ကျွန်တော် ဒီနေ့မနက် သင်တန်းတက်ဖို့ရာ Sedona Hotel သို့ အပြေးလှမ်းလို့သွာခဲ့တယ် . . .
ဒီသင်တန်းတက်ဖို့ရာအတွက် ခရီးထွက်နေရာက အချိန်မှီပြန်ခဲ့ရသလို စစ်တုယဉ်ပြိုင်ပွဲ ကိုလည်း လက်လွတ်ထားရတယ်။
ကျွန်တော်ထင်ထားတဲ့အတိုင်းပဲ သင်တန်းရှိရာ ရန်ကင်းခန်းမရောက်တော့ သင်တန်းကစနေတာ နာရီဝက်ကျော်နေပြီ၊ ခန်းမထဲကိုဝင်လိုက်တာနဲ့ နိုင်ငံခြားသားသင်တန်းဆရာက မင်းဘယ်ကလဲ ဘာလာလုပ်တာလဲတဲ့၊ သင်တန်းလာတက်တာပါ လို့လဲပြောရော ဝမ်းနည်းပါတယ် နောက်ရက်လည်း လာစရာမလိုတော့ပါဘူးတဲ့
UN အဖွဲ့စည်းတစ်ခုကပေးမည့် Certificate တစ်ခုကတော့ ကျွန်တော့ကို ကျောခိုင်းသွားပြီ
* * * *
အချိန်ကား ၂၀၀၄ ခုနှစ်ရဲ့ ဆောင်းရာသီ နံနက်ခင်းတစ်ခု၊ နှစ်ခြိုက်စွာအိမ်မော ကျနေတဲ့ ကျွန်တော့ကို အပြင်ကနေ အခန်းတံခါးခေါက်ပြီး စိုးရိမ်ကြီးစွာ နိုးနေကြသည်။
ဟေ့ကောင်ထတော့ ကိုးနာရီးထိုးတော့မယ် စာမေးပွဲမဖြေဘူလား
ကျွန်တော်က နောက်နေကြတယ်ထင်ပြီး ဂရုမစိုက် အိမ်မြဲအိပ်နေသည်၊ သူတို့ရဲ့အော်နိုးသံတွေက တဖြည်းဖြည်းကျယ်လာသည်၊ ဒီတိုင်းဆိုရင်တော့ ဆက်အိပ်လို့လဲမရတော့၊ နာရီကိုလမ်းကြည့်တော့ ပျက်နေသည် ဟုတ်တော်ရှိ မဟုတ်တော်ရှိ အဆောင်အပြင် ထွက်ကြည့်လိုက်တော့ နေကတော်တော်မြင့်နေပြီ၊ ဟာဟုတ်တယ်နောက်ကျနေပြီး
ဟေ့ကောင် မျက်နှာသစ်မနေနဲ့တော့ ဒီတိုင်းသွား Copy နဲ့ကျေင်းသားကဒ် ပါရင်ရပြီ ကျန်တာအရေးမကြီးဘူး
သူငယ်ချင်းများက အော်ဟစ်သတိပေးနေကြသည်၊ ဟုတ်ပါသည် အဲဒီနေ့က Major ဘာသာဖြစ်သည့် Eco ဖြေရမည့်နေ့၊ မြန်မာနှင့် အင်္ဂလိပ်ကဖြေပြီးသွားပြီ၊ ကျွန်တော်နေတဲ့ အဆောင်မှာက တစ်ဆောင်လုံး Final နဲ့ First Year သမားတွေ သူတို့တွေက ညနေပိုင်းမှဖြေရမှာ မနက်ပိုင်းဖြေရမဲ့ Second Year သမားက ကျွန်တော်တစ်ရောက်တည်း၊ ဒီကောင်တွေက ညနေပိုင်းမှဖြေရမဲ့ လူတွေဆိုတော့ မနက်နေမြင့်အောင် အေးဆေးအိပ်ကြသည်၊ ဒါကြောင့် ကျွန်တော်ကိုနိုးဖို့ သတိမရကြ။
ဆိုင်ကယ်ကိုရပ်ပြီး စာမေးပွဲခန်းထဲ ပြေးဝင်သွားတော့ ကိုးနာရီထိုးပြီးလို့ သုံးမိနစ်
ဟေ့ဟေ့ ဘယ်သွားမလို့လဲ
ဟုဆိုကာ အခန်းစောင့် ဆရာမက ကျွန်တော်ကို လှမ်းတားသည်
