Friday, July 25, 2008
အာဇာနည်နေ့ ...........
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:49 PM
5
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: photo, အာဇာနည်နေ့
Friday, July 18, 2008
ခြောက်ပုလင်းပြသနာ
လူအများက သူ့ကို ဆွဲထားသည့်ကြားမှပင် ထိုလူနှစ်ယောက်သည် ရုန်းထွက်သွားပြီ ရွံ့ချောင်းထဲသို့ ခုန်ဆင်းသွားကြသည်။ ထိုအခါ ကျန်လူများအားလုံးလည်း ထိုလူနှစ်ယောက်နည်းတူ ရွံ့တောထဲသို့ ဆင်းပြီး ၀ိုင်းပြီးဆွဲကြရတော့သည်။ ထိုလူနှစ်ယောက်ကို ဆွဲပြီးတက်လာသောအခါ လူတွေအားလုံးမှာ ရွံ့တွေအလိမ်းလိမ်းနှင့် ဖြစ်ကုန်ကြသည်။ လူအားနှင့် ၀ိုင်းဆွဲသွားသောအခါ ထိုလူနှစ်ယောက်သည် ရုန်းရင်ကန်ရင်းနှင့်ပင် ပါသွားတော့သည်။ နောက်တော့ ထိုလူနှစ်ယောက်ကို တဲအိမ်လေးတစ်ခု ပေါ်သို့ ၀ိုင်းပြီးခေါ်တင်သွားကြသည်။ ထိုလူနှစ်ယောက်မှာ လူတွေအားလုံးက ဆွဲထားသဖြင့် မလုပ်သာသော်လည်း ပါစပ်ကမှု ဆဲရေးတိုင်းထွာမှုမှာ ရပ်တန့်သွားခြင်း မရှိပေ။
ဘာဖြစ်တာလည်းဟု ကျွန်တော်က မေးကြည့်သောအခါ “ ချောင်းဟိုဘက်ကမ်းက ဘုန်းကြီးနဲ့ ရန်ဖြစ်တာလေ….။ အဲဒီဘုန်းကြီးက လေဘေးရတဲ့ ပစ္စည်းတွေကို သူ့အမျိုးတွေကိုချည်းပဲ ဦးစားပေး ပေးလို့ မကြေနပ်လို့ ပြောတော့ ဘုန်းကြီးက ခြေထောက်နဲ့ မျက်နှာကို ထကန်လိုက်တာ၊ သူကိုကန်လို့ ဆိုပြီး ဘုန်းကြီးကို သတ်ပါမယ် တကဲကဲလုပ်နေကြတာ” ဟု ဆွဲခေါ်သူများထဲတွင် ပါသော အမျိုးသမီး တစ်ဦးက ပြောသည်။
ထိုအမျိုးသမီးက ကျွန်တော့်ကို ပြောပြနေစဉ် ကျွန်တော်နှင့် ဘေးတွင် လူတစ်ယောက်လည်း နားထောင်နေသည်။ ထိုအမျိုးသမီး ထွက်သွားသော အခါတွင် ကျွန်တော့်ဘေးတွင် နားထောင်နေသော လူက “ အလကားပါဗျာ၊ ဘုန်းကြီးက ကောင်းပါတယ်။ လေမုန်တိုင်း စတိုက်ပြီး ကယ်ဆယ်ရေးတွေ မရောက်ခင်က ဒီရပ်ကွက်ကလူတွေကို သူ့ကျောင်းမှာ ရှိတာလေးနဲ့ ကျွေးထားတာ။ ဒီကောင်တွေက အရက်မှုးပြီး ကျောင်းဝမှာ ထိုင်ဆဲနေလို့ ဘုန်းကြီးက အမြင်ကတ်ပြီး မျက်နှာကို ခြေထောက်နဲ့ ကန်လိုက်တာ” ဟု ထိုလူက ပြောသည်။
