Friday, May 15, 2009

နေမကောင်းဘူး

အခုရက်ပိုင်း နေမကောင်းဘူး အဆုပ်အအေးပတ်လို့ နာစေးချောင်းဆိုးဖြစ်နေတယ်။ ဆေးခန်းလဲ မသွားတော့ပါဘူး ဆေးတွေဘာတွေလဲ မသောက်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ခံအားကို ကိုယ့်ဘာသာကို ယုံကြည့်မှု အပြည့်အ၀ ရှိတယ်လေ။ :P တစ်ရက်နှစ်ရက်နေရင်တော့ ပျောက်သွားမယ်ထင်တာပဲ။ လောလောဆယ်တော့ နာစေးချောင်းဆိုး ဆိုတော့ နေရတော်တော်ခက်တယ်။

စကားမစပ် မနေ့ညက အိပ်မက်ထဲမှာတော့ ဘုရားထီးတင်ရတယ်လို့ အိပ်မက်မက်တယ်။ အဲလိုအိပ်မက်မျိုးတခါမှ မမက်ဖူးဘူး။

Tuesday, May 12, 2009

အင်တာနက်ဆိုင်က စိတ်ပျက်ဖွယ်ရာ လူတန်းစားနှစ်မျိုး

ဂျီတော့ ပီဖင်းဂိုး Vzo အစရှိသည်တို့ အသုံးပြုသည့်အခါတွင် ဘေးလူများ နားမခံနိုင်အောင် အော်ဟစ်ပြောဆို နေသူများ။

မက်တာကဖေး အစရှိသော ရယ်စရာများကိုကြည့်ပြီး တစ်လောကလုံးမှာ တစ်ယောက်ထဲ ရှိသသို့ တခွီးတဟီးဟီးနဲ့ အော်နေတတ်သူများ။

အဲလိုလူမျိုးတွေသာ ကိုယ်သုံးနေတဲ့ အင်တာနက်ဆိုင်ထဲ ရောက်လာပြီဆိုလို့ကတော့ အာရုံပျက်ပြီသာ မှတ်ပေတော့။ အခုလည်း စိတ်ကူးလေးရတုန်း ကဗျာလေးတစ်ပုဒ်ကို လမ်းမှာစာစီလာတာ ဘေးနားလေးမှာ တဟီးဟီး တစ်ဟားဟားနဲ့ အာရုံလာနောက်နေလို့ ဘာမှကို ရေးချင်စိတ်မရှိတော့ဘူး။


Friday, May 01, 2009

နာဂစ်

Nargis Photo

ဒီနေရာကို ကလစ်လုပ်ပြီးကြည့်