Saturday, September 17, 2011

Nik Color Efex Pro


ဒီနေ့ ကျွန်တော် ပြောပြမှာကတော့ Nik Color Efex Pro လို့ခေါ်တဲ့ ဓာတ်ပုံပြင်တဲ့ ဆော့ဝဲ အကြောင်းဖြစ်ပါတယ်။ ဒီဆော့ဝဲကို Photo Shop နဲ့ တွဲပြီးသုံးရတာ ဖြစ်ပါတယ်။ အခုအချိန်မှာ Pro4 version အထိထွက်နေပါပြီ။ ဒါပေမယ့် ကျွန်တော့်ဆီမှာတော့ 3.0 version ပဲရှိပါသေးတယ်။ Pro 4 version ကို တွေ့ရင် ကျွန်တော် ထပ်ပြီး အပ်ဒိတ် လုပ်ပေးပါမယ်။ တကယ်လို့များ အဲဒီ ဘားရှင်းကို ရှိတဲ့လူ ရှိရင်လည်း ပြန်ရှဲပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ပထဆုံးအနေနဲ့ NIK ကို ဒီနေရာကနေ ဒေါင်းလုပ်ပါ။ Install လုပ်နေတဲ့ အချိန်မှာ ဖိုတိုရှော့ကို ပိတ်ထားရပါမယ်။ အင်စတော လုပ်ပြီးတဲ့ အခါမှာ ဖိုတိုရှော့ကို ဖွင့်လိုက်ပါ။    

ဖိုတိုရှော့ထဲမှာ Nik ရဲ့ Tools ဘောက်လေးကို အခုလို မြင်နေရပါလိမ့်မယ်။


ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဓာတ်ပုံကို ဖိုတိုရှော့ထဲမှာ ဖွင့်ပါ။ ဒါကတော့ ဘာမှ မပြုပြင်ရသေးခင် အနေထားလေးပါ အခုလို ဖွင့်ပြီးသွားတဲ့ အခါမှာ ဘေးနားမှာမှာရှိတဲ့ Nik Tools ဘောက်ထဲက နှစ်သက်ရာ တစ်ခုကိုကို ရွေးကြည့်ပါ။ 




 
 အခုလို ဘောက်လေး ကျလာပါလိမ့်မယ်။ ဘယ်ဘက်မှာ အနီနဲ့ ပြထားတာတော့ Nik Effects တွေရဲ့ နာမည်တွေပါ။ အစိမ်းလေးနဲ့ ပြထားတာတော့ Effects တွေကို မျိုးတူရာ တူရာ အုပ်စုလိုက် စုစည်းပေးထားတဲ့ ဘောက်လေးပါ။ ညာဘက်မှာ အပြာနဲ့ ပြထားတာတော့ Nik ကနေ အလိုလျှောက် လုပ်ပေးတဲ့ Effects တွေကို မိမိ အလိုရှိသလောက် အတိုးအလျှော့ လုပ်တဲ့ Function ပါ။ ပုံကို ဘယ်လို Effect နဲ့ ပြင်မယ် Effect amount ဘယ်လောက်ထိပေးမယ်ဆိုတာကတော့ မိမိပြင်မဲ့ ပုံ မိမိလိုအပ်ချက်ပေါ်မှုတည်ပြီး သင့်တော်ရာကို ကိုယ့်ဘာသာကိုယ် ရွှေးချယ်ရမှာပါ။ 



လောလောယ် ဒီပုံလေးကိုတော့ Colorize နဲ့ လိုက်ဖက်မယ်လို့ ထင်လို့ အဲဒါလေးကို ရွှေးလိုက်ပါပြီ။ အဲလို ရွေချယ်လိုက်တဲ့အခါမှာ ပုံတစ်ပုံလုံး အုတ်နီခဲရောင်ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။