ယခု ပြသနာတွင် ဟိုလူတွေဘက်က ပြောတော့လည်း ဟိုလူတွေဘက်ကအမှန် ဘုန်းကြီးဘက်က ပြောတော့လည်း ဘုန်းကြီးကအမှန် ဖြစ်သည်။ မည်သူက မှားမှား မည်သူက မှန်မှန် ပြသနာကတော့ ဖြစ်ခဲ့ပြီ။
“ ဒီကောင်တွေ လုပ်ထားတာ ကျွန်တော်သိတာပေါ့ဗျ၊ ကျုပ်တောင်းတာ ပေးရင်ပေး မပေးရင် ဒီကောင်တွေ လုပ်ထားတာကို ဖော်လိုက်မှာပေါ့” ဟုပြန်ပြောသည်။
လှေသမားပြောသည့် ဒီကောင်တွေ လုပ်ထားတာကို ဖော်လိုက်မှာပေါ့ ဟုပြောသည့် စကားကို ကျွန်တော်စိတ်ဝင်စား သွားသည်။ ဘာကြောင့်လည်းဆိုတော့ အချို့သော ကျေးရွာခေါင်းဆောင်များသည် ထိုကဲ့သို့ မဟုတ်တာလုပ်သည် ဆိုသည့် သတင်းများ ကြားရသော်လည်း လက်ဆုပ်လက်ကိုင် မေးကြည့်လိုက်လျှင် မည်သည့်ရွာက မည်သူ မည်ကဲ့သို့ အလွဲသုံးစားလုပ်သည်ဆိုသည်ကိုတော့ တွေ့ရခြင်း မရှိသေးပေ။ ယခုတော့ လှေသမားပြောသည့် ပုံအရဆိုလျှင်တော့ သေချာသည် အလွဲသုံးစားလုပ်သည်ကို သေချာပြောပြနိုင်ပုံ ပေါက်သည်။
ကျွန်တော်ဆက်မေးကြည့်တော့ ထိုလှေသမား နေသည့်ရွာသည် ပြသနာပေါင်း သောင်းခြောက်ထောင်နှင့် ပစ္စည်းဖျောင်သည့်နေရာတွင် နာမည်ကြီးသော ရွာကဖြစ်သည်။ ထိုရွာတွင် ဘုန်းကြီးနှင့် ရာအိမ်မှုးက လုပ်စားသည်ဟူ၍ လည်းကောင်း၊ ရွာဥက္ကဌကလည်း ဘုန်းကြီးနှင့် မတည့်ပဲ သူ့ဘာသာသူ လုပ်တတ်သလို လုပ်စားသည်ဟု၍ လည်းကောင်း သတင်းများထွက်နေသည်။ မြို့ပေါ်ရှိ ကယ်ဆယ်ရေးဗဟိုတွင် ဥက္ကဌက ဘုန်းကြီးနဲ့ အတွင်းရေးမှုးမကောင်ကြောင်း လာတိုင်ပြီး ဘုန်းကြီးကည်း ဥက္ကဌမကောင်းကြောင်း လာတိုင် ထိုကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ပတ်တိုင်နေကြသော ရွာတစ်ရွာဖြစ်သည်။
ပြီးခဲ့သည့် သုံးရက်က ရွာအတွက် သုံးရန် အစိုးရပေးသည့် ၀ါးများထဲမှာ အလုံးနှစ်ထောင်ကို ရာအိမ်မှုးက ထုတ်ရောင်းသည်ဟုဆိုသည်။ ထိုသို့ထုတ်ရောင်းရာတွင် မြို့ပေါ်သို့ သယ်ရန်အတွက် ယခုလှေသမား၏ လှေကိုငှားခဲ့ခြင်းဖြစ်ဟုဆိုသည်။ ထို့ကြောင့် လှေသမားက ၀ါးခိုးရောင်းသည်ကို အကြပ်ကိုင်၍ သူ့အိမ်အတွက် လိုသည့်ပစ္စည်းများကို တောင်းမည်ဟု ဆိုသည်။
ထိုသို့မှာထားသည့်ကြားမှပင် တစ်ချို့သောရွာများက ဖြစ်သလို ဆောက်ထားကြသည် ကလည်း ရှိသေးသည်။ ထို့ကြောင့် ကျွန်တော်တို့ နေ့စဉ်လိုလိုပင် အိမ်ဆောက်ပေးနေသော ရွာများသို့ လှည့်ပတ်ဆင်းကြည့်ရသည်။ ထို့သို့ ဆင်းကြည့်ရင် ကပ္မလာတစ်ပင်ချောင်း ဆိုသည့်ရွာလေး ကိုရောက်သွားသည်။
