နင်မရှိတဲ့အခါ ....
နင်သိဖို့ စကားလုံးတွေ
နင်မသိတဲ့ တစ်နေရာမှာကျန်ရစ်တယ်
အဲဒီစကားလုံးတွေက
နင်ရှိတဲ့နေရာ ရောက်အောင်မသွားနိုင်သလို
စကားလုံးတွေရှိတဲ့နေရာကို နင်ရောက်လာမဟုတ်တော့လည်း
ဝမ်းနည်းမိတာတော့ အမှန်ပဲလေ
ဒါတွေထားလိုက်ပါတော့
အခုငါ မရှိတော့ဘူး
ဒါပေမယ့်
ငါမရှိတဲ့တော့တဲ့ ကမ္ဘာမှာ
နင်မသိသေးတဲ့ စကားလုံးတွေကတော့
ကျန်ရစ်နေဦးမှာပါ
နင်တွေ့တဲ့အထိပေါ့လေ
Wednesday, April 29, 2009
Sunday, April 26, 2009
Friday, April 24, 2009
ဘူတာရုံ
တစ်ခါတုန်းက
ဘူတာရုံလေး တစ်ခုရှိတယ်
အဲဒီဘူတာရုံလေးမှာ
ရထားတွေတစ်စီးပြီး တစ်စီးရပ်နားလို့
ခရီးသည်တွေ ၀င်ထွက်သူတွေနဲ့
စည်ကားလို့ပေါ့ . . . .
တစ်နေ့မှာ အဲဒီဘူတာရုံထဲကို
ထူးဆန်းဆန်း ရထားကြီးတစ်စင်းဝင်လာတယ်
အဲဒီရထားနာမည်က အချစ်တဲ့
အဲဒီရထားကြီး ထွက်သွားပြီးတော့
နှစ်လတွေကြာတဲ့အခါမှာ
ဘူတာရုံလေးကပြောတယ်
“ရထားဟာ ထွက်ခွာသွားခဲ့ပေမယ်၊ ဒီဘူတာရုံလေးထဲမှာ တစ်ချိန်က ရပ်နားခဲ့ဖူးတယ်ဆိုတဲ့ အသိနဲ့၊ ရထားသံလမ်းတွေကို ငေးကြည့်နေမိတယ်” တဲ့
ဒါပေမယ့် ဘူတာရုံက နောက်ထပ်ဘယ်ရထားကိုမှ လက်မခံတော့ဘူး
လူတစ်ယောက်ရဲ့ နှလုံးသားကို အရှင်လတ်လတ် တက်ကြိတ်သွားလို့တဲ့လေ

Thursday, April 23, 2009
မော်ဒယ်အမည်သိပါပြီ
အမည်မသိ ခေတ်မော်ဒယ်ဆိုပြီး ဒီနေရောမှာ တင်ခဲ့ဖူးတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ သူနာမည်က အိန္ဒြာစိုးအောင် ပါတဲ့။ မနေ့ညက မက်ဆေ့ပို့ပြီး နာမည်လေး ထည့်ပေးပါဦးဆိုလို့ ထည့်ပေးရခြင်း ဖြစ်ပါတယ်။ သူနဲ့ ဂျီတော့ ပြောချင်တယ်ဆိုရင်တော့ ဖိုးသူဆော်ဆီမှာ သွားမေးပါ။
Wednesday, April 22, 2009
Tuesday, April 21, 2009
ကြေငြာချက်
မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ကျွန်တော့်ဘလော့ဂ် စီဘောက်ကို ယာယီဖြုတ်လိုက်ပြီး ကော့မင့်အားလုံးကို မော်ဒရိတ်လုပ်လိုက်ပါပြီ။
နံပါတ် ၁ ကျွန်တော် အခုပုံကို တင်သာ သူများပြောသလို သာသနာကို အကြည်ညိုပျက်အောင်လုပ်တာမဟုတ်ပါဘူး။ သာသနာကို အကြည်ညိုပျက်ဖွယ် လုပ်ဆောင်နေကြတဲ့ သူတွေကို တွေ့လိုက်မိတဲ့ ခဏအတွင်းမှာ မှတ်တမ်းတင်လိုက်တာပါ။
နံပါတ် ၂ ဒီပုံမှာတဲ့ အတုယောင် သုံးလေးပါးလောက်ကို တွေ့သာနဲ့ တစ်နိုင်ငံလုံးက သံဃာတွေ အားလုံးဟာ အဲလိုကြီးပဲလို့လဲ မှတ်ယူလို့ မရပါဘူး။ ၀ိနည်းတော်နဲ့အညီ သတင်းသုံးနေတဲ့ သံဃာတော်တွေ အများကြီးရှိပါတယ်။
