Saturday, January 03, 2009

လမင်းလို အချစ်

ပန်းတစ်ပွင့်ကပြောတယ်
သူပွင့်ဝေခဲ့တာ
သူ့ကိုမြတ်နိုးတွေ လိုရာကိုသုံးချဖို့တဲ့

ကြယ်လေးတွေကပြောတယ်
ညအချိန်မှာ သူတို့ထွက်လာတာဟာ
သူ့ချစ်သူကို လမ်းပြဖို့တဲ့

နေမင်းကပြောတယ်
အလင်းရောင်တွေဟာ
သူ့ကိုယ်သူမီးရှို့ပြီး အမှောင်ထဲမှာချစ်သူကိုရှာနေတာတဲ့

လမင်းကပြောတယ်
တစ်လမှတစ်ခါ သူပျောက်ပျောက်သွားတာ
သူ့ချစ်သူအလိုမရှိတဲ့အချိန်မှာ ချစ်သူ့ရဲ့အဝေးမှာပုန်းရှောင်ပေးတာပါတဲ့

ချစ်သူရယ် ..
နင်သုံးလိုရာသုံးဖို့
ငါ့အချစ်တွေကို ပန်းတစ်ပွင့်လိုနင့်ရင်ခွင်မှာပွင့်ပေးခဲ့တယ်။

ချစ်သူရယ် . .
နင့်အတွက်ရေးပေးခဲ့တဲ့စာလေးတွေက
ကြယ်လေးတွေလို နင့်ဘ၀ကိုလမ်းပြမယ်ခဲ့မယ်ထင်ပါတယ်။

ချစ်သူရယ်
ငါ့ဘ၀တစ်ခုလုံးကိုမြှတ်နှံပြီး နင်နဲ့နီးစပ်ဖို့ကြိုးစားတယ်
အခုချိန်မှာ ပိုင်ဆိုင်မှုဆိုတာဘာမှမရှိတော့ဘူး
မီးလောင်သွားသလိုပဲပေါ့

ချစ်သူရယ်
ငါ့ကိုမင်းအလိုမရှိတော့တဲ့ အခုလိုအချိန်မျိုးမှာ
လတစ်စင်းလို အမှောင်ထဲကိုတိုးဝင်ပြီးရှောင်ပေးပါ့မယ်
ငါ့ကိုလုံးဝ နင်မမြင်စေရဘူး

3 comments:

strike said...

ချစ်တာ ချစ်တာ ဘိုဖတ်တို့များ။

:P said...

ချစ်နိုင်သူတွေ ချစ်ကြပါ၊ ကြိုက်ကြပါ....

Myanmar News & Information Exchange said...

torrent ကောင်းမှု အကြောင်းပြုလို့ အခုပဲ ကြည့်ပြီးတယ်ဗျာ.... ရှုခင်းတွေ ရိုက်ချက်တွေ ကစ .. ဇတ်လမ်း အဆုံး ... good good.. tan q

Post a Comment