ယင်းရွာအတွင် အိမ်ငါးလုံး ဆောက်ရမည်ဖြစ်ပြီး လိုအပ်သော သစ်နှင့်တာပေါ်လင်များကိုလည်း ပေးထားခဲ့ပြီးဖြစ်သည်။ ပေးထားတာလည်း ကြာပြီဖြစ်သောကြောင့် ထိုအိမ်လေးတွေ ပြီးနေပြီဟု ကျွန်တော် ထင်ထားသည်။
ရွာကိုချောင်းထဲက လှမ်းကြည့်လိုက်တော့ တာပေါ်လင်အိမ်လေးတွေ တန်းစီဆောက်ထားသည်ကို တွေ့ရသည်။ ဆောက်ထားသော အိမ်လေးတွေက သပ်ရပ်ပြီး ကြည့်ရတာ မျက်စိထဲမှာ ညီညီညာညာရှိသည်။ ထို့ကြောင့် ကျွန်တော်တို့ ဆောက်ပေးရတဲ့ အဖွဲ့လည်း စိတ်ချမ်းသာသည်။
ကုန်းပေါ်တက်ကြည့်လိုက်တော့ အိမ်ငါးလုံးအနက် တစ်လုံးက တာပေါ်လင် မကာရသေးသည့်အပြင် ကြမ်းများလည်း ခင်းရသေးခြင်းမရှိပေ။ ထို့ကြောင့် ဘာဖြစ်လို့ ဒီအိမ်က အခင်းတွေ အကာတွေ မတပ်သေးတာလဲဟု မေးတော့ ပျဉ်နှင့် မိုးကာစမလောက်လို့ဟု ရွာသားများကပြောကြသည်။
ကျွန်တော်တို့က အိမ်ကိုအတိုင်းအတာ သတ်မှတ်ပေးပြီး အိမ်တစ်လုံးတွက် လိုအပ်သောတာပေါ်လင်နှင့် ပျဉ်များကို တွက်ချက်ကာ လုံလောက်အောင် ပေးထားပြီး ဖြစ်သောကြောင့် မလောက်ရန် အကြောင်းမရှိပေ။ သေချာအောင် ထပ်မေးကြည့်တော့ ကျွန်တော်တို့ ရုံးနှင့်ရွာကြားမှာ သစ်နှင့်တာပေါ်လင် အချို့ပျောက်နေပြီ။ ထုတ်သွားတဲ့ တာဝန်ခံကို ခေါ်ခိုင်းတော့ ထိုတာဝန်က ဂဏန်း ထောင်သွားသည် ရွာထဲတွင်မရှိဟုဆိုသည်။ ကျွန်တော်တို့လဲ ရွာထဲတွင် လှည့်ပတ်ဓာတ်ပုံရိုက်ပြီး တာဝန်ခံလာလျှင် ကျွန်တော်တို့ ရုံးကို လွှတ်လိုက်ပါဟု မှာထားပြီး တခြားရွာသို့ ခရီးဆက်ခဲ့ရသည်။
လှေစက်ပျက်ပြီး ကျွန်တော်လှေပေါ်မှာ အိပ်ပျော်နေတုန်း ယောသားကလာနိုးသည်။ စောစောက ကပ္မလာတစ်ပင် ရွာက တာဝန်ခံ လိုက်လာသည်ဟု ဆိုသည်။ လှေဦးရောက်တော့ ကမ္မလာတစ်ပင်ချောင်း ရွာက တာဝန်ခံကိုတွေ့ရသည်။ ပစ္စည်းတွေ ဘယ်ရောက်ကုန်တာလဲ ဟုမေးတော့ လှေမနိုင်လို့ မြို့ပေါ်မှာ ထားခဲ့တာပါတဲ့။
