Friday, April 11, 2008
Tuesday, April 08, 2008
Blog, Caravan and Dog
ကျွန်တော်နှင့် ဘလော့ဂ်ရေးဖော် ရေးဖက် ဘလော့ဂ်များ မကြာခဏဆိုသလို ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ဖူးကြသည်။ ထိုသို့ ဘလော့ဂ်ရေးခြင်းကို ရပ်ပစ်ချင်လောက်အောင် စိတ်ပျက်ချင်ရသည့် အကြောင်းရင်းမှာ အခြားမဟုတ် စီပေါက်နှင့် ကော့မင့်များတွင် ပျက်စီးရာ ပျက်စီးကြောင်း ပေါက်တကရ လာရောက် ရေးသားနေကြခြင်း ဖြစ်သည်။
ကျွန်တော်တို့ ကျောင်းသားဘ၀ကတည်းက ရွတ်ဆိုနေကျ ကဗျာလေး တစ်ပုဒ်ရှိသည်။ ထိုကဗျာကလေးကို မာန်လည် ဆရာတော်ဘုရားကြီးက ရေးသားခဲ့ပြီး လူတိုင်းလည်းကြားဘူး ကြပါလိမ့်မည်။ ထိုကဗျာလေးထဲက တစ်ကြောင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါတော့သည် . . .
“ အပြစ်မရှိ အပြစ်ရှာ လမင်းကို ခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ထွန်းလျှက်ပင်သာ ”
ဤကဗျာလေးရဲ့ ဆိုလိုရင်းကတော့ အခြားမဟုတ်ပါ။ လူတစ်ယောက်ကို မနာလို ၀န်တိုစိတ်နဲ့ အလကားသက်သက် အပုတ်ချနေသူများကို ဆရာတော်က ခွေးနဲ့ခိုင်းနှိင်းရေး ဖွဲ့ထားခြင်း ဖြစ်ပါသည်။
လောကတွင် အကောင်းမြင် ၀ါဒီသမားနှင့် အဆိုးမြင်ဝါဒီ သမားဟူ၍ နှစ်မျိုးရှိသည်။ အကောင်းမြင် ၀ါဒီသမားများသည် ဝေဖန်၍ အဆိုးမြင် ၀ါဒီသမားများသည် အပုတ်ချကြသည်။
ဝေဖန်ခြင်းဆိုသည်မှာ ကောင်းစေချင်သော စေတနာကို ရှေ့တန်းတင်ထားခြင်း ဖြစ်သောကြောင့်၊ ကောင်းသည့်အရာများကို ထုတ်ဖော်ချီးကျူးသလို အားနည်းသည့် အကြောင်းရာများကို ထောက်ပြကာ မှန်ကန်မည်ထင်သော နည်းလမ်းများကို ညွန်ပြကြသည်။
အပုတ်ချခြင်းဆိုသည်မှာတော့ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းရာများကို ရှေ့တန်းတင်ပြီး၊ ကောင်းသည့်အရာများကို မျက်ကွယ်ပြုကာ မကောင်းသည့်အရာများကို ဆီလိုအပေါက်ရှာပြီး ကဲ့ရဲ့ပြောဆိုခြင်း ဖြစ်သည်။
လောကတွင် တစ်ဘက်လူကို ပျက်စီးစေလိုသည်မှာ အတိတ်က ရန်ညိုးတစ်ဆူကြောင့် ပျက်စီးစေလိုသည်လည်း ရှိသလို ဘာရန်ညိုးမှ မရှိသော်လည်း သက်သက်မဲ့ ကိုယ်တွင်း မကောင်းစိတ်ကြောင့် အကြောင်းမဲ့ ပျက်စီးစေလိုသည်လည်း ရှိသည်။