စာမေးပွဲ ဖြေမလို့
ဘာလို့နေက်ကြနေတာလည်း
အိပ်ပျော်သွားလို့
ဖြေလို့မရတော့ ဘူးနာရီဝက်ကျော်နေပြီ
ဆရာမရယ် သုံးမိနစ်လေက်ကျော် တာနဲ့မသိသာပါဘူးဗျာ
မရဘူး ဝင်ခွင့်မရှိဘူး
ဘေးအခန်းက အခန်းစောင့် ဆရာမရောက်လာသည်
မဆင့် မနှစ်က ကျောင်းသားတစ်ယောက် နောက်ကျတုန်းကတော့ ကျောင်သားရေးရာမှာ သွားပြောလိုက်တာ ဖြေခွင့်ရသွားတယ်
လို့ဘေးအခန်းစောင့် ဆရာမကပြောတော့ ကျွန်တော့် အခန်းစောင့်ဆရာမက ခေတ္တ တွေပြီးစဉ်းစားနေသည်၊ ပြီးတော့ သူ့လက်ထောက် အခန်းစောင့်ကို ကျောင်းသားရေးရာဌာန သို့လွတ်လိုက်သည်
လွတ်လိုက်သည့်ဆရာမက ဆိုင်ကယ်လေးနှင့် ထွက်သွားသည်။
ဆရာမထွက် သွားတုန်းမှာ ကျွန်တော် တောင်စဉ်ရေမရ လျှောက်တွေးနေမိသည်။ ဆယ့်ငါးမိနစ်လောက် ကြာတော့ စောစောကဆရာမ ပြန်ရောက်လာသည် ကျောင်းသားရေးရာဌာနမှာ ပါချုပ်ရောက်နေလို့ မပြောရဲတာနဲ့ လည့်ပြန်ခဲ့သည်ဟု ဆိုသည်
ဒါဆိုရင် ပါချုပ်ကို ကျွန်တော့ ဘာသာကျွန်တော် သွားပြောမယ် ဆိုပြီး ကျွန်တော်ကျောင်းသားရေးရာ ဌာနကိုထွက်လာခဲ့သည်၊ ပါချုပ်နှင့်တွေ့တော့ နောက်ကျရတဲ့ အကြောင်းကို တရားဝင်စာရေးတင်ပါတဲ့
သို့
ပါမောက္ခချုပ်
မုံရွာတက္ကသိုလ်
မုံရွာတက္ကသိုလ် အဆောင် ဘီ အခန်းအမှတ် ----- တွင် ခုံအမှတ် ----- ဖြင့်စာမေးပွဲ ဖြေဆိုနေသည့် စီးပွားရေး တက္ကသိုလ် ဒုတိယနှစ် ကျေင်းသား ကျွန်တော် မောင်စိုးဇေယျထွန်း သည် အိမ်ပျော်နေသောကြောင့် စာမေးပွဲ နောက်ကျသွားပါသဖြင့် ခွင့်လွတ် ငှဲ့ညှာသော အားဖြင့် စားမေးပွဲ ဖြေဆိုခွင့်ပြုပါရန် ပန်ကြားအပ်ပါသည်။
လေးစားစွာ
စိုးဇေယျထွန်း
ခုံအမှတ် ၂စီး - -------
လက်မှတ်
ပါချုပ်က ကျွန်တော်ရေးထားသော စာကိုကြည့်ပြီး ခေါင်းခါပြသည်၊ သားဒီနှစ်ဖြေလို့မရတော့ဘူး
* * *
Sedona ဟိုတယ်က ပြန်ရောက်တော့ ၂၀၀၄ ခုနှစ်က ဖြစ်ရပ်အကြောင်း မှတ်တမ်းရေးထားတဲ့ ဒိုင်ယာရီလေးကို ဖွင့်ကြည့်မိသည်၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က နိုဝင်ဘာလ ၂၈
2 comments:
ko soe.. kya naw lo pare pawt.. kya naw lell... :P
ကိုရွှေမြတ် ရေငတ်ရင်လာလေ
Post a Comment