တကယ်တော့ တခြားပစ္စည်းတွေသယ်ထားပြီး မိုးကာလိပ်လေး တစ်လိပ်တည်းနှင့် လှေမနိုင်စရာ အကြောင်းမရှိပါ။ တကယ်လို့ လှေမနိုင်လို့ ထားခဲ့သည်ဆိုလျှင်လည်း သူတို့နောက်ထပ် အခေါက်အခါအခါ မြို့ပေါ်သို့ လာရောက်ပြီး ပစ္စည်းတွေ ထုတ်ယူနေသည့် အတွက် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ထည့်သယ်သွားလို့ ရသည်။ ဒါကြောင့် တာပေါ်လင်တစ်လိပ်နှင့် အိမ်တစ်လုံးစာ ပျဉ်များကို ဖျောင်ထားသည်ဆိုသည်မှာ သေချာသည်။
အလွဲသုံးစားလုပ်သည် ဟုဆိုပြီး ရဲကိုတိုင်ရင် ထိုလူတော့ အချုပ်ထဲ ရောက်တော့မည်။ တာပေါ်လင်လေး တစ်လိပ်နှင့် လူကိုအချုပ်ထဲထည့် ရမည်ဆိုတော့လည်း မဟုတ်တတ်။ ဒါကြောင့် သူခိုးထားတာကို မသိယောင် ဆောင်ပြီး တာပေါ်လင်လိပ်နဲ့ သစ်တွေ မြို့ပေါ်မှာ ထားခဲ့တာဆိုရင် အမြန်ဆုံးသွားယူပါ။ ပြီးလျှင် အမြန်ဆုံးဆောက်ထားပါ နောက်တစ်ပတ် လာကြည့်မည်ဟု မှာထားခဲ့လိုက်သည်။
ယခင်က တောသူတောင်သားများသည် ရိုးသားကြသည်။ ထို့ကြောင့် တောသူတောင်သားများ ရိုးသားကြသည့် အကြောင်းကို ကဗျာတွေလဲ ဖွဲ့ကြသည်။ သီချင်းတွေလည်း စပ်ကြသည်။ နေရာတိုင်းတွင်လည်း တောသူတောင်သားများကို ရိုးသားသည် ဟုဆိုကြသည်။ ယခုတော့ တောသူတောင်သားများသည် စာထဲပေထဲက ရွာသူရွာသားများနှင့် ဆန့်ကျင့်သော မရိုးသားသူ များလာသည်။ ထိုသို့ ဖြတ်စားလှီးစား မရိုးမသား လုပ်ရပ်များသည် ခေတ်ရေစီးကြောင်းလော ၊ ဂလိုဘယ်လိုက်ဇေးရှင်း သဘောအရ ကူးစက်လာသည်လော။ ဂလိုဘယ်လိုက်ဇင်းကြောင့် ကူးစက်လာသည်ဆိုလျှင်လည်း တခြား နည်းပညာ တိုးတက်မှုတွေ စီးပွားရေး ပညာရေး လူနေမှုအဆင့် အတန်း တိုးတက်ပြောင်းလှဲမှုတွေ မကူးစက်ပဲ ဖြစ်စားလှီးစား တစ်ခုပဲ ဘာကြောင့် ကူးစက်လာရသလဲ။ အဲလိုမှ မဟုတ်ရင် နဂိုကတည်းကပဲ အဲဒီလူတွေ မရိုးသားကြတာလား ..........။ အစရှိသဖြင့် တောင်စဉ်ရေ မရစဉ်းစားနေမိသည်။
ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းတစ်ယောက်နှင့် တွေ့ဖြစ်သည်။ သူနှင့်ကျွန်တော်လည်း မတွေ့တာ တော်တော်လေးကြာနေပြီ ဖြစ်သောကြောင့် ဆိုင်တစ်ဆိုင်တွင် ထိုင်ကာ စကားလက်ဆုံ ကျကြသည်။ သူက ကျွန်တော့်ကို ဘာတွေလုပ်နေတာလဲဟု မေးသည်။ ကျွန်တော်က လပွတ္တာတွင် ဘော်လံဒီယာ လုပ်ပေးနေသည့် အကြောင်းပြောပြရင်း ၊ ကျွန်တော်တို့ တွေ့ကြုံနေရသည့် ရပ်ရွာလူကြီးဆိုးများ ဘုန်းကြီးဆိုးများ (အနည်းစုသာဖြစ်ပါသည်) အကြောင်းကို ပြောဖြစ်သည်။ ထိုအခါ သူငယ်ချင်းက သူလည်း ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ရွာတစ်ရွာသို လိုက်သွားခဲ့ဘူးဟု ဆိုသည်။
