒီဇင်ဘာလ မကုန်မီ ၀တ္ထုတစ်အုပ် အပြီးရေးရန်
( အပိုင်း ၁၀ အထိရေးပြီးမှ ဆက်မရေးဖြစ်ပါ) ၂၀၀၇ တွင်ဆက်ကြိုးစားရန်
၎။ ပေတစ်သောင်းကျော်ရှိ လင်ခရူမာဒင် ရေခဲတောင်ကို တက်ရန်
( ညဥ့်နက်အောင် အင်တာနက်သုံးသုံးနေမိ၍ ထရိန်နီမမှန် သောကြောင့် တောင်တက်ခွင့် မရပါ) ၂၀၀၇ တွင် အခြားရေခဲတောင် တစ်ခုကို မဖြစ်မနေတက်ရန်
၅။ English စာသင်တန်းများတက်ရန်
( မနက်ပိုင်းသင်တန်းများတွင် အိပ်ရာထနောက်ကျ သောကြောင့် ပျက်ရက်များပြီး ညနေပိုင်း သင်တန်းများတွင် အိပ်ငိုက်သောကြောင့် စာကိုကောင်းစွာ မလိုက်နိုင်ပါ)
၂၀၀၇ တွင် ဦးစားပေးစားပေး ဆောင်ရွက်ရန်
၆။ WIPO က ကျင်းပသော DL 101 စာမေးပွဲဖြေရန်
( မသမာသူ တစ်ဦးမှ User နှင့် Password ကို Chan လိုက်သောကြောင့် စာမေးပွဲ မဖြေလိုက်ရပါ)
၂၀၀၇ မတ်လတွင် ပြန်ဖြေရမည်
ရ။ ကားမောင်းသင်ရန်
(နယ်မှာနေသော မိဘများ၏ ကန့်ကွက်မူကြောင့် မတက်ဖြစ်လိုက်ပါ)
ကားဝယ်နိုင်တော့မှ ဆက်ကြိုးစားရန်
၈။ ဓာတ်ပုံပြပွဲလုပ်ရန်
(ဓာတ်ပုံများကို စိတ်တိုင်းမကြသေး၍ မပြဖြစ်ပါ)
ဆက်လက်ရိုက်ကူး စုဆောင်းရန်
၁၀။ မြန်မာလို ကွန်ပြူတာနှင့် စာရိုက်ရန်
( တစ်မိနှစလျှင် စာလုံးရေနှစ်ဆယ်ခန့် ရိုက်နိုင်ပြီ)
၂၀၀၇ တွင် စာလုံးရေ ၄၀ ကျော်ရိုက်အောင်ဆက်ကြိုးစားရန်
၁၁။ ကိုယ်ပိုင် ၀က်ဆိုဒ်တစ်ခုပြုလုပ်ရန်
(ဖေဖော်ဝါရီတွင် blog.com,မတ်လလောက်တွင် Xanga , သြဂုတ်လတွင် blogspot နှင့် အောက်တိုဘာတွင် မြန်မာလို ရေးနိုင်သော blogspot ကိုဖန်တီးနိုင်ခဲ့သည်)
၂၀၀၇ တွင် ကိုယ်ပိုင် ဒိုမိန်း တစ်ခုဆက်လုပ်ရန်
၁၂။ မြန်မာရိုးရာကို ဖော်ညွှန်းနိုင်မဲ့ အကြောင်းရာများကို ၀က်ဆိုဒ်တင်ရန်
( ၂၀၀၇ ၁လ ၆ ရက်နေ့မှ စလုပ်ဖြစ်သည်)
၂၀၀၇ အတွင်း မြန်မာ့ရိုးရာ blogspot များဆက်လက် ဖန်တီးရန်
၁၃။ အင်တာနက် ပညာဒါနသင်တန်း တစ်ခုတွင် အခမဲ့ ဆရာလုပ်ရန်
( အချိန်မလောက် ငှသောကြောင့် မလုပ်ဖြစ်ပါ)
၁၄။ ပင်လယ်ကို အရှင်လတ်လတ် အပြင်မှာသွားကြည့်ရန်
(ချောင်းသာ၊ စက်စဲ နှင့် ကျိုက္ကမီ တွင်မြင်တွေ့ခဲ့ရသည်)
ဘုရင့်ညီနော်ဂူ ရေပူကန်
