Tuesday, January 30, 2007

အိမ်ရောင်းရန်ရှိသည်

အပြစ်ကင်း၍ သန့်ရှင်း သေသပ် လှပသော အိမ်လေးတစ်လုံး ရောင်းရန်ရှိသည်

ရောင်းသူ ဘက်မှ ပေးနိုင်သော အာမခံချက်

ကြင်နာခြင်း ယုယခြင်းတို့ နှစ်ဆယ့်လေးနာရီ အပြည့်
မုန်းတီးခြင်း နာကြည်းခြင်းတို့ကို ထာဝရ ရပ်နားထာနိုင်သော ကျယ်ဝန်းသည့် ပါကင် လည်းရှိသည်
အချစ်ဂါလံ ၁၅၀၀ခန့် ကို သိုလှောင်ထား နိုင်သော Tamp တစ်ခုလည်းပါရှိသည်
ပေးဆပ်ခြင်းဖြင့် ဖောင်ဒေးရှင်းခံ တည်ဆောက်ထား သောကြောင့် ရေရှည်ခိုင်ခန့်သည်
သံရောဇာဉ် ကျပ်လုံးများကို တိုင်လုံးများ အတွင်းထည့်သွင်း တည်ဆောက် ထားသောကြောင့် ကံကြမ္မာ မုန်တိုင်းများ နှင့် ဘ၀၏ တုန်ခါမူ ဒါဏ်ကို ကြံ့ကြံ့ခံ နိုင်ရည်စွမ်းရှိသည်
အတင်း အဖျင်း ကဲ့သို့သော အင်းဆက်ပိုး မွှားများ အပါဝင် ဘေးအန္တရာယ်များ ၀င်ရောက် နိုင်မှုမရှိ စေရန် မေတ္တာ သံကွန်ချာက ကာကွယ်ပေးထား သည်
ဝယ်သူ ဘက်မှ ရှိရမည့် လိုအပ်ချက်များ

ကိုယ်တိုင် ၀ယ်ယူမည့် သူဖြစ်ရမည် (ပွဲစားမလိုပါ )
အပျော်နေထိုင်ရန် ခေတ္တတည်းခိုရန် ကြံစည်ထားသူများ စုံစမ်းရန်မလို ထာဝနေထိုင် လိုသူဖြစ်ရမည်
မှတ်ချက်။ ။ အပ်ါရံနှင့် အပြင်ပန်း အလှကို ကြည့်ပြီး တန်ဖိုးဖြတတတ်သူများ အတွက် အဆင်ပြေလိမ့် မည်မဟုတ်ပါ

ရောင်းဈေး ၁၅၀၀
အလျှော့ အတင်း လုံးဝ မရှိ

နှလုံးသား ရေစုပ်စက်ဖြင့် မေတ္တာရေများ ပက်ဖျန်းခြင်းကြောင့် အချစ်ပန်းများ ထာဝရဝေနေတဲ့ ဒီအိမ်လေးကို ပိုင်ဆိုင်လိုတယ် ဆိုရင်

အမှတ် L0E သစ္စာလမ်းမကြီး နှင့် အကြင်နာလမ်းမကြီး ဆုံရာထောင့် မြားနတ်မောင် ရပ်ကွက် နှလုံးသားမြို့တော်
brvboy@gmail.com
ph number 528

1 comment:

စိုးဇေယျထွန်း said...

မှတ်ချက် ၁၅၀၀ ဆိုသည်မှာ တန်ဖိုးကို (ဈေးနှုန်း) ကိုဆိုလိုခြင်း မဟုတ်ပါ
ဥပမာ PH7 သည် ရေ ၏တန်ဖိုး (ဈေးနှုန်း) မဟုတ်ပါ အသွေးသတ်မှတ်ချက် တစ်ခုသာဖြစ်သည်
၁၅၀၀ ဆိုသည်မှာလည်း အချစ်အင်္ဂါရပ်များ ပြည့်စုံခြင်းအတွက် တင်စားခေါ်ဝေါ်သော သင်္ကေသ တစ် ခုသာဖြစ်သည်

Post a Comment