ဘလော့ဂ်ဆိုတာကို ၂၀၀၅ ခုနှစ်လောက်မှာ စပြီးကြားဖူးပါတယ်။ အဲဒီတုန်းကတည်းက ဘလော့ဂ်ကို စပြီးစမ်းရေးကြည့်ပါတယ်။ တကယ်တမ်း ပုံမှန်ရေးဖြစ်ခဲ့တာကတော့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှပါ။ ဘလော့ဂ်ကို ခရေဇီဖြစ်ပြီး ရေးလို့ကောင်းနေတုန်းရှိသေးတယ် ၂၀၀၇ စက်တင်ဘာလမှာ blogspot.com ကို အပိတ်ခံခဲ့ရပါတယ်။
မှတ်မှတ်ရရ အဲဒီနေ့က ကျွန်တော်တို့တွေ တာမွေဈေးနားလေးက အင်တာနက်ဆိုင်ထဲမှာပါ။ သူများတွေ လမ်းလျှောက်တာကို လိုက်ကြည့်ပြီး၊ ညနေပိုင်းအင်တာနက် သုံးတော့၊ သုံးနေတုန်း တန်းလန်းကြီးမှာပဲ Blogspot ကိုပိတ်သွားခဲ့တာပါ။
အခု ၂၀၁၁ ဆိုတော့ ရှေ့လဆိုရင် blogspot ကိုပိတ်တာ လေးနှစ်ပြည့်ပြည့်ပါပြီ။ လေးနှစ်မပြည့်ခင်လေးမှာ ပြန်ပွင့်လာတဲ့ အတွက် ၀မ်းသာမိပါတယ်။