၁၅။ တောင်ကြီး သီတင်းကျွတ်၊ ပင်းတယ နှင့် အင်းလေး ခေါင်တိုင်တွင် ရေပူစမ်း ရေချိုးရန်
( ဆွာတံတားကြိုးနေ၍ တောင်ကြီးအင်းလေး ခရီးစဉ်ကို မော်လမြိုင် ဘားအံ ခရီးစဉ် အဖြစ်ပြောင်းလိုက်ရသည် ၊ ရေပူစမ်းရေကိုမူ ကရင်ပြည်နယ် ဘရင့်ညီနော် ဂူတွင်ချိုးခဲ့ရသည် )
၁၆။ မန္တလေးသို့သွား၍ ဦးပိန်တံတား အပါဝင်မရောက် ဖူးသောနေရာများ လျှောက်လည်ရန်
(သုံးကြိမ် မန္တလေးရောက်၍ ဦးပိန်တံတား အပါဝင် အခြားနေရာများ လည်းရောက်ခဲ့သည်)
၁၇။ မုံရွာတစ်ဘက်ကမ်း ကျေးရွာများသို့ သွားရောက်၍ မြေမုန့်ကို ကြေးနီ ချက်လုပ်ကြ သည့်ဖြစ်စဉ်ကို ဆောင်းပါရေးရန်
(မုံရွာတစ်ဘက်ကမ်း ကျေးရွာများ ကြေးနီချက်လုပ် သည့်နေရာများကိုရောက်ရှိခဲ့ သော်လည်း ဆောင်ပါးရေးတုန်း တန်းလန်းနှင့် လက်စမသပ်ရသေးပါ)
နောက်တွင် တထိုက်တည်းပြီးနိုင် မည့်အလုပ်များကို ရက်ရွှေ့ဆိုင်ခြင်း မလုပ်ရန်
၁၈။ Chat Rom မှရည်းစားရှာရန်
(အိမ်ရေးပျက်ရက်တွေ များလာပြီး ဇွန်လဆန်းတွင် ဆေးရုံရောက်သွား၍ အစီစဉ် ပျက်သွားသည်)
ရည်းစားမရခင် မျက်မှန် ရသည့်ကိန်း ဆိုက်သွားနိုင်၍ နောင်တွင် သတိပြုဆင်ချင်ရန်
၁၉။ မွေးရပ်မြေကို ပြန်ရန်
(တစ်ကြိမ်ရောက်သည်)
၂၀၀၇ တွင် နှစ်ကြိမ် ထက်မနည်းပြန်ရန်
၂၀။ ကျိုက္ကထီးရိုး ဘုရားဖူးရန်
(အောက်တို ဘာလကရောက်ခဲ့သည်)
၂၁။ မလေးရှားသို့ အလည်သွားရန်
(ပတ်စပို့ အချိန်မှီမရသောကြောင့် မသွားဖြစ်ပါ)
ဆက်လက်ရေးမည်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
4:15 AM
4
ယောက်က ဒီလိုမြင်တယ်
မြန်မာ့ကနုတ်ပန်း
လွန်ခဲ့တဲ့ တစ်လကျော်လောက်က စာအုပ် အဟောင်းဆိုင် တစ်ခုမှာ ၀င်မွေတုန်းမှာ မြန်မာ့ကနုတ်ပန်း ဆိုတဲ့စာအုပ်လေးကို တွေ့ခဲ့တာပါ စာအုပ်ပြုစုသူရဲ့ အမည်ကတော့ ဦးဘသာ ပါ။
စာအုပ်ရဲ့ ဒုတိယ စာမျက်နှာမှာတော့
အထက်တန်း
မြန်မာကနုတ်ပန်း
ရေးသားသူ
ဦးဘသာ
ရိက္ခာတော်ရ ပန်းချီအနုပညာစာအုပ်
လို့ဖော်ပြပါရှိပါတယ်။
စာအုပ်ကို စာပေဗိမာန် ပုံနှိပ်တိုက်က ထုတ်ဝေတာဖြစ်ပြီး ရေးသားထုတ်ဝေသည့်နှစ် တော့ဖော်ပြထားခြင်း မရှိပါဘူး။ စာအုပ်မှာ မြန်မာ့ကနုတ်ပန်း ပညာလက်ရာတွေကို အထက်တန်း အလယ်တန်းနှင့် ခြေခံရေးဆွဲပုံ အဆင့်ဆင့်ကို ဖော်ပြထာပါတယ်။