နံပါတ် ၃ ဆွမ်းဆန်ထဲကြွက်ချေးရော ဆိုသလို အစစ်မှန်တွေကြားမှာ အတုဆိုတာရှိမှာပဲလေ။ ကိုယ်စားမဲ့ဆန်ထဲမှာ ကြွက်ချေးတွေရောနေရင် အကုန်လုံးကို မဖယ်ပဲ ချက်စားကြမှာလား။ အဲဒီသဘောပဲ ဆန်ထဲမှာရောနေတဲ့ ကြွက်ချေးတွေကို ဖယ်ရှားမှသာ သန့်ပြန့်တဲ့ ထမင်းကိုရရှိမှာ ဖြစ်ပါတယ်။ အေးဒါပေမယ့် ကြွက်ချေးလေး တစ်ခုနှစ်ခုကို မမြင်ချင်ယောင်ဆောင် မျက်ကွယ်ပြု ထားလိုက်မယ်ဆိုရင် တစ်အိုးလုံးကောင်းနေတဲ့ ဆန်တွေဘာဖြစ်သွားမလဲ။ ကျွန်တော်က ကြွက်ချေးကို ပြတာပါ။ ဖယ်တာမဖယ်တာ မဖယ်တာကတော့ ချက်စားတဲ့သူရဲ့ အလုပ်ပဲဖြစ်ပါတယ်။
နံပါတ် ၄ ဒကာတွေ ဒကာမတွေက ဆွမ်းလောင်း ဒကာခံ ကိုယ်စုဆောင်းထားတဲ့ ချွေးနည်းစာတွေ လှူဒါန်းနေတယ်ဆိုတာ သာနာ့လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ဖို့၊ ဗုဒ္ဓသာသနာ ထွန်းကားလာဖို့ အဲဒီရည်ရွယ်ချက်တွေနဲ့ လှူဒါန်းနေတာပါ။ လူမမြင်ကွယ်ရာမှာ သင်္ကန်းလေးကို လူဝတ်လှဲ ကတုံးလေးကို ဦးထုပ်ဆောင်းပြီး လုပ်ချင်ရာလုပ်ဖို့ မဟုတ်ပါဘူး။
နံပါတ် ၅ ဒီပုံကို တင်တာကျွန်တော် မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်၊ ဒါကြောင့် ဆွေးနွေးတဲ့လူတွေ အနေနဲ့ မှားတယ်လို့ ထင်ရင်၊ ဘာကြောင့်မှားတယ်၊ ဘာကြောင့်မှန်တယ်ဆိုမျိုး အကျိုးအကြောင်းဆီလျှော် အောင်ဆွေးနွေးလာရင် ကျွန်တော်လက်ခံနိုင်ပါတယ်။ အခုတော့ ဘာမဆိုင်ညာမဆိုင် ဆဲရေးတိုင်းထွာတာမျိုးတွေကိုတော့ မဖြစ်သင့်ပါဘူး။

Monday, April 20, 2009
ရှဥ့်လေးတစ်ကောင်ပါ
-
သစ်ပင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ရှဥ့်လေးတစ်ကောင်ပါ။ သူငယ်ချင်းက သနားလို့ မွေးထားတာ။
ပြင်လိုက်ပြီနော်..။ အမှား ...
Tuesday, April 14, 2009
သင်္ကြန်ပုံတွေ
ဖြစ်နိုင်ရင်တော့ သင်္ကြန်ပုံတွေ အများကြီး တင်ထားချင်တာ။ ဒါပေမယ့် ဘလော့ဂ်ကာ မရလို့ မေးတူ ဘလော့ဂ်နဲ့ပဲ တင်လိုက်တယ်။ အဆင်ပြေမယ်လို့တော့ မျှော်လင့်ပါတယ်။
Friday, April 03, 2009
တော်တော်ဆိုးတဲ့ အင်တာနက်
အခု မြန်မာပြည်မှာ ဘတ်ပုံးဆိုလား လောက်လေးဂွပုံးဆိုလား ပြင်နေလို့တဲ့။ အင်တာနက်တွေ ဂျန့်ဖြစ်နေတယ်တဲ့ ကြော်ငြာထားပါတယ်။ အဲဒါနဲ့ MPT ဆိုင်လို့ အများသိကြတဲ့ အင်တာနက်ဆိုင် တစ်ဆိုင်မှာ အင်တာနက်သွားသုံးတာ ၀က်ဆိုက်တစ်ချို့ ဖွင့်လို့ရတယ်။ ဘလော့ဂ်ရေးလို့မရဘူး။ ဂျီမေးမရဘူး။ ဂူဂဲ ဟုန်းပေ့ ကိုတောင် ဖွင့်မရဘူး။ အဲဒါနဲ့ နောက်တစ်ဆိုင်ပြောင်းတယ် ဆိုင်ကတော့ အများက ပုဂံ လို့သိကြတဲ့ ဆိုင်ပေါ့။ အဲဒီဆိုင်မှာ ဘလော့ဂ် ဖွင့်မရဘူး။ ဖတ်မရဘူး။ ဂျီမေးကလွှဲရင် တခြားဝက်ဆိုက် အကုန်ရတယ်။ အဲဒါနဲ့ ဘလော့ဂ်ရေးလို့ရမရ သိချင်လို့ ဖွင့်ကြည့်တော့ရတယ်။ အဲဒါကြောင့် အခုရေးလိုက်တယ်။ ကြောင်တောင်တောင်နဲ့ ဘာမှန်းကို မသိတော့ဘူး။
အင်တာနက်ဆိုင်က အမကြီးကတော့ ရေရွှတ်နေတယ် ဒီလ လစဉ်ကြေးလာကောက်ရင် မပေးဘူးတဲ့ :P
အင်တာနက်ဆိုင်က အမကြီးကတော့ ရေရွှတ်နေတယ် ဒီလ လစဉ်ကြေးလာကောက်ရင် မပေးဘူးတဲ့ :P