“ မင်းတို့လို အကြာကြီးနေတာ မပြောနဲ့ကွာ ငါတစ်ရက်တည်း လိုက်သွားတာတောင် ခြောက်ပုလင်း ကိုယ်တော်နဲ့တွေ့ခဲ့သေးတယ်” ဟု ဆိုကာ ခြောက်ပုလင်း ကိုယ်တော်အကြောင်း ပြောပြပါတော့သည်။ သူပြောပြသော ခြောက်ပုလင်း ကိုယ်တော်သည် ရသမျှ ကယ်ဆယ်ရေး ပစ္စည်းများကို သူ့အမျိုးများကိုသာ ပေးသည်ဟု ဆိုသည်။
တကယ်တော့ ခြောက်ပုလင်းဆိုသည်မှာ တစ်ဂါလံ ဖြစ်သည်။ အလှုရှင်များကို ဒကာဟု ခေါ်ကြသည်။ လှူသည့် အလှူရှင် စိတ်ပျက်အောင် လုပ်သည့် ဘုန်းကြီးကို ဒကာလန် ဟုခေါ်သည်။ ကျွန်တော့်သူငယ်ချင်း ရောက်ခဲ့သည့် ရွာက ကိုယ်တော်ကတော့ ဒကာတွေ လန်အောင်လုပ်ပေါင်းများ သောကြောင့် တင်စားသည့် အနေဖြင့် ရွာသားများက ထိုကိုယ်တော်ကို ခြောက်ပုလင်းဟု နာမည် ပေးထားကြလေသည်။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:22 PM
5
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: Nargis
Monday, July 14, 2008
အနာဂတ်လှိုင်း ၏ ဆုံမှတ်များ .............
.jpg)

ဒီစာအုပ်လေးမှာ နိုင်ငံရေးနှင့် သော်လည်းကောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေး မှုဝါဒနှင့် သော်လည်းကောင်း ညှိစွန်းနိုင်မည့် အသုံးအနှုန်းများ မပါရှိသည့် ကောင်းနိုးရာရာ ဘလော့ဂ်ပို့လေးများ ရွေးချယ်ပါရှိပါတယ်။ အစပိုင်းကတော့ ဒီစာအုပ်လေးကို မြန်မာနိုင်ငံ စာပေစိစစ်ရေးမှာ တရားဝင် ခွင့်ပြုရယူပြီး ထုတ်ဝေဖို့ပါပဲ။ စာအုပ်လေးဟာ စာပေ စိစစ်ရေး ရုံးတင်နိုင်တဲ့ အထိ အဖုံးဒီဇိုင်း အတွင်း ဒီဇိုင်းများ ပြီးစီး သွားပေမယ့် အကြောင်းကြောင်းကြောင့် ဒီစာအုပ်လေးကို စာပေစိစစ်ရေးရုံးကို မတင်ခဲ့ဖြစ်ပါဘူး။
အခုလို စာအုပ်ပုံ အကြမ်းပေါ်လာသည့် အဆင့်အထိ ကို လွယ်လွယ်ကူကူနှင့် ရောက်ရှိခဲ့တာ မဟုတ်ပါဘူး။ အနယ်နယ်အရပ်ရပ်မှာ ရှိကြတဲ့ မြန်မာဘလော့ဂ်ကာတွေ စုပေါင်းပြီး သင့်တော်မဲ့ စာမူတွေကို ဘလော့ဂ်တွေမှာ လိုက်ရှာဖတ် ဘယ်ဟာကို ရွေးချယ်သင့်သည် ဘယ်ဟာကို ဖြုတ်သင့်သည် စာအုပ်ထုတ်ဖို့ လိုအပ်သော ရန်ပုံငွေကို မည်ကဲ့သို့ ရှာကြမည် အစရှိသဖြင့် အိပ်ရေးပျက်ခံ အပင်ပန်းခံပြီးမှ ဖြစ်လာခဲ့ပါ။