အထက်တန်းမှာတော့ ပလ္လင်ဥကင် လို့ခေါ်တဲ့ ရှေးမြန်မာ ဘုရင်များရဲ့ ပလ္လင်မှာပါရှိတဲ့ ကနုတ်ပန်းလက်ရာ အနုစိတ်တွေ၊ ကရ၀ိတ်ဖောင်တော် မှာပါတဲ့ ကနုတ်ပန်းလက်ရာတွေ ပြသဒ် အဆောက်ဦးတွေက ချွန်ထွက်နေတဲ့ ကြက်မောက်တန်းတွေ တွဲလွဲခိုနေတဲ့ ပျားစွဲတွေ၊ ပုဂံ ထီးလိုမင်းလို ဘုရား အင်္ဂတေတိုင်က ကနုတ်ပန်းရေးဟန်တွေ၊ ရုတ်တရက် ကြည့်လိုက်ရင် တရုတ် ဒဏ္ဏာရီထဲက နဂါးခေါင်းနဲ့ ဆင်သလို ထင်ရပေမယ့် သေချာကြည့် လျှင်ကွဲလွဲပီသ လှပတဲ့ ဘီလူးပန်း ဆွဲကနုတ်လက်ရာ များအပါဝင် ကနုတ်ပန်းလက်ရာ ၃၄ ခုကို ခန့်ညှားဖွယ်တွေ့ရပါတယ်။
တကယ်တော့ ဒီစာအုပ်ဟာ ကျွန်တော့အတွက် အလှကြည့်ရုံက လွဲပြီး တယ်အသုံးမ၀င်လှပါဘူး။ ကျွန်တော်အသုံး မတည့်သော်လည်း အသုံးတည့်သူမျှား အသုံးဝင်အောင် ၀က်ဆိုဒ်မှာတင်လိုက်တာပါ။
အနုပညာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ယာဉ်ကျေးမူ အဆင့်တန်းကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံရဲ့ ယာဉ်ကျေးမူအဆင့်တန်းကို ထည်ဝါစေတဲ့ စေတီဘုရားတွေ၊ ရှေးမြန်မာဘုရင်တွေရဲ့ ခန်းနားလှတဲ့ နန်တော်ကြီးတွေ၊ အိုမင်းရင့်ယော်ပေမယ့် အာမာန်အပြည့်ရှိတဲ့ ကျောင်းဆောင်ကြီးတွေ၊ တိုင်လုံးကြီးတွေ၊ ပြသဒ်အချွန်တက်တွေဟာ အတိတ်ကမြန်မာရဲ့ ယာဉ်ကျေးမူအစဉ်လာ ခန်းနားကြီးကျယ် ခဲ့တာကို ကိုစားပြု သက်သေထူနေပါတဲ့၊ ဒီလိုမြန့်မာ့ ယာဉ်ကျေးမူ ခန်းနာကြီးကျယ်စေအောင် မြန့်မာ့ကနုတ်ပန်း တွေက ပါဝင်စွမ်းဆောင် ခဲ့ကြပါတယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:54 AM
0
ယောက်က ဒီလိုမြင်တယ်
Saturday, January 06, 2007
Friday, January 05, 2007
Thursday, January 04, 2007
ဘလောဒီဇိုင်း ၎
ဒီ ဒီဇိုင်းကို ကြိုက်လျှင် ဒီကိုနှိပ်
ရှင်းလင်းချက်ကို ဒီမှာဖတိ
မြန်မာလို အသင့်ရေးနိုင်သော ဘလော့ဒီဇိုင်းများ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
11:14 PM
0
ယောက်က ဒီလိုမြင်တယ်