Wednesday, July 08, 2009

အလွမ်းတွေကြွင်းတဲ့ပုစ္ဆာ

ချောင်းတစ်ဘက်ကမ်း
သင်္ချိုင်းမြေမို့မို့လေးမှာ
နင့်ဇတ်ကြောင်းတစ်ခုလုံးမြေချတဲ့နေ့က
မုဆိုးဖိုတစ်ယောက်နဲ့သူ့အရန်တပ်သားတွေ
ဟီးချလို့ငိုကြတယ်။

လက်တစ်ဖက်ပြတ်ခါစလူလိုပါပဲ
နင်မရှိလည်းနင်ရှိတယ်
နင်မထိလည်းနင်ထိတယ်
ဖမ်းဆုတ်လို့မရတဲ့လွမ်းမောမှုတွေနဲ့
ငါ့အလွမ်းတွေရိုးတံရှည်ခဲ့။

နေ့သစ်ဟာဘယ်တော့လင်းပွင့်လာမှာလဲလို့
နင်နဲ့ငါပြိုင်တူတွက်ခဲ့တဲ့ဂဏန်းပုစ္ဆာမှာ
အကြွင်းတွေများစွာကိုနင်ထားရစ်တော့
သူတို့တွေသောက်သုံးဖို့ငါ့လက်ညှိုးကနို့မထွက်တာ
ဘယ်နှစ်ကြိမ်ခေါက်ခေါက်တံခါးရွက်တွေပွင့်မလာတာနဲ့ပဲ
ဒုက္ခနဲ့လက်ဆက်ပြီးသားဖြစ်မတဲ့လား။

မိုးခါးတွေမွန်နေအောင်ရွာလည်း
ငါ့ရင်ထဲမှာတော့ နင်ဟာနင်ပဲ
သူတို့တွေရဲ့နှလုံးသားကိုလည်း ထိုးကန်းမပစ်ရက်ဘူး။

အခုလည်းဘာရယ်မဟုတ်ဘူး
ကောင်ကင်ကိုမော့ကြည့်မိတိုင်း နင့်ကိုလွမ်းတယ်။

စိုးမိုးသွင်

3 comments:

Nay Lin said...

ဒီကဗျာလေးကို ကြိုက်တယ်။ သေချာဖတ်သွားတယ်

MANORHARY said...

လွမ်းပါတယ်ဆိုမှ
သူကတမှောင့်
း(

khin oo may said...

အမယ်မင်း အသိနောက်ကျလေခြင်းဖစ်သွားဘီလား။ တို့ကြွားနေတာ ကြာလှပြီ။

Post a Comment