တကယ်တော့ ဘလော့ဂ်ကာများနှင့် စီဘောက်တွင် ၀င်ရောက်ခါ ပေါက်တကရ ရေးသားနေ ကြသူများသည် ဘာရန်ညိုးရန်စမှ မရှိဘူးခဲ့ကြပါ။ သို့ပေမယ့် ထိုလူများသည် မကြာခဏ ၀င်ရောက်ကာ ပျက်စီးပျက်စီးကြောင်း ရေးသားကြသည်။ ထိုသို့ ရေးသားကြခြင်းမှာ တနည်းအားဖြင့် ပြောရလျှင် အပုတ်ချနေကြခြင်း ဖြစ်သည်။ထို့ကြောင့် ဘာရန်ညိုးမှ မရှိပဲ တပါးသူကို ပျက်စီးစေရန် လုပ်ကြံပြောဆိုသူကို မာန်လည်ဆရာတော် ဘုရားကြီး၏ ကဗျာအရ ဥပမာပေးခိုင်းနှိုင်းရလျှင် ထိုသူများ ခွေးဖြစ်ချေတော့မည်။
“ခွေးတွေ ဘယ်လောက်ဟောင်ဟောင် caravan လှည်းကြီးကတော့ ခရီးဆက်နေဦးမှာပဲ”
(အမေရိကားစကားပုံ)
အမေရိကားတိုက်မှာ အင်္ဂလိပ်လူမျိုးတွေ စတင်ရောက်ရှိ ခါစက အခြေတကျမရှိပဲ ရေကြည်ရာ မျက်နုရာသို့ Caravan ခေါ် ဘီရိုလှည်းကြီးများဖြင့် လှည့်လည်သွားလာ နေခဲ့ကြသည်။ ထိုသို့ သွားလာရင် တဖြည်ဖြည်း အခြေကျလာသည့်အခါ ကျေးရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ အများစုက ကျေးရွာများ တည်ထောင်ကာ အခြေကျ နေထိုင်ကြသော်လည်း ဈေးရောင်းသူများက caravan ခေါ် ဘီရိုလှည်းကြီးများတွင် ဒန်အိုး ဒန်ခွက်များ ခွက်ယောက်များ ပစ္စည်းများ စုံနေအောင် ထည့်ကာ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ဈေးရောင်း ကြသည်။
ထိုသို့လှည်းကြီးတွင် ပစ္စည်းများ စုံနေအောင် ပါသောကြောင့် လမ်းတစ်လျှောက်တွင် တစ်ခုနှင့်တစ်ခု ထိမိပြီး တဒုံတဒုံ တဂွမ်ဂွမ်းဖြင့် မည်နေပါတော့သည်။ ထိုကဲ့သို့ အသံစုံနှင့် caravan လှည်းကြီးများ ရွာများသို့ ဖြတ်သွားပါက ရွာအတွင်းရှိ ခွေးများ ပြေးထွက်ကာ တစ်စီစီဟောင်ကြပါတော့သည်။ ခွေးများ မည်မျှပင် ဟောင်နေပါစေ caravan လှည်းကြီးကတော့ ရပ်သွားခြင်းမရှိပဲ သူသွားရမည့် ခရီးကိုသာ ပုံမှန်သွားသည်။
ခွေးဟောင်တိုင်းသာ ရပ်ရမည်ဆိုပါက caravan လှည်းကြီး လိုရာခရီးရောက်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ စီဘောက်များနှင့် ကော့မင့်များတွင် မည်သူတွေ ဘယ်လိုပြောပြော caravan လှည်းကြီး ခွေးဟောင်တာကို ဂရုမစိုက်မစိုက်ပဲ ခရီးဆက်သွားသလို၊ ခွေးဟောင်သာကို အရေးမလုပ်ပဲ သာမြဲတိုင်းတိုင်နေတဲ့ လမင်းလို ကျွန်ုပ် ရေးစရာရှိသည်များကို ဆက်ရေးရင်း ဆက်လက်ခရီးသွား နေရဦးမည် မဟုတ်ပါလား။
* * * * *

* * * * * *

ထိုသို့ ဘလိုင်းကြီး ၀င်ရောက် အပုတ်ချသူများကို မြန်မာကဗျာတွင်သာ ခွေးနှင့် နိုင်သာမဟုတ်ပဲ၊ ထိုသူများကို အမေရိကန် စကားပုံတွင်လည်း ခွေးနှင့်နိုင်းယှဉ် ပေးသော ဥပမာ ပုံပြင်လေး တစ်ပုဒ်ရှိသည်။ ထိုပုံပြင်လေးမှာ ...........