အားလုံး အပင်ပန်းခံ အိပ်ရေးပျက်ခံ ငွေကုန်ကြေးကျ ခံပြီးခါမှ ဒီစာအုပ်လေးပုံ ကြမ်းပေါ်လာခဲ့ရတာပါ။ ဒီလို ပုံကြမ်းလေး ပေါ်လာအောင် အပင်ပန်းခံပြီးခါမှ ဒီတိုင်းကြီး ရပ်ထားမယ် ဆိုလျှင် အားလုံးပင်ပန်းခဲ့ရကျိုး မနပ်ဘူးလို့ ကျွန်တော် ယူဆပါတယ်။
ဒါကြောင့် ဒီစာအုပ်လေးကို အကြောင်းအမျိုးမျိုးကြောင့် Print စာအုပ်အဖြစ် မထုတ်နိုင်ခဲ့ပေမယ့် လာမဲ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျရောက်မဲ့ မြန်မာ ဘလော့ဂ်ဒေးနေ့မှာ Pdf ဖိုင် အဖြစ် နှင့် မြန်မာ ဘလော့ဂ်များတွင် ဒေါင်းလုပ် လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
အထူး ပြောချင်တာကတော့ ယခု ဖြန့်ဝေမယ့် အီးဘုတ်လေးမှာ နိုင်ငံရေးနှင့် သော်လည်းကောင်း စာပေစိစစ်ရေး မူဝါဒများနှင့် သော်လည်းကောင်း ညှိစွန်းနိုင်သည့် စကားအသုံးအနှုန်းများ လုံးဝ လုံးဝ မပါရှိပါဘူး။ ဒီစာအုပ်လေးဟာ ဘလော့ဂ်ကာတွေ ကိုယ်တိုင်ရေးတဲ့ သုတ ရသ စာပေများကိုသာ စုစည်းထားခြင်း ဖြစ်ပါတယ်။
သို့ပေမယ့် စာအုပ်ကို ထုတ်ဝေမည်ဟု စတင် ပြောစဉ်က အခြေအနေနှင့် ယခု အခြေအနေ မတူတော့ပါဘူး။ ဒါကြောင့်မို့ ယခင်က မိမိ စာမူကို စာအုပ်တွင် ထည့်သွင်း အသုံးပြုရန် သဘောတူခဲ့ပေမယ့် ယခု အခါ စာမူများကို ထည့်သွင်း အသုံးပြုရန် သဘော မတူညီသူများ ရှိပါက .......
soezeya.blogger@gmail.com သို့ ဇူလှိုင်လကုန် နောက်ဆုံးထား၍ ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဒီစာအုပ်လေး ဒီလို ပုံကြမ်းပေါ်လာဖို့ ကျွန်တော်တို့ တစ်တွေ ဘယ်လောက်အထိ အကြိတ်အနယ် ဆွေးနွေး လုပ်ကိုင် ခဲ့ကြရတယ် ဆိုတာကို မြန်မာဘလော့ဂ်ကာ ဖိုရမ် မှာ သွားရောက် လေ့လာနိုင်ကြပါတယ်။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:12 AM
6
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: ဘလော့စာအုပ်
အလှူရှင်အလိုရှိသည် ...........