 
 ဘာဖြစ်လို့ လဲဆိုတော့ ၀ိုင်းပြထားတဲ့ နေရာလေးမှာ အုတ်နီခဲရောင်ဖြစ်နေလို့ပါ။  



အုတ်နီခဲရောင်ဟာ ဒီပုံနဲ့ မလိုက်တဲ့ အတွက်ကြောင့်မို့လို့ သူနဲ့ လိုက်ဖက်မယ် ထင်တဲ့ အစိမ်းရောင်းလေးကို ရွေးလိုက်ပါတယ်။ နောက်ပြီးတော့ amount ကို 100% ထားလိုက်ပါတယ်။ ဒီနေရာမှာ ဘယ်လောက် ရာနှုန်းထားရမယ်ဆိုတာတော့ ကိုယ်ရွေးတဲ့ အရောင် ကိုယ်ပြင်တဲ့ ပုံပေါ်မှာ မူတည်ပြီး လိုက်ဖက်တဲ့ ဟာကို မိမိဘာသာ ဆုံးဖြတ်ရမှာပါ။ 


 
 အခုလို အစိမ်းဖျော့ရောင်ကို အပေါ်ကနေ အုပ်လိုက်တဲ့ အတွက်ကြောင့် တစ်ပုံလုံး အခုလို စိမ်းစိမ်းကြီးဖြစ်သွားပါပြီ။ လူပုံပါ စိမ်းစိမ်းဖြစ်နေတာကို မကြိုက်ပါဘူး။ ဒါကြောင့် လူပုံပေါ်မှာ အုပ်ထားတဲ့ အစိမ်းရောင်တွေကို ပြန်နုတ်ပါမယ်။ 
                               
အဲလို နုတ်ဖို့ရာအတွက် ညာဘက်မှာရှိတဲ့ Control Point အနုတ်ကိုရွှေးပါ။ အဲဒီအနုတ်ရဲ့ ဆိုလိုရင်းကတော့ ဒီပုံမှာ ပြင်ထားတဲ့ Effect မသက်ရောက်ချင်တဲ့ နေရာတွေကို ပြန်နုတ်တာပါ။ ဘေးနားလေးက အပေါင်းကတော့ Control Point လိုက်မှတ်ပေးတဲ့ ဧရိယာကိုပဲ ပြင်မှာဖြစ်ပါတယ်။ 



 အဲဒီမှာ မိမိ စိတ်ကြိုက် လိုသလောက် ပွိုင့်လေးတွေ ပေးပါ။ ပွိုင့်ရဲ့ အရွယ်အစား ဧရိယာကိုလည်း မိမိစိတ်ကြိုက် သတ်မှတ်နိုင်ပါတယ်။ သူက select ဧရိယာအတွင်းမှာရှိတဲ့ ဗဟိုချက်နဲ့ အရောင်တူတွေ အားလုံးကို လိုက်နုတ်ပေးတာပါ။ 


ကိုယ်လိုတဲ့နေရာမှာ ပွိုင့်လေးတွေ လိုက်ပေးပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် Ok နဲ့ ထွက်လိုက်ပါ။ 




ဒါကတော့ နောက်ဆုံး ဖိုင်နယ် ထွက်လာတဲ့ပုံပါ။ နောက်ဆုံး ဖိုင်နယ်ထွက်လာတဲ့ အခါမှာ အလင်းအမှောင် Level တွေကို ပုံပေါ်မှာ မူတည်ပြီး အနည်းငယ်တော့ ပြုပြင်ဖို့ လိုမှာ ဖြစ်ပါတယ်။




ဒါကတော့ ပြင်ပြီးပုံနဲ့ မပြင်ခင်ပုံ။ အကယ်၍ မရှင်းလင်းတာများ ရှိပါက soezeya@gmail.com ကို အီးမေးပို့မေးနိုင်ပါတယ်။ မသိတဲ့ အီးမေးအကောင့်တွေကို Gtalks မှာ Accept လုပ်လေ့ မရှိတာကြောင့် ဂျီတော့ကို အင်ဗိုက်လုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ နောက်အပတ်ကျရင် အခုပြင်ထားပြီးသားပုံကို onone software သုံးပြီး မွန်းမံတဲ့ အကြောင်းကို ဆက်လက် တင်ပေးသွားပါမယ်။ 


စိုးဇေယျထွန်း
All Rights Reserved




No comments:

Post a Comment