“ခွေးတွေ ဘယ်လောက်ဟောင်ဟောင် caravan လှည်းကြီးကတော့ ခရီးဆက်နေဦးမှာပဲ”
(အမေရိကားစကားပုံ)
အမေရိကားတိုက်မှာ အင်္ဂလိပ်လူမျိုးတွေ စတင်ရောက်ရှိ ခါစက အခြေတကျမရှိပဲ ရေကြည်ရာ မျက်နုရာသို့ Caravan ခေါ် ဘီရိုလှည်းကြီးများဖြင့် လှည့်လည်သွားလာ နေခဲ့ကြသည်။ ထိုသို့ သွားလာရင် တဖြည်ဖြည်း အခြေကျလာသည့်အခါ ကျေးရွာများ တည်ထောင်ကာ နေထိုင်ကြသည်။ အများစုက ကျေးရွာများ တည်ထောင်ကာ အခြေကျ နေထိုင်ကြသော်လည်း ဈေးရောင်းသူများက caravan ခေါ် ဘီရိုလှည်းကြီးများတွင် ဒန်အိုး ဒန်ခွက်များ ခွက်ယောက်များ ပစ္စည်းများ စုံနေအောင် ထည့်ကာ တစ်ရွာဝင် တစ်ရွာထွက် လှည့်လည်ဈေးရောင်း ကြသည်။
ထိုသို့လှည်းကြီးတွင် ပစ္စည်းများ စုံနေအောင် ပါသောကြောင့် လမ်းတစ်လျှောက်တွင် တစ်ခုနှင့်တစ်ခု ထိမိပြီး တဒုံတဒုံ တဂွမ်ဂွမ်းဖြင့် မည်နေပါတော့သည်။ ထိုကဲ့သို့ အသံစုံနှင့် caravan လှည်းကြီးများ ရွာများသို့ ဖြတ်သွားပါက ရွာအတွင်းရှိ ခွေးများ ပြေးထွက်ကာ တစ်စီစီဟောင်ကြပါတော့သည်။ ခွေးများ မည်မျှပင် ဟောင်နေပါစေ caravan လှည်းကြီးကတော့ ရပ်သွားခြင်းမရှိပဲ သူသွားရမည့် ခရီးကိုသာ ပုံမှန်သွားသည်။
ခွေးဟောင်တိုင်းသာ ရပ်ရမည်ဆိုပါက caravan လှည်းကြီး လိုရာခရီးရောက်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ စီဘောက်များနှင့် ကော့မင့်များတွင် မည်သူတွေ ဘယ်လိုပြောပြော caravan လှည်းကြီး ခွေးဟောင်တာကို ဂရုမစိုက်မစိုက်ပဲ ခရီးဆက်သွားသလို၊ ခွေးဟောင်သာကို အရေးမလုပ်ပဲ သာမြဲတိုင်းတိုင်နေတဲ့ လမင်းလို ကျွန်ုပ် ရေးစရာရှိသည်များကို ဆက်ရေးရင်း ဆက်လက်ခရီးသွား နေရဦးမည် မဟုတ်ပါလား။
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
8:24 PM
3
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: ကိုယ်ရေးကိုတာ, သရော်စာ
Sunday, April 06, 2008
Visit To A Market
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:08 AM
3
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: photo
Friday, April 04, 2008
Visit To A Temple
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
5:47 PM
2
ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: photo
တွေ့ဆုံခွင့် ........
ရေးသားသူ
စိုးဇေယျထွန်း
ရေးသားချိန်
12:10 AM
1 ယောက်က ဒီလိုမြင်တယ်
ရည်ညွှန်း: ဒသန