လေမုန်တိုင်းက ပြီးဆုံးသွားခဲ့မေမယ့် သူတို့ရဲ့ ဘ၀လေးတွေကို ပြန်လည်စိတ်ဓာတ် မြှင့်တင်ပေးဖို့ အလွန်အရေးကြီးပါတယ်။ အဲလို ပြန်လည် စိတ်ဓာတ်ကို မြှင့်တင်ပေးတဲ့ နေရာမှာ ဖျော်ဖြေရေးဟာလည်း အဓိက ကျလှပါတယ်။
သူတို့တွေဟာ လေမုန်တိုင်း တိုက်ပြီးကတည်းက ရွာထဲမှာ ရှိတဲ့ ဗီဒီယိုရုံတွေ တီဗီတွေ ရေထဲပါသွားတဲ့အကြောင့် လက်ရှိမှာ ဖျော်ဖြေရေးဆိုလို့ လေဒီယိုလေး တစ်လုံးနဲ့ သီချင်းနားထောင် နေရတဲ့ အဆင့်ပဲရှိပါတယ်။ ဒါကြောင့် ဖျော်ဖြေရေးနဲ့ ကင်းကွာနေတဲ့ သူတို့အတွက် ဗီဒီယိုလေးတွေ ပြပေးခြင်းဟာ ရေငတ်နေသူအတွက် ရေကြည်တစ်ပေါက် ဖြစ်လာမှာပါ။
ဒါကြောင့် ကျွန်တော်တို့ သွားရောက်နေတဲ့ ရွာလေးတွေမှာ ဗီဒီယိုလေးတွေ ပြချင်ပါတယ်။ အဲဒီလို ပြဖို့အတွက် ကျွန်တော်တို့မှာ ပရော်ဂျက်တာလေး တစ်လုံး အလိုရှိနေပါတယ်။ အဲဒီလိုအပ်ချက်လေးကို ဖြည့်ဆည်း သည့်အနေဖြင့် ပရော့ဂျက်တာကို ခေတ္တငှားရမ်း၍ ကုသိုလ်ယူ လိုသူများ အောက်ပါ ဖုန်းနံပါတ်များ ကိုဆက်သွယ်နိုင်ပါတယ် ...........
Handy Myanmar အဖွဲ့
၀၉ ၈၀ ၂၀၄၁၃
၀၉ ၅၀ ၂၆ ၃၀၀
၀၁ ၃၉၃၄၅၇
သို့ဆက်သွယ်နိုင်ပါတယ်
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
2:00 AM
0
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: Nargis
ချစ်တတ်သူများအတွက်
ကျွန်တေ် ချစ်တတ်သူများအတွက် လို့ အမည်ပေးထားတဲ့ ဘလော့ဂ်လေး တစ်ခုကို ဖန်တီးထားပါတယ်။
အဲဒီဘလော့ဂ်မှာတော့ ရေးခဲ့ဖူးသမျှ အချစ်အကြောင်းတွေ နောက်ထပ် ရေးမဲ့အချစ်အကြောင်းတွေကို အဲဒီနေရာလေးမှာ ရေးသားသွားမှာ ဖြစ်ပါတယ်။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:06 AM
0
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: love
Thursday, July 10, 2008
ဆိပ်ကမ်းသာလေးကုန်းကျေးရွာ









ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
1:15 PM
0
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: Labutta
Wednesday, July 09, 2008
ကမ္မလာတပင်ချောင်းရွာ
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:25 AM
0
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: အိမ်
ကျေးဇူး
အဲဒီပို့စကဒ်လေးက ကျွန်တော် လပွတ္တာ အိမ်လေးတွေ ဆောက်ပေးနေတဲ့အတွက် အမှတ်တရ ပို့လိုက်တဲ့ ပို့စကဒ်လေးတွေ ဖြစ်နေတယ်။ ပို့စကဒ်လေးဟာ တန်ဖိုးမရှိပေမယ့် တကူးတက ပို့ပေးတဲ့ မချိုမာညွှန့်ကို ကျွန်တော်တို့ အဖွဲ့ကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:15 AM
0
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: ကိုယ်ရေးကိုတာ